သ​ေဘၤာသား မလုပ္​ဖို႔ တားၾကသည့္ အေၾကာင္းအရင္း

ဒီက​ေန႔​ေခတ္​မွာ သ​ေဘၤာသားအလုပ္​ဟာ လူငယ္​​ေတြၾကားမွာ​ေခတ္​စားလာပါတယ္​. ဆယ္​တန္​း​ေအာင္​ၿပီးတာနဲ႔ သ​ေဘၤာသားလုပ္​ဖို႔ တာဆူ​ေနၾကတဲ့ လူငယ္​​ေတြက ခပ္​မ်ားမ်ားပါပဲ. လူငယ္​​ေတြဘက္​က တက္​ႂကြ​ေနသလို တစ္​ဖက္​မွာလည္​း စီနီယာ သ​ေဘၤာသားႀကီး​ေတြက သ​ေဘၤာသား​ ေလာကထဲကို မလာၾကဖို႔ လူငယ္​​ေတြကို တတ္​ႏိုင္​သ​ေလာက္​ တားၾကပါတယ္​

ဘာ​ေၾကာင္​့ပါလဲ ?

အ​ေၾကာင္​းျပခ်က္​​ေတြက​ေတာ့ အမ်ားႀကီးပါပဲ ကြ်န္ေတာ္​ လက္​လွမ္​းမီသ​ေလာက္​​ ေယဘုယ်အ​ေနနဲ႔ ​ေျပာရရင္​…

– အလုပ္​အကိုင္​႐ွားပါးက်ပ္​တည္​းလာျခင္​း

– အရင္​းအႏွီးမ်ားလာျခင္​း

– ဝင္​​ေရာက္​ရန္​မလြယ္​ကူသလို ႐ုန္​းထြက္​ရန္​လည္​း ခက္​ခဲျခင္​း

– အက်ဥ္​းက်သလို ခံစားရျခင္​း နဲ႔

– အျခားပုဂၢိဳလ္​​ေရးဆိုင္​ရာ ခံစားခ်က္​အခ်ိဳ႕​ေၾကာင္​့လို႔ သံုးသပ္​မိပါတယ္​.

အလုပ္​အကိုင္​ ႐ွားပါးက်ပ္​တည္​းလာျခင္​းနဲ႔ ပက္​သက္​ၿပီး​ေျပာရရင္​​ေတာ့ အ​ေၾကာင္​းအရာမ်ိဳးစံုပါပဲ. ကမၻာနဲ႔ခ်ီၿပီး ​ေရ​ေၾကာင္​းသယ္​ယူပို႔​ေဆာင္​​ေရးလုပ္​ငန္​း​ေတြ စီးပြားက်ဆင္​းလာခ်ိန္​, သ​ေဘၤာ​ေတြမွာ သ​ေဘၤာသားဦး​ေရဟာ ယခင္​ကထက္​ပိုမို​ေလ်ာ့နည္​းလာခ်ိန္​, ယခင္​က သ​ေဘၤာသား​ေလာကကို စိတ္​ဝင္​းစားမႈနည္​းခဲ့တဲ့ ႏိုင္​ငံ​ေတြကပါ သ​ေဘၤာသား​ေလာကဆီသို႔ ဝင္​​ေရာက္​လာခ်ိန္​မွာ ျမန္​မာျပည္​မွာလည္​း သ​ေဘၤာသားလူသစ္​​ေတြကို အဆမတန္​​ ေပါက္​ဖြား​ေပးလိုက္​ခ်ိန္​နဲ႔ အံကိုက္​ပါပဲ.

ဒါဟာ တမင္​တကာလုပ္​ယူတာ မဟုတ္​​ေပမဲ့လို႔ အလြန္​ကို တိုက္​ဆိုင္​သြားတယ္​လို႔ပဲ ယူဆမိပါတယ္​. ဒီအခါမွာ သ​ေဘၤာသား လူသစ္​​ေတြအ​ေနနဲ႔ ယခင္​က အလုပ္​တစ္​​ေနရာအတြက္​ ႏွစ္​ဦး သံုးဦး​ေလာက္​သာ ယွဥ္​ၿပိဳင္​​ေနရာက​ေန ယခုလက္​႐ွိ အ​ေျခအ​ေနမွာ ဆယ္​​ေယာက္​​ေလာက္​ အၿပိဳင္​အဆိုင္​ လု​ေနရပါတယ္​. လူ​ေဟာင္​း​ေတြလည္​း ထိုနည္​းလည္​း​ေကာင္​းပါပဲ.

ကိုယ္​့ႏိုင္​ငံထဲက သ​ေဘၤာသားအျပင္​ ႏိုင္​ငံျခားသား​ေတြနဲ႔ပါ ​ေနရာတစ္​​ေနရာအတြက္​ ယွဥ္​ၿပိဳင္​လာရပါတယ္​. ဒီလို တြန္​းတိုက္​မႈ​ေတြ​ေၾကာင္​့ အလုပ္​အကိုင္​​ေတြ က်ပ္​တည္​းလာရတာပါပဲ.

အျခားႏိုင္​ငံက သ​ေဘၤာသား​ေတြအတြက္​ ဒါဟာ ျပႆနာတစ္​ရပ္​ မဟုတ္​​ေပမဲ့ ျမန္​မာႏိုင္​ငံသား သ​ေဘၤာသားတစ္​​ေယာက္​အတြက္​က​ေတာ့ ႀကီးစြာ​ေသာ ျပႆနာပါပဲ. ဒီလို အၿပိဳင္​အဆိုင္​ တြန္​းတိုက္​မႈ​ေတြဟာ ဒီႏိုင္​ငံက သ​ေဘၤာသား​ေတြအတြက္​ အရင္​းအႏွီး ႀကီးမားျခင္​းဆီကို ဦးတည္​လာ​ပါ​ေတာ့တယ္​.

၂၀၁၀ ခုႏွစ္​ ​ေ႐ွ႕ပိုင္​းမွာ ျမန္​မာႏိုင္​ငံရဲ႕ သ​ေဘၤာသားဦး​ေရဟာ ပံုမွန္​သာ ႐ွိခဲ့ပါတယ္​. ကမ္​း႐ိုးတန္​းသ​ေဘၤာကို တစ္​ႏွစ္​စီးၿပီးမွ , စက္​ခန္​းပိုင္​းအတြက္​ဆို ​ေဒါက္​တစ္​ႏွစ္​ဆင္​းၿပီးမွသ​ေဘၤာသားနဲ႔ ပက္​သက္​တဲ့ သင္​တန္​း​ေတြတက္​ သက္​ဆိုင္​ရာလက္​မွတ္​​ေတြကို ကိုင္​​ေဆာင္​လို႔ ရတဲ့​ေခတ္​မွာ ​ေပးႏိုင္​တဲ့ အလုပ္​အကိုင္​ အ​ေရအတြက္​နဲ႔ တိုးပြားလာတဲ့ သ​ေဘၤာသားဦး​ေရဟာ ဟန္​ခ်က္​ညီညီ အခ်ိဳးညီညီ စီးဆင္​​းေနခဲ့ပါတယ္​.

​ေနာက္​ပိုင္​း အ​ေျခခံအဂၤလိပ္​စာ အရည္​အ​ေသြးစစ္​ စာ​ေမးပြဲ (BEST) ​ေအာင္​ျမင္​ၿပီး သင္​တန္​း​ေတြတက္​ လက္​မွတ္​​ေတြ ကိုင္​လို႔ရၿပီ ဆိုတဲ့​ေခတ္​နဲ႔ ယ​ေန႔​ေခတ္​လို ပိုက္​ဆံ႐ွိရင္​ ​ေငြထုပ္​ပိုက္​ၿပီး သ​ေဘၤာသား လုပ္​လို႔ရၿပီ ဆိုတဲ့​ေခတ္​​ေရာက္​လာခ်ိန္​မွာ​ေတာ့ လူငယ္​​ေတြရဲ႕ ပါးစပ္​ဖ်ားမွာ, ငါ့သား သ​ေဘၤာသားျဖစ္​ဖို႔ သိန္​းတစ္​ရာနဲ႔ ​ေလာက္​မလားလို႔ ​ေမးခ်င္​ၾကတဲ့ ​ေငြ႐ွိၿပီး ​ေခါင္​းမ႐ွိတဲ့ လူ​ေတြရဲ႕ ပါးစပ္​ဖ်ားမွာ သ​ေဘၤာသားအလုပ္​ဟာ ​ေရႊထြက္​ လာပါ​ေတာ့တယ္​.

