





Credit : We Love Cele

(Unicode Version)

သာသနာ့ဘောင်မှာ ပျော်သလောက် နေသွားတော့မယ်ဆိုတဲ့ ကျော်ရဲအောင်

သရုပ်ဆောင်ကျော်ရဲအောင်တစ်ယောက်ကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့လေးမှာ သရုပ်ဆောင်ပြေတီဦးနဲ့အတူ သာသနာ့ဘောင်ထဲကိုဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ပြေတီဦးကတော့ အသက် (၄၀) နှစ်ပြည့် မွေးနေ့မှာ သာသနာ့ဘောင်ထဲဝင်ရောက်သွားခဲ့တာဖြစ်ပြီးတော့ (၅) ရက်ကြာဝင်ရောက်သွားမယ်လို့သိရပါတယ်။

သရုပ်ဆောင် ကျော်ရဲအောင်ကတော့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဓမ္မဒူတဇေတဝန်တောရကျောင်းတိုက်မှာ သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး ပျော်သလောက် နေသွားမယ်လို့သိရပါတယ်။

ဖခင်ဖြစ်တဲ့ သရုပ်ဆောင်ကျော်ရဲအောင်ကို သားဖြစ်သူ သားထူးမြတ်ကျော်ရဲအောင်နဲ့ သမီးမှုံနံသာကျော်ရဲအောင်တို့က သိမ်ဆွမ်းလာရောက်လောင်းလှူခဲ့ကြတာလည်းဖြစ်ပါတယ်။ အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတွေဖြစ်ကြတဲ့ ကျော်ရဲအောင်နဲ့ ပြေတီဦးတို့ရဲ့ ရဟန်းခံအလှူမင်္ဂလာပွဲပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။

Photos : Popular Journal

Credit : We Love Cele

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်