ထားသြားတဲ့ခင္ပြန္းကို နာက်င္ခံခက္ေအာင္လုပ္ႏုိင္ခဲ့တဲ့ မိန္းမတစ္ေယာက္ရဲ႕ေပးစာ

မိန္းမေရ…

ဒီစာေရးရတဲ့အေၾကာင္းရင္းကေတာ့ ငါမင္းကို တစ္ဘဝလံုးစာအတြက္ ခြဲခြာသြားၿပီဆိုတာ ေျပာခ်င္လို႔ပါပဲ။ ငါမင္းအတြက္ ခင္ပြန္းေကာင္းတစ္ေယာက္အျဖစ္ ၇ႏွစ္ၾကာေအာင္ ေနလာေပးခဲ့တယ္ဆိုတာ သက္ေသျပစရာေတာင္ မလိုပါဘူး။ လြန္ခဲ့တဲ့ ၂ပတ္ေလာက္ကတည္းက မင္းရဲ႕ခင္ပြန္းအျဖစ္ေနေနရတာ ငါ့အတြက္ငရဲက်ေနသလိုပဲ။ မင္းသိလား… မင္းအလုပ္ရွင္က ငါ့ဆီဖုန္းဆက္တယ္၊ မင္းရုတ္တရက္အလုပ္ထြက္သြားတယ္တဲ့။

ဟိုအရင္တစ္ရက္ကလည္း မင္းအိမ္ျပန္လာၿပီး ငါ့ကိုေတြ႔တာေတာင္ ငါဆံပင္ညွပ္ၿပီးပံုစံအသစ္ေျပာင္းထားမွန္း မင္းသတိေတာင္ မထားမိခဲ့ဘူးမဟုတ္လား။ ၿပီးေတာ့ မင္းအႀကိဳက္ဆံုးဟင္းခ်က္ၿပီး ညစာျပင္ေပးထားတာကိုလည္း မင္းသတိမထားခဲ့မိဘူးေလ။ ၂မိနစ္ေလာက္ပဲ ထမင္းစားၿပီး အခန္းထဲတန္းဝင္သြားတယ္။ ၿပီးေတာ့ ခ်က္ခ်င္းအိပ္ေပ်ာ္သြားတယ္။

ငါ့ကုိခ်စ္တဲ့အေၾကာင္းေတြလဲ မေျပာတာၾကာၿပီ၊ ၿပီးေတာ့ ငါတို႔ႏွစ္ေယာက္အၾကားမွာ လင္ရယ္၊ မယားရယ္လို႔ ပတ္သတ္ဆက္ႏြယ္မႈေတြ၊ ရင္းႏွီးမႈေတြမရွိေတာ့ဘူးေလ။ ဒီေတာ့ မင္းဖာသာမင္း ငါ့ကိုမခ်စ္ေတာ့တာျဖစ္ျဖစ္၊ ေနာက္ထပ္ခ်စ္ရမယ့္သူေတြ႔ေနတာပဲျဖစ္ျဖစ္ ငါစိတ္မဝင္စားေတာ့ဘူး။ ငါႏႈတ္ဆက္ခဲ့ပါတယ္။

မင္းရဲ႕ ခင္ပြန္းေဟာင္း

စာၾကြင္း ။ ။ ငါ့ကို လုိက္မရွာပါနဲ႔ေတာ့။ ငါ မင္းညီမနဲ႔အတူ ေအးခ်မ္းတဲ့ၿမိဳ႕ေလးတစ္ၿမိဳ႕ကို ထြက္သြားၿပီ။ မင္းဘဝသာယာပါေစကြာ။
ခ်စ္လွစြာေသာ ခင္ပြန္းေဟာင္းႀကီးေရ…

