အိမ္သုံး မီတာခ ဘယ္ေလာက္က်မလဲ တြက္လို႔ ရတဲ့နည္း

အိမ္သုံးမီတာခ ဘယ္ေလာက္က်မလဲ တြက္လို႔ ရၿပီ

မီးပူ – ၁၂၀၀ ဝပ္ – ၅.၂ အမ္ပီယာ

မီးဖို – ၁၆၀၀ ဝပ္ – ၇ အမ္ပီယာ

တီဗီြ+စေလာင္းစက္ – ၄၀၀ ဝပ္ – ၁.၈ အမ္ပီယာ

အဝတ္ေလွ်ာ္စက္ – ၂၀၀ ဝပ္ ၀.၉ အမ္ပီယာ

ေရေမာ္တာ – ၁၂၀၀ ဝပ္ – ၅.၂ အမ္ပီယာ

အဲကြန္း – ၁၂၀၀ ဝပ္ – ၅.၂ အမ္ပီယာ

မီးသီး+မီးေခ်ာင္း – ၁၅၀ ဝပ္ – ၀.၇ အမ္ပီယာ

အျခားအသုံးအေဆာင္မ်ား – ၅ အမ္ပီယာ – ၃၁ အမ္ပီယာ

အိမ္သုံးမီတာ တစ္လုံး၏ ခံနိင္ရည္ ဝန္အားသည္ (5/30) Amp. (10/30) Amp. အမ်ားဆုံး ၃၀ အမ္ပီယာထိ အသုံးခံနိင္ရည္႐ွိၿပီး အထက္ပါ ပစၥည္းမ်ားအား တစ္ၿပိဳင္နက္ သုံးစြဲေနပါက ( တစ္နာရီလွ်င္)

မီတာယူနစ္တက္ႏႉန္း kilo watt per hour (Kw/hr)

VI = W သည္ 230v x 30A = 6900 Watt= 7 Kw

= 7 Unit. ျဖစ္ေန၍ တစ္ရက္လုံး ပစၥည္းျပဳံသုံးခ်ိန္

တစ္နာရီဆိုက တစ္ရက္လွ်င္ ၇ ယူနစ္ျဖင့္ တစ္လစာ ယူနစ္ ၂၂၀ ဝန္းက်င္ျဖစ္မည္။

အထက္ပါ ပစၥည္းမ်ား ခြဲျခား အသုံးျပဳခ်ိန္အတြက္ တစ္ရက္ ၁၀ ယူနစ္ျဖစ္က တစ္လ ယူနစ္ ၃၃၀ ထပ္ေပါင္းက (၂၂၀+၃၃၀)=၅၅၀ ယူနစ္ ဝန္းက်င္ မီတာ တက္ပါမည္။

သာမန္ မိသားစု တစ္လသုံး မီတာခ= ၅၅၀ ယူနစ္

အလႊာမခြဲ တစ္ယူနစ္ ၃၅ က်ပ္ျဖင့္ တစ္လ ႏွစ္ေသာင္းခန္ ့က်ၿပီး ကိုယ္ထူကိုယ္ထ မီးလင္းေရး နယ္ပယ္ တစ္ယူနစ္ ၃၅၀ က်ပ္ျဖင့္သုံးက တစ္လ က်ပ္ႏွစ္သိန္းခန္ ့က်မည္ျဖစ္သည္။

လက္႐ွိ အိမ္သုံးမီတာအား မည္သည့္ လွ်ပ္စစ္ပစၥည္းမ်ား သုံးနိင္ၿပီး ဝန္အား ခံနိင္ရည္ အမ္ပီယာ (သို ဝပ္အား အေျခအေန မည္မွ်ထိ ႐ွိနိင္လဲဟု သိခ်င္သူမ်ားအား ရည္ရြယ္ ေရးသားပါသည္။ ယခင္က တပ္ထားေသာ Analog နဲ ့ဒစ္ဂ်စ္တယ္ မီတာ တံဆိပ္ေဟာင္းမ်ားတြင္ ေတာက္ေလွ်ာက္သုံး အမ္ပီယာ ၃၀ ထက္ ေက်ာ္သုံးလည္း ဝန္ပိုဒဏ္ေၾကး ႐ိုက္ခံရမူ မ႐ွိပါ၊ အခန္ ့မသင့္က မီတာေလာင္မူမ်ားသာ ျဖစ္တတ္သည္။

ယခု ၂၀၁၈ ခုႏွစ္ ဧၿပီလမွ စတင္ အသစ္ထုတ္ေပးေသာ ဒစ္ဂ်စ္တယ္ မီတာ အသစ္သည္ သတ္မွတ္ဝန္အား ၃၀ အမ္ပီယာ ကို ေတာက္ေလွ်ာက္ တစ္နာရီထက္ အခ်ိန္ပိုမို သုံးပါက ယင္းမီတာနဲ႔ ခ်ိတ္ဆက္ထားေသာ ႐ုံးထိုင္ ဆာဗာကြန္ပ်ဴတာတြင္ Overload Error ျပၿပီး သတ္မွတ္ဒဏ္ေၾကး ႐ိုက္ခံရမည္ ျဖစ္​သည္​။

