ရန္ကုန္ အလံုၿမိဳ႕နယ္ ဗဟိုလမ္း ဗဟုုိအမ်ဳိးသမီး ေဆး႐ံုေ႐ွ႕ မ်က္ႏွာခ်င္းဆုုိင္ ၿခံအမွတ္ ၅၁ ခ တြင္ မ်က္ႏွာဖုုံးစြပ္ လူအုုပ္စုုျဖင့္ အႏုုၾကမ္း၀င္စီး၊ ဓားစာခံတစ္ဦး ေခၚေဆာင္သြား၊ တရားခံ ၂ ဦး ဖမ္းမိထား

ရန္ကုန္ အလံုၿမိဳ႕နယ္ ဗဟိုလမ္း ဗဟုုိအမ်ဳိးသမီး ေဆး႐ံုေ႐ွ႕ မ်က္ႏွာခ်င္းဆုုိင္ ၿခံအမွတ္ ၅၁ ခ တြင္ မ်က္ႏွာဖုုံးစြပ္ လူအုုပ္စုုျဖင့္ အႏုုၾကမ္း၀င္စီး၊ ဓားစာခံတစ္ဦး ေခၚေဆာင္သြား၊ တရားခံ ၂ ဦး ဖမ္းမိထား

ရန္ကုုန္၊ ႏုုိ၀င္ဘာ ၁၂

ရန္ကုုန္တုုိင္း၊ အလုံၿမိဳ႕နယ္ ၊ ေစာရန္ပုုိင္ ၈ ရပ္ကြက္၊ ဗဟုုိအမ်ဳိးသမီးေဆးရုုံေရွ႕ မ်က္ႏွာခ်င္းဆုုိင္ ဗဟုုိလမ္း ၿခံအမွတ္ ၅၁ ခ မွာ ဒီေန႔ည ၇ နာရီ ေလာက္က မ်က္ႏွာဖုုံးစြပ္ လူအုုပ္စုုနဲ႔ အႏုုၾကမ္း၀င္စီးမႈ တစ္ရပ္ျဖစ္ပြားခဲ့ၿပီး ဓားစာခံ တစ္ဦး ေခၚေဆာင္သြားတယ္လုုိ႔ သိရပါတယ္။

“ျဖစ္စဥ္ကေတာ့ ၇ နာရီခြဲေလာက္မွာ အဲဒီၿခံထဲကေန ကား ႏွစ္စီး ထြက္လာတယ္။ လင့္ခရူဆာလုုိကားမ်ဳိးနဲ႔ လိုုက္ထရပ္တစ္စီး အျမန္ေမာင္းထြက္သြားတယ္။ အဲဒီေနာက္မွ ၿခံထဲက အလုုပ္သမားေတြ ထြက္လာၿပီး အႏုုၾကမ္းစီးတယ္ဆုုိတာ သိရတာ။ ဓားစာခံတစ္ဦးပါသြားတယ္ေျပာတယ္။ သူေဌးကိုု ဖမ္းသြားတယ္လည္း အလုုပ္သမားေတြက ေျပာတယ္။ အဲဒါ အလုုပ္သမားေတြက ေျပးထြက္လာၿပီး ရဲေခၚေတာ့မွ အိမ္ထဲမွာ တရားခံ ၂ ဦး က်န္ခဲ့ေနတာ ထပ္မိတယ္” လိုု႔ ၿခံအမွတ္ ၅၁ ခ ေဘးမွာ ေစ်းဆုုိင္ဖြင့္လွစ္ထားတဲ့ အလုုံေဒသခံတစ္ဦးက ေျပာပါတယ္။

ၿခံအမွတ္ ၅၁ ခ မွာ ေနထုုိင္သူမိသားစုုဟာ ပဲလုုပ္ငန္း၊ အင္ဂ်င္၀ုုိင္ျဖန္႔ျဖဴးေရာင္းခ်တဲ့လုုပ္ငန္း အပါအ၀င္ စီးပြားေရးမ်ားစြာလုုပ္ကိုုင္ေနသူေတြလည္းျဖစ္ပါတယ္။

ရပ္ကြက္ေဒသခံေတြရဲ႕ အဆုုိအရ မိလာတဲ့ တရားခံ ႏွစ္ဦးဟာလည္း အငွားလုုိက္တဲ့ လူမုုိက္ေတြ ပုုံစံျဖစ္ေနတယ္လိုု႔ သိရပါတယ္။

“လူအုုပ္စုုဆုုိေတာ့ ၁၀ ဦးေလာက္ရွိမယ္ေျပာတယ္။ အထဲမွာ ဘယ္အခ်ိန္ကတည္းက ၀င္ၿပီး ျဖစ္ေနတာလည္း က်ေနာ္တုုိ႔မသိဘူး။ အလုုပ္သမားေတြကုုိ ဖမ္းၿပီး ရုုိက္တယ္။ ႀကိဳးေတြနဲ႔ တုုပ္ ရုုိက္တယ္ေျပာတယ္။ အခုုက ရဲစခန္းမွာ မိထားတဲ့ တရားခံ ႏွစ္ဦး ကုုိ ေခၚသြားတယ္ ” လိုု႔ ေဒသခံတစ္ဦးက ဆုုိပါတယ္။

အခင္းျဖစ္ပြားေနရာမွာ ရွိေနတဲ့ ရဲေတြကေတာ့ တစ္စုုံတစ္ရာ ထုုတ္ေဖာ္ေျပာဆိုုျခင္းမရွိပါဘူး။။

