ဗုဒၶ နမိတ္ေၾကာင့္ ဘဝကူး ေကာင္းခဲ့သည့္ အေမညိဳ (သို႔မဟုတ္) အေမညိဳ မေသပါ

ေဒၚညို တစ္ေယာက္ မရေတာ့ဘူးတဲ့ ေဆးရံုက ေတာင္ ျပန္သယ္လာပီ အသဲကင္ဆာဆိုလား။

ကေလးဘဝက သူတို႔ ျခံဝိုင္းထဲမွာသြားေဆာ့တိုင္း သမီး သမီးနဲ႔ မုန္႔အျမဲေႂကြးနက် အေမညိုက ဘဝၾကမ္းတမ္း သူမို႔ အေျပာဆိုးသေလာက္ စိတ္ရင္းျဖဴ စင္တယ္။ ခင္ပြန္းဆံုးပါးသြားျပီးကတည္းက သမီးႏွစ္ေယာက္ကို ငါးေရာင္းေႂကြးရင္း ဘဝကို ရုန္းကန္လာခဲ့သူ။ အေမညိုတို႔နားက ေျပာင္းလာျပီးကတည္းက ကိုယ့္ေသာကနဲ႔ကိုယ္ က်င္လည္ေနရတဲ့တြက္ သတိတရ ရွိေပမယ့္ အေမညို႕ဆီ တစ္ေခါက္မွမေရာက္ျဖစ္ခဲ့ပါဘူး။

အေမညို႕သမီးအႀကီးမ မႏၲေလးတက္သြားရာက အဆက္အသြယ္မရပဲ ေပ်ာက္ဆံုးသြားတဲ့ ေန႔ကစျပီး အေမညို တစ္ေယာက္ သမီးစိတ္နဲ႔ အိပ္ယာထဲ ဗံုးဗုံးလဲခဲ့ရာက ေဆးကုဖို႔ အိမ္တစ္ျခမ္းေရာင္းလိုက္ပီး သားအမိႏွစ္ေယာက္ ဒုကၡေတြနဲ႔ လုံးခ်ာလည္ေနတယ္လို႔ ၾကားရေပမယ့္လည္း ဘာအကူအညီမွ မေပးနိုင္ခဲ့ပါဘူး။

တဲသာသာ အိမ္ေလးေပၚလွမ္းတက္လိုက္တာနဲ႔ပိန္လွီ ေဖ်ာ့ေတာ့ မ်က္တြင္းေဟာက္ပက္နဲ႔ အိပ္ယာေပၚမွာ ပက္လက္ေလး ေနာက္ဆံုးအခ်ိန္ကို ေစာင့္ေနတဲ့ အေမ့ကိုၾကည့္ရင္း ဆို႔နင့္သြားမိပါတယ္။

“အေမညို သြားေတာ့မွာပါလား”

အေမညိုက က်မလက္ကေလးကို အသာဆုပ္ပီးဝမ္းသာ လြန္းလို႔ ထင္ပါရဲ႕ ။မ်က္ရည္ေတြ စီးက်လာပါတယ္။အေမ့ကို ငါဘာနဲ႔ေက်းဇူးဆပ္ရမလည္း ဘဝကူးခါနီး အာရံုအျပဳ မွားရင္ အပါယ္ေလးပါး ေရာက္သြားနိုင္တယ္ေလ…

“အေမ သမီးေျပာတာ အာရံုစူးစိုက္ၿပီး နားေထာင္ေနာ္။အေမ့မ်က္လႊာေလး ခဏမိွတ္ထားအေမ ျပီးေတာ့ စိတ္ကိုျငိမ္ေနေအာင္ထား အခု အေမ့ မ်က္ေစ့ထဲမွာ ဘာေတြျမင္ေနရလည္းဟင္”

“ငါးေတြ ငါးေတြ တဖ်ပ္ဖ်ပ္နဲ႔ ခုန္ေနတယ္။ ေမွာင္ေမွာင္မဲမဲေတြလည္း ေတြ႕ေနရတယ္ သမီး”

“အေမ မႏၲေလးသြားတုန္းက မဟာျမတ္မုနိဘုရားႀကီးကို ဖူးခဲ့ရတယ္ မဟုတ္လား။ အခု ဘုရားမ်က္ႏွာေတာ္ႀကီးကို အာရံုျပုလိုက္အေမေနာ္ အေမ့မ်က္ေစ့ထဲမွာ ဘုရား မ်က္ႏွာေတာ္ႀကီးကို ျမင္ေအာင္ၾကည့္ ေနာ္”

