နင့္အေဖ ဘာလုပ္လဲ နင့္အေမ ဘာလုပ္လဲလို႔ ေမးရင္ ကြ်န္မ အရမ္း အားငယ္ရတယ္ ဝမ္းနည္းမိတယ္

မိဘကို ခ်စ္ရင္ မရွက္ပါနဲ႔

အလယ္တန္း အထက္တန္း ေက်ာင္းသူဘဝတုန္းက ေက်ာင္းတက္ရင္ အတန္းေဖာ္ သူငယ္ခ်င္းေတြက ေမးႀကတယ္ “နင့္အေဖ ဘာလုပ္လဲ နင့္အေမ ဘာလုပ္လဲ” လို႔ ေမးရင္ ကြ်န္မ အရမ္းအားငယ္ရတယ္ ဝမ္းနည္းမိတယ္

” ငါရဲ႕ေဖေဖက စက္ခ်ဳပ္တယ္ ငါ့ရဲ႕ေမေမက ထမင္းခ်က္တယ္ ” ဆိုတ့ဲ အေျဖကို မရဲမဝဲ့ သူငယ္ခ်င္းေတြကို ေျဖခ့ဲရတယ္ (“ငါ့ေဖေဖက အင္ဂ်င္နီယာ ငါ့ေမေမက ေဒါက္တာ” ဆိုျပီး တခ်ဳိ႕ သူငယ္ခ်င္းေတြလို ဂုဏ္ယူဝ့ဲႀကြားစြာ ေျဖခ်င္မိတယ္ )

ဒါေပမယ့္ ကြ်န္မ အေဖက စက္ခ်ဳပ္တယ္ အေမက ထမင္းခ်က္တယ္။ တစ္ေန႔ေတာ့ “ေဖေဖ သမီးကိုေလ သူငယ္ခ်င္းေတြက ေမးႀကတယ္ ေဖေဖေမေမက ဘာလုပ္တာလဲ ” တ့ဲ “ေျဖေတာ့ တခ်ဳိ႕သူေတြက သမီးကို ေလွာင္ရယ္ႀကတယ္”

သမီး သိပ္ရွက္တယ္ ေဖေဖ သမီးရွက္တယ္ “သမီးလဲ သူငယ္ခ်င္းေတြရဲ႕ အေဖ အေမလို အင္ဂ်င္နယ္ယာ ေဒါက္တာ ပညာတတ္တ့ဲ ေဖေဖ ေမေမ လိုခ်င္တာေပါ့ ”

အဲဒီအခ်ိန္မွာ ကြ်န္မအနားသို႔ ေဖေဖတိုးလာျပီး “ဘယ္လို ေျပာလိုက္တာလဲ သမီးေရ ေဖေဖတို႔လည္း ပညာတတ္ ျဖစ္ခ်င္ခ့ဲတာေပါ့ ဘဝေပး အေျခအေနက ေဖေဖကို ပညာတတ္ ျဖစ္ဖို႔ မေပးခ့ဲဘူးေလ ”

” ေဖေဖတို႔ ေမာင္နွမလနွစ္ေယာက္ဟာ ပညာတတ္ သိပ္ျဖစ္ခ်င္ခ့ဲတာ။ အေမက မုဆိုးမ ဆင္းရဲတယ္ သူမ်ားဆီမွာ အငွားခံရတယ္။ စားဝတ္ေနေရးအတြက္ပဲ ထမင္းမငတ္ေအာင္ စားခ့ဲရတာ ေဖေဖတို႔ကို ေက်ာင္းတက္ဖို႔ ဖတ္စာအုပ္ေတြ ဗလာစာအုပ္ေတြ မဝယ္ေပးနိုင္ခ့ဲဘူး သမီး ”

“ေဖေဖတို႔ ေမာင္နွမ နွစ္ေယာက္က စာအရမ္း သင္ခ်င္လို႔ ေတာင္ေပၚက ဟင္းသီးဟင္းရြက္ေတြကို သြားခူးျပီး ေရာင္းတယ္။ ဟင္းသီးဟင္းရြက္ေရာင္းလို႔ ရတ့ဲ ပိုက္ဆံကိုစု သူမ်ားဆီက တစ္ဆင့္ စာအုပ္ အေဟာင္းေလးေတြ ဝယ္ျပီး ေဖေဖတို႔ ေမာင္နွမ နွစ္ေယာက္ ေက်ာင္းတက္ခ့ဲရတာ ”

