တ႐ုတ္ကဝင္တဲ့ ပ်ားလိေမၼာ္ စားတဲ့သူတိုင္း သတိထားႏိုင္ေအာင္ပါ

သတိထားစရာ အဆိပ္ျပင္းတဲ့ ပ်ားလိေမၼာ္ကေလး

ဒီရာသီဆို က်မတို႔ဆီမွာ လိေမၼာ္သီးေတြ လွိုင္လွိုင္စားရၿပီဆိုေတာ့ ေစ်းကေန တ႐ုတ္ကဝင္တဲ့ ပ်ားလိေမၼာ္ေလးေတြ ဝယ္လာျဖစ္တယ္။ အိမ္ေရာက္တာနဲ႔ ေရအျမန္ေဆးၿပီး ေရခဲေသတၱာထဲ ေအးေအးေလး စားရေအာင္ ထည့္ထားၿပီး ခနေနအေမာေျပေလး တစ္လုံး ထုတ္စားလိုက္တယ္။

အခံြမခြာခင္ အခံြေပၚမွာ အျဖဴဖတ္ေလးေတြေတြ႕လို႔ ေနာက္တႀကိမ္ ေရထပ္ေဆးျဖစ္တယ္။ တစ္လုပ္စာေလးမို႔ တခါထဲ ဝါးစားလိုက္ၿပီး ေနာက္မွာေတာ့ ခ်က္ခ်င္းဆိုသလို စပ္ဖ်င္းဖ်င္း အရသာ ခံစားမိေတာ့ ေအာ္ အခံြခြာၿပီး လက္မေဆး လိုက္လို႔ေနမွာလို႔ ေတြးမိပါတယ္။

ဒါေပမဲ့ စပ္ဖ်င္းဖ်င္းအရသာက ႏူတ္ခမ္းေတြထူ လွ်ာေတြစပ္ လည္ေခ်ာင္းလည္း စပ္ရာကေန ဗိုက္ပါ ေအာင့္လာေတာ့ သိလိုက္ပါၿပီ pesticide ေတြဆိုတာကိုပါ။ ဒါနဲ႔ျခံေတာင့္ က မေလွ်႕ာပင္ဆီေျပး လက္တဆုပ္စာခူးလို႔ ေရေဆးၿပီး ခပ္ျမန္ျမန္ ဝါးစားလိုက္ပါတယ္။

ေနာက္ထပ္ cetrine တစ္လုံးေသာက္ၿပီး တစ္နာရီေလာက္မွာ သက္သာသလိုရွိေပမဲ့ ေနာက္တစ္နာရီမွာ အန္ခ်လိုက္မွ သက္သာ လာပါတယ္။ ဒါေပမဲ့ ေအာ့အန္တာ ကိုေတာ့ စိတ္ထဲတမ်ိဳး ျဖစ္လာမိပါတယ္။ ဒါေၾကာင့္ သားေလးကို သူု႔ႀကီးႀကီးဆီ ဖုန္းအျမန္ဆက္ၿပီး အေၾကာင္းၾကား ခိုင္းလိုက္ပါတယ္ (က်မက ၁၁ ႏွစ္ သားေလးနဲ႔ ၂ ေယာက္ထဲ ေနတာမို႔ပါ)

ဒီပို႔စ္ေလးက စာဖတ္သူကို သတိထားႏိုင္ေအာင္ ေဝမွ်ျဖစ္တာပါ။ ဓါတ္ပုံထဲက လိေမၼာ္သီး အခံြေပၚမွာျမင္ရတဲ့ အျဖဴေပ်ာက္ေလးေတြက အသီးမဆြတ္ခင္ ဖ်န္းထားတဲ့ ပိုးသတ္ေဆးေတြပဲ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ က်မလိုမျဖစ္ရေအာင္ သတိေလးနဲ႔ဘာသီးစားစား ဆင္ျခင္ၾကရေအာင္ပါေနာ္။

စာႂကြင္း – အန္ၿပီးေနာက္ က်မ ခဲအိုနဲ႔ အစ္မက ဆရာဝန္မ်ားျဖစ္တဲ့အတိုင္း ပိုးသတ္ေဆးက ဘယ္ေလာက္ထိျပင္းမွန္း မသိႏိုင္တာေၾကာင့္ ဒီအတိုင္းဆက္မေနဖို႔ သတိေပးၿပီး ေဆး႐ုံကို သြားဖို႔ တိုက္တြန္းလို႔ အိမ္နားက KBC ေဆး႐ုံေျပးလို႔ ေဆးထိုးလိုက္ရပါတယ္။

