ေထာပတ္သီးကို အနာကင္းစြာ မွည့္ရန္ႏွင့္ မွည့္ေနေသာ ေထာပတ္သီးမ်ားအား ထားသိုနည္း

ေထာပတ္သီးကို အနာကင္းစြာ မွည့္ရန္ႏွင့္ မွည့္ေနေသာ ေထာပတ္သီးမ်ားအား ထားသိုနည္း

၁။ ေရ လံုးဝ ( လံုးဝ ) မထိပါနဲ႔။

ဒါေထာပတ္သီး စားသူတိုင္း သိထားရမဲ့ ခ်က္ပါေနာ္ ( ေရလံုးဝမထိရပါဘူး။) အညွာထဲေရဝင္ရင္ အမ်ွင္မဲေတြ ေပၚလာျပီး ပုတ္တတ္ပါတယ္။

တကယ္လို႔ ဘုရားကပ္မယ္။ လက္ေဆာင္ေပးမွာမို့ လွခ်င္တယ္ဆိုရင္ေတာ့ tissue အစိုနဲ႕သုတ္ျပီး။ အဝတ္ေျခာက္ျဖင့္ ေသခ်ာစြာ သုပ္ေပးပါရွင့္။ သူ႔အေရာင္ အလိုလို တက္လာပါမယ္။ တခ်ိဳ႕ေရာင္းတန္းေတြမွာ အသီးကို ေျပာင္လက္ေနေအာင္ သုတ္ထားတာက အသီးအမွည့္နားက အသားနဲ႔ ျပန္သုတ္တာပါ။ အသီးေၾကာတင္းျပီး စားမေကာင္းေတာ့ပါ။ကြ်န္မ ေရာင္းသမ်ွအသီး ေျမႀကီး ေပေနေတာင္ လံုးဝ မသုတ္ေပးပဲ သဘာဝအတိုင္းပဲ ေရာင္းပါတယ္။

၂။ အျမန္မွည့္ရန္

ေထာပတ္သီးကို အျမန္မွည့္ခ်င္ရင္ေတာ့ သတင္းစာနဲ႔ တစ္လံုးခ်င္းပတ္။ ေနလံု ေလလံုတဲ႕ ဂ်ပ္ဖာထဲ ထည့္ထားပါ။ ဖာထဲ ငွက္ေပ်ာသီး အမွည့္ ၁ လံုးထည့္ထားပါ။ အသီးအရမ္း စိမ္းရင္ ၃ ရက္။ မစိမ္းရင္ ၂ ရက္ လံုးဝမဖြင္႔ပါနဲ႕။ ခ်ိန္ဆဖြင့္ပါ။ ဆန္အိုးထဲ မထားရ ပုတ္လြယ္သည္။

၃။အမွည့္မလြန္ပါနဲ႔

အညွာေလး ဖယ္က်ိလို႔ အဝါေရာင္သန္းေန နည္းနည္း အိရင္ရပါပီ။ ဒီေန႔မွာ တစ္လံုးမွည့္တယ္။ စားမွာက ၂ လံုး ေနာက္ရက္မွ ၂ လံုး တစ္ခါတည္းစားမယ္။ မရပါဘူးေနာ္။ အမွည့္လြန္ရင္ ဘယ္အသီးမွ စားမရသလို ပစ္ရပါလိမ့္မယ္။ မာယာ မ်ားတဲ့ ေထာပတ္သီးကို ေသခ်ာ ဂရုစိုက္စားပါက အေကာင္းဆံုး အရသာ ရပါမယ္ေနာ္။

၄။ မွည့္ေနေသာ အသီးအား ၾကာၾကာထားနည္း

ဒါကေတာ့ မခက္ခဲပါဘူး။ ဗူးသန့္သန့္ ဇြန္းသန့္သန့္နဲ႕ ေရခဲေသတာၱရွိရင္ ok ပါတယ္။ မွည့္ေနတဲ႔ အသီးေတြကို ဗူး တခုထဲ ဇြန္းေလးနဲ႔ ေသခ်ာျခစ္ခ် သိပ္သိပ္ေလးလုပ္ အဖံုးေလးဖံုးျပီး ေရခဲထဲ ထည့္ထားရင္ ၾကာၾကာ ထားစားလို့ရပါတယ္။ အဓိက ေလလံုေနဖို့ပါ။