ရွင့္ဆီကႏႈတ္ဆက္စာကို ရလိုက္တာေလာက္ ကၽြန္မဘဝမွာေပ်ာ္စရာေကာင္းတဲ့အရာ မရွိခဲ့ဘူးသိလား။ ရွင္နဲ႔ ကၽြန္မလက္ထပ္ခဲ့တာ ၇ႏွစ္ရွိၿပီဆိုတာေတာ့မွန္ပါတယ္။ ဒါေပမဲ့ ရွင္ေျပာတဲ့ “ခင္ပြန္းေကာင္း”ဆိုတာ ရွင္နဲ႔ ဘာမွမဆိုင္သလိုပါပဲ။ ရွင္ဆံပင္ညွပ္လာတာကို ကၽြန္မသတိထားမိတာေပါ့။ ရွင့္ဆံပင္ပံုစံအသစ္နဲ႔ဆို ရွင္က မိန္းမႀကီးက်ေနတာပဲ။ ကၽြန္မတစ္ခုခုေျပာေတာ့မလို႔ပါ။ ဒါေပမဲ့ ကၽြန္မအေမမွာထားတဲ့စကားေလး သြားသတိရမိတယ္။ စကားေကာင္းမေျပာႏုိင္ရင္ တစ္လံုးမွမေျပာဘဲေနလိုက္တာ အေကာင္းဆံုးပဲတဲ့။ ဒါေၾကာင့္ ကၽြန္မရွင့္ကို ဘာမွမေျပာေတာ့တာပါ။

ကၽြန္မႀကိဳက္တဲ့ဟင္းကို ခ်က္ထားေပးတယ္ဆိုလို႔ေျပာရဦးမယ္။ ရွင္ခ်က္ေပးတာ ဝက္သားဟင္းေလ။ ကၽြန္မဝက္သားမစားတာ ရွင္နဲ႔ရၿပီးကတည္းက အခုထိဆို ၇ႏွစ္ေတာင္ရွိၿပီ။ ၾကည့္ရတာ ရွင္ ကၽြန္မႀကိဳက္တဲ့ဟင္းနဲ႔ ကၽြန္မညီမႀကိဳက္တဲ့ဟင္းကို အမွတ္မွားေနတယ္ထင္တယ္။ ရွင္ရဲ႕ မူမမွန္တာေတြကိုလည္း ကၽြန္မသိေနတယ္၊ ဒါေပမဲ့ သံေယာဇဥ္လက္က်န္ေလးနဲ႔ အဆင္ေျပေအာင္ ျပန္လည္ညိွႏိႈင္းၿပီး ျပင္ဆင္လို႔ရမယ္လို႔ ထင္ခဲ့တယ္။

ကၽြန္မအလုပ္ထြက္တာကေရာ ဘာလို႔လဲသိလား၊ ကၽြန္မ သိန္းတစ္ေသာင္းထီေပါက္တယ္ေလ။ အဲဒါေၾကာင့္ ကၽြန္မအလုပ္ထြက္လိုက္တာေပါ့။ ၿပီးေတာ့ ရွင္နဲ႔အတူတူ ေမာ္လ္ဒိုက္ကၽြန္းကို အပန္းေျဖသြားမယ္ဆိုၿပီး travel and tour ကုမၸဏီမွာ ႏွစ္ေယာက္စာေငြေတာင္ သြင္းခဲ့ၿပီ။ ဒါေပမဲ့ ကၽြန္မအိမ္ျပန္ေရာက္ေတာ့ ရွင္ကထြက္သြားခဲ့ၿပီေလ။

ထားပါေတာ့။ အရာအားလံုးဟာ ျဖစ္ခ်ိန္တန္လို႔ သူ႔အေၾကာင္းနဲ႔သူျဖစ္လာတာလို႔ပဲ မွတ္ယူလိုက္ပါမယ္။ ရွင္ေရြးခ်ယ္သြားတဲ့ဘဝမွာ ရွင္ေနေပ်ာ္ဖို႔ ကၽြန္မေမွ်ာ္လင့္ပါတယ္။ ရွင္ေပးသြားတဲ့စာေလးကိုေတာ့ သိမ္းထားလိုက္ဦးမယ္၊ ကၽြန္မေရွ႕ေနက ဒီစာေလးေၾကာင့္ ရွင္ကၽြန္မရဲ႕ ပိုင္ဆိုင္မႈေတြဆီက ဘာေဝစုမွမရႏိုင္ေတာ့ဘူးလို႔ ေျပာတယ္။ ဒါေၾကာင့္ ရွင့္ဘဝရွင္ပဲ ဖန္တီးေပေတာ့။ က်န္းမာေရးလည္း ဂရုစိုက္ဦးေနာ္။