ဒီလိုျဖစ္​လာတာဟာ​ ေနာက္​တက္​လာမယ္​့ သ​ေဘၤာသား​ေတြကို ႀကီးမားလွစြာ​ေသာ တြငး္​နက္​ႀကီးဆီကို ပို႔​ေဆာင္​သလို ျဖစ္​လာပါတယ္​. အဲဒါက​ေတာ့ အရင္​းအႏွီး ႀကီးမားျခင္​းပါပဲ. ျမန္​မာႏိုင္​ငံမွာ သ​ေဘၤာသားအလုပ္​အကိုင္​ဟာ လူတိုင္​းႀကဳိက္​တဲ့ ​ေရာင္​းကုန္​ပစၥည္​းလို ျဖစ္​​ေနပါတယ္​. ပိုင္​ဆိုင္​သူ​ေတြက ​ေအ့ဂ်င္​့​ေတြပါ.

ယခင္​က ဝယ္​သူနဲ႔ ​ေရာင္​းကုန္​အခ်ိဳးဟာ မွ်မွ်တတ ျဖစ္​​ေနတဲ့အခါ ​ေရာင္​းသူ​ေတြကလည္​း ပံုမွန္​​ေစ်းနဲ႔သာ ​ေရာင္​းခ်ၾကပါတယ္​. အၿပိဳင္​​ေစ်း​ေခၚတာမ်ိဳးကို လုပ္​​ေလ့လုပ္​ထ မ႐ွိၾကပါဘူး.

ယ​ေန႔​ေခတ္​လို ဝယ္​လိုအား အဆမတန္​ မ်ားျပားလာတဲ့ အခါမွာ​ေတာ့ သ​ေဘၤာသားအလုပ္​အကိုင္​ဆိုတဲ့ ႐ွားပါးကုန္​ပစၥည္​းကို ပိုင္​ဆိုင္​သူ​ေအ့ဂ်င္​့​ေတြဟာ ႀကိဳက္​​ေစ်း​ေခၚခြင္​့ ႐ွိလာပါတယ္​. ဒါဟာ သူတို႔မရည္​ရြယ္​ဘဲ ရလာတဲ့ အခြင္​့အ​ေရးပါ. ဘယ္​သူမဆို ဝင္​​ေငြစီး​ေၾကာင္​းတစ္​ခု ျဖစ္​လာရင္​ ဒီလမ္​း​ေၾကာင္​းထဲက ရသ​ေလာက္​​ေတာ့ ခပ္​ခ်င္​ၾကတာပါပဲ.

ခက္​တာက ​ေရာင္​းသူနဲ႔ ဝယ္​သူ​ေတြအၾကား ထိန္​းညႇိ​ေပးမႈ မ႐ွိတာပါပဲ. ႐ွိတဲ့ ဥပ​ေဒကလည္​း ခိုင္​မာမႈ အားနည္​းတဲ့အခါ လက္​တစ္​လံုးျခား လွည္​့စားျခင္​းကို ခံရတာပါပဲ.

၂၀၁၀ ခုႏွစ္​ ​ေ႐ွ႕နားက သ​ေဘၤာသားလူသစ္​တစ္​​ေယာက္​အတြက္​ ​ေအ့ဂ်င္​့ကို​ေပးရတဲ့ ႐ိုက္​​ေၾကးဟာ ႏွစ္​ဆယ္​့ငါးသိန္​းဝန္​းက်င္​သာ ႐ွိခဲ့ပါတယ္​. ဒါဟာ လိုင္​စင္​႐ွိတဲ့ ​ေအ့ဂ်င္​့​ေတြကို ​ေပးရတဲ့ အရင္​းအႏွီးပါ.

အလိမ္​ခံရမွာလည္​း မစိုးရိမ္​ရပါဘူး. ဒီက​ေန႔​ေတာ့ လိုင္​စင္​ရ​ေအ့ဂ်င္​့​ေတြကို ​ေပးရတဲ့ ႐ိုက္​​ေၾကးက သိန္​း​ေျခာက္​ဆယ္​ဝန္​းက်င္​ ျဖစ္​လာပါၿပီ. ဒီအခ်ိန္​မွာပဲ ယခင္​က ဆယ္​သိန္​းဝန္​းက်င္​သာ ​ေပးရၿပီး ခိုင္​မာမႈမ႐ွိတဲ့ ​လိုင္​စင္​မဲ့ ​ေအ့ဂ်င္​့​ေတြဟာ ဒီက​ေန႔​ေတာ့ ႐ိုက္​​ေၾကးသိန္​းသံုးဆယ္​ကို ခပ္​မာမာပဲ ​ေတာင္​း​ေနၾကပါၿပီ.

တစ္​ႏွစ္​လံုး​ေနလို႔မွ အရင္​းမ​ေက်ဘဲ အဲဒီ​လိုေအ့ဂ်င္​့​ေတြ စီစဥ္​​ေပးတဲ့ သ​ေဘၤာ​ေတြ​ေပၚမွာ ​ေရာက္​႐ွိ​ေနၾကတဲ့ သ​ေဘၤာသားအ​ေရအတြက္​ကလည္​း မနည္​းလွပါဘူး.

သ​ေဘၤာသားဆိုၿပီး သ​ေဘၤာ​ေပၚမ​ေရာက္​ဘဲ မ​ေလး႐ွားက လဖၻက္​ရည္​ဆိုင္​​ေတြ , ကားဝပ္​​ေ႐ွာ့​ေတြ စတဲ့ ​ေရာက္​ရာမွာ ​ေအာင္​့အီးသည္​းခံရင္​း သ​ေဘၤာသားဘဝရဲ႕ ပင္​လယ္​ျပင္​လုပ္​သက္​ကို အဆင္​​ေျပသလို ယူ​ေနၾကရတဲ့ သ​ေဘၤာသား ဆိုသူ​ေတြလည္​း မနည္​းပါဘူး. သူတို႔အတြက္​ အရင္​းအႏွီးဆိုတာ ​ေငြအျပင္​ အသက္​နဲ႔ ဘဝပါ ပါလာပါၿပီ.

ဒီလို​ေတြ ပရမ္​းပတာႏိုင္​လွတဲ့ သ​ေဘၤာသား​ေလာကထဲကို မလာၾကဖို႔ တားဆီး​ေနၾကတာဟာ စီနီယာသ​ေဘၤာသားႀကီး​ေတြဘက္​က​ အမွားမဟုတ္​ပါဘူး. တားသင္​့လို႔ တား​ေနၾကတာပဲလို႔ ယူဆမိပါတယ္​. ခု​ေခတ္​မွာ ပိုဆိုးလာတာက ​ေအ့ဂ်င္​့​ေတြကို ႐ုိက္​​ေၾကး​ေပးရတဲ့အျပင္​ လိုင္​းတစ္​လိုင္​းမွာ အလုပ္​ရဖို႔အတြက္​ ‘ ​ေနာက္​​ေပါက္​ ‘ ဆိုသူ​ေတြကိုပါ ပိုက္​ဆံ​ေတြ ထပ္​ၿပီး​ေပး​ေနၾကရတာပါပဲ.

ယခင္​က ​ေနာက္​​ေပါက္​​ေၾကးဆိုတာ ​ေလးငါး​ေသာငး္​အျပင္​ သတ္​သတ္​မွတ္​မွတ္​ မ႐ွိလွ​ေပမဲ့ ဒီက​ေန႔​ေခတ္​​ေတာ့ ​ေနာက္​​ေပါက္​​ေၾကးကို ​ေလးငါးသိန္​းဆိုတာမ်ိဳး လစာ​ေတာင္​းသလို ​ေပၚတင္​ယူ​ၿပီး သ​ေဘၤာသား​ေတြရဲ႕ အားနည္​းခ်က္​ကို အခြင္​့​ေကာင္​းယူ ​ေခါင္​းပံုျဖတ္​​ေနၾကတဲ့အခါ သ​ေဘၤာသား​ေတြရဲ႕ အရင္​းအႏွီးဟာ ပိုၿပီးႀကီးလာပါ​ေတာ့တယ္​.

