ဗိုက္ခြဲ ကေလးေမြးတဲ့ မိခင္တစ္ေယာက္ ရင္ဆိုင္ရတဲ့ အရာေတြ

ဗိုက္ခြဲ ကေလးေမြးတဲ့ မိခင္တစ္ေယာက္ ရင္ဆိုင္ရတဲ့ အရာေတြ

၁။ ၂၄ နာရီလံုး drip သြင္းခဲ့ရတဲ့ ဘယ္ဘက္လက္ ရဲ႕ လက္ေခ်ာင္းေတြက ခပ္ေသးေသး အရာဝတၱဳေတြကို ျမဲေအာင္မကိုင္ႏိုင္ေတာ့ပါဘူး။ မၾကာမၾကာ လြတ္က်တတ္တယ္ဆိုတာ ဗိုက္ခဲြ ကေလးမေမြးဖူးသူေတြ ကိုယ္ခ်င္းစာႏိုင္မွာ မဟုတ္ပါဘူး။

၂။ ေက်ာ႐ိုးဆစ္ထဲကို အပ္ခပ္ႀကီးႀကီးနဲ႔ ထံုးေဆးထိုးထားရလို႔ ခါးကိုကိုင္းၿပီး အလုပ္ၾကာၾကာလုပ္ရင္ မၾကာမၾကာ ခါးနာတတ္တယ္ဆိုတာ ထံုေဆးထိုးမခံဖူးတဲ့ သူေတြ မသိႏိုင္ပါဘူး။

၃။ ထံုေဆးဒဏ္အျပင္ DZ ပါ အေပးခံရလို႔ သတိေမ့တတ္တာကို ေပါ့ဆတတ္သူလို႔ မစာမနာမထင္ပါနဲ႔။

၄။ အေလးအပင္မရင္ ဒါမွမဟုတ္ ္ျပင္းျပင္းထန္ထန္ ေခ်ာင္းဆိုးရင္ ဒါမွမဟုတ္ အန္ရင္ ဒါမွမဟုတ္ သိပ္စိတ္ဆိုးလို႔ အသံက်ယ္က်ယ္ ေအာ္ရင္ ခ်ဳပ္႐ိုးေနရာက မခံမရပ္ႏိုင္ေအာင္ နာလာတယ္ဆိုတာ ကိုယ္ခ်င္းစာေပးၾကပါ။ ဒါေလာက္ခံရမယ္ဆိုတာ မသိလို႔လား ေမးရင္ သိတာေပါ့ အားလံုးသိၿပီးသား။

ဒါဆို သိသိႀကီးနဲ႔ ဘာလို႔ ခဲြေမြးသလဲ ဆိုရင္ ေမြးလာမယ့္ရင္ေသြးေလးကို မေတာ္တဆ ဆိုတဲ့ ထိခိုက္မႈေလး တခုတေလေတာင္မရိွေစခ်င္လို႔။ မညႇစ္ႏိုင္ရင္ ငါ့ကေလးေလးကို ညႇပ္နဲ႔ ဆဲြထုတ္ခံရႏိုင္တယ္။ ဦးေခါင္းႏုႏုေလးကို ညႇပ္ႀကီးနဲ႔ ဆဲြထုတ္ရင္ ဦးေဏွာက္မ်ားထိသြားေလမလား ႐ွာ႐ွာေဖြေဖြ အေတြးလြန္ၿပီးစိုးရိမ္လို႔။

ေနာက္ due date လြန္လို႔မွ မေမြးမိရင္ ကေလးအသက္ အႏၱရာယ္ျဖစ္မွာစိုးလို႔။ ေရမႊာေပါက္ေနတုန္း မေမြးႏိုင္ျပန္ရင္လည္း ကေလးေရမြန္းမွာလည္း စိုးရိမ္လို႔။ အမ်ိဳးမ်ိဳးေတးြၿပီးစိတ္မခ် ႏိုင္လို႔ ခဲြေမြးတဲ့ လမ္းကို မိခင္အတြက္ အႏၱရာယ္ရိွမွန္းသိသိနဲ႔ ေရြးလိုက္တာပါ။

