


မိဘတွေ စိတ်အရမ်း ထိခိုက် ကြေကွဲနေရှာမယ် ကြွေလွင့်သွားတဲ့ သားအကြီးက ၁၀ တန်းမှာ All D နဲ့ အောင်ထားတဲ့ လက်ရှိ သဘောင်္လိုက်နေသူ မိဘ လုပ်ကျွေးပြုစုနေသူ…







(Unicode Version)

ကျုံးဘေးက ယာဉ်တိုက်မှုမှာ မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရတဲ့ ညီနောင် ၂ ဦး

မနေ့ညက ရုပ်ရှင်ကြည့် အပြန်မှာ မီးပွိုင့်မှာ မီးနီပြလို့ ရပ်ထားတဲ့ ညီကို ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကို မဆင်မခြင် မောင်းလာတဲ့ ပြိုင်ကားက ဝင်တိုက်လိုက်လို့ ကြွေလွင့်သွားရတဲ့ ညီနောင် ၂ ဦးပါ……

မိဘတွေ စိတ်အရမ်း ထိခိုက် ကြေကွဲနေရှာမယ် ကြွေလွင့်သွားတဲ့ သားအကြီးက ၁၀ တန်းမှာ All D နဲ့ အောင်ထားတဲ့ လက်ရှိ သဘောၤလိုက်နေသူ မိဘ လုပ်ကျွေးပြုစုနေသူ…

ကြွေလွင့်သွားတဲ့ သားအငယ်က ဥပဒေ နောက်ဆုံးနှစ် ကျောင်းသား…. ကားမောင်းလာသူက ကားပိုင်ရှင် မဟုတ် ကားက ရုပ်ရှင်ရိုက်ဖို့ ငှားထားတယ်လို့သိရပါတယ်။

Vdo ဖိုင်ကြည့်ပီး အရမ်းကို စိတ်မကောင်းဖြစ်စရာမို့ တင်မပေးတော့ပါဘူး… မိသားစုနှင့်ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်

Photo Credit : အစ်မ San San

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် 8th batch, Marine Engineering မေဂျာတွင် ပညာသင်ကြားခဲ့သော ကိုကျော်ဇင်သက် 4th Engineer( B.S.M Shipping) နှင့် ညီဖြစ်သူ ကိုလွင်မင်းသန့် 5th year Law တို့သည် ၈.၁၁.၂၀၁၈ နေ့ မန္တလေးမြို့တွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိမိတို့မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အနေဖြင့် ကျန်ရစ်သူ မိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ / ကျောင်းသားများသမဂ္ဂ

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်