ျမန္မာ ႏိုင္ငံရဲ႕ ေၾကာက္စရာ အေကာင္းဆုံး ဝိညာဥ္ ဇာတ္ကားႀကီး ျဖစ္လာမည့္ လိပ္ျပာ စံအိမ္ (The only Mom) ႐ုပ္႐ွင္ ဇာတ္ကားႀကီး

ျမန္မာ ႏိုင္ငံရဲ႕ ေၾကာက္စရာ အေကာင္းဆုံး ဝိညာဥ္ ဇာတ္ကားႀကီး ျဖစ္လာမည့္ လိပ္ျပာ စံအိမ္ (The only Mom) ႐ုပ္႐ွင္ ဇာတ္ကားႀကီး

ဘန္ေကာက္မွ မႏၲေလးသို႔ ဇာတ္ကားႀကီးကို အေကာင္းဆုံးျမင္ကြင္းပုံရိပ္႐ိုက္ကြင္း ႐ိုက္ကြက္ေတြနဲ႔ပုံေဖာ္ခဲ့တဲ့ထိုင္းဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ခ်ာခ်ိဳင္းကိုပရိတ္သတ္ေတြရင္းႏွီးလိမ့္မယ္လို႔ထင္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕အလွေတြကိုပိုၿပီးအသက္ဝင္ေအာင္ပုံေဖာ္႐ိုက္ကူးႏိုင္ခဲ့တဲ့ထိုင္း၊ ျမန္မာႏွစ္ႏိုင္ငံ ပူးေပါင္း႐ိုက္ကူးထားတဲ့ဘန္ေကာက္မွမႏၲေလးသို႔႐ုပ္ရွင္ဇာတ္ကားႀကီးကလည္းယခုခ်ိန္ထိပရိတ္သတ္ေတြရဲ႕ရင္ထဲမွာထင္က်န္ေနတုန္းစဲျဖစ္ပါတယ္။

ယခုအခါမွာေတာ့ပထမတစ္ကားနဲ႔လုံးဝမတူတဲ့ေၾကာက္မယ္ဖြယ္ ဝိညာဥ္ဇာတ္ကားႀကီးကို ႐ိုက္ကူးပုံေဖာ္ေနတာပဲ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ခ်ာခ်ိဳင္းက အဆိုပါ ဇာတ္ကားႀကီး ပုံေဖာ္ခဲ့ျဖစ္ပုံနဲ႔ ပတ္သတ္ၿပီး“ျမန္မာႏိုင္ငံကိုပထမဆုံးေရာက္ရွိခဲ့တဲ့အခ်ိန္ထဲက ျမန္မာႏိုင္ငံမွာ မတူညီတဲ့ ကမာၻ ႏွစ္ခုရွိတယ္ဆိုတာ ကြၽန္ေတာ္ခံစားမိခဲ့တယ္။ သက္ရွိေတြရွင္သန္တဲ့ ကမာၻနဲ႔ ဝိညာဥ္ေတြ ရွင္သန္ေနတဲ့ပရေလာကႏွစ္ခု…..ဒီကမာၻတစ္ခုကအတူတကြတည္ရွိေနၿပီးေတာ့မ်က္ျမင္မရေပမဲ့ဆက္သြယ္ႏိုင္ၾကပါတယ္။ကြၽန္ေတာ္တို႔ထပ္ၿပီးနက္နက္နဲနဲေလ့လာခဲ့တဲ့အခါဝိညာဥ္နဲ႔လိပ္ျပာဆိုတဲ့စကားလုံးႏွစ္လုံးကိုသိနားလည္ခဲ့ရတယ္။

တစ္ခါတစ္ရံလိပ္ျပာလြင့္စဥ္မွာျပန္ဝင္ဖို႔လမ္းေဖြရွာရသလိုသက္ရွိကမာၻမွအကူအညီလမ္းျပမႈမ်ားလည္လိုအပ္ပါတယ္။ကြၽန္ေတာ္လိပ္ျပာစံအိမ္႐ိုက္ကူးစဥ္မွာပရေလာကအေပၚကႊၽန္ေတာ့္အျမင္ေျပာင္းလဲခဲ့တယ္။

တကယ္ဆိုရင္မ်က္စိနဲ႔မျမင္ႏိုင္တဲ့မတူညီေသာရႈေထာင့္မ်ားစြာကိုဆက္လက္ေလ့လာဖို႔အမ်ားႀကီးရွိေသးသလိုကြၽန္ေတာ့ကိုလည္းဒီအရာေတြယုံၾကည္လာေစဖို႔လႈံ႕ေဆာ္ခံခဲ့ရပါတယ္။ လိပ္ျပာစံအိမ္ ႐ုပ္ရွင္သည္ ၁၀၀ %ျမန္မာစကားေျပာလည္းျဖစ္ပါတယ္…. ” ဆိုၿပီးေျပာျပခဲ့ပါတယ္။