အခု​ေတာ့ လူသစ္​​ေတြ ​ေပးရတဲ့အ႐ွိန္​နဲ႔ လူ​ေဟာင္​း​ေတြကပါ ​ေနာက္​​ေပါက္​​ေၾကး​ေတြ ​ေပး​ေပး​ေနရပါတယ္​. လိုင္​းသစ္​တစ္​ခါ​ေျပာင္​းရင္​ ​ေနာက္​​ေပါက္​ကို ႐ွာရတဲ့အလုပ္​ကလည္​း အ​ေမာပါပဲ. ဒါ​ေတြကို ခုခ်ိန္​ထိ ထိန္​းညႇိႏိုင္​မႈ မ႐ွိ​ေသးပါဘူး. လုပ္​ဖို႔လည္​း ခက္​လွပါတယ္​.

ဘာ​ေၾကာင္​့လဲဆို​ေတာ့ ​ေနာက္​တက္​လာတဲ့ သ​ေဘၤာသား​ေတြရဲ႕ စိတ္​ထဲမွာကိုက ​ေနာက္​​ေပါက္​နဲ႔မွ အလုပ္​ရဖို႔ လြယ္​တယ္​ဆိုတဲ့ အ​ေတြး​ေတြ ဝင္​​ေနလို႔ပါပဲ. အဲဒီလို ျဖစ္​လာ​ေအာင္​လည္​း ဖန္​တီးသူ​ေတြက ဖန္​တီးႏိုင္​ခဲ့ၾကပါတယ္​.

အမွန္​က​ေတာ့ သ​ေဘၤာသားအခ်င္​းခ်င္​းသာ လက္​တြဲ​ေခၚမယ္​ဆိုရင္​ ​ေနာက္​​ေပါက္​ဆိုတာ ​ေနာက္​​ေဖး​ေခ်ာင္​မွာ ​ေရာက္​​ေနရမွာပါ. ေနာက္​​ေပါက္​ဘဝက​ေန ​ေနာက္​​ေရာက္​ဘဝကို ပို႔​ေပးႏိုင္​ၾကရမွာပါ. ဒါ​ေပမဲ့လည္​း အ​ေၾကာင္​းအမ်ိဳးမ်ိဳး​ေၾကာင္​့ သ​ေဘၤာသားအခ်င္​းခ်င္​း ​ေခါင္​းခံႏိုင္​မႈ​ေတြဟာလည္​း ႐ွားပါး​ေနဆဲပါပဲ.

သ​ေဘၤာသား​ေလာကထဲကို မလာၾကပါနဲ႔လို႔ တား​ေနၾကရတဲ့ ​အ​ေ​ျကာင္းရင္​း​​ေတြထဲက ေနာက္​တစ္​ခ်က္​က​ေတာ့ ဒီ​ေလာကထဲကို ဝင္​​ေရာက္​ႏိုင္​ဖို႔ ခက္​ခဲၿပီး ဝင္​​ေရာက္​ခဲ့ၿပီးရင္​လည္​း ျပန္​လည္​႐ုန္​းထြက္​ႏိုင္​ဖို႔ခက္​ခဲတာ​ေၾကာင္​့ပဲ ျဖစ္​ပါတယ္​. သ​ေဘၤာသား​ေတြဟာ သ​ေဘၤာသားျဖစ္​လာဖို႔ ခက္​ခက္​ခဲခဲ ႐ုန္​းကန္​, အရင္​းအႏွီး​ေတြ အမ်ားႀကီး ​ေပးဆပ္​ရသလို ၿငီး​ေငြ႔လြန္​းလို႔ ျပန္​႐ုန္​းထြက္​ျပန္​ရင္​လည္​းမလြယ္​ျပန္​ပါဘူး. မ်ား​ေသာအားျဖင္​့ သ​ေဘၤာလိုက္​ၾကတယ္​ဆိုတာ ဝင္​​ေငြ​ေလး​ေကာင္​းတယ္​ ,ခပ္​သြက္​သြက္​​ေလး ​ေငြ႐ွာ ရင္​းႏွီး​ေလာက္​စရာ ပမာဏ​ေလးရရင္​ သ​ေဘၤာသားဘဝကနား ကိုယ္​ဝါသနာပါတဲ့ အလုပ္​​ေလးလုပ္​ၿပီး ဘဝကို အ​ေျခခ်. ဒီလိုစိတ္​ကူး​ေတြနဲ႔ လုပ္​ၾကတာမ်ားပါတယ္​.

( ဝါသနာပါလို႔ ဒါမွမဟုတ္​ ​ေရ​ေၾကာင္​းဆိုင္​ရာ ဒီပလိုမာ, ဘြဲ႔ ရထားလို႔ လုပ္​ၾကတဲ့သူ​ေတြလည္​း တစ္​ပံုတစ္​ပင္​​ေပါ့)

ဒါ​ေပမဲ့ သ​ေဘၤာသား​ေလာကထဲကို ဝင္​​ေရာက္​တာ ၾကာလာ​ေလ​ေလ ကုန္​း​ေပၚကို​ ျပန္​​ေရာက္​ႏိုင္​ဖို႔ ခက္​​ေလ​ေလပါပဲ. ​ေရထဲမွာ တစ္​ႏွစ္​ဆိုတဲ့ အခ်ိန္​ ကုန္​ဆံုးသြားတဲ့အခါ ကိုယ္​့လက္​ထဲမွာ ​ေငြ​ေၾကးအခ်ိဳ႕ ႐ွိလာခဲ့​ေပမဲ့ ပတ္​ဝန္​းက်င္​နဲ႔ အဆက္​ျပတ္​သြားတဲ့ ဦး​ေႏွာက္​က​ေတာ့ ​ေခတ္​​ေနာက ္​က်န္​​ေနခဲ့ပါတယ္​.

အ​ေျပာင္​းအလဲျမန္​တဲ့​ေခတ္​ဆို​ေတာ့ ပိုဆိုးပါတယ္​. အင္​တာနက္​လိုငး္​ သံုးစြဲရခ်ိန္​မွာသာ သ​ေဘၤာသားဟာ ပတ္​ဝန္​းက်င္​နဲ႔ ထိ​ေတြ႔ရပါတယ္​. ဒါ​ေတာင္​ ဟန္​​ေဆာင္​မႈ​ေတြ ျပည္​့​ေနတဲ့ ​ေဖ့စ္​ဘြတ္​ဝန္​းက်င္​က သတင္​း​ေတြရဲ႕ ဖ်ား​ေယာင္​းမႈကိုလည္​း ခံရပါ​ေသးတယ္​.

သ​ေဘၤာ​ေပၚကို ​ေငြ႐ွာရံုသက္​သက္​နဲ႔ တက္​သြားလို႔က​ေတာ့ ​ေငြကလြဲၿပီး ဘာမွက်န္​မွာ မဟုတ္​ပါဘူး. ဦး​ေႏွာက္​ထဲ ဘာမွမတိုးတက္​လာတဲ့အခါ အိမ္​ျပန္​​ေရာက္​ရင္​လည္​း ခဏနားၿပီးသ​ေဘၤာ​ေပၚကို ျပန္​​ေရာက္​လာတာပါပဲ. လူလတ္​ပိုင္​း, လူႀကီးပိုင္​း​ေတြအတြက္​ သိပ္​ျပႆနာ မ႐ွိလွ​ေပမဲ့ လူငယ္​ပိုင္​း​ေတြအတြက္​​ေတာ့ ဒါဟာ သတိထားစရာ အခ်က္​တစ္​ခုပါပဲ.