စားခါနီး အေပၚယံလႊာေလးမဲ ေနရင္ေတာင္ ဇြန္းေလးနဲ႔ အသာဖယ္ပီး လိုသလို အသံုးျပဳရံုပါရွင့္။ မနက္က တျခမ္းစားတယ္ တျခမ္းက်န္တာ ညေနမွ စားမယ္ဆိုရင္ေတာ့ က်န္တျခမ္းေပၚ ဆီေလး သုတ္ထားပါေနာ့။

မွတ္ခ်က္။ ။ အပင္မွ ရိုက္ခ်ေသာ အသီးျဖစ္ပါက အထက္ပါ အတိုင္း ထားေသာ္လည္း လံုးဝ လံုးဝ မေကာင္းနိုင္ပါ။ အမ်ွင္မဲေတြပါပီး တျခမ္း ပုတ္တတ္သည္။

အဓိကက အသီးကို ေရထိရင္ ပုတ္ဖို့ 99% ေသခ်ာပါၿပီရွင့္။ အားလံုးပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာ ၾကပါေစ။ အလုပ္လုပ္ရင္းရတဲ့ ဗဟုသုတကို ျပန္လည္မ်ွေဝတာပါ။ လိုအပ္တာမ်ားရွိရင္ လမ္းညႊန္ေပးပါရွင့္။

ေထာပတ္သီးဝယ္ရင္ အခြံဝင္းလက္ေနတာ ေရြးပါ။ အေရာင္မဲတာ စိမ္းတာ ညိဳတာ ကိစၥမရွိပါ။ အေရာင္မြဲေနတာ မိႈေရာင္အျဖဴပြင့္ေနတာ မေကာင္းပါ။ ခ်က္ခ်င္းစားခ်င္ရင္ အသီးတစ္လံုးလံုးကို အသာဖ်စ္ၾကည့္ပါ အနည္းငယ္အိရင္ အေကာင္းဆံုးပါ။ မာေတာင္ေနရင္ တရက္ႏွစ္ရက္သုံးရက္ေလာက္ ေစာင့္ရပါမယ္။ ဖ်စ္ၾကည့္လို႔ အိဝင္သြားရင္ ခ်က္ျခင္းေဖ်ာ္/စားဖို႔ အသင့္ျဖစ္ေနပါၿပီ။ သို႔မဟုတ္ အမွည့္လြန္ ပ်က္ပါေတာ့မယ္။

ခ်က္ျခင္းမစားဘဲ လက္ေဆာင္ေပးဖို႔ေရြးမယ္ဆိုရင္ အညႇာဖုသီးေလးကို ေခၽြခ်ၾကည့္ရင္ အတြင္းထဲမွာ စိမ္းေနရင္ လတ္ဆတ္ပါတယ္။ မဲေနေျခာက္ေနရင္ သိပ္မလတ္ဆတ္ပါ။

Credit : မူရင္းေရးသားသူ

(Unicode Version)

ထောပတ်သီးကို အနာကင်းစွာ မှည့်ရန်နှင့် မှည့်နေသော ထောပတ်သီးများအား ထားသိုနည်း

၁။ ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့။

ဒါထောပတ်သီး စားသူတိုင်း သိထားရမဲ့ ချက်ပါနော် ( ရေလုံးဝမထိရပါဘူး။) အညှာထဲရေဝင်ရင် အမျှင်မဲတွေ ပေါ်လာပြီး ပုတ်တတ်ပါတယ်။

တကယ်လို့ ဘုရားကပ်မယ်။ လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆိုရင်တော့ tissue အစိုနဲ့သုတ်ပြီး။ အဝတ်ခြောက်ဖြင့် သေချာစွာ သုပ်ပေးပါရှင့်။ သူ့အရောင် အလိုလို တက်လာပါမယ်။ တချို့ရောင်းတန်းတွေမှာ အသီးကို ပြောင်လက်နေအောင် သုတ်ထားတာက အသီးအမှည့်နားက အသားနဲ့ ပြန်သုတ်တာပါ။ အသီးကြောတင်းပြီး စားမကောင်းတော့ပါ။ကျွန်မ ရောင်းသမျှအသီး မြေကြီး ပေနေတောင် လုံးဝ မသုတ်ပေးပဲ သဘာဝအတိုင်းပဲ ရောင်းပါတယ်။