လတ္တေလာ ဖမ္းဆီးေခၚေဆာင္သြားတဲ့ ဓားစာခံလုုိက္ပါတဲ့ကားကိုု မိၿပီဆိုုတဲ့ ရဲတပ္ဖြဲ႕ စကားေျပာစက္က အသံေတြၾကားရၿပီးတဲ့ေနာက္ ည ၇ နာရီ ၄၃မိနစ္ေလာက္မွာ လုုံၿခဳံေရးယူထားတဲ့ ရဲကားေတြအားလုုံး ၿခံအမွတ္ ၅၁ ခ ေရွ႕ကေန ထြက္ခြာသြားပါတယ္။

ၿခံအမွတ္ ၅၁ ခ က အလုုပ္သမားေတြနဲ႔ အိမ္ပုုိင္ရွင္ေတြကလည္း အလုုံရဲစခန္းကိုု လုုိက္သြားမယ္ဆုုိၿပီး ထြက္ခြာသြားတာေတြ႕ရပါတယ္။

Source : Khit Thit Media

(Unicode Version)

ရန်ကုန် အလုံမြို့နယ် ဗဟိုလမ်း ဗဟိုအမျိုးသမီးဆေးရုံရှေ့ မျက်နှာချင်းဆိုင် ခြံအမှတ် ၅၁ ခ တွင် မျက်နှာဖုံးစွပ် လူအုပ်စုဖြင့် အနုကြမ်းဝင်စီး၊ ဓားစာခံတစ်ဦးခေါ်ဆောင်သွား၊ တရားခံ ၂ ဦး ဖမ်းမိထား

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း၊ အလုံမြို့နယ် ၊ စောရန်ပိုင် ၈ ရပ်ကွက်၊ ဗဟိုအမျိုးသမီးဆေးရုံရှေ့ မျက်နှာချင်းဆိုင် ဗဟိုလမ်း ခြံအမှတ် ၅၁ ခ မှာ ဒီနေ့ည ၇ နာရီ လောက်က မျက်နှာဖုံးစွပ် လူအုပ်စုနဲ့ အနုကြမ်းဝင်စီးမှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ဓားစာခံ တစ်ဦး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ကတော့ ၇ နာရီခွဲလောက်မှာ အဲဒီခြံထဲကနေ ကား နှစ်စီး ထွက်လာတယ်။ လင့်ခရူဆာလိုကားမျိုးနဲ့ လိုက်ထရပ်တစ်စီး အမြန်မောင်းထွက်သွားတယ်။ အဲဒီနောက်မှ ခြံထဲက အလုပ်သမားတွေ ထွက်လာပြီး အနုကြမ်းစီးတယ်ဆိုတာ သိရတာ။ ဓားစာခံတစ်ဦးပါသွားတယ်ပြောတယ်။ သူဌေးကို ဖမ်းသွားတယ်လည်း အလုပ်သမားတွေက ပြောတယ်။ အဲဒါ အလုပ်သမားတွေက ပြေးထွက်လာပြီး ရဲခေါ်တော့မှ အိမ်ထဲမှာ တရားခံ ၂ ဦး ကျန်ခဲ့နေတာ ထပ်မိတယ်” လို့ ခြံအမှတ် ၅၁ ခ ဘေးမှာ ဈေးဆိုင်ဖွင့်လှစ်ထားတဲ့ အလုံဒေသခံတစ်ဦးက ပြောပါတယ်။

ခြံအမှတ် ၅၁ ခ မှာ နေထိုင်သူမိသားစုဟာ ပဲလုပ်ငန်း၊ အင်ဂျင်ဝိုင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်း အပါအဝင် စီးပွားရေးများစွာလုပ်ကိုင်နေသူတွေလည်းဖြစ်ပါတယ်။

ရပ်ကွက်ဒေသခံတွေရဲ့ အဆိုအရ မိလာတဲ့ တရားခံ နှစ်ဦးဟာလည်း အငှားလိုက်တဲ့ လူမိုက်တွေ ပုံစံဖြစ်နေတယ်လို့ သိရပါတယ်။

“လူအုပ်စုဆိုတော့ ၁၀ ဦးလောက်ရှိမယ်ပြောတယ်။ အထဲမှာ ဘယ်အချိန်ကတည်းက ဝင်ပြီး ဖြစ်နေတာလည်း ကျနော်တို့မသိဘူး။ အလုပ်သမားတွေကို ဖမ်းပြီး ရိုက်တယ်။ ကြိုးတွေနဲ့ တုပ် ရိုက်တယ်ပြောတယ်။ အခုက ရဲစခန်းမှာ မိထားတဲ့ တရားခံ နှစ်ဦး ကို ခေါ်သွားတယ် ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အခင်းဖြစ်ပွားနေရာမှာ ရှိနေတဲ့ ရဲတွေကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။။

လတ်တလော ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံလိုက်ပါတဲ့ကားကို မိပြီဆိုတဲ့ ရဲတပ်ဖွဲ့ စကားပြောစက်က အသံတွေကြားရပြီးတဲ့နောက် ည ၇ နာရီ ၄၃မိနစ်လောက်မှာ လုံခြုံရေးယူထားတဲ့ ရဲကားတွေအားလုံး ခြံအမှတ် ၅၁ ခ ရှေ့ကနေ ထွက်ခွာသွားပါတယ်။

ခြံအမှတ် ၅၁ ခ က အလုပ်သမားတွေနဲ့ အိမ်ပိုင်ရှင်တွေကလည်း အလုံရဲစခန်းကို လိုက်သွားမယ်ဆိုပြီး ထွက်ခွာသွားတာတွေ့ရပါတယ်။

Source : Khit Thit Media

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္