ပညာသင္​ရဦးမယ္​့ အရြယ္​မွာ သ​ေဘၤာ​ေပၚမွာ အလုပ္​လုပ္​ရင္​း ​ေငြခ်ည္​းသက္​သက္​ကိုပဲ ႐ွာ​ေဖြ​ေနၾကမယ္​ဆိုရင္​ သ​ေဘၤာသားဘဝထဲမွာ အခ်ိန္​ၾကာျမင္​့စြာ ပိတ္​မိၿပီး ႐ုန္​းထြက္​ႏိုင္​ဖို႔ ​ေတာ္​​ေတာ္​့ကို ခက္​ခဲသြားပါလိမ္​့မယ္​.

( လူငယ္​​ေတြအ​ေပၚ က်​ေနာ္​့အ​ေတြးက မွန္​ခ်င္​မွလည္​း မွန္​ႏိုင္​ပါလိမ္​့မယ္​ )

တစ္​ခါတစ္​​ေလ နားခ်င္​စိတ္​နဲ႔ ကုန္​း​ေပၚမွာ အလုပ္​စမ္​းလုပ္ၾကည္​့လို႔ အ႐ွံဳး​ေတြနဲ႔ ရင္​ဆိုင္​ရတဲ့အခါမွာ ပိုဆိုးသြားပါတယ္​.

( အင္​နာဗြန္​စီ မ​ေသာက္​မိလို႔လည္​း ျဖစ္​​ေကာင္​းျဖစ္​ႏိုင္​ပါတယ္​ )

” ဟာ မျဖစ္​ပါဘူး​ေလ ” ဆိုတဲ့ အ​ေတြးဝင္​သြားရင္​​ေတာ့ ​ေန​ေပ​ေတာ့ သ​ေဘၤာသားဘဝနဲ႔။ ဒါ​ေၾကာင္​့ သ​ေဘၤာသားဘဝက​ေန ႐ုန္​းထြက္​ဖို႔ ႀကိဳးစားသူတိုင္​း ျပတ္​သားတဲ့စိတ္​႐ွိဖို႔ လိုပါတယ္​. တစ္​နည္​းအားျဖင္​့ သတၱိ႐ွိဖို႔ လိုပါတယ္​. ဝင္​​ေငြခ်င္​း ႏိႈင္​းယွဥ္​​ေနသ​ေရြ႔က​ေတာ့ ဒီတစ္​သက္​ သ​ေဘၤာသားဘဝက ႐ုန္​းထြက္​ဖို႔ မလြယ္​ပါဘူး. သ​ေဘၤာသား ​ေတာ္​​ေတာ္​မ်ားမ်ားမွာ ခံစားရတတ္​တာက​ေတာ့ အက်ဥ္​းက်မႈပါပဲ.

အလုပ္​မ်ားလွတဲ့ သ​ေဘၤာသား​ေတြ, ဖိအားမ်ားၿပီး ​ေခါင္​းခံရမႈမ်ားတဲ့ အရာ႐ွိ ,အင္​ဂ်င္​​နီယာ​ေတြအတြက္​ သိပ္​မသိသာလွ​ေပမဲ့သ​ေဘၤာ​ေပၚမွာ အသားက်ၿပီး ပံုမွန္​​ေလာက္​သာ အလုပ္​လုပ္​ရတဲ့ သ​ေဘၤာသား​ေတြနဲ႔ ​ေက်ာက္​ခ်ထားတဲ့ သ​ေဘၤာ​ေတြ​ေပၚ​ေရာက္​​ေနတဲ့ သ​ေဘၤာသား​ေတြအတြက္​က​ေတာ့ အထီးက်န္​မႈနဲ႔ အက်ဥ္​းက်မႈဒဏ္​ကို ခံၾကရတာမ်ားပါတယ္​.

လုပ္​စရာ႐ွိတာ​ေတြ လုပ္​ၿပီးလို႔ အခန္​းက်ဥ္​း​ေလးထဲ ျပန္​​ေရာက္​လာတဲ့အခါ စိတ္​ကတြယ္​ရာမဲ့တတ္​ပါတယ္​. စ္ိတ္​​ေတြကအျပင္​ကို ပ်ံထြက္​သြား​ေပမဲ့ လူက​ေတာ့ ဘယ္​ကိုမွ သြားလို႔မရတဲ့ အ​ေျခအ​ေနမွာ စိန္​​ေခၚစရာ တစ္​ခုခုကို လုပ္​​ေဆာင္​မ​ေနတဲ့ သ​ေဘၤာသားဟာ’ ဂါ ‘ လာပါတယ္​. ဒါ​ေၾကာင္​့ သ​ေဘၤာ​ေပၚသြားၿပီး​ေငြ႐ွာၾကရတဲ့အျပင္​ ကိုယ္​့စိတ္​က ၿငိတြယ္​ႏိုင္​​ေလာက္​မယ္​့ အရာ​ေတြကိုလည္​း ဖန္​တီးႏုိင္​ဖို႔ ႀကိဳးစားၾကရပါတယ္​.

စာဖတ္​ျခင္​း, ကဗ်ာ​ေရးျခင္​း, ဂစ္​တာတီးျခင္​း, သီခ်င္​း​ေရးျခင္​း ဆိုျခင္​း, ဂိမ္​း​ေဆာ့ျခင္​း,ဖဲ႐ိုက္​ျခင္​းဗီဒီယိုၾကည္​့ျခင္​း စတဲ့ ကိုယ္​နဲ႔အဆင္​​ေျပရာမွာ စိတ္​ကိုႏွစ္​ၿပီး ​ေနႏိုင္​​ေအာင္​ ႀကိဳးစားၾကရပါတယ္​. တခ်ိဳ႕ကလည္​း သ​ေဘၤာနဲ႔ သက္​ဆိုင္​တဲ့ ပညာရပ္​​ေတြကို ထပ္​ဆင္​့​ေလ့လာရင္း ကုိယ္​့ရဲ႕ဘဝကို ​ေနာက္​တစ္​ဆင္​့ျမႇင္​့ဖို႔ ႀကိဳးစားၾကရပါတယ္​.

ဘယ္​လိုပဲ ႀကိဳးစား​ေနၾက​ေပမဲ့လည္​း တစ္​ခါတစ္​​ေလ ဝင္​​ေရာက္​လာတတ္​တဲ့ ‘ အက်ဥ္​းက်မႈ ‘ ဆိုတဲ့ ခံစားခ်က္​ကို​ေတာ့ ဘယ္​လိုမွ လြတ္​​ေျမာက္​​ေအာင္​ မစြမ္​း​ေဆာင္​ႏိုင္​ၾကပါဘူး. အဲဒီအခါမ်ိဳးမွာ သ​ေဘၤာသား​ေတြဟာ ႐ွိသမွ်အရာအားလံုးကို လႊတ္​ခ်ထားခဲ့ၿပီး ကိုယ္​့စိတ္​ ပ်ံသန္​းရာဆီ အ​ေျပးသြားလိုက္​ခ်င္​​ေတာ့တာပါပဲ.

သ​ေဘၤာသား​ေတြရဲ႕ ခံစားခ်က္​​ေတြက​ေတာ့ ​ေရးမကုန္​ႏိုင္​​ေအာင္​ပါပဲ. သ​ေဘၤာသား​ေတြဟာလည္​း ပုထုစဥ္​လူသား​ေတြ ျဖစ္​တဲ့အတြက္​ သူတို႔လည္​း ကာမဂုဏ္​အာရံု​ေတြမွာ ​ေပ်ာ္​​ေမြ႔ၾကတာပါပဲ. အျမဲတမ္​းလိုလို မဟုတ္​လွ​ေပမဲ့ တစ္​ခါတစ္​​ေလ​ေတာ့လည္​း ကိုယ္​စားခ်င္​တာ​ေလး​ေတြ ကိုယ္​သြားခ်င္​တာ​ေလး​ေတြ စသည္​အားျဖင္​့ ​ေတာင္​့တမႈ​ေလး​ေတြ ႐ွိတတ္​ၾကပါတယ္​. ဒါ​ေပမဲ့လည္​း ဒါ​ေတြဟာ စိတ္​ကူးယဥ္​မႈသာျဖစ္​ၿပီး ပင္​လယ္​ထဲမွာ ဘယ္​လုိမွ ဖန္​တီးယူလို႔မရတဲ့ အရာ​ေတြပ ဲျဖစ္​ပါတယ္​.