၂။ အမြန်မှည့်ရန်

ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့ သတင်းစာနဲ့ တစ်လုံးချင်းပတ်။ နေလုံ လေလုံတဲ့ ဂျပ်ဖာထဲ ထည့်ထားပါ။ ဖာထဲ ငှက်ပျောသီး အမှည့် ၁ လုံးထည့်ထားပါ။ အသီးအရမ်း စိမ်းရင် ၃ ရက်။ မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။ ချိန်ဆဖွင့်ပါ။ ဆန်အိုးထဲ မထားရ ပုတ်လွယ်သည်။

၃။အမှည့်မလွန်ပါနဲ့

အညှာလေး ဖယ်ကျိလို့ အဝါရောင်သန်းနေ နည်းနည်း အိရင်ရပါပီ။ ဒီနေ့မှာ တစ်လုံးမှည့်တယ်။ စားမှာက ၂ လုံး နောက်ရက်မှ ၂ လုံး တစ်ခါတည်းစားမယ်။ မရပါဘူးနော်။ အမှည့်လွန်ရင် ဘယ်အသီးမှ စားမရသလို ပစ်ရပါလိမ့်မယ်။ မာယာ များတဲ့ ထောပတ်သီးကို သေချာ ဂရုစိုက်စားပါက အကောင်းဆုံး အရသာ ရပါမယ်နော်။

၄။ မှည့်နေသော အသီးအား ကြာကြာထားနည်း

ဒါကတော့ မခက်ခဲပါဘူး။ ဗူးသန့်သန့် ဇွန်းသန့်သန့်နဲ့ ရေခဲသေတ္တာရှိရင် ok ပါတယ်။ မှည့်နေတဲ့ အသီးတွေကို ဗူး တခုထဲ ဇွန်းလေးနဲ့ သေချာခြစ်ချ သိပ်သိပ်လေးလုပ် အဖုံးလေးဖုံးပြီး ရေခဲထဲ ထည့်ထားရင် ကြာကြာ ထားစားလို့ရပါတယ်။ အဓိက လေလုံနေဖို့ပါ။

စားခါနီး အပေါ်ယံလွှာလေးမဲ နေရင်တောင် ဇွန်းလေးနဲ့ အသာဖယ်ပီး လိုသလို အသုံးပြုရုံပါရှင့်။ မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ် ဆီလေး သုတ်ထားပါနော့။

မှတ်ချက်။ ။ အပင်မှ ရိုက်ချသော အသီးဖြစ်ပါက အထက်ပါ အတိုင်း ထားသော်လည်း လုံးဝ လုံးဝ မကောင်းနိုင်ပါ။ အမျှင်မဲတွေပါပီး တခြမ်း ပုတ်တတ်သည်။

အဓိကက အသီးကို ရေထိရင် ပုတ်ဖို့ 99% သေချာပါပြီရှင့်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။ အလုပ်လုပ်ရင်းရတဲ့ ဗဟုသုတကို ပြန်လည်မျှဝေတာပါ။ လိုအပ်တာများရှိရင် လမ်းညွှန်ပေးပါရှင့်။

ထောပတ်သီးဝယ်ရင် အခွံဝင်းလက်နေတာ ရွေးပါ။ အရောင်မဲတာ စိမ်းတာ ညိုတာ ကိစ္စမရှိပါ။ အရောင်မွဲနေတာ မှိုရောင်အဖြူပွင့်နေတာ မကောင်းပါ။ ချက်ချင်းစားချင်ရင် အသီးတစ်လုံးလုံးကို အသာဖျစ်ကြည့်ပါ အနည်းငယ်အိရင် အကောင်းဆုံးပါ။ မာတောင်နေရင် တရက်နှစ်ရက်သုံးရက်လောက် စောင့်ရပါမယ်။ ဖျစ်ကြည့်လို့ အိဝင်သွားရင် ချက်ခြင်းဖျော်/စားဖို့ အသင့်ဖြစ်နေပါပြီ။ သို့မဟုတ် အမှည့်လွန် ပျက်ပါတော့မယ်။

ချက်ခြင်းမစားဘဲ လက်ဆောင်ပေးဖို့ရွေးမယ်ဆိုရင် အညှာဖုသီးလေးကို ချွေချကြည့်ရင် အတွင်းထဲမှာ စိမ်းနေရင် လတ်ဆတ်ပါတယ်။ မဲနေခြောက်နေရင် သိပ်မလတ်ဆတ်ပါ။

Credit : မူရင်းရေးသားသူ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္