ေသြးတိုးေရာဂါကို သက္သာေစတဲ့ ေျပာင္းဖူးျပဳတ္ရည္

ေျပာင္းဖူးျပဳတ္ရည္

သင္ႏွင့္ သင့္မိသားစု အပါအဝင္ သင့္မိတ္ေဆြေတြထဲမွာ ေသြးတိုးေရာဂါေၾကာင့္ ပူျပင္းလြန္းတဲ့ ေႏြဥတုမွာ အစားအေသာက္၊ အေနအထိုင္ ဆင္ျခင္ေနရ တယ္ဆိုရင္ ေျပာင္းဖူးျပဳတ္ရည္ ေဆးနည္းကို သတိရပါ။

ေသြးတိုးေရာဂါအတြက္ ေျပာင္းဖူး ၂ ဖူးကို ေရသံုးခြက္တစ္ခြက္တင္ ၾကိဳခ်က္ျပီး ေသာက္သံုးေပးပါက ေပ်ာက္ကင္းႏိုင္တယ္လို႔ ေသာက္သံုးဖူးသူမ်ားက ေထာက္ခံ အားေပးထားပါတယ္။

ေျပာင္းဖူးမွာ ပါဝင္တဲ့ ဗီတာမင္ B1, B5, B9, ဘီတာကယ္ရိုတင္း၊ ေဖာ္လိတ္၊ အင္တီေအာက္ဆီးဒင့္ ၊ Ferulic Acid တို႔အျပင္ အျခား ဟင္းသီး ဟင္းရြက္ေတြထက္ ေျပာင္းဖူးမွာ အာဟာရဓာတ္ မ်ားစြာပိုမို ပါဝင္တာေၾကာင့္

၁။ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါအမ်ိဳးမ်ိဳး၊

၂။ ကင္ဆာေရာဂါ၊

၃။ အယ္လ္ဇိုင္းမားေရာဂါ၊

၄။ မွတ္ဥာဏ္အားနည္းျခင္း၊

၅။ ကိုလက္စထေရာ ေလ်ာ့က်ျခင္း

၆။ ဇီဝကမၼဆိုင္ရာ လုပ္ငန္းေဆာင္တာေတြကို အေထာက္အကူ ျပဳေစပါတယ္။

ေျပာင္းဖူးဟာ ဆဲလ္သစ္ေတြ ျဖစ္ေပၚလာေစျပီး ေလျဖတ္ျခင္းကို ကာကြယ္ရံုသာမ က ေရာဂါအမ်ိဳးမ်ိဳးကို တြန္းလွန္ႏိုင္စြမ္းရွိတာေၾကာင့္ ေႏြဥတုအတြက္ လူၾကီးသူမမ်ား နဲ႕ ေသြးတိုးေရာဂါသည္တို႔ကို ေျပာင္းဖူးျပဳတ္ရည္၊ ေျပာင္းဖူးေၾကာ္၊ ေျပာင္းဖူးခ်က္ စတဲ့ ေျပာင္းဖူးဟင္းလ်ာေတြ ျပဳလုပ္ေကၽြးေမြးပါလို႔ တင္ျပအပ္ပါတယ္။

Source : Good Health

(Unicode Version)

ပြောင်းဖူးပြုတ်ရည်

သင်နှင့် သင့်မိသားစု အပါအဝင် သင့်မိတ်ဆွေတွေထဲမှာ သွေးတိုးရောဂါကြောင့် ပူပြင်းလွန်းတဲ့ နွေဥတုမှာ အစားအသောက်၊ အနေအထိုင် ဆင်ခြင်နေရ တယ်ဆိုရင် ပြောင်းဖူးပြုတ်ရည် ဆေးနည်းကို သတိရပါ။

သွေးတိုးရောဂါအတွက် ပြောင်းဖူး ၂ ဖူးကို ရေသုံးခွက်တစ်ခွက်တင် ကြိုချက်ပြီး သောက်သုံးပေးပါက ပျောက်ကင်းနိုင်တယ်လို့ သောက်သုံးဖူးသူများက ထောက်ခံ အားပေးထားပါတယ်။

ပြောင်းဖူးမှာ ပါဝင်တဲ့ ဗီတာမင် B1, B5, B9, ဘီတာကယ်ရိုတင်း၊ ဖော်လိတ်၊ အင်တီအောက်ဆီးဒင့် ၊ Ferulic Acid တို့အပြင် အခြား ဟင်းသီး ဟင်းရွက်တွေထက် ပြောင်းဖူးမှာ အာဟာရဓာတ် များစွာပိုမို ပါဝင်တာကြောင့်

၁။ နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုး၊

၂။ ကင်ဆာရောဂါ၊

၃။ အယ်လ်ဇိုင်းမားရောဂါ၊

၄။ မှတ်ဉာဏ်အားနည်းခြင်း၊

၅။ ကိုလက်စထရော လျော့ကျခြင်း

၆။ ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို အထောက်အကူ ပြုစေပါတယ်။

ပြောင်းဖူးဟာ ဆဲလ်သစ်တွေ ဖြစ်ပေါ်လာစေပြီး လေဖြတ်ခြင်းကို ကာကွယ်ရုံသာမ က ရောဂါအမျိုးမျိုးကို တွန်းလှန်နိုင်စွမ်းရှိတာကြောင့် နွေဥတုအတွက် လူကြီးသူမများ နဲ့ သွေးတိုးရောဂါသည်တို့ကို ပြောင်းဖူးပြုတ်ရည်၊ ပြောင်းဖူးကြော်၊ ပြောင်းဖူးချက် စတဲ့ ပြောင်းဖူးဟင်းလျာတွေ ပြုလုပ်ကျွေးမွေးပါလို့ တင်ပြအပ်ပါတယ်။

Source : Good Health