ဒူးနာ ေရာဂါကို သက္သာေစမည့္ လြယ္ကူေသာ ေဆးနည္း

ကြၽန္ေတာ္သည္ ဒူးနာေဝဒနာရွင္တစ္ဦး ျဖစ္ပါသည္။ ၁၉၉၅ ခုႏွစ္က ကားတိုက္ခံရစဥ္ ေပါင္သုံးပိုင္း က်ိဳးသည္ႏွင့္အတူ ဒူးကိုပါ အနည္းငယ္ ထိခိုက္မိပါသည္။ ထိုစဥ္မွစ၍ ယေန႔တိုင္ ဒူးသည္ အနည္းငယ္မွ် မသိမသာ ေရာင္ရမ္းေနသလို အတန္ငယ္လည္း တင္းေနပါသည္။ ထို႔ေၾကာင့္ ဒူးနာေပ်ာက္ေဆးမ်ိဳးစုံအား သုံးစြဲျခင္း ေလ့လာေဖာ္စပ္ျခင္းမ်ား ျပဳခဲ့ပါသည္။

ဒူးနာျခင္းသည္ ဒီဘက္ေခတ္၌ အေတာ္ေလး အျဖစ္မ်ားေနသည္ကို သတိထားမိသည္။ မိမိမွ အလႉအတန္းလုပ္တိုင္း အခန္းအနား တစ္ခုခုလုပ္တိုင္း ဒူးနာတတ္သည့္ သက္ႀကီး႐ြယ္အို..ေဝဒနာရွင္တို႔အတြက္ အဆင္ေျပေစရန္ ကုလားထိုင္မ်ားကို သီးသန႔္စီစဥ္ေပးေနရပါသည္။ တခ်ိဳ႕လည္း ဒူးနာတာကို အေၾကာင္းျပဳ၍ မလာေရာက္ႏိုင္ပါေၾကာင္း ဖုံးျဖင့္ ေတာင္းပန္ၾကပါသည္။

ခက္သည္က ဒူးနာရျခင္း၏ အေျခခံအေၾကာင္းရင္းေတြက မ်ားလွပါသည္။ အ႐ိုးမွနာျခင္း အ႐ြတ္မွနာျခင္း ခ်င္ဆီမွနာျခင္း ႂကြက္သားမွနာျခင္း အေၾကာမွနာျခင္း အဆစ္မွနာျခင္း အပူငုတ္၍နာျခင္း တီဘီေရာဂါ ကင္ဆာေရာဂါ၊ ေလးဘက္နာေၾကာင့္ နာျခင္း လထိခိုက္ဒဏ္ရာရရာမွ..ဒဏ္ျဖစ္သြား၍ နာျခင္း..ေလးဘက္နာေရာဂါေၾကာင့္နာျခင္း ေဂါက္ေရာဂါေၾကာင့္နာျခင္း ယူးရစ္အက္ဆစ္ လြန္ကဲေန၍နာျခင္း စသျဖင့္ အေၾကာင္းရင္းေတြက စုံလွပါသည္။

ထို႔ေၾကာင့္ တစ္ဦးတစ္ေယာက္က ေကာင္းသည္ဟု ရည္ၫြန္းေသာ္လည္း ေနာက္တစ္ဦးအတြက္ေတာ့. မထူးျခားျဖစ္ေနတတ္သည္။ အနာနဲ႔ေဆးမေတြ႕၍ လမ္းလြဲေနျခင္းျဖစ္ပါသည္။

လြန္ခဲ့ေသာ အႏွစ္၂၀ေက်ာ္က အလြန္လြယ္ကူ၍ ကုန္က်မႈနည္းပါးေသာ ဒူးနာေပ်ာက္ေဆးနည္း တစ္လက္ကို နကၡတၱေရာင္ျခည္မဂၢဇင္းတြင္ ဖတ္ဘူးခဲ့သည္။ ေရးသူက ေက်ာင္းဆရာမဆိုေတာ့ ပို၍သေဘာက်ပါသည္။ သူကေတာ့ တစ္သက္လုံး မေပ်ာက္ေတာ့ဘူးထင္တဲ့ ဒူးနာ ဒီေဆးနဲ႔မွ ေပ်ာက္ေတာ့သည္ဟု ၫႊန္းဆိုထားသျဖင့္ မွတ္သားထားသည္ႏွင့္..အတူ…ေဖာ္စပ္လိုက္ပါေတာ့သည္။

