မ်က္လံုးထဲကို တစ္စံုတစ္ခု မေတာ္တဆ ဝင္သြားတဲ့အခါ

မ်က္လံုးထဲကို တစ္စံုတစ္ရာ ဝင္သြားတဲ့အခါ ဘယ္လိုျပဳစုသင့္တယ္ဆိုတာေလး တင္ျပေပးလိုက္တယ္ေနာ္။

ပထမဆံုးအေနနဲ႔ လက္ကို ေရနဲ႔ဆပ္ျပာသံုးၿပီး ေျပာင္စင္ေအာင္ ေဆးေၾကာပါ။ ေရဖန္ခြက္ထဲကို ေရသန္႔သန္႔ေလးထည့္ၿပီး မ်က္လံုးအိမ္ကို ေရထဲမွာႏွစ္ကာ မ်က္လံုးကို ဖြင့္ခ်ည္ပိတ္ခ်ည္လုပ္ျခင္းျဖင့္ မ်က္လံုးထဲဝင္သမ်ွ အမႈန္ေလးေတြ၊ ေဆးရည္၊ ဓာတုပစၥည္းေတြကို ေရအားျဖင့္ ဓာတ္ျပယ္ေစပါတယ္။

ေနာက္တစ္ခုက ေရခ်ိဳးခန္းထဲကို ဝင္လိုက္ၿပီး ေရပန္းေအာက္မွာ မ်က္ႏွာထားကာ မ်က္ႏွာနဲ႔ မ်က္လံုးထဲကို ေရတသြင္သြင္ စီးက်ေစတာပါ။ တကယ္လို႔ မ်က္ကပ္မွန္ တပ္ဆင္ထားမယ္ဆိုရင္ေတာ့ ဘာပဲလုပ္လုပ္ မ်က္ကပ္မွန္ကို အရင္ဖယ္႐ွားဖို႔ လိုပါတယ္။ တခ်ိဳ႕ေသာ အရာဝတၳဳေတြ အမႈန္ေလးေတြက မ်က္ကပ္မွန္အေျခမွာ ကပ္ေနတတ္လို႔ပါ။

မ်က္လံုးထဲကို ျပင္ပပစၥည္းတစ္ခုခု ဝင္သြားတဲ့ လူတစ္ေယာက္ကို ကူညီမယ္ဆိုရင္ – သင့္လက္ကို ေရနဲ႔ ဆပ္ျပာသံုးၿပီး ေျပာင္ေအာင္ေဆးေၾကာပါ။ အလင္းေရာင္ ေကာင္းေကာင္းေနရာမွာ ထိုင္ခိုင္းပါ။ မ်က္လံုးကို အသာ ၿဖဲဖြင့္ၿပီး အထဲမွာ ဝင္ေနတဲ့အရာကို ရွာပါ။

မ်က္လံုးကို အေပၚနဲ႔ေအာက္ တစ္လွည့္စီ ၾကည့္ေစၿပီး မ်က္သားေတြကို ၾကည့္ပါ။ မ်က္သားေပၚမွာ တစ္ခုခု ကပ္ေနရင္ ေရနဲ႔ ေဆးခ်ပါ။ ဒါမွမဟုတ္ မ်က္လံုးကို ေရထဲမွာ မွိတ္ခ်ည္ ဖြင့္ခ်ည္လုပ္ျခင္းျဖင့္ အမႈန္ေသးေလးေတြကို သူ႔အလိုလို ထြက္သြားေစပါတယ္။ မ်က္လံုးထဲက အရာကို လက္ညႇိဳးနဲ႔ထိၿပီး မထုတ္ပါနဲ႔။ မ်က္လံုးကို မပြတ္ရပါ။ မ်က္သားထဲမွာ တစ္ခုခု စိုက္ဝင္ေနရင္ ခ်က္ခ်င္း မ်က္စိဆရာဝန္ ျပသပါ။

ေဆးပညာအကူအညီ ဘယ္အခ်ိန္ယူသင့္ပါသလဲ?

