

ဖြစ်စဉ်မှာ ဒလမြို့ သင်္ဘောဆိပ် ကားကြီးကွင်းမှ မနက်ပိုင်း ထွက်ခွာလာသော ယာဉ်မောင်း ဦးကျော်မင်းအောင် မောင်းနှင်သည့် (1L-6541)YBS ယာဉ်အား ယာဉ်အမှတ် (9K-9124) Taxi မှ ရှေ့မှကျော်တက်ကာ ဒက်စတော့အုပ်ပြီး သူ၏ taxi ကားအား နောက်ပိုင်းမှ YBS ယာဉ်မှ ဝင်တိုက်မိ့သည့် သဘောမျိုး ဖြစ်စေရန် ဖန်တီးသော်လည်း မရသည်ကို ကားအားပိတ်ရပ်ပြီး YBS ယာဉ်မောင်းအား ဦးခေါင်းကွဲသည်ထိ ရိုက်နှတ်ခဲ့ခြင်း ဖြစ်လေသည်။



ကျွန်တော်တို့ စံဝေလကုမ္မဏီသည် ခရီးသွားများ၏ အကျိုးစီးပွားကို ကြည့်ကာ ပရဟိတစိတ်ဖြင့် ထိုယာဉ်လိုင်းအား အရူံးခံ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယခုလို လူမိုက်များ ကြီးစိုးလာလျှင်ပါမူ ယာဉ်လိုင်းပြေးဆွဲခြင်းကိုပါ ပြန်လည်သုံးသပ် စဉ်းစားရန် ကုမ္မဏီတာဝန်ရှိသူအားလုံး အစည်းအဝေးခေါယူ၍ ဆုံဖြတ်ချက်တစ်ခု ရွှေးချယ်ရမည့်သဘော ဖြစ်လာနေပါကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျား…




Source : Kyi Myo Zaw

ဗီဒီယိုကြည့်ရန်

(Unicode Version)

လူမိုက်များ YBS ယာဉ်မောင်းတွေကို ကားပေါ် တက်ရိုက်နေကြသည်

တွံတေးမြို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၏ တွံတေး-ဒလခရီးသွားများအတွက် စီစဉ်ဆောင်ရွှတ်လိုမူ့ကို YRTA အဖွဲ့အစည်း၏ လမ်းညွှန်မူ့ဖြင့် စံဝေလကုမ္မဏီ ဥက္ကဌကြီး ဦးသန်းလွင်မှ ပရဟိတ စိတ်အပြည့်ဖြင့် ဝါဆိုလပြည့်နေ့မှ စတင်၍ ဒီကနေ့ထိ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနှိင်ရေးအတွက် ဦးစားပေး ပြေးဆွဲနေပါသော တွံတေး-ဒလလိုင်းမှ YBS ယာဉ်တစ်စီးအား Taxi ယာဉ်မောင်းများမှ ပြသနာရှာ ဒုတ်ဖြင့်ရိုက်သည်ထိ့ ဖြစ်ပွားခဲ့။

ဖြစ်စဉ်မှာ ဒလမြို့ သင်္ဘောဆိပ် ကားကြီးကွင်းမှ မနက်ပိုင်း ထွက်ခွာလာသော ယာဉ်မောင်း ဦးကျော်မင်းအောင် မောင်းနှင်သည့် (1L-6541)YBS ယာဉ်အား ယာဉ်အမှတ် (9K-9124) Taxi မှ ရှေ့မှကျော်တက်ကာ ဒက်စတော့အုပ်ပြီး သူ၏ taxi ကားအား နောက်ပိုင်းမှ YBS ယာဉ်မှ ဝင်တိုက်မိ့သည့် သဘောမျူ ိး ဖြစ်စေရန် ဖန်တီးသော်လည်း မရသည်ကို ကားအားပိတ်ရပ်ပြီး YBS ယာဉ်မောင်းအား ဦးခေါင်းကွဲသည်ထိ ရိုက်နှတ်ခဲ့ခြင်း ဖြစ်လေသည်။

YBS ယာဉ်မောင်း ဦးကျော်မင်းအောင်သည် အသက် ၆၀ နီးပါး လူကြီးတစ်ဦးဖြစ်ကာ ထိုယာဉ်လိုင်းတွင် သူ၏ဖေါ်ရွှေသော ဆက်ဆံရေးကြောင့် ခရီးသည်များကြား လူသိများသူတစ်ဦးလည်း ဖြစ်လေသည်။

ပြသနာဖြစ်သည်နှင့် YBS ယာဉ်မောင်းမှ သူမမှားမှန်း သိနေသော်လည်း လက်အုပ်ချီ ရှိခိုး တောင်းပန်နေသည့်ကြားမှ Taxi လူမိုက်များမှ ထိုသို့ရိုက်နှက်သွားခြင်း ဖြစ်လေသည်။

ကျွန်တော်တို့ စံဝေလကုမ္မဏီသည် ခရီးသွားများ၏ အကျူ ိးစီးပွားကို ကြည့်ကာ ပရဟိတစိတ်ဖြင့် ထိုယာဉ်လိုင်းအား အရူံးခံ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယခုလို လူမိုက်များ ကြီးစိုးလာလျှင်ပါမူ ယာဉ်လိုင်းပြေးဆွဲခြင်းကိုပါ ပြန်လည်သုံးသပ် စဉ်းစားရန် ကုမ္မဏီတာဝန်ရှိသူအားလုံး အစည်းအဝေးခေါယူ၍ ဆုံဖြတ်ချက်တစ်ခု ရွှေးချယ်ရမည့်သဘော ဖြစ်လာနေပါကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျား…

ထိုသတင်းနှင့် ပတ်သက်၍ အသေးစိတ် သိလိုဖေါ်ပြလိုသော မီဒီယာများရှိပါက

ဦးသန်းလွင် (ဥက္ကဌ) စံဝေလကုမ္မဏီထံသို့၎င်း…

ဦးကြည် (စီမံ/အကြံပေး) စံဝေလကုမ္မဏီသို့၎င်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Source : Kyi Myo Zaw