ေဆးေဖာ္ထားၿပီး ၃-၄ ႏွစ္အၾကာမွာ ေဝဒနာရွင္တစ္ဦးနဲ႔ေတြ႕ပါသည္။ သူကေတာ့ မိမိအိမ္သို႔လာလည္ေသာ အသက္ ၆၅ ႏွစ္ခန႔္ရွိ အမ်ိဳးသမီးႀကီးျဖစ္သည္။ ဇာတိက သုံးဆယ္ၿမိဳ႕ကပါ။ သူ႔သမီးအလုပ္ဗဟိုစာရင္းမွာ တာဝန္ၾကေတာ့ မိမိတို႔အိမ္အနီးမွာ တိုက္ခန္းဝယ္ၿပီး သားအမိႏွစ္ေယာက္ အတူေနၾကသည္။ ဇနီးျဖစ္သူနဲ႔ တစ္႐ုံးထဲမို႔ မိတ္ေဆြျဖစ္ၿပီး လာလည္ၾကျခင္းျဖစ္ပါသည္။

သူဒူးနာေနတာက ၾကာၿပီ။ ဘာေဆးနဲ႔မွ..မေပ်ာက္။ ခုေတာ့.. အဂၤလိပ္လိမ္းေဆး လိမ္းေနသည္။ ဒီေဆးက သြားတိုက္ေဆးကဲ့သို႔ ညႇစ္ထုတ္ရေသာ ခရင္မ္ျဖစ္သည္။ သူက ( ေဆးပူနဲ႔ လုံးဝမတည့္ ) ဟုသိရပါသည္။ ေဆးစမ္းခ်င္ေသာမိမိက အသင့္ေဖာ္ထားတဲ့ေဆးကို ေပးလိုက္သည္။ ေဆးကလည္း ႏွစ္ခ်ိဳ႕ေနေတာ့ အဆီေတြတက္ေနၿပီး ေရေႏြးၾကမ္းေရာင္သို႔ပင္ ေျပာင္းေနပါၿပီ။

ဆယ္ရက္ေလာက္ရွိေတာ့ တစ္မနက္မွာ သမီးျဖစ္သူက ငါးဆင့္ခ်ိဳင့္ႀကီးဆြဲၿပီး အိမ္ထဲကို ဝင္လာပါသည္။ ေမာင္ႏွေတြလို ခင္ေနေတာ့လည္း ဘာမေျပာညာမေျပာနဲ႔ မီးဖိုခန္းထဲကို တန္းဝင္သြားၿပီးပါလာတဲ့။ ၾကာဆံေက်ာ္ေတြကို ပြဲျပင္ၿပီး ဇြန္းခက္ရင္းနဲ႔တကြ မိမိေရွ႕သို႔ လာခ်ပါေေတာ့သည္။ မိမိလည္း ဘုမသိဘမသိမို႔ ေၾကာင္စီစီၾကည့္ယင္း ခင္ဗ်ားးဘာအ႐ူးထတာလည္း စြံ႕သြားၿပီလားဟု စမိသည္။

သူမက အသက္ေလးဆယ္ေလာက္ရွိတဲ့ အပ်ိဳႀကီးျဖစ္ပါသည္။ သည္ေတာ့မွ သူကရွင္းျပသည္။ မိမိေပးလိုက္ေသာေဆးနဲ႔ သူ႔အေမရဲ႕ ဒူးနာသက္သာလို႔ ေ႐ႊတိဂုံဘုရားကိုပင္ ေစာင္းတန္းက တက္၍ဖူးႏိုင္သြားသျဖင့္ ေက်းဇူးဆပ္သည့္အေနနဲ႔ နင္ကိုယ္တိုင္ ေကြၽးေခ်ဟု မွာလိုက္ေၾကာင္း သိရပါသည္။ မိမိလည္း ေဆးအေျခအေနသိလို၍ သူမအျပန္မွာ တပါတည္းလိုက္သြားၿပီး ေဝဒနာရွင္ကို (ဗ်ဴး)ခဲ့ရာ ေအာက္ပါအတိုင္း သိခြင့္ရလိုက္ပါသည္။

