ကင္ဆာ ေရာဂါ ျဖစ္ပြားသူ ၉၀ ရာခုိင္ႏွုန္းတြင္ ေတြ႕ရေသာ ေ႐ွ႕ေျပး လကၡဏာမ်ား

ကင္ဆာ ေရာဂါ ျဖစ္ပြားသူ ၉၀ ရာခုိင္ႏွုန္းတြင္ ေတြ႕ရေသာ ေ႐ွ႕ေျပး လကၡဏာမ်ား

(၁) အလံုးအက်ိတ္မ်ား သို့မဟုတ္ အနာမ်ား ျဖစ္ေပၚျခင္း

အေရျပား နဲ့ ရင္သားကင္ဆာမ်ားမွာ ေတြ့ရပါတယ္။ ရင္သားနဲ့ခ်ိဴင္းေအာက္တြင္ မာေက်ာေသာ အဖုမ်ား စမ္းမိျခင္း အေရျပား တြင္ အကြက္မ်ား ျဖစ္ေပၚျခင္း အလံုးအက်ိတ္ တစ္ခုရဲ႕ အလည္ တည့္တည့္တြင္ အနာစိမ္းတစ္ခု ျဖစ္ေပၚျခင္း ေမြးရာပါ အမွတ္ရဲ႕ ပံုသ႑ာန္ သို႔မဟုတ္ အရြယ္ေျပာင္းလဲျခင္း

(၂) နာတာရွည္ ေခ်ာင္းဆိုးျခင္း

အဆုတ္ကင္ဆာရဲ့ လကၡဏာတစ္ခုျဖစ္ျပီး ေအာက္ပါလကၡဏာမ်ားရွိမရွိ ဆန္းစစ္သင့္ပါတယ္။ အစားအေသာက္ ပ်က္ျခင္း ကိုယ္အေလးခ်ိန္ က်ဆင္းျခင္း အဆုတ္ကင္ဆာ ေနာက္ဆံုးအဆင့္တြင္ ေသြးအန္ျခင္းနဲ႔ အသက္ရွဴ မ၀ျခင္းတို႔ ေတြ႕ရတတ္ပါသည္။

(၃) အေရျပား ယားယံျခင္း

သားအိမ္ကင္ဆာ ေၾကာင့္ မိန္းမကုိယ္ ယားျခင္း ျဖစ္ေပၚတတ္ပါသည္။ ဦးေနွာက္ ကင္ဆာေၾကာင့္ နွာေခါင္းအတြင္းပိုင္း ယားျခင္း ျဖစ္ေပၚတတ္ပါသည္

(၄) အူလမ္းေၾကာင္း ျပႆနာမ်ား

အူလမ္းေၾကာင္း ကင္ဆာရဲ႕ လကၡဏာမ်ားအနက္ ၀မ္းသြားရာမွာ ေသြးပါျခင္းနဲ့ အခြ်ဲ၀မ္းသြားျခင္း ၊၀မ္းမထိမ္းနိုင္ျခင္းတို႔မွာ အေတြ႕ရ မ်ားသည္။

(၅) ဆီးအနည္ပါျခင္း

ေက်ာက္ကပ္ ကင္ဆာရဲ့ လကၡဏာ တစ္ရပ္ျဖစ္ျပီး ေအာက္ပါလကၡဏာမ်ားလဲ ေတြ႕ရတတ္သည္။ ဆီးတြင္ေသြးပါျခင္း ေသြးတိုးျခင္း ေက်ာနာျခင္း နာတာရွည္အားနည္းျခင္း

(၆) ရုတ္တရက္ ပိန္လာျခင္း

သိသိသာသာ ကိုယ္အေလးခ်ိန္ က်ဆင္းျခင္းကို အစာအိမ္ ကင္ဆာ သမားမ်ားတြင္ ပိုမိုေတြ႕ရသည္။ အေစာပိုင္းတြင္ သိပ္မသိသာေသာ္လည္း တျဖည္းျဖည္းနဲ့ ေအာက္ပါ လကၡဏာမ်ားကိုပါ ေတြ႕ရတတ္ပါသည္။ အစာေတြ႕႐ံုနဲ႔ ပ်ိဳ႕အန္ျခင္း အစာနည္းနည္း စားရံုနဲ႕ ဗိုက္ျပည့္ျခင္း ေသြးအားနည္းျခင္း အစာေခ်ေနွးျခင္း

(၇) နာတာရွည္ လည္ေခ်ာင္းနာျခင္း

လည္ေခ်ာင္းကင္ဆာရဲ့ လကၡဏာ တစ္ခုျဖစ္ပါတယ္။ ေအာက္ပါ လကၡဏာမ်ားကိုလဲ ေတြ့ရတတ္ပါတယ္။ အစာမ်ိဴရာတြင္ သို႔မဟုတ္ အသက္႐ွဴရာတြင္ ခက္ခဲျခင္း လည္ေခ်ာင္းတြင္ အက်ိတ္မ်ား ေပၚလာျခင္း အသံေအာလာျခင္းနဲ႔ တျဖည္းျဖည္း အသံပါ ေပ်ာက္လာျခင္း ေသြးအန္ျခင္း၊ ခံတြင္းအနံ႔ဆိုးျခင္း။

