ေဆာင္းရာသီမွာ မ်ားမ်ား စားသုံးေပးသင့္တဲ့ အစားအစာမ်ား

ေဆာင္းရာသီရဲ႕ ေအးစိမ့္စိမ့္ ရာသီဥတုေၾကာင့္ အမ်ားစုဟာ ေရေသာက္နည္းၾကသလို ကိုယ္လက္လႈပ္ရွားမႈ နည္းပါးတာေၾကာင့္ ေသြးလွည့္ပတ္မႈေႏွးၿပီး အစာေျခဖ်က္ရခက္တဲ့ က်န္းမာေရးျပႆနာေတြ ျဖစ္ေပၚတတ္ၾကပါတယ္။

ဒီလိုမ်ိဳး က်န္းမာေရးျပႆနာေတြ မျဖစ္ေပၚရေအာင္ ေဆာင္းရာသီမွာ မ်ားမ်ားစားသုံးေပးသင့္တဲ့ အစားအစာေတြကို ဧရာဝတီ စာဖတ္ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သလဲသီး

သလဲသီးဟာ တျခား အသီးအႏွံေတြထက္ antioxidant ႂကြယ္ဝစြ ာပါဝင္တာေၾကာင့္ ႏွလုံးက်န္းမာေရးကို အထူးေကာင္းမြန္ေစပါတယ္။ ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ ကိုလက္စထေရာ ပမာဏကို က်ေစႏိုင္ၿပီး ေသြးအားနည္းသူေတြအတြက္ အထူး သင့္ေတာ္တဲ့ အသီးအႏွံတမ်ိဳး ျဖစ္ပါတယ္။

(၂) အခ်ဥ္ဓာတ္ ပါတဲ့ အသီးအႏွံမ်ား

သံပုရာ၊ လီမြန္နဲ႔ လိေမၼာ္သီးေတြမွာ ပါဝင္တဲ့ ဗီတာမင္စီဓာတ္ဟာ ရာသီ အကူးအေျပာင္းမွာ ျဖစ္တတ္တဲ့ အေအးမိ ဖ်ားနာျခင္းေတြကို ကာကြယ္ေပးႏိုင္တာေၾကာင့္ ေဆာင္းရာသီမွာ မ်ားမ်ားစားသုံးေပးသင့္ပါတယ္။

(၃) ဟင္းခတ္ အေမႊးအႀကိဳင္မ်ား

ဟင္းလ်ာခ်က္ျပဳတ္ရာမွာ ထည့္သြင္း အသုံးျပဳၾကတဲ့ င႐ုတ္ေကာင္း၊ နႏြင္း၊ ဂ်င္း၊ ၾကက္သြန္၊ သစ္ၾကပိုးေခါက္မႈန႔္၊ ဇီရာ၊ ကရေဝး အစရွိတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို စားသုံးေပးျခင္းဟာ ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစတာေၾကာင့္ ေဆာင္းရာသီမွာ မ်ားမ်ား စားသုံးေပးသင့္ပါတယ္။

(၄) အရည္မ်ား

ေဆာင္းရာသီမွာ တိုက္ခတ္တဲ့ ေလေအးေတြဟာ အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။ ေအးစိမ့္တဲ့ ရာသီဥတုေၾကာင့္ ေရမ်ားမ်ား ေသာက္ဖို႔ကိုလည္း ေမ့ေလ်ာ့ေနတတ္တာေၾကာင့္ ခႏၶာကိုယ္ ေရဓာတ္ မခမ္းေျခာက္ရေအာင္ အသီးေဖ်ာ္ရည္၊ လက္ဖက္ရည္ၾကမ္းနဲ႔ ေရတို႔ကို မ်ားမ်ားေသာက္သုံးေပးသင့္ပါတယ္။

(၅) အခြံမာသီးနဲ႔ အေစ့အဆန္မ်ား

အခြံမာသီးေတြနဲ႔ အေစ့အဆန္ေတြ စားသုံးေပးျခင္းဟာ ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစတဲ့အျပင္ ခႏၶာကိုယ္ အပူခ်ိန္ကိုလည္း မွ်တေစပါတယ္။ ေဆာင္းရာသီမွာ ရာသီဥတုေၾကာင့္ အစာမေၾကတာမ်ိဳးေတြအတြက္ေတာ့ အခြံမာသီးေတြနဲ႔ အေစ့အဆန္ေတြ စားသုံးေပးျခင္းက အေထာက္အကူ ျဖစ္ေစပါတယ္။

Credit : Irrawaddy

(Unicode Version)

ဆောင်းရာသီမှာ များများ စားသုံးပေးသင့်တဲ့ အစားအစာများ

ဆောင်းရာသီရဲ့ အေးစိမ့်စိမ့် ရာသီဥတုကြောင့် အများစုဟာ ရေသောက်နည်းကြသလို ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာကြောင့် သွေးလှည့်ပတ်မှုနှေးပြီး အစာခြေဖျက်ရခက်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်တတ်ကြပါတယ်။

ဒီလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်ရအောင် ဆောင်းရာသီမှာ များများစားသုံးပေးသင့်တဲ့ အစားအစာတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) သလဲသီး

သလဲသီးဟာ တခြား အသီးအနှံတွေထက် antioxidant ကြွယ်ဝစွ ာပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရော ပမာဏကို ကျစေနိုင်ပြီး သွေးအားနည်းသူတွေအတွက် အထူး သင့်တော်တဲ့ အသီးအနှံတမျိုး ဖြစ်ပါတယ်။

(၂) အချဉ်ဓာတ် ပါတဲ့ အသီးအနှံများ

သံပုရာ၊ လီမွန်နဲ့ လိမ္မော်သီးတွေမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ရာသီ အကူးအပြောင်းမှာ ဖြစ်တတ်တဲ့ အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် ဆောင်းရာသီမှာ များများစားသုံးပေးသင့်ပါတယ်။

(၃) ဟင်းခတ် အမွှေးအကြိုင်များ

ဟင်းလျာချက်ပြုတ်ရာမှာ ထည့်သွင်း အသုံးပြုကြတဲ့ ငရုတ်ကောင်း၊ နနွင်း၊ ဂျင်း၊ ကြက်သွန်၊ သစ်ကြပိုးခေါက်မှုန့်၊ ဇီရာ၊ ကရဝေး အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားသုံးပေးခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဆောင်းရာသီမှာ များများ စားသုံးပေးသင့်ပါတယ်။

(၄) အရည်များ

ဆောင်းရာသီမှာ တိုက်ခတ်တဲ့ လေအေးတွေဟာ အသားအရေကို ခြောက်သွေ့စေပါတယ်။ အေးစိမ့်တဲ့ ရာသီဥတုကြောင့် ရေများများ သောက်ဖို့ကိုလည်း မေ့လျော့နေတတ်တာကြောင့် ခန္ဓာကိုယ် ရေဓာတ် မခမ်းခြောက်ရအောင် အသီးဖျော်ရည်၊ လက်ဖက်ရည်ကြမ်းနဲ့ ရေတို့ကို များများသောက်သုံးပေးသင့်ပါတယ်။

(၅) အခွံမာသီးနဲ့ အစေ့အဆန်များ

အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ စားသုံးပေးခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ် အပူချိန်ကိုလည်း မျှတစေပါတယ်။ ဆောင်းရာသီမှာ ရာသီဥတုကြောင့် အစာမကြေတာမျိုးတွေအတွက်တော့ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ စားသုံးပေးခြင်းက အထောက်အကူ ဖြစ်စေပါတယ်။

Credit : Irrawaddy

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္