မိုးနဲၿမိဳ႕၌ ကားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိ ႏွစ္ဦး ေသဆံုး

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လင္းေခးခရိုင္ မိုးနဲၿမိဳ႕နယ္ မိုးနဲ-ေမာက္မယ္လမ္းပိုင္း မိုင္တိုင္အမွတ္ (၈) ကီလိုမီတာ ႏွင့္ (၉) ကီလိုမီတာအၾကား ကုန္းေပါင္းေက်းရြာအနီးတြင္ ကားႏွင့္ေမာ္ေတာ္ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မႈ ယေန႔ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၂၀ ခန္႔က ျဖစ္ပြားခဲ႔ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ေမာက္မယ္ၿမိဳ႕မွေျပာင္းစံအိတ္မ်ားတင္ေဆာင္၍ ယာဥ္ေမာင္း စိုင္းဝင္းလႈိင္ (၃၄)ႏွစ္ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္ SHN/5F—–HILUX Tiger ခဲေရာင္ကားႏွင့္ စံစိုင္း(၂၃)ႏွစ္ ေမာင္းႏွင္ၿပီး နန္းစံ(၂၉)ႏွစ္ ႏွင့္ နန္းစံ၏ သမီး ယိင္းေကာ္ခမ္း(၅)ႏွစ္တို႔ လိုက္ပါစီးနင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္အမွတ္ ၅၃ယ/ —- KKNBO 125 အနက္ေရာင္ တို႔မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ

ဆိုင္ကယ္ေမာင္းႏွင္သူ စံစိုင္း (၂၃)မွာ အခင္းျဖစ္ရာေနရာတြင္ ေသဆံုးခဲ႔ၿပီး နန္းစံ (၂၉) ႏွစ္မွာ ေအာက္သြားမ်ားလႈပ္နဲ႔ ဒဏ္ရာ ၊ခါးရိုးဖုေရာင္ နာက်င္ဒဏ္ရာ ၊ဝဲ/ယာဒူး ပြန္းပဲဒဏ္ရာ ၊ဝဲေျခသလံုး ေပါက္ၿပဲ ဒဏ္ရာ မ်ားႏွင့္ ေဆးရုံတြင္ ေသဆံုးၿပီး၊ ယိင္းေကာ္ခမ္း (၅)ႏွစ္မွာ ယာခ်ဳိေစာင္း ေပါက္ၿပဲဒဏ္ရာ ၊ဝဲ/ယာ လက္ေခ်ာင္းမ်ား ေပါက္ၿပဲဒဏ္ရာ၊ယာပါးပြန္းပဲ႔ ဒဏ္ရာ (မစိုးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ႔သျဖင့္ ေမာ္ေတာ္ယာဥ္အား ေပါ့ဆစြာ ေမာင္းႏွင္သူ စိုင္းဝင္လိႈင္ (၃၄)ႏွစ္အား ၿမိဳ႔မရဲစခန္းက ဥပေဒအရအေရး ယူေဆာင္ရြက္လ်က္ရွိေၾကာင္း ၿမိဳ႕မရဲစခန္း တာဝန္မွဴး ဒုရဲအုပ္မင္းပိုင္ဝင္း၏ ေျပာၾကားခ်က္ အရသိရသည္။

ၿမိဳ႕နယ္(ျပန္/ဆက္)

Source : Myanmaalinn

(Unicode Version)

မိုးနဲမြို့၌ ကားနှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ နှစ်ဦး သေဆုံး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မိုးနဲ-မောက်မယ်လမ်းပိုင်း မိုင်တိုင်အမှတ် (၈) ကီလိုမီတာ နှင့် (၉) ကီလိုမီတာအကြား ကုန်းပေါင်းကျေးရွာအနီးတွင် ကားနှင့်မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မောက်မယ်မြို့မှပြောင်းစံအိတ်များတင်ဆောင်၍ ယာဉ်မောင်း စိုင်းဝင်းလှိုင် (၃၄)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် SHN/5F—–HILUX Tiger ခဲရောင်ကားနှင့် စံစိုင်း(၂၃)နှစ် မောင်းနှင်ပြီး နန်းစံ(၂၉)နှစ် နှင့် နန်းစံ၏ သမီး ယိင်းကော်ခမ်း(၅)နှစ်တို့ လိုက်ပါစီးနင်လာသော မော်တော်ဆိုင်ကယ်အမှတ် ၅၃ယ/ —- KKNBO 125 အနက်ရောင် တို့မျက်နှာချင်းဆိုင်တိုက်မိရာ

ဆိုင်ကယ်မောင်းနှင်သူ စံစိုင်း (၂၃)မှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး နန်းစံ (၂၉) နှစ်မှာ အောက်သွားများလှုပ်နဲ့ ဒဏ်ရာ ၊ခါးရိုးဖုရောင် နာကျင်ဒဏ်ရာ ၊ဝဲ/ယာဒူး ပွန်းပဲဒဏ်ရာ ၊ဝဲခြေသလုံး ပေါက်ပြဲ ဒဏ်ရာ များနှင့် ဆေးရုံတွင် သေဆုံးပြီး၊ ယိင်းကော်ခမ်း (၅)နှစ်မှာ ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ ၊ဝဲ/ယာ လက်ချောင်းများ ပေါက်ပြဲဒဏ်ရာ၊ယာပါးပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် မော်တော်ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ စိုင်းဝင်လှိုင် (၃၄)နှစ်အား မြို့မရဲစခန်းက ဥပဒေအရအရေး ယူဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်မင်းပိုင်ဝင်း၏ ပြောကြားချက် အရသိရသည်။

မြို့နယ်(ပြန်/ဆက်)

Source : Myanmaalinn