ယခုလ ထီ ကျပ်​သိန်းတစ်​​သောင်းဆုရှင်​ ယ​နေ့ ကွယ်​လွန်
တောင်​ငူ၊ ဒီဇင်​ဘာ ၆
ဓာတ်​ပုံ-ကို​အောင်
Source : The Voice Daily
(Unicode Version)
ဝေါဒေသခံ ကျပ်သိန်းတစ်သောင်းဆုရှင် ယနေ့ကွယ်လွန်
တောင်ငူ၊ ဒီဇင်ဘာ ၆
ပြီးခဲ့သည့်၂၁ ကြိမ်မြောက် အောင်ဘာလေသိန်းထီ အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀၀ ကို ဝေါဒေသခံ အသက် ၈၈ နှစ်အရွယ် ဦးကျင်ရိန်က ဆွတ်ခူးခဲ့ပြီး ၆ ရက်အကြာ ယနေ့(ဒီဇင်ဘာ ၆)နံနက်၂ နာရီခန့်က ချမ်းမြသာစည်ရပ်ကွက် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။
“လူကြီးရောဂါနဲ့ဆုံးပါးသွားတာလို့ သိရပါတယ်။ အောင်ဘာလေသိန်းသောင်းဆုကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ယူပြီးပြီလို့သိရတယ်။ သားသမီးခြောက်ယောက် ကျန်ခဲ့တယ်။ ကျွန်တော်တို့မနက်ကပဲ နာရေးအိမ် ရောက်ခဲ့ပြီးပြီ”ဟု မြို့ခံအမျိုးသားတစ်ဦးကပြောကြားသည်။
၂၀ ကြိမ်မြောက်နှင့်၂၁ ကြိမ်မြောက် အောင်ဘာလေ သိန်းထီ ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးဒေသ အသက် ၇၀ ကျော်အရွယ် အမျိုးသားနှစ်ဦးက ဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကာ ယခုကွယ်လွန်ဆုံးပါးခဲ့သည့် ဦးကျင်ရိန်သည် အငြိမ်းစားတပ်မတော်သားတစ်ဦးဖြစ်ပြီး ထီပေါက်သည်ကို ထီဖွင့်ပြီးနောက် တစ်ရက်မှ သိရှိခဲ့ခြင်းဖြစ်သည်။ (R-15)
ဓာတ်ပုံ-ကိုအောင်
Source : The Voice Daily
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်