ေရထဲမွာ ေဆးတာေတာင္ အရာက ထြက္မသြားဘူး။ သစ္သားစတစ္ခုခု အစအနေလးဟာ မ်က္လံုးထဲမွာ စိုက္ဝင္ေနရင္ မ်က္လံုးအျမင္အာ႐ံု ႐ုတ္တရက္ ထိခိုက္သြားရင္ မျမင္ရေတာ့ရင္ အရာဝတၳဳ ထုတ္ၿပီးေပမယ့္ နီေနတာ၊ ကိုက္တာ၊ နာတာ တစ္ခုခု ဆက္လက္ခံစားေနရရင္ ဆရာဝန္နဲ႔ ဆက္လက္ျပသၿပီး ေဆးအကူအညီယူၾကဖို႔ တိုက္တြန္းပါတယ္ေနာ္။

ဂ်ီပီငွက္ (ေဆး/မန္း)

Credit : DrMyanmar

(Unicode Version)

မျက်လုံးထဲကို တစ်စုံတစ်ခု မတော်တဆ ဝင်သွားတဲ့အခါ

မျက်လုံးထဲကို တစ်စုံတစ်ရာ ဝင်သွားတဲ့အခါ ဘယ်လိုပြုစုသင့်တယ်ဆိုတာလေး တင်ပြပေးလိုက်တယ်နော်။

ပထမဆုံးအနေနဲ့ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး ပြောင်စင်အောင် ဆေးကြောပါ။ ရေဖန်ခွက်ထဲကို ရေသန့်သန့်လေးထည့်ပြီး မျက်လုံးအိမ်ကို ရေထဲမှာနှစ်ကာ မျက်လုံးကို ဖွင့်ချည်ပိတ်ချည်လုပ်ခြင်းဖြင့် မျက်လုံးထဲဝင်သမျှ အမှုန်လေးတွေ၊ ဆေးရည်၊ ဓာတုပစ္စည်းတွေကို ရေအားဖြင့် ဓာတ်ပြယ်စေပါတယ်။

နောက်တစ်ခုက ရေချိုးခန်းထဲကို ဝင်လိုက်ပြီး ရေပန်းအောက်မှာ မျက်နှာထားကာ မျက်နှာနဲ့ မျက်လုံးထဲကို ရေတသွင်သွင် စီးကျစေတာပါ။ တကယ်လို့ မျက်ကပ်မှန် တပ်ဆင်ထားမယ်ဆိုရင်တော့ ဘာပဲလုပ်လုပ် မျက်ကပ်မှန်ကို အရင်ဖယ်ရှားဖို့ လိုပါတယ်။ တချို့သော အရာဝတ္ထုတွေ အမှုန်လေးတွေက မျက်ကပ်မှန်အခြေမှာ ကပ်နေတတ်လို့ပါ။

မျက်လုံးထဲကို ပြင်ပပစ္စည်းတစ်ခုခု ဝင်သွားတဲ့ လူတစ်ယောက်ကို ကူညီမယ်ဆိုရင် – သင့်လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး ပြောင်အောင်ဆေးကြောပါ။ အလင်းရောင် ကောင်းကောင်းနေရာမှာ ထိုင်ခိုင်းပါ။ မျက်လုံးကို အသာ ဖြဲဖွင့်ပြီး အထဲမှာ ဝင်နေတဲ့အရာကို ရှာပါ။

မျက်လုံးကို အပေါ်နဲ့အောက် တစ်လှည့်စီ ကြည့်စေပြီး မျက်သားတွေကို ကြည့်ပါ။ မျက်သားပေါ်မှာ တစ်ခုခု ကပ်နေရင် ရေနဲ့ ဆေးချပါ။ ဒါမှမဟုတ် မျက်လုံးကို ရေထဲမှာ မှိတ်ချည် ဖွင့်ချည်လုပ်ခြင်းဖြင့် အမှုန်သေးလေးတွေကို သူ့အလိုလို ထွက်သွားစေပါတယ်။ မျက်လုံးထဲက အရာကို လက်ညှိုးနဲ့ထိပြီး မထုတ်ပါနဲ့။ မျက်လုံးကို မပွတ်ရပါ။ မျက်သားထဲမှာ တစ်ခုခု စိုက်ဝင်နေရင် ချက်ချင်း မျက်စိဆရာဝန် ပြသပါ။

ဆေးပညာအကူအညီ ဘယ်အချိန်ယူသင့်ပါသလဲ?

ရေထဲမှာ ဆေးတာတောင် အရာက ထွက်မသွားဘူး။ သစ်သားစတစ်ခုခု အစအနလေးဟာ မျက်လုံးထဲမှာ စိုက်ဝင်နေရင် မျက်လုံးအမြင်အာရုံ ရုတ်တရက် ထိခိုက်သွားရင် မမြင်ရတော့ရင် အရာဝတ္ထု ထုတ်ပြီးပေမယ့် နီနေတာ၊ ကိုက်တာ၊ နာတာ တစ်ခုခု ဆက်လက်ခံစားနေရရင် ဆရာဝန်နဲ့ ဆက်လက်ပြသပြီး ဆေးအကူအညီယူကြဖို့ တိုက်တွန်းပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း)

Credit : DrMyanmar

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္