” ေဖေဖတို႔က ဆင္းရဲေတာ့ ဘယ္သူကမွ ဂရုမစိုက္ႀကဘူး သမီးေရ။ စာအုပ္ အသစ္ေတြ မဝယ္နိုင္ဘူး သူမ်ားဆီက ဝယ္တ့ဲစာအုပ္ အေဟာင္းေလးနဲ႔ စာေရးခ့ဲတယ္။ ဆရာကို အမွတ္ျခစ္ဖို႔ စာအုပ္သြားထပ္ေတာ့ မင္းဘာစာအုပ္နဲ႔ ေရးထားတာလဲ ညစ္ပတ္ စုတ္ျပတ္သတ္ေနတာပဲ ေရာ့ကြာဆိုျပီး ေဖေဖ့ စာအုပ္ကို ဆရာက လႊင့္ပစ္တယ္ သမီးေရ။

“စာအုပ္ကထဲက စာရြက္ေလးေတြ တရြက္စီ ကြာႀကသြားခ့ဲတယ္။ ေဖေဖလည္း အရမ္းရွက္လို႔ ငိုျပီး စာရြက္ေလးေတြကို တစ္ရြက္ခ်င္းစီ ေကာက္ခ့ဲရတယ္။ အဲဒါနဲ႔ ေဖေဖ ေလးတန္းေျဖျပီး ေက်ာင္းနားခ့ဲရတယ္ သမီးေရ။ အရြယ္ေရာက္လာေတာ့ ေဖေဖ စက္ခ်ဳပ္ပညာကို တတ္ကြ်မ္းေအာင္ ဆရာတစ္ေယာက္ဆီမွာ သင္ခ့ဲတယ္ ”

“သမီးတို႔ ေမာင္နွမ နွစ္ေယာက္ကို ေဖေဖတို႔ ေမာင္နွမ နွစ္ေယာက္လို မျဖစ္ရေလေအာင္ ေဖေဖတတ္တ့ဲ စက္ခ်ဳပ္ ပညာနဲ႔ ပညာတတ္ျဖစ္ေအာင္ ပညာသင္ရေအာင္ ေက်ာင္းတက္ရေအာင္ ထားေပးတယ္ ” ေလ။

ေဖေဖေျပာတ့ဲ စကားေတြကို နားေထာင္ရေတာ့ ကြ်န္မရင္ထဲ ဝမ္းနည္းျပီး မ်က္ရည္စက္ေတြ က်လာတယ္။ ေဖေဖက စကားတခြန္းပဲ ေျပာတယ္

” ဂုဏ္ယူလိုက္စမ္းပါ သမီးေရ မရွက္ပါနဲ႔။ ငါ့မိဘေတြက သူတို႔တတ္တ့ဲ အတတ္ပညာ ရွာလို႔ ဗပးလို႔ရတ့ဲ ပိုက္ဆံနဲ႔ ငါ့အစ္ကိုကို ဘြဲ႕ရေအာင္ ေက်ာင္းထားေပးခ့ဲတယ္ ငါ့ကို အခုေက်ာင္းထားေပးေနတယ္ ဆိုျပီး ေျပာလိုက္စမ္းပါ သမီးေရ ” တ့ဲေလ ။

တခ်ိန္က မေျပာနိုင္ခ့ဲတ့ဲစကားေတြကို အခုေတာ့ ေဖေဖ့ေက်းဇူးေတြေႀကာင့္ ရဲဝဲ့စြာေျပာနိုင္ခ့ဲျပီ ေဖေဖ။ သမီး မရွက္ေတာ့ဘူး ေဖေဖ။

“သူငယ္ခ်င္းတို႔ မိတ္ေဆြတို႔ေရ ငယ္တ့ဲ အခ်ိန္မွာေတာ့ စဥ္းစားဥာဏ္ အေတြးအေခၚ ဗဟုသုတ မရွိေသးတ့ဲ အရြယ္မို႔ ရွက္တတ္ရင္ ရွက္နိုင္ပါတယ္။ အသက္အရြယ္ ႀကီးလာလို႔ စဥ္းစားဥာဏ္ အေတြးအေခၚ ဗဟုသုတေတြကို ရင့္က်က္လာတ့ဲအခါ မရွက္သင့္တာကို မရွက္ပါနဲ႔ အားမငယ္သင့္တာကို အားမငယ္ပါနဲ႔။ ဒါေႀကာင့္ မိဘကိုခ်စ္ရင္ မရွက္ပါနဲ႔။

Credit : မူရင္းေရးသားသူ

(Unicode Version)