မိမိအိမ္ လစဥ္ ယူနစ္တြက္ခ်က္တတ္ၿပီး မီတာခ အနည္းအမ်ား ခ်ိန္ဆနိင္ၾကပါေစေသာ္။

Credit : STG

(Unicode Version)

အိမ်သုံး မီတာခ ဘယ်လောက်ကျမလဲ တွက်လို့ ရတဲ့နည်း

အိမ်သုံးမီတာခ ဘယ်လောက်ကျမလဲ တွက်လို့ ရပြီ

မီးပူ – ၁၂၀၀ ဝပ် – ၅.၂ အမ်ပီယာ

မီးဖို – ၁၆၀၀ ဝပ် – ၇ အမ်ပီယာ

တီဗွီ+စလောင်းစက် – ၄၀၀ ဝပ် – ၁.၈ အမ်ပီယာ

အဝတ်လျှော်စက် – ၂၀၀ ဝပ် ဝ.၉ အမ်ပီယာ

ရေမော်တာ – ၁၂၀၀ ဝပ် – ၅.၂ အမ်ပီယာ

အဲကွန်း – ၁၂၀၀ ဝပ် – ၅.၂ အမ်ပီယာ

မီးသီး+မီးချောင်း – ၁၅၀ ဝပ် – ဝ.၇ အမ်ပီယာ

အခြားအသုံးအဆောင်များ – ၅ အမ်ပီယာ – ၃၁ အမ်ပီယာ

အိမ်သုံးမီတာ တစ်လုံး၏ ခံနိင်ရည် ဝန်အားသည် (5/30) Amp. (10/30) Amp. အများဆုံး ၃၀ အမ်ပီယာထိ အသုံးခံနိင်ရည်ရှိပြီး အထက်ပါ ပစ္စည်းများအား တစ်ပြိုင်နက် သုံးစွဲနေပါက ( တစ်နာရီလျှင်)

မီတာယူနစ်တက်နှူန်း kilo watt per hour (Kw/hr)

VI = W သည် 230v x 30A = 6900 Watt= 7 Kw

= 7 Unit. ဖြစ်နေ၍ တစ်ရက်လုံး ပစ္စည်းပြုံသုံးချိန်

တစ်နာရီဆိုက တစ်ရက်လျှင် ၇ ယူနစ်ဖြင့် တစ်လစာ ယူနစ် ၂၂၀ ဝန်းကျင်ဖြစ်မည်။

အထက်ပါ ပစ္စည်းများ ခွဲခြား အသုံးပြုချိန်အတွက် တစ်ရက် ၁၀ ယူနစ်ဖြစ်က တစ်လ ယူနစ် ၃၃၀ ထပ်ပေါင်းက (၂၂၀+၃၃၀)=၅၅၀ ယူနစ် ဝန်းကျင် မီတာ တက်ပါမည်။

သာမန် မိသားစု တစ်လသုံး မီတာခ= ၅၅၀ ယူနစ်

အလွှာမခွဲ တစ်ယူနစ် ၃၅ ကျပ်ဖြင့် တစ်လ နှစ်သောင်းခန့်ကျပြီး ကိုယ်ထူကိုယ်ထ မီးလင်းရေး နယ်ပယ် တစ်ယူနစ် ၃၅၀ ကျပ်ဖြင့်သုံးက တစ်လ ကျပ်နှစ်သိန်းခန့်ကျမည်ဖြစ်သည်။

လက်ရှိ အိမ်သုံးမီတာအား မည်သည့် လျှပ်စစ်ပစ္စည်းများ သုံးနိင်ပြီး ဝန်အား ခံနိင်ရည် အမ်ပီယာ (သို ဝပ်အား အခြေအနေ မည်မျှထိ ရှိနိင်လဲဟု သိချင်သူများအား ရည်ရွယ် ရေးသားပါသည်။ ယခင်က တပ်ထားသော Analog နဲ့ဒစ်ဂျစ်တယ် မီတာ တံဆိပ်ဟောင်းများတွင် တောက်လျှောက်သုံး အမ်ပီယာ ၃၀ ထက် ကျော်သုံးလည်း ဝန်ပိုဒဏ်ကြေး ရိုက်ခံရမူ မရှိပါ၊ အခန့်မသင့်က မီတာလောင်မူများသာ ဖြစ်တတ်သည်။

ယခု ၂၀၁၈ ခုနှစ် ဧပြီလမှ စတင် အသစ်ထုတ်ပေးသော ဒစ်ဂျစ်တယ် မီတာ အသစ်သည် သတ်မှတ်ဝန်အား ၃၀ အမ်ပီယာ ကို တောက်လျှောက် တစ်နာရီထက် အချိန်ပိုမို သုံးပါက ယင်းမီတာနဲ့ ချိတ်ဆက်ထားသော ရုံးထိုင် ဆာဗာကွန်ပျူတာတွင် Overload Error ပြပြီး သတ်မှတ်ဒဏ်ကြေး ရိုက်ခံရမည် ဖြစ်သည်။

မိမိအိမ် လစဉ် ယူနစ်တွက်ချက်တတ်ပြီး မီတာခ အနည်းအများ ချိန်ဆနိင်ကြပါစေသော်။

Credit : STG

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္