အေမညို႕အာရံုေတြကို ဗုဒၶနိမိတ္နဲ႔ ေျပာင္းလိုက္ရင္း ပန္လာတဲ့ စပယ္ပန္းကုံးေတြကို သူ႔ လက္ထဲ အသာထည့္လိုက္ပါတယ္။

“အေမ မဟာျမတ္မုနိ ဘုရားမ်က္ႏွာႀကီးကို ျမင္ရပီလားဟင္”

“အေမ ျမင္ေနရပီသမီးေလး ေအးခ်မ္းလိုက္တာ သမီးရယ္ မ်က္ႏွာေတာ္ႀကီးကၿပံဳးပီး အေမ့ကို ၾကည့္ေနသလိုပဲ”

ႏႈတ္ခမ္းလႈပ္ရံု ခပ္သဲ့သဲ့ေလး ျပန္ေျပာေနတဲ့အေမ့အသံကို ဂရုတစိုက္ နားေထာင္ေနရင္း “ဟုတ္ပီအေမ ေရာ့ အေမ့လက္ထဲက ပန္းေတြကို ဘုရားကို ကပ္လႈလိုက္ေနာ္”

အေမညိုဟာ က်မေျပာတဲ့အတိုင္း စပယ္ပန္းေတြကို သူ႔လက္ေလးနဲ႔ ဖြဖြေလးကိုင္ လက္ဝါးႏွစ္ဖက္ကို ရင္ဘတ္ေပၚ ပူးယွက္တင္ရင္း ျငိမ္သက္ေနပါတယ္။

“အေမ အေမ့ မ်က္ေစ့ထဲမွာ ဘာေတြျမင္ရလည္း သမီးကို ေျပာျပပါဦးေနာ္”

အေမညို႕ မ်က္ႏွာက တေျဖးေျဖး ျပံဳးေယာင္သမ္းလာပီး ႏႈတ္ခမ္းေလး အသာလႈပ္ရင္း

“လွလိုက္တာ လွလိုက္တာ သမီးရယ္ နတ္သားေတြ နတ္သမီးေတြ အေမ့ကိုလာေခၚေနျကတယ္။ေရႊေရာင္ေတြ တလက္လက္နဲ႔ လွလိုက္တာေလ အေမေပ်ာ္လိုက္တာ သမီးရယ္။အေမ သူတို႔နဲ႔ လိုက္သြားေတာ့မယ္ေနာ္။”

အေမညို ဟာ လက္ထဲက စပယ္ပန္းကုံးေလးကို ဆုပ္ကိုင္ထားရင္း တေျဖးေျဖး ျငိမ္သက္သြားျပီး ဘဝတစ္ပါးကို ျငင္သာစြာ ကူးေျပာင္းသြားခဲ့ပါေတာ့တယ္။ သုံးရက္ထားေပမယ့္ အသားအရည္က ဝါဝင္းေနျပီး ေျခလက္ေတြက ေသတယ္လို႔ မထင္ရေအာင္ ေပ်ာ့ေပ်ာင္းေနပါတယ္ ေခါင္းထဲထည့္တဲ့ထိ ဘာအနံ႔အသက္မွမရိွပဲ အေမေသပန္းပြင့္ခဲ့ပါျပီ။

“အေမညို မေသေတာ့ပါဘူး အေမ့ရဲ႕ ပဝတၱိကုသိုလ္ကံက နတ္ျပည္ကို ပို႔ေဆာင္နိုင္ခဲ့ပါျပီေကာအေမ”

အကယ္၍သာ မဟာျမတ္မုနိရွင္ေတာ္ျမတ္ႀကီးကို အာရံုျပုပီး စပယ္ပန္းေတြသာ မလႈျဖစ္ခဲ့ရင္အေမညိုဟာ တဖ်ပ္ ဖ်ပ္ခုန္ေနတဲ့ ငါးေတြနဲ႔အတူ ရွိေနေတာ့မွာ အမွန္ပါပဲ။

“ခ်စ္သားတို႔ ျပဳခဲ့ျပီးေသာ အကုသိုလ္ေတြကို ဘယ္ခါမွ ျပန္အမွတ္မရေစနဲ႔ မိမိျပဳ ခဲ့ေသာ ကုသိုလ္ကမၼပထတို႔ကိုသာ အဖန္တလဲလဲ ပြါးမ်ား ေအာက္ေမ့ဆင္ျခင္ေလာ့”

“ဗုေဒၶါ ေမ သရဏံ အညံ နတၳိ ပါဘုရား”