ေဆးယူသြားတဲ့ညမွာ အိပ္ယာဝင္ခါနီးေတာ့ ထမိန္ကို ခါးေထာင္းႀကိဳက္ၿပီး ေပါင္ရင္းမွ ေခ်မ်က္ေစ့ထိ ႐ြဲေနေအာင္ လိမ္းၿပီး အသားထဲ စိမ့္ဝင္သည္အထိ နာနာပြတ္သည္ဟုဆိုသည္။ တေရးအႏိုးမွာ ဆီးထသြားေတာ့ အရင္ကနဲ႔မတူ အထိုင္အထေတြက ေပါ့ပါးသြက္လက္ေနတာမို႔ ငါေတာ့ဒီေဆးနဲ႔ တည့္ၿပီလို႔မွတ္ယူယင္း ထိုညက စိတ္ခ်မ္းသာစြာ အိပ္စက္လိုက္သည္။

ေနာက္ေန႔ေတြမွာလည္း ေန႔စဥ္မွန္မွန္ လိမ္းသည္ႏွင့္အတူ ( မိမိကမၫႊန္းဘဲ သူ႔သေဘာနဲ႔သူ ) အနည္းငယ္ေလာက္ ေသာက္သည္ဟူပါ၏။ တပတ္ေလာက္ၾကာေတာ့ ဒူးနာက သိသိသာသာ ေကာင္းေနတာေၾကာင့္ သမီးကိုေခၚၿပီး ႏွစ္ေပါင္းမ်ားစြာ မဖူးရတာၾကာတဲ့ ေ႐ႊတိဂုံကို ေစာင္းတန္းကတက္ၿပီးဖူးရာ အဆင္ေျပလာခဲ့သည္ဟု ေျပာပါသည္။

တသက္လုံး မဖူးရေတာ့ဟု ယူဆထားတဲ့ ေ႐ႊတိဂုံကို မ်က္ျမင္ကိုယ္ေတြ႕ဖူးလိုက္ရလို႔ ေမာင္မင္းႀကီးသားကို ေက်းဇူးဆပ္ခိုင္းလိုက္တာပါဟု အားရဝမ္းသာ ေျပာရွာပါသည္။ ခုခ်ိန္မွာေတာ့ သားအမိႏွစ္ဦးစလုံး ကြယ္လြန္သြားၾကပါၿပီ။

ေဆးနည္းကေတာ့-

ေတာေရွာက္ခါးသီး (ခ) ေရွာက္ဘီလူးအား အလယ္မွ ထက္ခ်မ္းခြဲပါ။ ႐ိုး႐ိုးေရွာက္သီးလည္း ရပါသည္။ ၾကက္သြန္နီကို အကြင္းလိုက္ ထူထူေလးလွီးၿပီး ေရွာက္သီးၾကားမွာ ညႇပ္ပါ။ ကြာမသြားေစရန္အတြက္ ဝါးခ်မ္းတုတ္ေခ်ာင္းနဲ႔ ကန႔္လန႔္ျဖတ္ထိုးလိုက္ပါ။ ေရွာက္သီးေတြကို ႏူးအိသြားေအာင္ ေရခန္းျပဳတ္ပါ။

ရလာတဲ့ေရွာက္သီးကို အတုံးငယ္ငယ္ေလးေတြ စိတ္ၿပီး အဝၾကယ္ ဖန္ပုလင္းထဲကိုထည့္ၿပီး မီးေတာက္အရက္နဲ႔ စိမ္ထားပါ။ မီးေတာက္အရက္ အဆင္မေျပယင္ အရက္ျပင္းျပင္းကို အရက္ပ်ံေရာၿပီးသုံးလို႔ ရပါတယ္။ ပုလင္းကို တစ္လေလာက္ ေနပူထဲမွာ ပစ္ထားလိုက္ပါ။ ဒီေနာက္ေတာ့ သုံးလို႔ ရပါၿပီ။ ၾကာေလ ေကာင္းေလပါပဲ။

