







Credit : MPA Media

(Unicode Version)

ထူးထူး ဆန်းဆန်း မွေးနေ့ ကိတ်နဲ့ Suprise လုပ်ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ သူမရဲ့ မွေးနေ့မှာ ထူးထူးဆန်းဆန်း မွေးနေ့ကိတ်နဲ့ suprise အလုပ်ခံခဲ့ရတယ်ဆို သိရပါတယ်။

ယနေ့ဒီဇင်ဘာ (၄)ရက်နေ့ဟာ လူကြီးလူငယ် ပုရိသတို့ရဲ့ အသည်းကျော် နိုင်ငံကျော်သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ရဲ့ (၃၁)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

ဒီနေ့ (၃၁)နှစ်ပြည့်မွေးနေ့မှာ ထူးထူးခြားခြား ဆန်းဆန်ပြားပြားရခဲ့တဲ့ မွေးနေ့ကိတ်လေးကြောင့် သင်ဇာဝင့်ကျော် တစ်ယောက် အရမ်းပျော်ရွှင်ကြည်နူးနေတာကို တွေ့ မြင်နေရပါတယ်။

ဒါ့ကြောင့် သင်ဇာဝင့်ကျော်ကို ချစ်တဲ့ပရိတ်သတ်ကြီးအတွက် မွေးနေ့မှာ စပရိုက်ကိတ်ရလို့ ပျော်နေတဲ့ ရွှေမင်းသမီးလေး သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ဟာဆိုရင် ဗွီဒီယိုဇာတ်ကားပေါင်းများစွာနှင့် ရုပ်ရှင်ဇာတ်ကားများစွားမှာပါ ခေါင်းဆောင်မင်းသမီး နေရာ။ ဇာတ်ပြိုင်မင်းသမီးနေရာတွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့သူမို့ ပရိသတ်အားပေးသူများ လူသိများသော မင်းသမီးတစ်လက်ပါ။

ယခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ခပ်ဟော့ဟော့ ဖက်ရှင် အလန်းစားတွေနဲ့ ပုရိသတွေကို ဖမ်းစားနိုင်ခဲ့သလို အောင်မြင်မှုကို ဆက်လက်ကိုင်စွဲထားနိုင်သူတစ်ဦး အဖြစ် ရပ်တည်လျှက်ပါပဲ။ ပွဲအတော်များများဟာ သင်ဇာ မပါရင် ပွဲစည်မဘူးဆိုတဲ့ အတိုင်းကို ဖြစ်လာနေပါတယ်။

ယခုလို အသက် (၃၁)နှစ်ရောက်လာပြီဖြစ်သော်လည်း ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းထားနိုင်သလို အောင်မြင်မှုတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်သော သင်ဇာဝင့်ကျော်တစ်ယောက် ဒီ့ထက်ပိုသော အောင်မြင်မှုများ ရပါစေလို့ ဆန္ဒပြုမွေးနေ့ဆုတောင်းပေးကြပါစို့။

Credit : MPA Media

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်