အိပ္ရာဝင္တဲ့အခ်ိန္ အိပ္ယာထတဲ့အခ်ိန္ ႐ြတ္ဆိုသင့္ေသာ ေမတၱာပို႔

ေမတၱာကိုႏွလုံးသြင္းျခင္းဟာ ႏွလုံးသြင္းသူတို႔အား အထူးသျဖင့္ အက်ိဳးမ်ားေစပါတယ္။ ဒါေၾကာင့္ “သုဘုတိ” ဆိုတဲ့ ရဟႏၲာမေထရ္ဟာ ဆြမ္းခံႂကြတဲ့အခါ အိမ္တိုင္းအိမ္တိုင္းေရွ႕၌ ေခတၱရပ္ေနစဥ္အတြင္း ေမတၱာဈာန္ကို ဝင္စားေတာ္မူပါတယ္။ အဲဒီေမတၱာဈာန္မွထၿပီး ဆြမ္းကိုအလႉခံေတာ္မူပါတယ္။ အဲဒါဟာ ဆြမ္းလႉတဲ့ ဒါယကာ ဒါယိကာမမ်ားတို႔အား အက်ိဳးမ်ားေစရန္ ျဖစ္ပါတယ္။

အဲဒီလိုအက်ိဳးမ်ားေအာင္ ေမတၱာဈာန္ ဝင္စားၿပီး အလႉခံေလ့ရွိတဲ့အတြက္ “အရွင္သုဘုတိ”ကို ျမတ္စြာဘုရားက အလႉခံပုဂၢိဳလ္ျမတ္မ်ားမွာ “အျမတ္ဆုံးအျဖစ္ ဧတဒဂ္ဂုဏ္ထူးရွင္” ခ်ီးက်ဴးေတာ္မူပါတယ္။ ယခုအခါမွာလည္း အလႉပြဲမ်ား၌ ရဟန္းေတာ္မ်ား ေမတၱာသုတ္ ပရိတ္ေတာ္ကို ႐ြတ္ဖတ္ပြားမ်ားၾကတာဟာ အလႉဒါန အက်ိဳးမ်ားေစရန္အတြက္ပါပဲ။

ဒါေၾကာင့္ ေမတၱာပရိတ္ေတာ္ကို ႐ြတ္ဖတ္ ခ်ီးေျမာက္ေတာ္မူၾကတဲ့အခါ ေမတၱာကိုလည္းပြားရင္း ေလးေလးစားစား႐ြတ္ဖတ္သင့္ပါတယ္။ ဒါေၾကာင့္ မိမိတို႔အေနျဖင့္ ေရာက္ေလရာအရပ္မွာ ေမတၱာဘာဝနာကိုပြားသင့္ပါတယ္။

မိမိေနတဲ့ ေနၿမဲ ေနရာမ်ားမွာလည္း အခြင့္ရသေလာက္ ဒီေမတၱာဘာဝနာကိုပြားမ်ားသင့္ပါတယ္။ ေအာက္ထစ္ဆုံးအားျဖင့္ ဘုရားဝတ္ျပဳၿပီးတဲ့ေနာက္မွာ အခ်ိန္ရသေလာက္ ပြားမ်ားသင့္ပါတယ္။ အေၾကာင္းညီၫြတ္ရင္ ဒီလိုပြားမ်ားရင္း မၾကာမီအတြင္းလည္း ေမတၱာဈာန္ကိုရႏိုင္ပါတယ္။ ဒီေနရာမွာ “ဓနၪၥာနီ”ဆိုတဲ့ ပုဏၰားအေၾကာင္း နည္းနည္းေလးေျပာျပခ်င္ပါတယ္။

“ဓနၪၥာနီႏွင့္ ေမတၱာဈာန္”

ဓနၪၥာနီဆိုတဲ့ ပုဏၰားႀကီးဟာ ေသလုနီးပါးေရာဂါျဖစ္ေနတဲ့အခါ အရွင္သာရိပုတၱရာကို ပင့္ေစတယ္။ အရွင္သာရိပုတၱရာက ႂကြေရာက္ေတာ္မူၿပီးေတာ့ သူ႔ေရာဂါအေၾကာင္းကို ေမးၿပီးတဲ့ေနာက္ ဒီလိုေဟာေတာ္မူပါတယ္။

ေဟာပုံကေတာ့ “ငရဲနဲ႔ တိရိစာၦန္ ဘယ္ဟာက ေကာင္းျမတ္သလဲ စသည္ျဖင့္ ေမးခြန္းထုတ္တယ္။

ဓနၪၥာနီက ငရဲထက္ တိရိစာၦန္က ေကာင္းျမတ္ပါတယ္။”စသည္ျဖင့္ ေျဖၾကားတယ္။

ေမးပုံေျဖပုံေတြကေတာ့..

