အရက္မူးေနေသာ သံဃာတပါးအား သိကၡာခ် လူဝတ္လဲ၍ နယ္ႏွင္ဒဏ္ေပး

ေမာ္လၿမိဳင္တြင္ သာသနာေတာ္ သန္႔႐ွင္းေရးအတြက္ အဖြဲ႔စုံျဖင့္ ေဆာင္ရြက္စဥ္ အရက္မူးေနေသာ သံဃာတပါးအား သိကၡာခ် လူဝတ္လဲ၍ နယ္ႏွင္ဒဏ္ေပး

ေမာ္လျမိဳင္ဘူတာႀကီးတြင္ သံဃာသိကၡာႏွင္႔မညီေသာ ကိုယ္ေတာ္မ်ားေရာက္ရွိေနေၾကာင္း သတင္းရရွိသျဖင့္ ၂၀၁၈ ေအာက္တိုဘာ(၇)ရက္ေန႔ ည ၇နာရီခန္႔မွစ၍ ေမာ္လျမိဳင္ျမိဳ႕နယ္သံဃနာယကအဖြဲ႔ဥကၠဌဆရာေတာ္ ဘဒၵႏၲဥာဏုတၱရ၊ အက်ိဳးေတာ္ေဆာင္ဆရာေတာဘဒၵႏၲ နႏၵိယ၊ အဖဲြ႔ဝင္ဆရာေတာ္ဘဒၵႏၲသုမန၊ သာသနာေတာ္ထိန္းသိမ္းေစာင္႔ေရွာက္ေရးဆရာေတာ္ ဘဒၵႏၲနာရိႏၵ

မြန္ျပည္နယ္သာသနာေရးဦးစီးဌာန ဒုျပည္နယ္ဦးစီးမႈး ဦးယဥ္ေမာင္ေထြး မီးရထားရဲတပ္ဖဲြဲ႔တပ္ခြဲမႈး ဒုရဲမႈးေက်ာ္ေဇယ် ဦးစီးရဲတပ္ဖဲြ႔ဝင္မ်ား ေမာ္လျမိဳင္ဘူတာႀကီးမွ ရုံပိုင္ႀကီး ရုံပိုင္ေလးႏွင္႔ ဘူတာဝန္ထမ္းမ်ား ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔မွ တာဝန္ရွိသူမ်ား ျပည္သူမ်ားပါဝင္သည္႔ ပူးေပါင္းအဖြဲ႔တို႔ျဖင့္

ဘူတာႀကီးအတြင္း မီးရထားျဖင္႔ပါလာျပီး ခိုလႈံအလွဴ ခံေနသည္႔ သံဃာမ်ား သီလရွင္မ်ားအား သာသနာစီစစ္ေရးကဒ္မ်ားစစ္ေဆးျခင္း မည္သည္႔ေနရာေဒသမွ မည္သို႔မည္ပုံေရာက္ရွိလာေၾကာင္း မည္သည္႔ေက်ာင္းတိုက္တြင္ သီတင္းသုံးေၾကာင္း သံဃာအစစ္အမွန္ ဟုတ္မဟုတ္ စစ္ေမးျခင္းမ်ားေဆာင္ရြက္ခဲ႔ၾကရာ

သံဃာအစစ္အမွန္မဟုတ္သည္႔သံဃာမ်ား သံဃာစီစစ္ေရးကဒ္မ်ား မရွိသည္႔ သံဃာမ်ား အတုအေယာင္သံဃာမ်ားအား ေနာက္ေနာင္ မလုပ္ရန္ ေနာက္တခါဆိုလ်ွင္ သိကၡာခ်၍ အေရးယူမည္ ျဖစ္ေၾကာင္းမ်ားေျပာဆိုျပီး ပုံသ႑ာန္မ်ားအား မွတ္တမ္းယူ၍ နယ္ႏွင္ဒဏ္ေပးခဲ႔ပါသည္။