ဒါ​ေၾကာင္​့လည္​း ပင္​လယ​္​​ေပ်ာ္​​ေတြရဲ႕ ရင္​ဘတ္​ဟာ အျခားသူ​ေတြနဲ႔ မတူညီဘဲ ကြဲျပားစြာ ခံစားတတ္​ၾကတာပါပဲ. ထပ္​ၿပီး ​ေရး​ေနရင္​လည္​းညည္​းခ်င္​းတစ္​ပုဒ္​သာ ျဖစ္​လာမွာမို႔ ခံစားခ်က္​အ​ေၾကာင္​းကို​ေတာ့ အနည္​းငယ္​သာ တင္​ျပလိုက္​ရပါတယ္​.

စီနီယာသ​ေဘၤာသား​ေတြအ​ေနနဲ႔ အ​ေၾကာင္​းအမ်ိဳးမ်ိဳး​ေၾကာင္​့ ​ေနာက္​လူငယ္​​ေတြကို သ​ေဘၤာသားမလုပ္​ၾကဖို႔ ဘယ္​လိုပင္​ တား​ေနၾက​ေပမဲ့လည္​း လူငယ္​​ေတြက​ေတာ့ လူငယ္​တို႔ ထံုးစံအတိုင္​း ​ေ႐ွ႕တုိးလာမွာပါပဲ.

ဒါဟာ လူႀကီးနဲ႔ လူငယ္​တို႔ရဲ႕ ျဖစ္​တတ္​တဲ့ သဘာဝပါပဲ. တားလို႔လည္​း ရမွာမဟုတ္​ပါဘူး. လူငယ္​ဆိုတာ စြန္​႔စားလိုတယ္​, စူးစမ္​းလိုတယ္​ ၿပီး​ေတာ့ စိတ္​ဓာတ္​တက္​ႂကြၾကတယ္​. ​ေနာက္​….နဖူး​ေတြ႔ ဒူး​ေတြ႔ ၾကံဳ​ေတာ့မွသာ ” အဘား အဘား ” နဲ႔ ​ေအာ္​ရင္​​ေအာ္​ရပါ​ေစ သူတို႔က​ေတာ့ တံုးတိုက္​တိုက္​ က်ားကိုက္​ကိုက္​ လုပ္​ၾကမွာပါပဲ. သူတို႔ရဲ႕ ‘ အလုပ္​အ​ေပၚ စိတ္​ဝင္​စားမႈ ‘ ကို တားစရာလည္​း မလိုဘူးလို႔ က်​ေနာ္​ထင္​ပါတယ္​. ဒီ​ေတာ့ ဘာလုပျ္က​သင္​့သလဲ ?

” မလာပါနဲ႔ မလုပ္​ပါနဲ႔ ” လို႔ တား​ေနၾကမယ္​့အစား ဘယ္​လမ္​းကို​ေလွ်ာက္​ရင္​​ေတာ့ ဘယ္​ခရီးကို​ေပါက္​တယ္​ , ဘယ္​လိုအႏၱရာယ္​​ေတြကို ဘယ္​လုိျဖတ္​​ေက်ာ္​ရမယ္​ , ဘာ​ေတြကို​ေ႐ွာင္​ၿပီး ဘာ​ေတြကုိ ​ေဆာင္​သင္​့တယ္​ဆိုတာ​ေတြကိုသာ လမ္​းၫႊန္​အၾကံ​ေပးၾကတာက အသင္​့​ေတာ္​ဆံုးပါပဲ လို႔ ယူဆမိပါတယ္​.

သူတို႔ ​ေလွ်ာက္​မယ္​့လမ္​း သူတို႔​ေရြးပါ​ေစ… သူတို႔ဘဝအတြက္​ သူတို႔ဆံုးျဖတ္​ပါ​ေစ​ေလ…. တတ္​ႏိုင္​သ​ေရြ႔​ေတာ့ လမ္​းၫႊန္​​ေနဆဲ ႏိုင္​လင္​း ( ပင္​လယ္​​ေပ်ာ္​ )

ဒီ​ေဆာင္​းပါးထဲမွာ ​ေရးခဲ့တဲ့အခ်က္​အလက္​​ေတြဟာ မျပည္​့စံု​ေသးပါဘူး. စာသိပ္​႐ွည္​​ေနလို႔ ၿပီး​ေတာ့ ဖန္​တစ္​ရာ​ေတ ​ေဝဖန္​ခ်က္​​ေတြကို ထပ္​မထည္​့ခ်င္​​ေတာ့လို႔ ခ်န္​လွပ္​ထားခဲ့ပါတယ္​.

မွတ္​ခ်က္​မွာ လုိတာ​ေတြ ျဖည္​့​ေပးၾကပါ​ေတာ့…..

Credit: ပြင္​့ပြင္​့လင္​းလင္​းသ​ေဘၤာသားအ​ေရး

(Unicode Version)

သင်္ဘောသား မလုပ်ဖို့ တားကြသည့် အကြောင်းအရင်း

ဒီကနေ့ခေတ်မှာ သင်္ဘောသားအလုပ်ဟာ လူငယ်တွေကြားမှာခေတ်စားလာပါတယ်. ဆယ်တန်းအောင်ပြီးတာနဲ့ သင်္ဘောသားလုပ်ဖို့ တာဆူနေကြတဲ့ လူငယ်တွေက ခပ်များများပါပဲ. လူငယ်တွေဘက်က တက်ကြွနေသလို တစ်ဖက်မှာလည်း စီနီယာ သင်္ဘောသားကြီးတွေက သင်္ဘောသား လောကထဲကို မလာကြဖို့ လူငယ်တွေကို တတ်နိုင်သလောက် တားကြပါတယ်

ဘာကြောင့်ပါလဲ ?

အကြောင်းပြချက်တွေကတော့ အများကြီးပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ယေဘုယျအနေနဲ့ ပြောရရင်…

– အလုပ်အကိုင်ရှားပါးကျပ်တည်းလာခြင်း

– အရင်းအနှီးများလာခြင်း

– ဝင်ရောက်ရန်မလွယ်ကူသလို ရုန်းထွက်ရန်လည်း ခက်ခဲခြင်း

– အကျဉ်းကျသလို ခံစားရခြင်း နဲ့

– အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်အချို့ကြောင့်လို့ သုံးသပ်မိပါတယ်.

အလုပ်အကိုင် ရှားပါးကျပ်တည်းလာခြင်းနဲ့ ပက်သက်ပြီးပြောရရင်တော့ အကြောင်းအရာမျိုးစုံပါပဲ. ကမ္ဘာနဲ့ချီပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ စီးပွားကျဆင်းလာချိန်, သင်္ဘောတွေမှာ သင်္ဘောသားဦးရေဟာ ယခင်ကထက်ပိုမိုလျော့နည်းလာချိန်, ယခင်က သင်္ဘောသားလောကကို စိတ်ဝင်းစားမှုနည်းခဲ့တဲ့ နိုင်ငံတွေကပါ သင်္ဘောသားလောကဆီသို့ ဝင်ရောက်လာချိန်မှာ မြန်မာပြည်မှာလည်း သင်္ဘောသားလူသစ်တွေကို အဆမတန် ပေါက်ဖွားပေးလိုက်ချိန်နဲ့ အံကိုက်ပါပဲ.

ဒါဟာ တမင်တကာလုပ်ယူတာ မဟုတ်ပေမဲ့လို့ အလွန်ကို တိုက်ဆိုင်သွားတယ်လို့ပဲ ယူဆမိပါတယ်. ဒီအခါမှာ သင်္ဘောသား လူသစ်တွေအနေနဲ့ ယခင်က အလုပ်တစ်နေရာအတွက် နှစ်ဦး သုံးဦးလောက်သာ ယှဉ်ပြိုင်နေရာကနေ ယခုလက်ရှိ အခြေအနေမှာ ဆယ်ယောက်လောက် အပြိုင်အဆိုင် လုနေရပါတယ်. လူဟောင်းတွေလည်း ထိုနည်းလည်းကောင်းပါပဲ.