ဒူးနာသူတိုင္း (မေပ်ာက္မွာ) ကေတာ့ ေသခ်ာပါသည္။ ကုသိုလ္ထူးလို႔ အနာနဲ႔ ေဆးတည့္သူမွာေတာ့ အဆင္ေျပပါလိမ့္မည္။ အ႐ိုးပါးေနသူ အ႐ြတ္ပဲ့ေနသူေတြကေတာ့ ဒူးေခါင္းအစားထိုးမွ ရပါတယ္။ ကုန္က်စားရိတ္ကေတာ့ ဒူးတစ္ဘက္ကို သိန္း ၈၀ ေလာက္ရွိပါတယ္။

ေဆးပူႀကိဳက္သူေတြအတြက္ေတာ့ ပ႐ုတ္ေလးပါးေဆး (ခ) မင္းေလးပါးေဆးက မဆိုးပါဘူး။ နီးစပ္ရာ ဘယေဆးဆိုင္ေတြမွာ ပ႐ုတ္ေလးပါး တစ္က်ပ္သားစီ ေပးပါဆိုရင္ သူတို႔နားလည္ပါတယ္။ ပ႐ုတ္ေလးပါးဆိုတာက ပ႐ုတ္ မင္ေသာ္ သိုင္းေမာနဲ႔ ဖုန္းမသိမ္ပါ။ တစ္မ်ိဳး တစ္ထုတ္ႏႈံးနဲ႔ ေလးထုတ္ေပးပါလိမ့္မယ္။ အခဲေတြပါ။ အိမ္ေရာက္မွ အဝၾကယ္တဲ့ ပုလင္းထဲကို ေရာထည့္လိုက္ပါ။ ခဏၾကာရင္ အရည္ျဖစ္သြားပါလိမ့္မယ္။ သူက ပူပါတယ္။ ပူလြန္းတယ္ထင္ယင္ မုံညင္းဆီကို လိုသေလာက္ေရာေပးပါ။ စုစုေပါင္း ေလးက်ပ္သားကို သုံးေထာင္ေက်ာ္ေလာက္က်ပါမယ္။ အဆီေတြမို႔ ေတာ္ေတာ္ၾကာၾကာ သုံးရပါတယ္။

မိမိ၏အေတြ႕အႀကဳံကို မွ်ေဝလို႔ ေဆးဒါနျပဳလိုက္ပါတယ္။ ဒူးနာကင္းေဝး ထိုင္ထ မေလးေစရန္ ဆုေတာင္းေပးလိုက္ပါသည္။

Credit : မူရင္းေရးသားသူ

(Unicode Version)

ဒူးနာအတွက် လွယ်ကူသော ဆေးတစ်လက်

ကျွန်တော်သည် ဒူးနာဝေဒနာရှင်တစ်ဦး ဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်က ကားတိုက်ခံရစဉ် ပေါင်သုံးပိုင်း ကျိုးသည်နှင့်အတူ ဒူးကိုပါ အနည်းငယ် ထိခိုက်မိပါသည်။ ထိုစဉ်မှစ၍ ယနေ့တိုင် ဒူးသည် အနည်းငယ်မျှ မသိမသာ ရောင်ရမ်းနေသလို အတန်ငယ်လည်း တင်းနေပါသည်။ ထို့ကြောင့် ဒူးနာပျောက်ဆေးမျိုးစုံအား သုံးစွဲခြင်း လေ့လာဖော်စပ်ခြင်းများ ပြုခဲ့ပါသည်။