ထိုျပင္ ထိုသို႔စစ္ေဆးေနၾကစဥ္ ေရးထားဝယ္ ရထားျဖင္႔ လိုက္ပါလာေသာ သံဃာတပါးမွာ ေမာ္လျမိဳင္ဘူတာ ႀကီးတြင္ အရက္ေသစာေသာက္စား မူးယစ္ထားျပီး အမ်ားျပည္သူ အျမင္မတင္႔တယ္ေအာင္ ျဖစ္ေနသည္ကို ေတြ႔ရွိရသျဖင္႔ ေခၚယူေမးျမန္းစစ္ေဆးရာ

၄င္းကိုယ္ေတာ္၏ အိတ္ထဲတြင္ ဝီစကီပုလင္းျပားတျပား၊ အရက္ျဖဴ အဆီတပုလင္း၊ မည္သည္႔ေန႔ မည္သည္႔ေနရာတြင္ မည္သည္႔ ဘုရားပြဲေတာ္မ်ားရွိေၾကာင္း စာရင္းလုပ္ ေရးမွတ္ထားသည္႔ စာရြက္တရြက္တို႔ႏွင္႔အတူ ထပ္မံစစ္ေဆးေတြ႔ရွိရသျဖင္႔ ၄င္းအရက္မူးေနသည္႔ ကိုယ္ေတာ္အား ဆရာေတာ္မ်ားမွ သိကၡာခ် လူဝတ္လဲေစခဲ႔ျပီး သတိေပးမႈမ်ား ေဆာင္ရြက္၍ နယ္ႏွင္ဒဏ္ေပးခဲ႔ပါသည္။

၄င္းသံဃာမ်ားမွာ အဖြဲ႔လိုက္ အုပ္စုလိုက္ သကၤန္းျခံဳျပီး ဘုရားပြဲမ်ားရွိရာ လိုက္သြားျခင္း၊ ေရာက္သည္႔ေနရာတြင္ အဆင္ေျပသလို တည္းခိုေနထိုင္၍ အလွဴ ခံစားျခင္း မိသားစုမ်ားပါလာျခင္း အရက္ေသစာေသာက္စားျခင္း မိန္းမမ်ားရွိေနျခင္း အေနအစားလြယ္ေအာင္ သကၤန္းျခံဳ ၍ ျပဳလုပ္ေနၾကသျဖင့္ ဘာသာ သာသနာေတာ္အား အမ်ားျပည္သူ အထင္အျမင္ေသးမႈမ်ား ျဖစ္ေပၚေနသျဖင္႔ သာသနာေတာ္ သန္႔ရွင္းေရးအတြက္ အလ်င္းသင္႔ သလို စစ္ေဆးေဆာင္ရြက္ေနရျခင္း ျဖစ္ေၾကာင္းလည္း ဆရာေတာ္မ်ားမွ မိန္႔ၾကားေတာ္မူခဲ႔ပါသည္။

Zin Moe

(Unicode Version)

မော်လမြိုင်တွင် သာသနာတော် သန့်ရှင်းရေးအတွက် အဖွဲ့စုံဖြင့် ဆောင်ရွက်စဉ် အရက်မူးနေသော သံဃာတပါးအား သိက္ခာချ လူဝတ်လဲ၍ နယ်နှင်ဒဏ်ပေး

မော်လမြိုင်ဘူတာကြီးတွင် သံဃာသိက္ခာနှင့်မညီသော ကိုယ်တော်များရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ၂၀၁၈ အောက်တိုဘာ(၇)ရက်နေ့ ည ၇နာရီခန့်မှစ၍ မော်လမြိုင်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ၊ အကျိုးတော်ဆောင်ဆရာတောဘဒ္ဒန္တ နန္ဒိယ၊ အဖွဲ့ဝင်ဆရာတော်ဘဒ္ဒန္တသုမန၊ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော် ဘဒ္ဒန္တနာရိန္ဒ