ကိုယ့်နိုင်ငံထဲက သင်္ဘောသားအပြင် နိုင်ငံခြားသားတွေနဲ့ပါ နေရာတစ်နေရာအတွက် ယှဉ်ပြိုင်လာရပါတယ်. ဒီလို တွန်းတိုက်မှုတွေကြောင့် အလုပ်အကိုင်တွေ ကျပ်တည်းလာရတာပါပဲ.

အခြားနိုင်ငံက သင်္ဘောသားတွေအတွက် ဒါဟာ ပြဿနာတစ်ရပ် မဟုတ်ပေမဲ့ မြန်မာနိုင်ငံသား သင်္ဘောသားတစ်ယောက်အတွက်ကတော့ ကြီးစွာသော ပြဿနာပါပဲ. ဒီလို အပြိုင်အဆိုင် တွန်းတိုက်မှုတွေဟာ ဒီနိုင်ငံက သင်္ဘောသားတွေအတွက် အရင်းအနှီး ကြီးမားခြင်းဆီကို ဦးတည်လာပါတော့တယ်.

၂၀၁၀ ခုနှစ် ရှေ့ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သင်္ဘောသားဦးရေဟာ ပုံမှန်သာ ရှိခဲ့ပါတယ်. ကမ်းရိုးတန်းသင်္ဘောကို တစ်နှစ်စီးပြီးမှ , စက်ခန်းပိုင်းအတွက်ဆို ဒေါက်တစ်နှစ်ဆင်းပြီးမှသင်္ဘောသားနဲ့ ပက်သက်တဲ့ သင်တန်းတွေတက် သက်ဆိုင်ရာလက်မှတ်တွေကို ကိုင်ဆောင်လို့ ရတဲ့ခေတ်မှာ ပေးနိုင်တဲ့ အလုပ်အကိုင် အရေအတွက်နဲ့ တိုးပွားလာတဲ့ သင်္ဘောသားဦးရေဟာ ဟန်ချက်ညီညီ အချိုးညီညီ စီးဆင်းနေခဲ့ပါတယ်.

နောက်ပိုင်း အခြေခံအင်္ဂလိပ်စာ အရည်အသွေးစစ် စာမေးပွဲ (BEST) အောင်မြင်ပြီး သင်တန်းတွေတက် လက်မှတ်တွေ ကိုင်လို့ရပြီ ဆိုတဲ့ခေတ်နဲ့ ယနေ့ခေတ်လို ပိုက်ဆံရှိရင် ငွေထုပ်ပိုက်ပြီး သင်္ဘောသား လုပ်လို့ရပြီ ဆိုတဲ့ခေတ်ရောက်လာချိန်မှာတော့ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ, ငါ့သား သင်္ဘောသားဖြစ်ဖို့ သိန်းတစ်ရာနဲ့ လောက်မလားလို့ မေးချင်ကြတဲ့ ငွေရှိပြီး ခေါင်းမရှိတဲ့ လူတွေရဲ့ ပါးစပ်ဖျားမှာ သင်္ဘောသားအလုပ်ဟာ ရွှေထွက် လာပါတော့တယ်.

ဒီလိုဖြစ်လာတာဟာ နောက်တက်လာမယ့် သင်္ဘောသားတွေကို ကြီးမားလှစွာသော တွင်းနက်ကြီးဆီကို ပို့ဆောင်သလို ဖြစ်လာပါတယ်. အဲဒါကတော့ အရင်းအနှီး ကြီးမားခြင်းပါပဲ. မြန်မာနိုင်ငံမှာ သင်္ဘောသားအလုပ်အကိုင်ဟာ လူတိုင်းကြိုက်တဲ့ ရောင်းကုန်ပစ္စည်းလို ဖြစ်နေပါတယ်. ပိုင်ဆိုင်သူတွေက အေ့ဂျင့်တွေပါ.

ယခင်က ဝယ်သူနဲ့ ရောင်းကုန်အချိုးဟာ မျှမျှတတ ဖြစ်နေတဲ့အခါ ရောင်းသူတွေကလည်း ပုံမှန်ဈေးနဲ့သာ ရောင်းချကြပါတယ်. အပြိုင်ဈေးခေါ်တာမျိုးကို လုပ်လေ့လုပ်ထ မရှိကြပါဘူး.

ယနေ့ခေတ်လို ဝယ်လိုအား အဆမတန် များပြားလာတဲ့ အခါမှာတော့ သင်္ဘောသားအလုပ်အကိုင်ဆိုတဲ့ ရှားပါးကုန်ပစ္စည်းကို ပိုင်ဆိုင်သူအေ့ဂျင့်တွေဟာ ကြိုက်ဈေးခေါ်ခွင့် ရှိလာပါတယ်. ဒါဟာ သူတို့မရည်ရွယ်ဘဲ ရလာတဲ့ အခွင့်အရေးပါ. ဘယ်သူမဆို ဝင်ငွေစီးကြောင်းတစ်ခု ဖြစ်လာရင် ဒီလမ်းကြောင်းထဲက ရသလောက်တော့ ခပ်ချင်ကြတာပါပဲ.

ခက်တာက ရောင်းသူနဲ့ ဝယ်သူတွေအကြား ထိန်းညှိပေးမှု မရှိတာပါပဲ. ရှိတဲ့ ဥပဒေကလည်း ခိုင်မာမှု အားနည်းတဲ့အခါ လက်တစ်လုံးခြား လှည့်စားခြင်းကို ခံရတာပါပဲ.

၂၀၁၀ ခုနှစ် ရှေ့နားက သင်္ဘောသားလူသစ်တစ်ယောက်အတွက် အေ့ဂျင့်ကိုပေးရတဲ့ ရိုက်ကြေးဟာ နှစ်ဆယ့်ငါးသိန်းဝန်းကျင်သာ ရှိခဲ့ပါတယ်. ဒါဟာ လိုင်စင်ရှိတဲ့ အေ့ဂျင့်တွေကို ပေးရတဲ့ အရင်းအနှီးပါ.

အလိမ်ခံရမှာလည်း မစိုးရိမ်ရပါဘူး. ဒီကနေ့တော့ လိုင်စင်ရအေ့ဂျင့်တွေကို ပေးရတဲ့ ရိုက်ကြေးက သိန်းခြောက်ဆယ်ဝန်းကျင် ဖြစ်လာပါပြီ. ဒီအချိန်မှာပဲ ယခင်က ဆယ်သိန်းဝန်းကျင်သာ ပေးရပြီး ခိုင်မာမှုမရှိတဲ့ လိုင်စင်မဲ့ အေ့ဂျင့်တွေဟာ ဒီကနေ့တော့ ရိုက်ကြေးသိန်းသုံးဆယ်ကို ခပ်မာမာပဲ တောင်းနေကြပါပြီ.

တစ်နှစ်လုံးနေလို့မှ အရင်းမကျေဘဲ အဲဒီလိုအေ့ဂျင့်တွေ စီစဉ်ပေးတဲ့ သင်္ဘောတွေပေါ်မှာ ရောက်ရှိနေကြတဲ့ သင်္ဘောသားအရေအတွက်ကလည်း မနည်းလှပါဘူး.

သင်္ဘောသားဆိုပြီး သင်္ဘောပေါ်မရောက်ဘဲ မလေးရှားက လဖ္ဘက်ရည်ဆိုင်တွေ , ကားဝပ်ရှော့တွေ စတဲ့ ရောက်ရာမှာ အောင့်အီးသည်းခံရင်း သင်္ဘောသားဘဝရဲ့ ပင်လယ်ပြင်လုပ်သက်ကို အဆင်ပြေသလို ယူနေကြရတဲ့ သင်္ဘောသား ဆိုသူတွေလည်း မနည်းပါဘူး. သူတို့အတွက် အရင်းအနှီးဆိုတာ ငွေအပြင် အသက်နဲ့ ဘဝပါ ပါလာပါပြီ.

ဒီလိုတွေ ပရမ်းပတာနိုင်လှတဲ့ သင်္ဘောသားလောကထဲကို မလာကြဖို့ တားဆီးနေကြတာဟာ စီနီယာသင်္ဘောသားကြီးတွေဘက်က အမှားမဟုတ်ပါဘူး. တားသင့်လို့ တားနေကြတာပဲလို့ ယူဆမိပါတယ်. ခုခေတ်မှာ ပိုဆိုးလာတာက အေ့ဂျင့်တွေကို ရိုက်ကြေးပေးရတဲ့အပြင် လိုင်းတစ်လိုင်းမှာ အလုပ်ရဖို့အတွက် ‘ နောက်ပေါက် ‘ ဆိုသူတွေကိုပါ ပိုက်ဆံတွေ ထပ်ပြီးပေးနေကြရတာပါပဲ.