မိဘကို ချစ်ရင် မရှက်ပါနဲ့

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော် သူငယ်ချင်းတွေက မေးကြတယ် “နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ” လို့ မေးရင် ကျွန်မ အရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်

” ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ် (“ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ” ဆိုပြီး တချို့ သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် )

ဒါပေမယ့် ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်။ တစ်နေ့တော့ “ဖေဖေ သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့ “ဖြေတော့ တချို့သူတွေက သမီးကို လှောင်ရယ်ကြတယ်”

သမီး သိပ်ရှက်တယ် ဖေဖေ သမီးရှက်တယ် “သမီးလဲ သူငယ်ချင်းတွေရဲ့ အဖေ အမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေ မေမေ လိုချင်တာပေါ့ ”

အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး “ဘယ်လို ပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ် ဖြစ်ချင်ခဲ့တာပေါ့ ဘဝပေး အခြေအနေက ဖေဖေကို ပညာတတ် ဖြစ်ဖို့ မပေးခဲ့ဘူးလေ ”

” ဖေဖေတို့ မောင်နှမလနှစ်ယောက်ဟာ ပညာတတ် သိပ်ဖြစ်ချင်ခဲ့တာ။ အမေက မုဆိုးမ ဆင်းရဲတယ် သူများဆီမှာ အငှားခံရတယ်။ စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင် စားခဲ့ရတာ ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူး သမီး ”

“ဖေဖေတို့ မောင်နှမ နှစ်ယောက်က စာအရမ်း သင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီး ရောင်းတယ်။ ဟင်းသီးဟင်းရွက်ရောင်းလို့ ရတဲ့ ပိုက်ဆံကိုစု သူများဆီက တစ်ဆင့် စာအုပ် အဟောင်းလေးတွေ ဝယ်ပြီး ဖေဖေတို့ မောင်နှမ နှစ်ယောက် ကျောင်းတက်ခဲ့ရတာ ”

” ဖေဖေတို့က ဆင်းရဲတော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး သမီးရေ။ စာအုပ် အသစ်တွေ မဝယ်နိုင်ဘူး သူများဆီက ဝယ်တဲ့စာအုပ် အဟောင်းလေးနဲ့ စာရေးခဲ့တယ်။ ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ မင်းဘာစာအုပ်နဲ့ ရေးထားတာလဲ ညစ်ပတ် စုတ်ပြတ်သတ်နေတာပဲ ရော့ကွာဆိုပြီး ဖေဖေ့ စာအုပ်ကို ဆရာက လွှင့်ပစ်တယ် သမီးရေ။

“စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီ ကွာကြသွားခဲ့တယ်။ ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီး စာရွက်လေးတွေကို တစ်ရွက်ချင်းစီ ကောက်ခဲ့ရတယ်။ အဲဒါနဲ့ ဖေဖေ လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ။ အရွယ်ရောက်လာတော့ ဖေဖေ စက်ချုပ်ပညာကို တတ်ကျွမ်းအောင် ဆရာတစ်ယောက်ဆီမှာ သင်ခဲ့တယ် ”

“သမီးတို့ မောင်နှမ နှစ်ယောက်ကို ဖေဖေတို့ မောင်နှမ နှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့ စက်ချုပ် ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ် ” လေ။

ဖေဖေပြောတဲ့ စကားတွေကို နားထောင်ရတော့ ကျွန်မရင်ထဲ ဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ်။ ဖေဖေက စကားတခွန်းပဲ ပြောတယ်

” ဂုဏ်ယူလိုက်စမ်းပါ သမီးရေ မရှက်ပါနဲ့။ ငါ့မိဘတွေက သူတို့တတ်တဲ့ အတတ်ပညာ ရှာလို့ ဗပးလို့ရတဲ့ ပိုက်ဆံနဲ့ ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ် ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။

တချိန်က မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ ဖေဖေ့ကျေးဇူးတွေကြောင့် ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ ဖေဖေ။ သမီး မရှက်တော့ဘူး ဖေဖေ။

“သူငယ်ချင်းတို့ မိတ်ဆွေတို့ရေ ငယ်တဲ့ အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင် ရှက်နိုင်ပါတယ်။ အသက်အရွယ် ကြီးလာလို့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို မရှက်ပါနဲ့ အားမငယ်သင့်တာကို အားမငယ်ပါနဲ့။ ဒါကြောင့် မိဘကိုချစ်ရင် မရှက်ပါနဲ့။

Credit : မူရင်းရေးသားသူ