ျမစ္ႀကီးနားက ႏွစ္လသား ကေလး ေခ်ာင္းဆိုးတာ တစ္လၾကာလိုု႔ သြားျပတဲ့ အခါ

ကေလးက နွစ္လသား။ေနတာက ျမစ္ႀကီးနား။ေခ်ာင္းဆိုးရင္ၾကပ္ ျဖစ္ေနတာက တစ္လၾကာျပီ။ ဟိုမွာ ကုေနတာ မထူးလို႕ ရန္ကုန္ဆင္းလာျပီးျပ။စမ္းသပ္ၾကည့္ေတာ့ ကေလးက နို႕စို႕ရင္း တခ်က္တခ်က္ေခ်ာင္းဆိုး။ နည္းနည္းေမာေန။ အသက္ရွဴသံအျပင္ တရီႊးရႊီးသံပါ တခါတခါၾကားေနရ။

ဓာတ္မွန္ရိုက္လိုက္ေတာ့ … ေအာက္ကပံုအတိုင္း။အလို … ဘာပါလိမ့္။ ကေလးကို ဆြဲႀကိဳးဆြဲေပးထားလို႕မ်ားလား။ ဓာတ္မွန္ရိုက္တုန္း တခုခု ကေလးလည္ပင္းေပၚ တင္မိတာမ်ားလား။ ဆြဲႀကိဳးလဲမရွိ။ ဘာမွလည္း မတင္မိေပါင္ ဆရာရယ္။

ကဲ ကဲ … ေသခ်ာေအာင္ ေဘးတိုက္ဓာတ္မွန္ ထပ္ရိုက္။အလိုေလး … လည္ေခ်ာင္းအဝ (အစာေရၿမိဳ) ထဲ ပစၥည္းတခု တစ္ဆို႕ေနတာပါ့လား။ လည္ေခ်ာင္းထဲ မွန္ေျပာင္းထည့္ျပီး အျမန္ဆံုးထုတ္ၾကစို႕။ကဲ … ထြက္လာပါျပီ။ ေလာ့ကတ္လိုလို ဘာလိုလို လွတပတ ပစၥည္းေလး ထြက္လာပါျပီ။

ေနပါဦး … ကေလးက ခုမွ ႏွစ္လသား။ ဘာမွ လက္နဲ႕မေကာက္နိုင္ေသးတဲ႔အရြယ္။ ပါးစပ္ထဲ မထည့္တတ္ေသးတဲ႔အရြယ္။ ဘယ္လိုျဖစ္ရတာတုန္း။ ဒါ တေယာက္ေယာက္က ထည့္မွ ဝင္ဖို႕ရွိတာ … လုပ္ၾကဦး။ ေသခ်ာ စစ္ေမးၾကဦး။

မိဘေနာက္ခံသမိုင္းေၾကာင္း မိသားစုအေျခအေနအရပ္ရပ္ကို ေမးျပီးသကာလ … ငါးနွစ္အရြယ္ သမီးႀကီးကို တခါတခါ ကေလးထိန္းခိုင္းမိတယ္ ဆိုတာပဲ သဲလြန္စရယ္လို႕ ထြက္လာတယ္။ တျခား မသကၤာစရာအေၾကာင္း ရွာမေတြ႕။ ငါးနွစ္သမီးကို ေခ်ာ့ေမာ့ေမးေတာ့လည္း ကေလးက ေရေရရာရာ မေျဖတတ္။ မေျဖ။

ေနာက္ဆံုးေတာ့ ကေလးခ်င္းထိန္းရင္း ေဆာ့ရင္း မေတာ္တဆ ဝင္သြားလား လို႕ပဲ မွတ္ခ်က္ခ်လိုက္ရေတာ့တယ္။ကေလးအထူးကု ဆရာဝန္ေလးတေယာက္ ေျပာျပေသာ ျဖစ္ရပ္မွန္ ဇာတ္လမ္း။ကေလးေတြမွာ Choking (လည္ေခ်ာင္းတြင္း တစ္ဆို႕ျခင္း) ဆိုတာ ပစၥည္းေတြ ပါးစပ္ထဲ ေကာက္ထည့္တတ္တဲ႔အရြယ္ ေျခာက္လကေန အသက္ေလးငါးနွစ္ထိ အျဖစ္မ်ားတယ္ဆိုေပမယ့္ ထူးထူးျခားျခား လသားအရြယ္မွာလည္း ဒီလိုျဖစ္တတ္ပါေၾကာင္း။

ကေလးခ်င္းထိန္းခိုင္းသည့္ဓေလ့ေၾကာင့္ Choking အျပင္ Accidents and poisoning (မေတာ္တဆထိခိုက္ျခင္းနဲ႕ အႏၱရာယ္ရွိတဲ႔ ပစၥည္းမ်ား ျမိဳခ်မိျခင္း) တို႕ ပိုမိုအျဖစ္မ်ားတတ္ေၾကာင္း သတိေပးလိုပါတယ္။