ယခင်က နောက်ပေါက်ကြေးဆိုတာ လေးငါးသောင်းအပြင် သတ်သတ်မှတ်မှတ် မရှိလှပေမဲ့ ဒီကနေ့ခေတ်တော့ နောက်ပေါက်ကြေးကို လေးငါးသိန်းဆိုတာမျိုး လစာတောင်းသလို ပေါ်တင်ယူပြီး သင်္ဘောသားတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူ ခေါင်းပုံဖြတ်နေကြတဲ့အခါ သင်္ဘောသားတွေရဲ့ အရင်းအနှီးဟာ ပိုပြီးကြီးလာပါတော့တယ်.

အခုတော့ လူသစ်တွေ ပေးရတဲ့အရှိန်နဲ့ လူဟောင်းတွေကပါ နောက်ပေါက်ကြေးတွေ ပေးပေးနေရပါတယ်. လိုင်းသစ်တစ်ခါပြောင်းရင် နောက်ပေါက်ကို ရှာရတဲ့အလုပ်ကလည်း အမောပါပဲ. ဒါတွေကို ခုချိန်ထိ ထိန်းညှိနိုင်မှု မရှိသေးပါဘူး. လုပ်ဖို့လည်း ခက်လှပါတယ်.

ဘာကြောင့်လဲဆိုတော့ နောက်တက်လာတဲ့ သင်္ဘောသားတွေရဲ့ စိတ်ထဲမှာကိုက နောက်ပေါက်နဲ့မှ အလုပ်ရဖို့ လွယ်တယ်ဆိုတဲ့ အတွေးတွေ ဝင်နေလို့ပါပဲ. အဲဒီလို ဖြစ်လာအောင်လည်း ဖန်တီးသူတွေက ဖန်တီးနိုင်ခဲ့ကြပါတယ်.

အမှန်ကတော့ သင်္ဘောသားအချင်းချင်းသာ လက်တွဲခေါ်မယ်ဆိုရင် နောက်ပေါက်ဆိုတာ နောက်ဖေးချောင်မှာ ရောက်နေရမှာပါ. နောက်ပေါက်ဘဝကနေ နောက်ရောက်ဘဝကို ပို့ပေးနိုင်ကြရမှာပါ. ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် သင်္ဘောသားအချင်းချင်း ခေါင်းခံနိုင်မှုတွေဟာလည်း ရှားပါးနေဆဲပါပဲ.

သင်္ဘောသားလောကထဲကို မလာကြပါနဲ့လို့ တားနေကြရတဲ့ အကြောင်းရင်းတွေထဲက နောက်တစ်ချက်ကတော့ ဒီလောကထဲကို ဝင်ရောက်နိုင်ဖို့ ခက်ခဲပြီး ဝင်ရောက်ခဲ့ပြီးရင်လည်း ပြန်လည်ရုန်းထွက်နိုင်ဖို့ခက်ခဲတာကြောင့်ပဲ ဖြစ်ပါတယ်. သင်္ဘောသားတွေဟာ သင်္ဘောသားဖြစ်လာဖို့ ခက်ခက်ခဲခဲ ရုန်းကန်, အရင်းအနှီးတွေ အများကြီး ပေးဆပ်ရသလို ငြီးငွေ့လွန်းလို့ ပြန်ရုန်းထွက်ပြန်ရင်လည်းမလွယ်ပြန်ပါဘူး. များသောအားဖြင့် သင်္ဘောလိုက်ကြတယ်ဆိုတာ ဝင်ငွေလေးကောင်းတယ် ,ခပ်သွက်သွက်လေး ငွေရှာ ရင်းနှီးလောက်စရာ ပမာဏလေးရရင် သင်္ဘောသားဘဝကနား ကိုယ်ဝါသနာပါတဲ့ အလုပ်လေးလုပ်ပြီး ဘဝကို အခြေချ. ဒီလိုစိတ်ကူးတွေနဲ့ လုပ်ကြတာများပါတယ်.

( ဝါသနာပါလို့ ဒါမှမဟုတ် ရေကြောင်းဆိုင်ရာ ဒီပလိုမာ, ဘွဲ့ ရထားလို့ လုပ်ကြတဲ့သူတွေလည်း တစ်ပုံတစ်ပင်ပေါ့)

ဒါပေမဲ့ သင်္ဘောသားလောကထဲကို ဝင်ရောက်တာ ကြာလာလေလေ ကုန်းပေါ်ကို ပြန်ရောက်နိုင်ဖို့ ခက်လေလေပါပဲ. ရေထဲမှာ တစ်နှစ်ဆိုတဲ့ အချိန် ကုန်ဆုံးသွားတဲ့အခါ ကိုယ့်လက်ထဲမှာ ငွေကြေးအချို့ ရှိလာခဲ့ပေမဲ့ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်သွားတဲ့ ဦးနှောက်ကတော့ ခေတ်နောက ်ကျန်နေခဲ့ပါတယ်.

အပြောင်းအလဲမြန်တဲ့ခေတ်ဆိုတော့ ပိုဆိုးပါတယ်. အင်တာနက်လိုင်း သုံးစွဲရချိန်မှာသာ သင်္ဘောသားဟာ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရပါတယ်. ဒါတောင် ဟန်ဆောင်မှုတွေ ပြည့်နေတဲ့ ဖေ့စ်ဘွတ်ဝန်းကျင်က သတင်းတွေရဲ့ ဖျားယောင်းမှုကိုလည်း ခံရပါသေးတယ်.

သင်္ဘောပေါ်ကို ငွေရှာရုံသက်သက်နဲ့ တက်သွားလို့ကတော့ ငွေကလွဲပြီး ဘာမှကျန်မှာ မဟုတ်ပါဘူး. ဦးနှောက်ထဲ ဘာမှမတိုးတက်လာတဲ့အခါ အိမ်ပြန်ရောက်ရင်လည်း ခဏနားပြီးသင်္ဘောပေါ်ကို ပြန်ရောက်လာတာပါပဲ. လူလတ်ပိုင်း, လူကြီးပိုင်းတွေအတွက် သိပ်ပြဿနာ မရှိလှပေမဲ့ လူငယ်ပိုင်းတွေအတွက်တော့ ဒါဟာ သတိထားစရာ အချက်တစ်ခုပါပဲ.

ပညာသင်ရဦးမယ့် အရွယ်မှာ သင်္ဘောပေါ်မှာ အလုပ်လုပ်ရင်း ငွေချည်းသက်သက်ကိုပဲ ရှာဖွေနေကြမယ်ဆိုရင် သင်္ဘောသားဘဝထဲမှာ အချိန်ကြာမြင့်စွာ ပိတ်မိပြီး ရုန်းထွက်နိုင်ဖို့ တော်တော့်ကို ခက်ခဲသွားပါလိမ့်မယ်.

( လူငယ်တွေအပေါ် ကျနော့်အတွေးက မှန်ချင်မှလည်း မှန်နိုင်ပါလိမ့်မယ် )

တစ်ခါတစ်လေ နားချင်စိတ်နဲ့ ကုန်းပေါ်မှာ အလုပ်စမ်းလုပ်ကြည့်လို့ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပိုဆိုးသွားပါတယ်.

( အင်နာဗွန်စီ မသောက်မိလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် )

” ဟာ မဖြစ်ပါဘူးလေ ” ဆိုတဲ့ အတွေးဝင်သွားရင်တော့ နေပေတော့ သင်္ဘောသားဘဝနဲ့။ ဒါကြောင့် သင်္ဘောသားဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားသူတိုင်း ပြတ်သားတဲ့စိတ်ရှိဖို့ လိုပါတယ်. တစ်နည်းအားဖြင့် သတ္တိရှိဖို့ လိုပါတယ်. ဝင်ငွေချင်း နှိုင်းယှဉ်နေသရွေ့ကတော့ ဒီတစ်သက် သင်္ဘောသားဘဝက ရုန်းထွက်ဖို့ မလွယ်ပါဘူး. သင်္ဘောသား တော်တော်များများမှာ ခံစားရတတ်တာကတော့ အကျဉ်းကျမှုပါပဲ.