ဒူးနာခြင်းသည် ဒီဘက်ခေတ်၌ အတော်လေး အဖြစ်များနေသည်ကို သတိထားမိသည်။ မိမိမှ အလှူအတန်းလုပ်တိုင်း အခန်းအနား တစ်ခုခုလုပ်တိုင်း ဒူးနာတတ်သည့် သက်ကြီးရွယ်အို..ဝေဒနာရှင်တို့အတွက် အဆင်ပြေစေရန် ကုလားထိုင်များကို သီးသန့်စီစဉ်ပေးနေရပါသည်။ တချို့လည်း ဒူးနာတာကို အကြောင်းပြု၍ မလာရောက်နိုင်ပါကြောင်း ဖုံးဖြင့် တောင်းပန်ကြပါသည်။

ခက်သည်က ဒူးနာရခြင်း၏ အခြေခံအကြောင်းရင်းတွေက များလှပါသည်။ အရိုးမှနာခြင်း အရွတ်မှနာခြင်း ချင်ဆီမှနာခြင်း ကြွက်သားမှနာခြင်း အကြောမှနာခြင်း အဆစ်မှနာခြင်း အပူငုတ်၍နာခြင်း တီဘီရောဂါ ကင်ဆာရောဂါ၊ လေးဘက်နာကြောင့် နာခြင်း လထိခိုက်ဒဏ်ရာရရာမှ..ဒဏ်ဖြစ်သွား၍ နာခြင်း..လေးဘက်နာရောဂါကြောင့်နာခြင်း ဂေါက်ရောဂါကြောင့်နာခြင်း ယူးရစ်အက်ဆစ် လွန်ကဲနေ၍နာခြင်း စသဖြင့် အကြောင်းရင်းတွေက စုံလှပါသည်။

ထို့ကြောင့် တစ်ဦးတစ်ယောက်က ကောင်းသည်ဟု ရည်ညွန်းသော်လည်း နောက်တစ်ဦးအတွက်တော့. မထူးခြားဖြစ်နေတတ်သည်။ အနာနဲ့ဆေးမတွေ့၍ လမ်းလွဲနေခြင်းဖြစ်ပါသည်။

လွန်ခဲ့သော အနှစ်၂၀ကျော်က အလွန်လွယ်ကူ၍ ကုန်ကျမှုနည်းပါးသော ဒူးနာပျောက်ဆေးနည်း တစ်လက်ကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် ဖတ်ဘူးခဲ့သည်။ ရေးသူက ကျောင်းဆရာမဆိုတော့ ပို၍သဘောကျပါသည်။ သူကတော့ တစ်သက်လုံး မပျောက်တော့ဘူးထင်တဲ့ ဒူးနာ ဒီဆေးနဲ့မှ ပျောက်တော့သည်ဟု ညွှန်းဆိုထားသဖြင့် မှတ်သားထားသည်နှင့်..အတူ…ဖော်စပ်လိုက်ပါတော့သည်။

ဆေးဖော်ထားပြီး ၃-၄ နှစ်အကြာမှာ ဝေဒနာရှင်တစ်ဦးနဲ့တွေ့ပါသည်။ သူကတော့ မိမိအိမ်သို့လာလည်သော အသက် ၆၅ နှစ်ခန့်ရှိ အမျိုးသမီးကြီးဖြစ်သည်။ ဇာတိက သုံးဆယ်မြို့ကပါ။ သူ့သမီးအလုပ်ဗဟိုစာရင်းမှာ တာဝန်ကြတော့ မိမိတို့အိမ်အနီးမှာ တိုက်ခန်းဝယ်ပြီး သားအမိနှစ်ယောက် အတူနေကြသည်။ ဇနီးဖြစ်သူနဲ့ တစ်ရုံးထဲမို့ မိတ်ဆွေဖြစ်ပြီး လာလည်ကြခြင်းဖြစ်ပါသည်။

သူဒူးနာနေတာက ကြာပြီ။ ဘာဆေးနဲ့မှ..မပျောက်။ ခုတော့.. အင်္ဂလိပ်လိမ်းဆေး လိမ်းနေသည်။ ဒီဆေးက သွားတိုက်ဆေးကဲ့သို့ ညှစ်ထုတ်ရသော ခရင်မ်ဖြစ်သည်။ သူက ( ဆေးပူနဲ့ လုံးဝမတည့် ) ဟုသိရပါသည်။ ဆေးစမ်းချင်သောမိမိက အသင့်ဖော်ထားတဲ့ဆေးကို ပေးလိုက်သည်။ ဆေးကလည်း နှစ်ချို့နေတော့ အဆီတွေတက်နေပြီး ရေနွေးကြမ်းရောင်သို့ပင် ပြောင်းနေပါပြီ။