ခ်စ္စရာရင္ေသြးတို႕ ေဘးကင္းၾကပါေစ….။

ေရးသားသူ – ေဒါက္တာသက္ထားေရႊစင္ဝင္း (ကေလးဆရာဝန္)

(Unicode Version)

မြစ်ကြီးနားက နှစ်လသား ကလေး ချောင်းဆိုးတာ တစ်လကြာလို့ သွားပြတဲ့ အခါ

ကလေးက နှစ်လသား။နေတာက မြစ်ကြီးနား။ချောင်းဆိုးရင်ကြပ် ဖြစ်နေတာက တစ်လကြာပြီ။ ဟိုမှာ ကုနေတာ မထူးလို့ ရန်ကုန်ဆင်းလာပြီးပြ။စမ်းသပ်ကြည့်တော့ ကလေးက နို့စို့ရင်း တချက်တချက်ချောင်းဆိုး။ နည်းနည်းမောနေ။ အသက်ရှူသံအပြင် တရွီှးရွှီးသံပါ တခါတခါကြားနေရ။

ဓာတ်မှန်ရိုက်လိုက်တော့ … အောက်ကပုံအတိုင်း။အလို … ဘာပါလိမ့်။ ကလေးကို ဆွဲကြိုးဆွဲပေးထားလို့များလား။ ဓာတ်မှန်ရိုက်တုန်း တခုခု ကလေးလည်ပင်းပေါ် တင်မိတာများလား။ ဆွဲကြိုးလဲမရှိ။ ဘာမှလည်း မတင်မိပေါင် ဆရာရယ်။

ကဲ ကဲ … သေချာအောင် ဘေးတိုက်ဓာတ်မှန် ထပ်ရိုက်။အလိုလေး … လည်ချောင်းအဝ (အစာရေမြို) ထဲ ပစ္စည်းတခု တစ်ဆို့နေတာပါ့လား။ လည်ချောင်းထဲ မှန်ပြောင်းထည့်ပြီး အမြန်ဆုံးထုတ်ကြစို့။ကဲ … ထွက်လာပါပြီ။ လော့ကတ်လိုလို ဘာလိုလို လှတပတ ပစ္စည်းလေး ထွက်လာပါပြီ။

နေပါဦး … ကလေးက ခုမှ နှစ်လသား။ ဘာမှ လက်နဲ့မကောက်နိုင်သေးတဲ့အရွယ်။ ပါးစပ်ထဲ မထည့်တတ်သေးတဲ့အရွယ်။ ဘယ်လိုဖြစ်ရတာတုန်း။ ဒါ တယောက်ယောက်က ထည့်မှ ဝင်ဖို့ရှိတာ … လုပ်ကြဦး။ သေချာ စစ်မေးကြဦး။

မိဘနောက်ခံသမိုင်းကြောင်း မိသားစုအခြေအနေအရပ်ရပ်ကို မေးပြီးသကာလ … ငါးနှစ်အရွယ် သမီးကြီးကို တခါတခါ ကလေးထိန်းခိုင်းမိတယ် ဆိုတာပဲ သဲလွန်စရယ်လို့ ထွက်လာတယ်။ တခြား မသင်္ကာစရာအကြောင်း ရှာမတွေ့။ ငါးနှစ်သမီးကို ချော့မော့မေးတော့လည်း ကလေးက ရေရေရာရာ မဖြေတတ်။ မဖြေ။

နောက်ဆုံးတော့ ကလေးချင်းထိန်းရင်း ဆော့ရင်း မတော်တဆ ဝင်သွားလား လို့ပဲ မှတ်ချက်ချလိုက်ရတော့တယ်။ကလေးအထူးကု ဆရာဝန်လေးတယောက် ပြောပြသော ဖြစ်ရပ်မှန် ဇာတ်လမ်း။ကလေးတွေမှာ Choking (လည်ချောင်းတွင်း တစ်ဆို့ခြင်း) ဆိုတာ ပစ္စည်းတွေ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့အရွယ် ခြောက်လကနေ အသက်လေးငါးနှစ်ထိ အဖြစ်များတယ်ဆိုပေမယ့် ထူးထူးခြားခြား လသားအရွယ်မှာလည်း ဒီလိုဖြစ်တတ်ပါကြောင်း။

ကလေးချင်းထိန်းခိုင်းသည့်ဓလေ့ကြောင့် Choking အပြင် Accidents and poisoning (မတော်တဆထိခိုက်ခြင်းနဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းများ မြိုချမိခြင်း) တို့ ပိုမိုအဖြစ်များတတ်ကြောင်း သတိပေးလိုပါတယ်။

ချစ်စရာရင်သွေးတို့ ဘေးကင်းကြပါစေ….။

ရေးသားသူ – ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္