အကာလိေကာ အခါမလင့္ အက်ဳိးေပးသည့္ ျမတ္ဓမၼေတြကို ေဟာေဖာ္ညႊန္ျပေတာ္မူခဲ့ေသာအႏႈိင္းမဲ့ ေက်းဇူးရွင္ ဗုဒၶရွင္ေတာ္ျမတ္ႀကီးအားတပည့္ေတာ္ ရိုေသျမတ္နိုးစြာ ရွိခိုးပါ၏ဘုရား။

Credit : May Hninsi Khin

(Unicode Version)

ဗုဒ္ဓ နမိတ်ကြောင့် ဘဝကူး ကောင်းခဲ့သည့် အမေညို (သို့မဟုတ်) အမေညို မသေပါ

ဒေါ်ညို တစ်ယောက် မရတော့ဘူးတဲ့ ဆေးရုံက တောင် ပြန်သယ်လာပီ အသဲကင်ဆာဆိုလား။

ကလေးဘဝက သူတို့ ခြံဝိုင်းထဲမှာသွားဆော့တိုင်း သမီး သမီးနဲ့ မုန့်အမြဲကြွေးနကျ အမေညိုက ဘဝကြမ်းတမ်း သူမို့ အပြောဆိုးသလောက် စိတ်ရင်းဖြူ စင်တယ်။ ခင်ပွန်းဆုံးပါးသွားပြီးကတည်းက သမီးနှစ်ယောက်ကို ငါးရောင်းကြွေးရင်း ဘဝကို ရုန်းကန်လာခဲ့သူ။ အမေညိုတို့နားက ပြောင်းလာပြီးကတည်းက ကိုယ့်သောကနဲ့ကိုယ် ကျင်လည်နေရတဲ့တွက် သတိတရ ရှိပေမယ့် အမေညို့ဆီ တစ်ခေါက်မှမရောက်ဖြစ်ခဲ့ပါဘူး။

အမေညို့သမီးအကြီးမ မန္တလေးတက်သွားရာက အဆက်အသွယ်မရပဲ ပျောက်ဆုံးသွားတဲ့ နေ့ကစပြီး အမေညို တစ်ယောက် သမီးစိတ်နဲ့ အိပ်ယာထဲ ဗုံးဗုံးလဲခဲ့ရာက ဆေးကုဖို့ အိမ်တစ်ခြမ်းရောင်းလိုက်ပီး သားအမိနှစ်ယောက် ဒုက္ခတွေနဲ့ လုံးချာလည်နေတယ်လို့ ကြားရပေမယ့်လည်း ဘာအကူအညီမှ မပေးနိုင်ခဲ့ပါဘူး။

တဲသာသာ အိမ်လေးပေါ်လှမ်းတက်လိုက်တာနဲ့ပိန်လှီ ဖျော့တော့ မျက်တွင်းဟောက်ပက်နဲ့ အိပ်ယာပေါ်မှာ ပက်လက်လေး နောက်ဆုံးအချိန်ကို စောင့်နေတဲ့ အမေ့ကိုကြည့်ရင်း ဆို့နင့်သွားမိပါတယ်။

“အမေညို သွားတော့မှာပါလား”

အမေညိုက ကျမလက်ကလေးကို အသာဆုပ်ပီးဝမ်းသာ လွန်းလို့ ထင်ပါရဲ့ ။မျက်ရည်တွေ စီးကျလာပါတယ်။အမေ့ကို ငါဘာနဲ့ကျေးဇူးဆပ်ရမလည်း ဘဝကူးခါနီး အာရုံအပြု မှားရင် အပါယ်လေးပါး ရောက်သွားနိုင်တယ်လေ…

“အမေ သမီးပြောတာ အာရုံစူးစိုက်ပြီး နားထောင်နော်။အမေ့မျက်လွှာလေး ခဏမှိတ်ထားအမေ ပြီးတော့ စိတ်ကိုငြိမ်နေအောင်ထား အခု အမေ့ မျက်စေ့ထဲမှာ ဘာတွေမြင်နေရလည်းဟင်”

“ငါးတွေ ငါးတွေ တဖျပ်ဖျပ်နဲ့ ခုန်နေတယ်။ မှောင်မှောင်မဲမဲတွေလည်း တွေ့နေရတယ် သမီး”

“အမေ မန္တလေးသွားတုန်းက မဟာမြတ်မုနိဘုရားကြီးကို ဖူးခဲ့ရတယ် မဟုတ်လား။ အခု ဘုရားမျက်နှာတော်ကြီးကို အာရုံပြုလိုက်အမေနော် အမေ့မျက်စေ့ထဲမှာ ဘုရား မျက်နှာတော်ကြီးကို မြင်အောင်ကြည့် နော်”