ဆယ်ရက်လောက်ရှိတော့ တစ်မနက်မှာ သမီးဖြစ်သူက ငါးဆင့်ချိုင့်ကြီးဆွဲပြီး အိမ်ထဲကို ဝင်လာပါသည်။ မောင်နှတွေလို ခင်နေတော့လည်း ဘာမပြောညာမပြောနဲ့ မီးဖိုခန်းထဲကို တန်းဝင်သွားပြီးပါလာတဲ့။ ကြာဆံကျော်တွေကို ပွဲပြင်ပြီး ဇွန်းခက်ရင်းနဲ့တကွ မိမိရှေ့သို့ လာချပါေတော့သည်။ မိမိလည်း ဘုမသိဘမသိမို့ ကြောင်စီစီကြည့်ယင်း ခင်ဗျားးဘာအရူးထတာလည်း စွံ့သွားပြီလားဟု စမိသည်။

သူမက အသက်လေးဆယ်လောက်ရှိတဲ့ အပျိုကြီးဖြစ်ပါသည်။ သည်တော့မှ သူကရှင်းပြသည်။ မိမိပေးလိုက်သောဆေးနဲ့ သူ့အမေရဲ့ ဒူးနာသက်သာလို့ ရွှေတိဂုံဘုရားကိုပင် စောင်းတန်းက တက်၍ဖူးနိုင်သွားသဖြင့် ကျေးဇူးဆပ်သည့်အနေနဲ့ နင်ကိုယ်တိုင် ကျွေးချေဟု မှာလိုက်ကြောင်း သိရပါသည်။ မိမိလည်း ဆေးအခြေအနေသိလို၍ သူမအပြန်မှာ တပါတည်းလိုက်သွားပြီး ဝေဒနာရှင်ကို (ဗျူး)ခဲ့ရာ အောက်ပါအတိုင်း သိခွင့်ရလိုက်ပါသည်။

ဆေးယူသွားတဲ့ညမှာ အိပ်ယာဝင်ခါနီးတော့ ထမိန်ကို ခါးထောင်းကြိုက်ပြီး ပေါင်ရင်းမှ ချေမျက်စေ့ထိ ရွဲနေအောင် လိမ်းပြီး အသားထဲ စိမ့်ဝင်သည်အထိ နာနာပွတ်သည်ဟုဆိုသည်။ တရေးအနိုးမှာ ဆီးထသွားတော့ အရင်ကနဲ့မတူ အထိုင်အထတွေက ပေါ့ပါးသွက်လက်နေတာမို့ ငါတော့ဒီဆေးနဲ့ တည့်ပြီလို့မှတ်ယူယင်း ထိုညက စိတ်ချမ်းသာစွာ အိပ်စက်လိုက်သည်။

နောက်နေ့တွေမှာလည်း နေ့စဉ်မှန်မှန် လိမ်းသည်နှင့်အတူ ( မိမိကမညွှန်းဘဲ သူ့သဘောနဲ့သူ ) အနည်းငယ်လောက် သောက်သည်ဟူပါ၏။ တပတ်လောက်ကြာတော့ ဒူးနာက သိသိသာသာ ကောင်းနေတာကြောင့် သမီးကိုခေါ်ပြီး နှစ်ပေါင်းများစွာ မဖူးရတာကြာတဲ့ ရွှေတိဂုံကို စောင်းတန်းကတက်ပြီးဖူးရာ အဆင်ပြေလာခဲ့သည်ဟု ပြောပါသည်။