“တိရိစာၦန္နဲ႔ ၿပိတၱာ၊ ၿပိတၱာနဲ႔လူ၊ လူနဲ႔ စတုမဟာရာဇ္စသည္ျဖင့္ ပရနိမၼိတဝသဝတၱိတိုင္ေအာင္ ေမးေျဖၿပီးတဲ့အခါ ပရနိမၼိတဝသ ဝတၱိနတ္ေတြနဲ႔ ျဗဟၼာေလာက ဘယ္ဟာကျမတ္သလဲလို႔”ေမးတယ္။

အဲဒီအခါ ဓနၪၥာနီက ျဗဟၼာေလာက ဆိုတဲ့အသံကိုၾကားရေတာ့ စိတ္တက္ႂကြလာၿပီး

“အရွင္သာရိပုတၱရာဟာ ျဗဟၼာေလာကလို႔ေျပာပါသလား။”လို႔ေမးတယ္။

အဲဒီအခါ ျဗဟၼာေလာကမွာ စိတ္ၫႊတ္လိုလားျခင္းရွိေၾကာင္း သိေတာ္မူတဲ့အတြက္ ျဗဟၼာေလာကသို႔ ေရာက္ေစႏိုင္တဲ့ အက်င့္လမ္းကို ေဟာၾကားမယ္လို႔ မိန႔္ေတာ္မူၿပီးေတာ့ ဒီလိုေဟာၾကားေတာ္မူပါတယ္။

“အရပ္ဆယ္မ်က္ႏွာ၌ ရွိသမွ် သတၱဝါအားလုံးကို ေမတၱာစိတ္ျဖင့္ ျဖန႔္ေနတာ၊ ေမတၱာပို႔ေနတာဟာ ျဗဟၼာ ျဖစ္ေၾကာင္း အခြင့္အလမ္းပဲလို႔” ဆိုလိုတာပါပဲ။

က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာတို႔ျဖင့္ ျဖန႔္ေနပုံကိုလည္း နည္းတူပင္ေဟာၾကားေတာ္မူပါတယ္။

အဲဒီလို ေဟာၾကားၿပီးေတာ့အရွင္သာရိပုတၱရာက ျပန္ႂကြသြားတယ္။ ျမတ္စြာဘုရားထံသြားေရာက္ၿပီးေတာ့ ဓနၪၥာနီအား ေဟာခဲ့တဲ့အေၾကာင္းအရာမ်ားကို ေလွ်ာက္ထားတယ္။ အဲဒီအခါမွာျမတ္စြာဘုရားရွင္က “ျဗဟၼာ့ဝိဟာရဈာန္ထက္လြန္ျမတ္တဲ့ အရိယာမဂ္ဖိုလ္ရေအာင္ ျပဳက်င့္ဖြယ္ရွိေနပါလ်က္ ဓနၪၥာနီပုဏၰားကို ျဗဟၼာေလာက၌ တည္ေစၿပီးေတာ့ထားခဲ့သလားလို႔” မိန႔္ေတာ္ၾကားၿပီးေတာ့ ဓနၪၥာနီဟာ ျဗဟၼာ့ေလာကသို႔ ေရာက္သြားေၾကာင္းကိုလည္း မိန႔္ေတာ္မူပါတယ္။

အဲဒီလိုမိန႔္ေတာ္မူ တဲ့အတြက္ အရွင္သာရိပုတၱရာလည္း ျဗဟၼာ့ေလာကသို႔သြား၍ ဓနၪၥာနီျဗဟၼာအား တရားေဟာေသးေၾကာင္း၊ ထိုအခါမွစ၍ (၄)ပိုဒ္မွ်ရွိတဲ့ တစ္ဂါထာကို သစၥာတရားႏွင့္ယွဥ္ၿပီး ေဟာေတာ္မူခဲ့ေၾကာင္း အ႒ကထာမွာျပဆိုေတာ္မူပါတယ္။