Credit : Winwin May

(Unicode Version)

သတိထားစရာ အဆိပ်ပြင်းတဲ့ပ ပားလိမ္မော်ကလေး

ဒီရာသီဆို ကျမတို့ဆီမှာ လိမ္မော်သီးတွေ လှိုင်လှိုင်စားရပြီဆိုတော့ ဈေးကနေ တရုတ်ကဝင်တဲ့ ပျားလိမ္မော်လေးတွေ ဝယ်လာဖြစ်တယ်။ အိမ်ရောက်တာနဲ့ ရေအမြန်ဆေးပြီး ရေခဲသေတ္တာထဲ အေးအေးလေး စားရအောင် ထည့်ထားပြီး ခနနေအမောပြေလေး တစ်လုံး ထုတ်စားလိုက်တယ်။

အခွံမခွာခင် အခွံပေါ်မှာ အဖြူဖတ်လေးတွေတွေ့လို့ နောက်တကြိမ် ရေထပ်ဆေးဖြစ်တယ်။ တစ်လုပ်စာလေးမို့ တခါထဲ ဝါးစားလိုက်ပြီး နောက်မှာတော့ ချက်ချင်းဆိုသလို စပ်ဖျင်းဖျင်း အရသာ ခံစားမိတော့ အော် အခွံခွာပြီး လက်မဆေး လိုက်လို့နေမှာလို့ တွေးမိပါတယ်။

ဒါပေမဲ့ စပ်ဖျင်းဖျင်းအရသာက နူတ်ခမ်းတွေထူ လျှာတွေစပ် လည်ချောင်းလည်း စပ်ရာကနေ ဗိုက်ပါ အောင့်လာတော့ သိလိုက်ပါပြီ pesticide တွေဆိုတာကိုပါ။ ဒါနဲ့ခြံတောင့် က မလျှေ့ာပင်ဆီပြေး လက်တဆုပ်စာခူးလို့ ရေဆေးပြီး ခပ်မြန်မြန် ဝါးစားလိုက်ပါတယ်။

နောက်ထပ် cetrine တစ်လုံးသောက်ပြီး တစ်နာရီလောက်မှာ သက်သာသလိုရှိပေမဲ့ နောက်တစ်နာရီမှာ အန်ချလိုက်မှ သက်သာ လာပါတယ်။ ဒါပေမဲ့ အော့အန်တာ ကိုတော့ စိတ်ထဲတမျိုး ဖြစ်လာမိပါတယ်။ ဒါကြောင့် သားလေးကို သူု့ကြီးကြီးဆီ ဖုန်းအမြန်ဆက်ပြီး အကြောင်းကြား ခိုင်းလိုက်ပါတယ် (ကျမက ၁၁ နှစ် သားလေးနဲ့ ၂ ယောက်ထဲ နေတာမို့ပါ)

ဒီပို့စ်လေးက စာဖတ်သူကို သတိထားနိုင်အောင် ဝေမျှဖြစ်တာပါ။ ဓါတ်ပုံထဲက လိမ္မော်သီး အခွံပေါ်မှာမြင်ရတဲ့ အဖြူပျောက်လေးတွေက အသီးမဆွတ်ခင် ဖျန်းထားတဲ့ ပိုးသတ်ဆေးတွေပဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျမလိုမဖြစ်ရအောင် သတိလေးနဲ့ဘာသီးစားစား ဆင်ခြင်ကြရအောင်ပါနော်။

စာကြွင်း – အန်ပြီးနောက် ကျမ ခဲအိုနဲ့ အစ်မက ဆရာဝန်များဖြစ်တဲ့အတိုင်း ပိုးသတ်ဆေးက ဘယ်လောက်ထိပြင်းမှန်း မသိနိုင်တာကြောင့် ဒီအတိုင်းဆက်မနေဖို့ သတိပေးပြီး ဆေးရုံကို သွားဖို့ တိုက်တွန်းလို့ အိမ်နားက KBC ဆေးရုံပြေးလို့ ဆေးထိုးလိုက်ရပါတယ်။

Credit : Winwin May