တသက်လုံး မဖူးရတော့ဟု ယူဆထားတဲ့ ရွှေတိဂုံကို မျက်မြင်ကိုယ်တွေ့ဖူးလိုက်ရလို့ မောင်မင်းကြီးသားကို ကျေးဇူးဆပ်ခိုင်းလိုက်တာပါဟု အားရဝမ်းသာ ပြောရှာပါသည်။ ခုချိန်မှာတော့ သားအမိနှစ်ဦးစလုံး ကွယ်လွန်သွားကြပါပြီ။

ဆေးနည်းကတော့-

တောရှောက်ခါးသီး (ခ) ရှောက်ဘီလူးအား အလယ်မှ ထက်ချမ်းခွဲပါ။ ရိုးရိုးရှောက်သီးလည်း ရပါသည်။ ကြက်သွန်နီကို အကွင်းလိုက် ထူထူလေးလှီးပြီး ရှောက်သီးကြားမှာ ညှပ်ပါ။ ကွာမသွားစေရန်အတွက် ဝါးချမ်းတုတ်ချောင်းနဲ့ ကန့်လန့်ဖြတ်ထိုးလိုက်ပါ။ ရှောက်သီးတွေကို နူးအိသွားအောင် ရေခန်းပြုတ်ပါ။

ရလာတဲ့ရှောက်သီးကို အတုံးငယ်ငယ်လေးတွေ စိတ်ပြီး အဝကြယ် ဖန်ပုလင်းထဲကိုထည့်ပြီး မီးတောက်အရက်နဲ့ စိမ်ထားပါ။ မီးတောက်အရက် အဆင်မပြေယင် အရက်ပြင်းပြင်းကို အရက်ပျံရောပြီးသုံးလို့ ရပါတယ်။ ပုလင်းကို တစ်လလောက် နေပူထဲမှာ ပစ်ထားလိုက်ပါ။ ဒီနောက်တော့ သုံးလို့ ရပါပြီ။ ကြာလေ ကောင်းလေပါပဲ။

ဒူးနာသူတိုင်း (မပျောက်မှာ) ကတော့ သေချာပါသည်။ ကုသိုလ်ထူးလို့ အနာနဲ့ ဆေးတည့်သူမှာတော့ အဆင်ပြေပါလိမ့်မည်။ အရိုးပါးနေသူ အရွတ်ပဲ့နေသူတွေကတော့ ဒူးခေါင်းအစားထိုးမှ ရပါတယ်။ ကုန်ကျစားရိတ်ကတော့ ဒူးတစ်ဘက်ကို သိန်း ၈၀ လောက်ရှိပါတယ်။

ဆေးပူကြိုက်သူတွေအတွက်တော့ ပရုတ်လေးပါးဆေး (ခ) မင်းလေးပါးဆေးက မဆိုးပါဘူး။ နီးစပ်ရာ ဘယဆေးဆိုင်တွေမှာ ပရုတ်လေးပါး တစ်ကျပ်သားစီ ပေးပါဆိုရင် သူတို့နားလည်ပါတယ်။ ပရုတ်လေးပါးဆိုတာက ပရုတ် မင်သော် သိုင်းမောနဲ့ ဖုန်းမသိမ်ပါ။ တစ်မျိုး တစ်ထုတ်နှုံးနဲ့ လေးထုတ်ပေးပါလိမ့်မယ်။ အခဲတွေပါ။ အိမ်ရောက်မှ အဝကြယ်တဲ့ ပုလင်းထဲကို ရောထည့်လိုက်ပါ။ ခဏကြာရင် အရည်ဖြစ်သွားပါလိမ့်မယ်။ သူက ပူပါတယ်။ ပူလွန်းတယ်ထင်ယင် မုံညင်းဆီကို လိုသလောက်ရောပေးပါ။ စုစုပေါင်း လေးကျပ်သားကို သုံးထောင်ကျော်လောက်ကျပါမယ်။ အဆီတွေမို့ တော်တော်ကြာကြာ သုံးရပါတယ်။

မိမိ၏အတွေ့အကြုံကို မျှဝေလို့ ဆေးဒါနပြုလိုက်ပါတယ်။ ဒူးနာကင်းဝေး ထိုင်ထ မလေးစေရန် ဆုတောင်းပေးလိုက်ပါသည်။

Credit : မူရင်းရေးသားသူ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္