မွန်ပြည်နယ်သာသနာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှုး ဦးယဉ်မောင်ထွေး မီးရထားရဲတပ်ဖွဲ့တပ်ခွဲမှုး ဒုရဲမှုးကျော်ဇေယျ ဦးစီးရဲတပ်ဖွဲ့ဝင်များ မော်လမြိုင်ဘူတာကြီးမှ ရုံပိုင်ကြီး ရုံပိုင်လေးနှင့် ဘူတာဝန်ထမ်းများ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့ဖြင့်

ဘူတာကြီးအတွင်း မီးရထားဖြင့်ပါလာပြီး ခိုလှုံအလှူ ခံနေသည့် သံဃာများ သီလရှင်များအား သာသနာစီစစ်ရေးကဒ်များစစ်ဆေးခြင်း မည်သည့်နေရာဒေသမှ မည်သို့မည်ပုံရောက်ရှိလာကြောင်း မည်သည့်ကျောင်းတိုက်တွင် သီတင်းသုံးကြောင်း သံဃာအစစ်အမှန် ဟုတ်မဟုတ် စစ်မေးခြင်းများဆောင်ရွက်ခဲ့ကြရာ

သံဃာအစစ်အမှန်မဟုတ်သည့်သံဃာများ သံဃာစီစစ်ရေးကဒ်များ မရှိသည့် သံဃာများ အတုအယောင်သံဃာများအား နောက်နောင် မလုပ်ရန် နောက်တခါဆိုလျှင် သိက္ခာချ၍ အရေးယူမည် ဖြစ်ကြောင်းများပြောဆိုပြီး ပုံသဏ္ဍာန်များအား မှတ်တမ်းယူ၍ နယ်နှင်ဒဏ်ပေးခဲ့ပါသည်။

ထိုပြင် ထိုသို့စစ်ဆေးနေကြစဉ် ရေးထားဝယ် ရထားဖြင့် လိုက်ပါလာသော သံဃာတပါးမှာ မော်လမြိုင်ဘူတာ ကြီးတွင် အရက်သေစာသောက်စား မူးယစ်ထားပြီး အများပြည်သူ အမြင်မတင့်တယ်အောင် ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ခေါ်ယူမေးမြန်းစစ်ဆေးရာ

၎င်းကိုယ်တော်၏ အိတ်ထဲတွင် ဝီစကီပုလင်းပြားတပြား၊ အရက်ဖြူ အဆီတပုလင်း၊ မည်သည့်နေ့ မည်သည့်နေရာတွင် မည်သည့် ဘုရားပွဲတော်များရှိကြောင်း စာရင်းလုပ် ရေးမှတ်ထားသည့် စာရွက်တရွက်တို့နှင့်အတူ ထပ်မံစစ်ဆေးတွေ့ရှိရသဖြင့် ၎င်းအရက်မူးနေသည့် ကိုယ်တော်အား ဆရာတော်များမှ သိက္ခာချ လူဝတ်လဲစေခဲ့ပြီး သတိပေးမှုများ ဆောင်ရွက်၍ နယ်နှင်ဒဏ်ပေးခဲ့ပါသည်။

၎င်းသံဃာများမှာ အဖွဲ့လိုက် အုပ်စုလိုက် သင်္ကန်းခြုံပြီး ဘုရားပွဲများရှိရာ လိုက်သွားခြင်း၊ ရောက်သည့်နေရာတွင် အဆင်ပြေသလို တည်းခိုနေထိုင်၍ အလှူ ခံစားခြင်း မိသားစုများပါလာခြင်း အရက်သေစာသောက်စားခြင်း မိန်းမများရှိနေခြင်း အနေအစားလွယ်အောင် သင်္ကန်းခြုံ ၍ ပြုလုပ်နေကြသဖြင့် ဘာသာ သာသနာတော်အား အများပြည်သူ အထင်အမြင်သေးမှုများ ဖြစ်ပေါ်နေသဖြင့် သာသနာတော် သန့်ရှင်းရေးအတွက် အလျင်းသင့် သလို စစ်ဆေးဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းလည်း ဆရာတော်များမှ မိန့်ကြားတော်မူခဲ့ပါသည်။

Zin Moe