အဆိုပါ႐ုပ္ရွင္ဇာတ္ကားႀကီးမွာနာမည္ႀကီးအႏုပညာရွင္ေတြျဖစ္တဲ့ႏိုင္းႏိုင္း၊ကစ္ကစ္၊ေဒါင္းတို႔နဲ႔အတူ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။ဇာတ္ဝင္သီခ်င္းၾကား႐ုံနဲ႔စိတ္ထဲမွာထူးဆန္းတဲ့ခံစားခ်က္တစ္ခုကိုျဖစ္သြားေစမယ့္တကယ့္ကိုေၾကာက္စရာေကာင္းတဲ့ဇာတ္ကားႀကီးျဖစ္လာမယ့္လိပ္ျပာစံအိမ္ဇာတ္ကားႀကီးရဲ႕teaserကိုလည္းပရိတ္သတ္ေတြအတြက္တင္ေပးလိုက္ပါတယ္ေနာ္။

Source : Myanmarload

(Unicode Version)

မြန်မာ နိုင်ငံရဲ့ ကြောက်စရာ အကောင်းဆုံး ဝိညာဉ် ဇာတ်ကားကြီး ဖြစ်လာမည့် လိပ်ပြာ စံအိမ် (The only Mom) ရုပ်ရှင် ဇာတ်ကားကြီး

ဘန်ကောက်မှ မန္တလေးသို့ ဇာတ်ကားကြီးကို အကောင်းဆုံးမြင်ကွင်းပုံရိပ်ရိုက်ကွင်း ရိုက်ကွက်တွေနဲ့ပုံဖော်ခဲ့တဲ့ထိုင်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ချာချိုင်းကိုပရိတ်သတ်တွေရင်းနှီးလိမ့်မယ်လို့ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့အလှတွေကိုပိုပြီးအသက်ဝင်အောင်ပုံဖော်ရိုက်ကူးနိုင်ခဲ့တဲ့ထိုင်း၊ မြန်မာနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားတဲ့ဘန်ကောက်မှမန္တလေးသို့ရုပ်ရှင်ဇာတ်ကားကြီးကလည်းယခုချိန်ထိပရိတ်သတ်တွေရဲ့ရင်ထဲမှာထင်ကျန်နေတုန်းစဲဖြစ်ပါတယ်။ယခုအခါမှာတော့ပထမတစ်ကားနဲ့လုံးဝမတူတဲ့ကြောက်မယ်ဖွယ် ဝိညာဉ်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ချာချိုင်းက အဆိုပါ ဇာတ်ကားကြီး ပုံဖော်ခဲ့ဖြစ်ပုံနဲ့ ပတ်သတ်ပြီး“မြန်မာနိုင်ငံကိုပထမဆုံးရောက်ရှိခဲ့တဲ့အချိန်ထဲက မြန်မာနိုင်ငံမှာ မတူညီတဲ့ ကမ္ဘာ နှစ်ခုရှိတယ်ဆိုတာ ကျွန်တော်ခံစားမိခဲ့တယ်။ သက်ရှိတွေရှင်သန်တဲ့ ကမ္ဘာနဲ့ ဝိညာဉ်တွေ ရှင်သန်နေတဲ့ပရလောကနှစ်ခု…..ဒီကမ္ဘာတစ်ခုကအတူတကွတည်ရှိနေပြီးတော့မျက်မြင်မရပေမဲ့ဆက်သွယ်နိုင်ကြပါတယ်။ကျွန်တော်တို့ထပ်ပြီးနက်နက်နဲနဲလေ့လာခဲ့တဲ့အခါဝိညာဉ်နဲ့လိပ်ပြာဆိုတဲ့စကားလုံးနှစ်လုံးကိုသိနားလည်ခဲ့ရတယ်။

တစ်ခါတစ်ရံလိပ်ပြာလွင့်စဉ်မှာပြန်ဝင်ဖို့လမ်းဖွေရှာရသလိုသက်ရှိကမ္ဘာမှအကူအညီလမ်းပြမှုများလည်လိုအပ်ပါတယ်။ကျွန်တော်လိပ်ပြာစံအိမ်ရိုက်ကူးစဉ်မှာပရလောကအပေါ်ကွျှန်တော့်အမြင်ပြောင်းလဲခဲ့တယ်။

တကယ်ဆိုရင်မျက်စိနဲ့မမြင်နိုင်တဲ့မတူညီသောရှုထောင့်များစွာကိုဆက်လက်လေ့လာဖို့အများကြီးရှိသေးသလိုကျွန်တော့ကိုလည်းဒီအရာတွေယုံကြည်လာစေဖို့လှုံ့ဆော်ခံခဲ့ရပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်သည် ၁၀၀ %မြန်မာစကားပြောလည်းဖြစ်ပါတယ်…. ” ဆိုပြီးပြောပြခဲ့ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာနာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့နိုင်းနိုင်း၊ကစ်ကစ်၊ဒေါင်းတို့နဲ့အတူရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်ဝင်သီချင်းကြားရုံနဲ့စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုကိုဖြစ်သွားစေမယ့်တကယ့်ကိုကြောက်စရာကောင်းတဲ့ဇာတ်ကားကြီးဖြစ်လာမယ့်လိပ်ပြာစံအိမ်ဇာတ်ကားကြီးရဲ့teaserကိုလည်းပရိတ်သတ်တွေအတွက်တင်ပေးလိုက်ပါတယ်နော်။

Source : Myanmarload

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္