အလုပ်များလှတဲ့ သင်္ဘောသားတွေ, ဖိအားများပြီး ခေါင်းခံရမှုများတဲ့ အရာရှိ ,အင်ဂျင်နီယာတွေအတွက် သိပ်မသိသာလှပေမဲ့သင်္ဘောပေါ်မှာ အသားကျပြီး ပုံမှန်လောက်သာ အလုပ်လုပ်ရတဲ့ သင်္ဘောသားတွေနဲ့ ကျောက်ချထားတဲ့ သင်္ဘောတွေပေါ်ရောက်နေတဲ့ သင်္ဘောသားတွေအတွက်ကတော့ အထီးကျန်မှုနဲ့ အကျဉ်းကျမှုဒဏ်ကို ခံကြရတာများပါတယ်.

လုပ်စရာရှိတာတွေ လုပ်ပြီးလို့ အခန်းကျဉ်းလေးထဲ ပြန်ရောက်လာတဲ့အခါ စိတ်ကတွယ်ရာမဲ့တတ်ပါတယ်. စိတ်တွေကအပြင်ကို ပျံထွက်သွားပေမဲ့ လူကတော့ ဘယ်ကိုမှ သွားလို့မရတဲ့ အခြေအနေမှာ စိန်ခေါ်စရာ တစ်ခုခုကို လုပ်ဆောင်မနေတဲ့ သင်္ဘောသားဟာ’ ဂါ ‘ လာပါတယ်. ဒါကြောင့် သင်္ဘောပေါ်သွားပြီးငွေရှာကြရတဲ့အပြင် ကိုယ့်စိတ်က ငြိတွယ်နိုင်လောက်မယ့် အရာတွေကိုလည်း ဖန်တီးနိုင်ဖို့ ကြိုးစားကြရပါတယ်.

စာဖတ်ခြင်း, ကဗျာရေးခြင်း, ဂစ်တာတီးခြင်း, သီချင်းရေးခြင်း ဆိုခြင်း, ဂိမ်းဆော့ခြင်း,ဖဲရိုက်ခြင်းဗီဒီယိုကြည့်ခြင်း စတဲ့ ကိုယ်နဲ့အဆင်ပြေရာမှာ စိတ်ကိုနှစ်ပြီး နေနိုင်အောင် ကြိုးစားကြရပါတယ်. တချို့ကလည်း သင်္ဘောနဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို ထပ်ဆင့်လေ့လာရင်း ကိုယ့်ရဲ့ဘဝကို နောက်တစ်ဆင့်မြှင့်ဖို့ ကြိုးစားကြရပါတယ်.

ဘယ်လိုပဲ ကြိုးစားနေကြပေမဲ့လည်း တစ်ခါတစ်လေ ဝင်ရောက်လာတတ်တဲ့ ‘ အကျဉ်းကျမှု ‘ ဆိုတဲ့ ခံစားချက်ကိုတော့ ဘယ်လိုမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ကြပါဘူး. အဲဒီအခါမျိုးမှာ သင်္ဘောသားတွေဟာ ရှိသမျှအရာအားလုံးကို လွှတ်ချထားခဲ့ပြီး ကိုယ့်စိတ် ပျံသန်းရာဆီ အပြေးသွားလိုက်ချင်တော့တာပါပဲ.

သင်္ဘောသားတွေရဲ့ ခံစားချက်တွေကတော့ ရေးမကုန်နိုင်အောင်ပါပဲ. သင်္ဘောသားတွေဟာလည်း ပုထုစဉ်လူသားတွေ ဖြစ်တဲ့အတွက် သူတို့လည်း ကာမဂုဏ်အာရုံတွေမှာ ပျော်မွေ့ကြတာပါပဲ. အမြဲတမ်းလိုလို မဟုတ်လှပေမဲ့ တစ်ခါတစ်လေတော့လည်း ကိုယ်စားချင်တာလေးတွေ ကိုယ်သွားချင်တာလေးတွေ စသည်အားဖြင့် တောင့်တမှုလေးတွေ ရှိတတ်ကြပါတယ်. ဒါပေမဲ့လည်း ဒါတွေဟာ စိတ်ကူးယဉ်မှုသာဖြစ်ပြီး ပင်လယ်ထဲမှာ ဘယ်လိုမှ ဖန်တီးယူလို့မရတဲ့ အရာတွေပ ဲဖြစ်ပါတယ်.

ဒါကြောင့်လည်း ပင်လယ်ပျော်တွေရဲ့ ရင်ဘတ်ဟာ အခြားသူတွေနဲ့ မတူညီဘဲ ကွဲပြားစွာ ခံစားတတ်ကြတာပါပဲ. ထပ်ပြီး ရေးနေရင်လည်းညည်းချင်းတစ်ပုဒ်သာ ဖြစ်လာမှာမို့ ခံစားချက်အကြောင်းကိုတော့ အနည်းငယ်သာ တင်ပြလိုက်ရပါတယ်.

စီနီယာသင်္ဘောသားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်လူငယ်တွေကို သင်္ဘောသားမလုပ်ကြဖို့ ဘယ်လိုပင် တားနေကြပေမဲ့လည်း လူငယ်တွေကတော့ လူငယ်တို့ ထုံးစံအတိုင်း ရှေ့တိုးလာမှာပါပဲ.

ဒါဟာ လူကြီးနဲ့ လူငယ်တို့ရဲ့ ဖြစ်တတ်တဲ့ သဘာဝပါပဲ. တားလို့လည်း ရမှာမဟုတ်ပါဘူး. လူငယ်ဆိုတာ စွန့်စားလိုတယ်, စူးစမ်းလိုတယ် ပြီးတော့ စိတ်ဓာတ်တက်ကြွကြတယ်. နောက်….နဖူးတွေ့ ဒူးတွေ့ ကြုံတော့မှသာ ” အဘား အဘား ” နဲ့ အော်ရင်အော်ရပါစေ သူတို့ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ကြမှာပါပဲ. သူတို့ရဲ့ ‘ အလုပ်အပေါ် စိတ်ဝင်စားမှု ‘ ကို တားစရာလည်း မလိုဘူးလို့ ကျနော်ထင်ပါတယ်. ဒီတော့ ဘာလုြပ်ကသင့်သလဲ ?

” မလာပါနဲ့ မလုပ်ပါနဲ့ ” လို့ တားနေကြမယ့်အစား ဘယ်လမ်းကိုလျှောက်ရင်တော့ ဘယ်ခရီးကိုပေါက်တယ် , ဘယ်လိုအန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ရမယ် , ဘာတွေကိုရှောင်ပြီး ဘာတွေကို ဆောင်သင့်တယ်ဆိုတာတွေကိုသာ လမ်းညွှန်အကြံပေးကြတာက အသင့်တော်ဆုံးပါပဲ လို့ ယူဆမိပါတယ်.

သူတို့ လျှောက်မယ့်လမ်း သူတို့ရွေးပါစေ… သူတို့ဘဝအတွက် သူတို့ဆုံးဖြတ်ပါစေလေ…. တတ်နိုင်သရွေ့တော့ လမ်းညွှန်နေဆဲ နိုင်လင်း ( ပင်လယ်ပျော် )

ဒီဆောင်းပါးထဲမှာ ရေးခဲ့တဲ့အချက်အလက်တွေဟာ မပြည့်စုံသေးပါဘူး. စာသိပ်ရှည်နေလို့ ပြီးတော့ ဖန်တစ်ရာတေ ဝေဖန်ချက်တွေကို ထပ်မထည့်ချင်တော့လို့ ချန်လှပ်ထားခဲ့ပါတယ်.

မှတ်ချက်မှာ လိုတာတွေ ဖြည့်ပေးကြပါတော့…..

Credit: ပွင့်ပွင့်လင်းလင်းသင်္ဘောသားအရေး