ဒီေနရာမွာ သိေစလိုတာက “ဓနၪၥာနီ”ဆိုတဲ့ ပုဏၰားဟာ ေသခါနီးဆဲဆဲ နာရီဝက္ခန႔္ေလာက္အတြင္းမွာ ေမတၱာစသည္ကို ပြားေစၿပီးေတာ့ ဈာန္ရသြားတယ္။ အဲဒီဈာန္ကုသိုလ္ေၾကာင့္ ျဗဟၼာ့ေလာကသို႔ ေရာက္သြားရတယ္။ အဲဒါကိုသိေစလိုရင္းပါပဲ။

ဒါေၾကာင့္ ေသခါနီးကာလမွာ အားကိုးစရာအျခားကုသိုလ္ထူး မရွိရင္ အျခားကုသိုလ္မ်ားကို ႏွလုံးသြင္းလို႔မရေတာ့လွ်င္ ေမတၱာပြားေနျခင္းျဖင့္ အားကိုးစရာ ေကာင္းေကာင္း ရႏိုင္တယ္ဆိုတာလည္း မွတ္ထားၾကဖို႔ပါပဲ။ အားလုံးေသာ သူမ်ားလည္း ေမတၱာတရား အစဥ္ထား ႏိုင္ၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္။

အိပ္ရာဝင္ အိပ္ယာထ ႐ြတ္ဆိုသင့္ေသာ ေမတၱာပို႔လကၤာ

သတၱာဝါခပင္း ဆင္းရဲကင္း ပူျပင္းဒုကၡၿငိမ္းပါေစ။

သတၱဝါခပင္း ေရာဂါကင္း ပူျပင္းဘယာၿငိမ္းပါေစ။

သတၱဝါခပင္း စိုးရိမ္ကင္း ပူျပင္းေသာကၿငိမ္းပါေစ။

ကမာၻေနသူ မ်ားဗိုလ္လူ ၾကည္ျဖဴဟဒယ႐ႊင္ပါေစ။

တရားနာျငား ေယာဂီမ်ား ႀကီးထြားသမာဓိရွိပါေစ။

ခႏၲီတရား လက္ကိုင္ထား ကင္းကြာေဒါသၿငိမ္းပါေစ။

ေမတၱာေရခ်မ္း ပက္ခါျဖန္း ေအးခ်မ္းသာယာရွိပါေစ။

စႏၵာလမင္း ထိန္ထိန္လင္း ျပည့္တင္းၿဖိဳးေမာက္ႏိုင္ပါေစ။

ကိုယ္စိတ္ႏွစ္ျဖာ ေဘးရန္ကြာ လြန္စြာက်န္းမာရွိပါေစ။

ႏွလုံးစိတ္ဝမ္း ႐ႊင္ကာလန္းး မႏြမ္းထာဝရရွိပါေစ။

အလုပ္ကိုယ္စီ ေဘးမသီ ႀကံစီထေျမာက္ေအာင္ပါေစ။

စာဖတ္သူအားလုံး ကိုယ္စိတ္ႏွစ္ပါး က်န္းမာခ်မ္းသာၾကပါေစ။

အရွင္ဝိမလဝံသ(နာလႏၵာတကၠသိုလ္)

(Unicode Version)

အိပ်ရာဝင်တဲ့အချိန် အိပ်ယာထတဲ့အချိန် ရွတ်ဆိုသင့်သော မေတ္တာပို့

မေတ္တာကိုနှလုံးသွင်းခြင်းဟာ နှလုံးသွင်းသူတို့အား အထူးသဖြင့် အကျိုးများစေပါတယ်။ ဒါကြောင့် “သုဘုတိ” ဆိုတဲ့ ရဟန္တာမထေရ်ဟာ ဆွမ်းခံကြွတဲ့အခါ အိမ်တိုင်းအိမ်တိုင်းရှေ့၌ ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန်ကို ဝင်စားတော်မူပါတယ်။ အဲဒီမေတ္တာဈာန်မှထပြီး ဆွမ်းကိုအလှူခံတော်မူပါတယ်။ အဲဒါဟာ ဆွမ်းလှူတဲ့ ဒါယကာ ဒါယိကာမများတို့အား အကျိုးများစေရန် ဖြစ်ပါတယ်။