အထက္ပါ လကၡဏာမ်ားကို ေတြ႕ရရံုျဖင့္ သင့္မွာ ကင္ဆာရွိေနျပီလို႔ ယူဆလို႔ မရပါ။ သို႔ေသာ္ သင့္တြင္ အဆိုပါ လကၡဏာမ်ား ရွိေနျပီဆိုပါက မေပါ့ဆပဲ ဆရာ၀န္ထံ ျပသဖို့ လိုအပ္ပါတယ္။

Source : Dr Jue ( Daily Hot News )

(Unicode Version)

ကင်ဆာ ရောဂါ ဖြစ်ပွားသူ ၉၀ ရာခိုင်နှုန်းတွင် တွေ့ရသော ရှေ့ပြေး လက္ခဏာများ

(၁) အလုံးအကျိတ်များ သို့မဟုတ် အနာများ ဖြစ်ပေါ်ခြင်း

အရေပြား နဲ့ ရင်သားကင်ဆာများမှာ တွေ့ရပါတယ်။ ရင်သားနဲ့ချိူင်းအောက်တွင် မာကျောသော အဖုများ စမ်းမိခြင်း အရေပြား တွင် အကွက်များ ဖြစ်ပေါ်ခြင်း အလုံးအကျိတ် တစ်ခုရဲ့ အလည် တည့်တည့်တွင် အနာစိမ်းတစ်ခု ဖြစ်ပေါ်ခြင်း မွေးရာပါ အမှတ်ရဲ့ ပုံသဏ္ဍာန် သို့မဟုတ် အရွယ်ပြောင်းလဲခြင်း

(၂) နာတာရှည် ချောင်းဆိုးခြင်း

အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများရှိမရှိ ဆန်းစစ်သင့်ပါတယ်။ အစားအသောက် ပျက်ခြင်း ကိုယ်အလေးချိန် ကျဆင်းခြင်း အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်တွင် သွေးအန်ခြင်းနဲ့ အသက်ရှူ မဝခြင်းတို့ တွေ့ရတတ်ပါသည်။

(၃) အရေပြား ယားယံခြင်း

သားအိမ်ကင်ဆာ ကြောင့် မိန်းမကိုယ် ယားခြင်း ဖြစ်ပေါ်တတ်ပါသည်။ ဦးနှောက် ကင်ဆာကြောင့် နှာခေါင်းအတွင်းပိုင်း ယားခြင်း ဖြစ်ပေါ်တတ်ပါသည်

(၄) အူလမ်းကြောင်း ပြဿနာများ

အူလမ်းကြောင်း ကင်ဆာရဲ့ လက္ခဏာများအနက် ဝမ်းသွားရာမှာ သွေးပါခြင်းနဲ့ အချွဲဝမ်းသွားခြင်း ၊ဝမ်းမထိမ်းနိုင်ခြင်းတို့မှာ အတွေ့ရ များသည်။

(၅) ဆီးအနည်ပါခြင်း

ကျောက်ကပ် ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပြီး အောက်ပါလက္ခဏာများလဲ တွေ့ရတတ်သည်။ ဆီးတွင်သွေးပါခြင်း သွေးတိုးခြင်း ကျောနာခြင်း နာတာရှည်အားနည်းခြင်း

(၆) ရုတ်တရက် ပိန်လာခြင်း

သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခြင်းကို အစာအိမ် ကင်ဆာ သမားများတွင် ပိုမိုတွေ့ရသည်။ အစောပိုင်းတွင် သိပ်မသိသာသော်လည်း တဖြည်းဖြည်းနဲ့ အောက်ပါ လက္ခဏာများကိုပါ တွေ့ရတတ်ပါသည်။ အစာတွေ့ရုံနဲ့ ပျို့အန်ခြင်း အစာနည်းနည်း စားရုံနဲ့ ဗိုက်ပြည့်ခြင်း သွေးအားနည်းခြင်း အစာချေနှေးခြင်း

(၇) နာတာရှည် လည်ချောင်းနာခြင်း

လည်ချောင်းကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ အောက်ပါ လက္ခဏာများကိုလဲ တွေ့ရတတ်ပါတယ်။ အစာမျိူရာတွင် သို့မဟုတ် အသက်ရှူရာတွင် ခက်ခဲခြင်း လည်ချောင်းတွင် အကျိတ်များ ပေါ်လာခြင်း အသံအောလာခြင်းနဲ့ တဖြည်းဖြည်း အသံပါ ပျောက်လာခြင်း သွေးအန်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း။

အထက်ပါ လက္ခဏာများကို တွေ့ရရုံဖြင့် သင့်မှာ ကင်ဆာရှိနေပြီလို့ ယူဆလို့ မရပါ။ သို့သော် သင့်တွင် အဆိုပါ လက္ခဏာများ ရှိနေပြီဆိုပါက မပေါ့ဆပဲ ဆရာဝန်ထံ ပြသဖို့ လိုအပ်ပါတယ်။

Source : Dr Jue ( Daily Hot News )