သားနဲ႕သမီးးေရွ႕ေရးးျဖည့္ဆည္းေပးဖို႕ဆႏၵေတြေယာက္ယက္ခတ္ေနတာကလဲြလို႔ကို႔ဖို႕မရွိသေလာက္ေပးဆပ္နိုင္ခဲ႕လို႔ေပ်ာ္ပါတယ္။

Credit : မူရင္​းေရးသားသူ

(Unicode Version)

ဗိုက်ခွဲ ကလေးမွေးတဲ့ မိခင်တစ်ယောက် ရင်ဆိုင်ရတဲ့ အရာတွေ

၁။ ၂၄ နာရီလုံး drip သွင်းခဲ့ရတဲ့ ဘယ်ဘက်လက် ရဲ့ လက်ချောင်းတွေက ခပ်သေးသေး အရာဝတ္တုတွေကို မြဲအောင်မကိုင်နိုင်တော့ပါဘူး။ မကြာမကြာ လွတ်ကျတတ်တယ်ဆိုတာ ဗိုက်ခွဲ ကလေးမမွေးဖူးသူတွေ ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူး။

၂။ ကျောရိုးဆစ်ထဲကို အပ်ခပ်ကြီးကြီးနဲ့ ထုံးဆေးထိုးထားရလို့ ခါးကိုကိုင်းပြီး အလုပ်ကြာကြာလုပ်ရင် မကြာမကြာ ခါးနာတတ်တယ်ဆိုတာ ထုံဆေးထိုးမခံဖူးတဲ့ သူတွေ မသိနိုင်ပါဘူး။

၃။ ထုံဆေးဒဏ်အပြင် DZ ပါ အပေးခံရလို့ သတိမေ့တတ်တာကို ပေါ့ဆတတ်သူလို့ မစာမနာမထင်ပါနဲ့။

၄။ အလေးအပင်မရင် ဒါမှမဟုတ် ်ပြင်းပြင်းထန်ထန် ချောင်းဆိုးရင် ဒါမှမဟုတ် အန်ရင် ဒါမှမဟုတ် သိပ်စိတ်ဆိုးလို့ အသံကျယ်ကျယ် အော်ရင် ချုပ်ရိုးနေရာက မခံမရပ်နိုင်အောင် နာလာတယ်ဆိုတာ ကိုယ်ချင်းစာပေးကြပါ။ ဒါလောက်ခံရမယ်ဆိုတာ မသိလို့လား မေးရင် သိတာပေါ့ အားလုံးသိပြီးသား။

ဒါဆို သိသိကြီးနဲ့ ဘာလို့ ခွဲမွေးသလဲ ဆိုရင် မွေးလာမယ့်ရင်သွေးလေးကို မတော်တဆ ဆိုတဲ့ ထိခိုက်မှုလေး တခုတလေတောင်မရှိစေချင်လို့။ မညှစ်နိုင်ရင် ငါ့ကလေးလေးကို ညှပ်နဲ့ ဆွဲထုတ်ခံရနိုင်တယ်။ ဦးခေါင်းနုနုလေးကို ညှပ်ကြီးနဲ့ ဆွဲထုတ်ရင် ဦးဏှောက်များထိသွားလေမလား ရှာရှာဖွေဖွေ အတွေးလွန်ပြီးစိုးရိမ်လို့။

နောက် due date လွန်လို့မှ မမွေးမိရင် ကလေးအသက် အန္တရာယ်ဖြစ်မှာစိုးလို့။ ရေမွှာပေါက်နေတုန်း မမွေးနိုင်ပြန်ရင်လည်း ကလေးရေမွန်းမှာလည်း စိုးရိမ်လို့။ အမျိုးမျိုးတေးွပြီးစိတ်မချ နိုင်လို့ ခွဲမွေးတဲ့ လမ်းကို မိခင်အတွက် အန္တရာယ်ရှိမှန်းသိသိနဲ့ ရွေးလိုက်တာပါ။

သားနဲ့သမီးးရှေ့ရေးးဖြည့်ဆည်းပေးဖို့ဆန္ဒတွေယောက်ယက်ခတ်နေတာကလွဲလို့ကို့ဖို့မရှိသလောက်ပေးဆပ်နိုင်ခဲ့လို့ပျော်ပါတယ်။

Credit : မူရင်းရေးသားသူ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္