အဲဒီလိုအကျိုးများအောင် မေတ္တာဈာန် ဝင်စားပြီး အလှူခံလေ့ရှိတဲ့အတွက် “အရှင်သုဘုတိ”ကို မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်မြတ်များမှာ “အမြတ်ဆုံးအဖြစ် ဧတဒဂ်ဂုဏ်ထူးရှင်” ချီးကျူးတော်မူပါတယ်။ ယခုအခါမှာလည်း အလှူပွဲများ၌ ရဟန်းတော်များ မေတ္တာသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပွားများကြတာဟာ အလှူဒါန အကျိုးများစေရန်အတွက်ပါပဲ။

ဒါကြောင့် မေတ္တာပရိတ်တော်ကို ရွတ်ဖတ် ချီးမြောက်တော်မူကြတဲ့အခါ မေတ္တာကိုလည်းပွားရင်း လေးလေးစားစားရွတ်ဖတ်သင့်ပါတယ်။ ဒါကြောင့် မိမိတို့အနေဖြင့် ရောက်လေရာအရပ်မှာ မေတ္တာဘာဝနာကိုပွားသင့်ပါတယ်။

မိမိနေတဲ့ နေမြဲ နေရာများမှာလည်း အခွင့်ရသလောက် ဒီမေတ္တာဘာဝနာကိုပွားများသင့်ပါတယ်။ အောက်ထစ်ဆုံးအားဖြင့် ဘုရားဝတ်ပြုပြီးတဲ့နောက်မှာ အချိန်ရသလောက် ပွားများသင့်ပါတယ်။ အကြောင်းညီညွတ်ရင် ဒီလိုပွားများရင်း မကြာမီအတွင်းလည်း မေတ္တာဈာန်ကိုရနိုင်ပါတယ်။ ဒီနေရာမှာ “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားအကြောင်း နည်းနည်းလေးပြောပြချင်ပါတယ်။

“ဓနဉ္စာနီနှင့် မေတ္တာဈာန်”

ဓနဉ္စာနီဆိုတဲ့ ပုဏ္ဏားကြီးဟာ သေလုနီးပါးရောဂါဖြစ်နေတဲ့အခါ အရှင်သာရိပုတ္တရာကို ပင့်စေတယ်။ အရှင်သာရိပုတ္တရာက ကြွရောက်တော်မူပြီးတော့ သူ့ရောဂါအကြောင်းကို မေးပြီးတဲ့နောက် ဒီလိုဟောတော်မူပါတယ်။

ဟောပုံကတော့ “ငရဲနဲ့ တိရိစ္ဆာန် ဘယ်ဟာက ကောင်းမြတ်သလဲ စသည်ဖြင့် မေးခွန်းထုတ်တယ်။

ဓနဉ္စာနီက ငရဲထက် တိရိစ္ဆာန်က ကောင်းမြတ်ပါတယ်။”စသည်ဖြင့် ဖြေကြားတယ်။

မေးပုံဖြေပုံတွေကတော့..

“တိရိစ္ဆာန်နဲ့ ပြိတ္တာ၊ ပြိတ္တာနဲ့လူ၊ လူနဲ့ စတုမဟာရာဇ်စသည်ဖြင့် ပရနိမ္မိတဝသဝတ္တိတိုင်အောင် မေးဖြေပြီးတဲ့အခါ ပရနိမ္မိတဝသ ဝတ္တိနတ်တွေနဲ့ ဗြဟ္မာလောက ဘယ်ဟာကမြတ်သလဲလို့”မေးတယ်။

အဲဒီအခါ ဓနဉ္စာနီက ဗြဟ္မာလောက ဆိုတဲ့အသံကိုကြားရတော့ စိတ်တက်ကြွလာပြီး

“အရှင်သာရိပုတ္တရာဟာ ဗြဟ္မာလောကလို့ပြောပါသလား။”လို့မေးတယ်။

အဲဒီအခါ ဗြဟ္မာလောကမှာ စိတ်ညွှတ်လိုလားခြင်းရှိကြောင်း သိတော်မူတဲ့အတွက် ဗြဟ္မာလောကသို့ ရောက်စေနိုင်တဲ့ အကျင့်လမ်းကို ဟောကြားမယ်လို့ မိန့်တော်မူပြီးတော့ ဒီလိုဟောကြားတော်မူပါတယ်။

“အရပ်ဆယ်မျက်နှာ၌ ရှိသမျှ သတ္တဝါအားလုံးကို မေတ္တာစိတ်ဖြင့် ဖြန့်နေတာ၊ မေတ္တာပို့နေတာဟာ ဗြဟ္မာ ဖြစ်ကြောင်း အခွင့်အလမ်းပဲလို့” ဆိုလိုတာပါပဲ။

ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ဖြင့် ဖြန့်နေပုံကိုလည်း နည်းတူပင်ဟောကြားတော်မူပါတယ်။

အဲဒီလို ဟောကြားပြီးတော့အရှင်သာရိပုတ္တရာက ပြန်ကြွသွားတယ်။ မြတ်စွာဘုရားထံသွားရောက်ပြီးတော့ ဓနဉ္စာနီအား ဟောခဲ့တဲ့အကြောင်းအရာများကို လျှောက်ထားတယ်။ အဲဒီအခါမှာမြတ်စွာဘုရားရှင်က “ဗြဟ္မာ့ဝိဟာရဈာန်ထက်လွန်မြတ်တဲ့ အရိယာမဂ်ဖိုလ်ရအောင် ပြုကျင့်ဖွယ်ရှိနေပါလျက် ဓနဉ္စာနီပုဏ္ဏားကို ဗြဟ္မာလောက၌ တည်စေပြီးတော့ထားခဲ့သလားလို့” မိန့်တော်ကြားပြီးတော့ ဓနဉ္စာနီဟာ ဗြဟ္မာ့လောကသို့ ရောက်သွားကြောင်းကိုလည်း မိန့်တော်မူပါတယ်။

အဲဒီလိုမိန့်တော်မူ တဲ့အတွက် အရှင်သာရိပုတ္တရာလည်း ဗြဟ္မာ့လောကသို့သွား၍ ဓနဉ္စာနီဗြဟ္မာအား တရားဟောသေးကြောင်း၊ ထိုအခါမှစ၍ (၄)ပိုဒ်မျှရှိတဲ့ တစ်ဂါထာကို သစ္စာတရားနှင့်ယှဉ်ပြီး ဟောတော်မူခဲ့ကြောင်း အဋ္ဌကထာမှာပြဆိုတော်မူပါတယ်။

ဒီနေရာမှာ သိစေလိုတာက “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားဟာ သေခါနီးဆဲဆဲ နာရီဝက်ခန့်လောက်အတွင်းမှာ မေတ္တာစသည်ကို ပွားစေပြီးတော့ ဈာန်ရသွားတယ်။ အဲဒီဈာန်ကုသိုလ်ကြောင့် ဗြဟ္မာ့လောကသို့ ရောက်သွားရတယ်။ အဲဒါကိုသိစေလိုရင်းပါပဲ။

ဒါကြောင့် သေခါနီးကာလမှာ အားကိုးစရာအခြားကုသိုလ်ထူး မရှိရင် အခြားကုသိုလ်များကို နှလုံးသွင်းလို့မရတော့လျှင် မေတ္တာပွားနေခြင်းဖြင့် အားကိုးစရာ ကောင်းကောင်း ရနိုင်တယ်ဆိုတာလည်း မှတ်ထားကြဖို့ပါပဲ။ အားလုံးသော သူများလည်း မေတ္တာတရား အစဉ်ထား နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့လင်္ကာ

သတ္တာဝါခပင်း ဆင်းရဲကင်း ပူပြင်းဒုက္ခငြိမ်းပါစေ။

သတ္တဝါခပင်း ရောဂါကင်း ပူပြင်းဘယာငြိမ်းပါစေ။

သတ္တဝါခပင်း စိုးရိမ်ကင်း ပူပြင်းသောကငြိမ်းပါစေ။

ကမ္ဘာနေသူ များဗိုလ်လူ ကြည်ဖြူဟဒယရွှင်ပါစေ။

တရားနာငြား ယောဂီများ ကြီးထွားသမာဓိရှိပါစေ။

ခန္တီတရား လက်ကိုင်ထား ကင်းကွာဒေါသငြိမ်းပါစေ။

မေတ္တာရေချမ်း ပက်ခါဖြန်း အေးချမ်းသာယာရှိပါစေ။

စန္ဒာလမင်း ထိန်ထိန်လင်း ပြည့်တင်းဖြိုးမောက်နိုင်ပါစေ။

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ လွန်စွာကျန်းမာရှိပါစေ။

နှလုံးစိတ်ဝမ်း ရွှင်ကာလန်းး မနွမ်းထာဝရရှိပါစေ။

အလုပ်ကိုယ်စီ ဘေးမသီ ကြံစီထမြောက်အောင်ပါစေ။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္