အမေညို့အာရုံတွေကို ဗုဒ္ဓနိမိတ်နဲ့ ပြောင်းလိုက်ရင်း ပန်လာတဲ့ စပယ်ပန်းကုံးတွေကို သူ့ လက်ထဲ အသာထည့်လိုက်ပါတယ်။

“အမေ မဟာမြတ်မုနိ ဘုရားမျက်နှာကြီးကို မြင်ရပီလားဟင်”

“အမေ မြင်နေရပီသမီးလေး အေးချမ်းလိုက်တာ သမီးရယ် မျက်နှာတော်ကြီးကပြုံးပီး အမေ့ကို ကြည့်နေသလိုပဲ”

နှုတ်ခမ်းလှုပ်ရုံ ခပ်သဲ့သဲ့လေး ပြန်ပြောနေတဲ့အမေ့အသံကို ဂရုတစိုက် နားထောင်နေရင်း “ဟုတ်ပီအမေ ရော့ အမေ့လက်ထဲက ပန်းတွေကို ဘုရားကို ကပ်လှုလိုက်နော်”

အမေညိုဟာ ကျမပြောတဲ့အတိုင်း စပယ်ပန်းတွေကို သူ့လက်လေးနဲ့ ဖွဖွလေးကိုင် လက်ဝါးနှစ်ဖက်ကို ရင်ဘတ်ပေါ် ပူးယှက်တင်ရင်း ငြိမ်သက်နေပါတယ်။

“အမေ အမေ့ မျက်စေ့ထဲမှာ ဘာတွေမြင်ရလည်း သမီးကို ပြောပြပါဦးနော်”

အမေညို့ မျက်နှာက တဖြေးဖြေး ပြုံးယောင်သမ်းလာပီး နှုတ်ခမ်းလေး အသာလှုပ်ရင်း

“လှလိုက်တာ လှလိုက်တာ သမီးရယ် နတ်သားတွေ နတ်သမီးတွေ အမေ့ကိုလာခေါ်နေကြတယ်။ရွှေရောင်တွေ တလက်လက်နဲ့ လှလိုက်တာလေ အမေပျော်လိုက်တာ သမီးရယ်။အမေ သူတို့နဲ့ လိုက်သွားတော့မယ်နော်။”

အမေညို ဟာ လက်ထဲက စပယ်ပန်းကုံးလေးကို ဆုပ်ကိုင်ထားရင်း တဖြေးဖြေး ငြိမ်သက်သွားပြီး ဘဝတစ်ပါးကို ငြင်သာစွာ ကူးပြောင်းသွားခဲ့ပါတော့တယ်။ သုံးရက်ထားပေမယ့် အသားအရည်က ဝါဝင်းနေပြီး ခြေလက်တွေက သေတယ်လို့ မထင်ရအောင် ပျော့ပျောင်းနေပါတယ် ခေါင်းထဲထည့်တဲ့ထိ ဘာအနံ့အသက်မှမရှိပဲ အမေသေပန်းပွင့်ခဲ့ပါပြီ။

“အမေညို မသေတော့ပါဘူး အမေ့ရဲ့ ပဝတ္တိကုသိုလ်ကံက နတ်ပြည်ကို ပို့ဆောင်နိုင်ခဲ့ပါပြီကောအမေ”

အကယ်၍သာ မဟာမြတ်မုနိရှင်တော်မြတ်ကြီးကို အာရုံပြုပီး စပယ်ပန်းတွေသာ မလှုဖြစ်ခဲ့ရင်အမေညိုဟာ တဖျပ် ဖျပ်ခုန်နေတဲ့ ငါးတွေနဲ့အတူ ရှိနေတော့မှာ အမှန်ပါပဲ။

“ချစ်သားတို့ ပြုခဲ့ပြီးသော အကုသိုလ်တွေကို ဘယ်ခါမှ ပြန်အမှတ်မရစေနဲ့ မိမိပြု ခဲ့သော ကုသိုလ်ကမ္မပထတို့ကိုသာ အဖန်တလဲလဲ ပွါးများ အောက်မေ့ဆင်ခြင်လော့”

“ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ပါဘုရား”

အကာလိကော အခါမလင့် အကျိုးပေးသည့် မြတ်ဓမ္မတွေကို ဟောဖော်ညွှန်ပြတော်မူခဲ့သောအနှိုင်းမဲ့ ကျေးဇူးရှင် ဗုဒ္ဓရှင်တော်မြတ်ကြီးအားတပည့်တော် ရိုသေမြတ်နိုးစွာ ရှိခိုးပါ၏ဘုရား။

Credit : May Hninsi Khin

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္