လြတ္လပ္ခ်မ္းသာတဲ့ ဘဝသစ္နဲ႔ ရွင့္ရဲ႕ ဇနီးေဟာင္း

Source : ဂႏၳဝင္မဂၢဇင္း

ထားသွားတဲ့ခင်ပွန်းကို နာကျင်ခံခက်အောင်လုပ်နိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ပေးစာ

မိန်းမရေ…

ဒီစာရေးရတဲ့အကြောင်းရင်းကတော့ ငါမင်းကို တစ်ဘဝလုံးစာအတွက် ခွဲခွာသွားပြီဆိုတာ ပြောချင်လို့ပါပဲ။ ငါမင်းအတွက် ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ရနှစ်ကြာအောင် နေလာပေးခဲ့တယ်ဆိုတာ သက်သေပြစရာတောင် မလိုပါဘူး။ လွန်ခဲ့တဲ့ ၂ပတ်လောက်ကတည်းက မင်းရဲ့ခင်ပွန်းအဖြစ်နေနေရတာ ငါ့အတွက်ငရဲကျနေသလိုပဲ။ မင်းသိလား… မင်းအလုပ်ရှင်က ငါ့ဆီဖုန်းဆက်တယ်၊ မင်းရုတ်တရက်အလုပ်ထွက်သွားတယ်တဲ့။

ဟိုအရင်တစ်ရက်ကလည်း မင်းအိမ်ပြန်လာပြီး ငါ့ကိုတွေ့တာတောင် ငါဆံပင်ညှပ်ပြီးပုံစံအသစ်ပြောင်းထားမှန်း မင်းသတိတောင် မထားမိခဲ့ဘူးမဟုတ်လား။ ပြီးတော့ မင်းအကြိုက်ဆုံးဟင်းချက်ပြီး ညစာပြင်ပေးထားတာကိုလည်း မင်းသတိမထားခဲ့မိဘူးလေ။ ၂မိနစ်လောက်ပဲ ထမင်းစားပြီး အခန်းထဲတန်းဝင်သွားတယ်။ ပြီးတော့ ချက်ချင်းအိပ်ပျော်သွားတယ်။

ငါ့ကိုချစ်တဲ့အကြောင်းတွေလဲ မပြောတာကြာပြီ၊ ပြီးတော့ ငါတို့နှစ်ယောက်အကြားမှာ လင်ရယ်၊ မယားရယ်လို့ ပတ်သတ်ဆက်နွယ်မှုတွေ၊ ရင်းနှီးမှုတွေမရှိတော့ဘူးလေ။ ဒီတော့ မင်းဖာသာမင်း ငါ့ကိုမချစ်တော့တာဖြစ်ဖြစ်၊ နောက်ထပ်ချစ်ရမယ့်သူတွေ့နေတာပဲဖြစ်ဖြစ် ငါစိတ်မဝင်စားတော့ဘူး။ ငါနှုတ်ဆက်ခဲ့ပါတယ်။

မင်းရဲ့ ခင်ပွန်းဟောင်း

စာကြွင်း ။ ။ ငါ့ကို လိုက်မရှာပါနဲ့တော့။ ငါ မင်းညီမနဲ့အတူ အေးချမ်းတဲ့မြို့လေးတစ်မြို့ကို ထွက်သွားပြီ။ မင်းဘဝသာယာပါစေကွာ။
ချစ်လှစွာသော ခင်ပွန်းဟောင်းကြီးရေ…

ရှင့်ဆီကနှုတ်ဆက်စာကို ရလိုက်တာလောက် ကျွန်မဘဝမှာပျော်စရာကောင်းတဲ့အရာ မရှိခဲ့ဘူးသိလား။ ရှင်နဲ့ ကျွန်မလက်ထပ်ခဲ့တာ ရနှစ်ရှိပြီဆိုတာတော့မှန်ပါတယ်။ ဒါပေမဲ့ ရှင်ပြောတဲ့ “ခင်ပွန်းကောင်း”ဆိုတာ ရှင်နဲ့ ဘာမှမဆိုင်သလိုပါပဲ။ ရှင်ဆံပင်ညှပ်လာတာကို ကျွန်မသတိထားမိတာပေါ့။ ရှင့်ဆံပင်ပုံစံအသစ်နဲ့ဆို ရှင်က မိန်းမကြီးကျနေတာပဲ။ ကျွန်မတစ်ခုခုပြောတော့မလို့ပါ။ ဒါပေမဲ့ ကျွန်မအမေမှာထားတဲ့စကားလေး သွားသတိရမိတယ်။ စကားကောင်းမပြောနိုင်ရင် တစ်လုံးမှမပြောဘဲနေလိုက်တာ အကောင်းဆုံးပဲတဲ့။ ဒါကြောင့် ကျွန်မရှင့်ကို ဘာမှမပြောတော့တာပါ။

ကျွန်မကြိုက်တဲ့ဟင်းကို ချက်ထားပေးတယ်ဆိုလို့ပြောရဦးမယ်။ ရှင်ချက်ပေးတာ ဝက်သားဟင်းလေ။ ကျွန်မဝက်သားမစားတာ ရှင်နဲ့ရပြီးကတည်းက အခုထိဆို ရနှစ်တောင်ရှိပြီ။ ကြည့်ရတာ ရှင် ကျွန်မကြိုက်တဲ့ဟင်းနဲ့ ကျွန်မညီမကြိုက်တဲ့ဟင်းကို အမှတ်မှားနေတယ်ထင်တယ်။ ရှင်ရဲ့ မူမမှန်တာတွေကိုလည်း ကျွန်မသိနေတယ်၊ ဒါပေမဲ့ သံယောဇဉ်လက်ကျန်လေးနဲ့ အဆင်ပြေအောင် ပြန်လည်ညှိနှိုင်းပြီး ပြင်ဆင်လို့ရမယ်လို့ ထင်ခဲ့တယ်။

ကျွန်မအလုပ်ထွက်တာကရော ဘာလို့လဲသိလား၊ ကျွန်မ သိန်းတစ်သောင်းထီပေါက်တယ်လေ။ အဲဒါကြောင့် ကျွန်မအလုပ်ထွက်လိုက်တာပေါ့။ ပြီးတော့ ရှင်နဲ့အတူတူ မော်လ်ဒိုက်ကျွန်းကို အပန်းဖြေသွားမယ်ဆိုပြီး travel and tour ကုမ္ပဏီမှာ နှစ်ယောက်စာငွေတောင် သွင်းခဲ့ပြီ။ ဒါပေမဲ့ ကျွန်မအိမ်ပြန်ရောက်တော့ ရှင်ကထွက်သွားခဲ့ပြီလေ။

ထားပါတော့။ အရာအားလုံးဟာ ဖြစ်ချိန်တန်လို့ သူ့အကြောင်းနဲ့သူဖြစ်လာတာလို့ပဲ မှတ်ယူလိုက်ပါမယ်။ ရှင်ရွေးချယ်သွားတဲ့ဘဝမှာ ရှင်နေပျော်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ ရှင်ပေးသွားတဲ့စာလေးကိုတော့ သိမ်းထားလိုက်ဦးမယ်၊ ကျွန်မရှေ့နေက ဒီစာလေးကြောင့် ရှင်ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေဆီက ဘာဝေစုမှမရနိုင်တော့ဘူးလို့ ပြောတယ်။ ဒါကြောင့် ရှင့်ဘဝရှင်ပဲ ဖန်တီးပေတော့။ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်။

လွတ်လပ်ချမ်းသာတဲ့ ဘဝသစ်နဲ့ ရှင့်ရဲ့ ဇနီးဟောင်း

Source : ဂန္ထဝင်မဂ္ဂဇင်း