WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ထန္းရည္အခ်ိဳရဲ႕က်န္းမာေရး ေကာင္းက်ိဳးမ်ား

Posted on February 5, 2019 by whuk-46651

ထန္းရည္အခ်ိဳက ခ်ိဳၿပီး အရသာလည္း ရွိတဲ့ သဘာဝထန္းပင္ကေနရတဲ့ ဝိုင္တစ္မ်ိဳးေပါ့ေနာ္။ ကမာၻေပၚမွာလည္း နာမည္ႀကီးတဲ့ ေသာက္စရာ တစ္မ်ိဳးပါ။ အေနာက္ အာဖရိက၊ အာဖရိက အလယ္ပိုင္း၊ အာရွ၊ ေတာင္အေမရိက စတဲ့ႏိုင္ငံေတြမွာ ထန္းရည္အခ်ိဳကို ေသာက္သံုးၾကပါတယ္။

ကင္ဆာ ေရာဂါကို တိုက္ဖ်က္ေပး

ထန္းရည္အခ်ိဳမွာ ဗီတာမင္ B2 လုိ႔ လူသိမ်ားၾကတဲ့ Riboflavin ဓာတ္ပါဝင္ေနပါတယ္။ ဒီဓာတ္က Antioxidant တစ္မ်ိဳးျဖစ္တာေၾကာင့္ Free Radicals ေတြကို တိုက္ဖ်က္ေပးပါတယ္။ သာမန္ ထန္းရည္အခ်ိဳကို အသင့္အတင့္ေသာက္သံုးေပးရင္ ခႏၶာကိုယ္က လိုအပ္တဲ့ ဗီတာမင္ B2 ဓာတ္ကို ျဖည့္တင္းေပးႏိုင္ပါတယ္။

အျမင္အားကို ေကာင္းေစ

ထန္းရည္မွာ Antioxidant၊ ဗီတာမင္ စီဓာတ္ပါဝင္တာေၾကာင့္ မ်က္စိအျမင္အားကို ေကာင္းေစပါတယ္။ အဲ့ဒီအျပင္ ဗီတာမင္ B1 (Thiamine) ဓာတ္လည္းပါဝင္တာေၾကာင့္ မ်က္စိအျမင္ကို ျမွင့္တင္ေပးပါတယ္။

အသားအေရ၊ ဆံသားနဲ႔လက္သည္း က်န္းမာေရးကို ျမင့္တင္ေပး

ထန္းရည္မွာ သံဓာတ္၊ ဗီတာမင္ B Complex ေတြပါဝင္တာေၾကာင့္ အသားအေရ၊ ဆံသားနဲ႔ လက္သည္းက်န္းမာေရးကို ျမွင့္တင္ေပးပါတယ္။ သံဓာတ္က ခႏၶာကုိယ္ထဲကဆဲလ္ေတြ ႀကီးထြားဖို႔အတြက္ အဓိက လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ အနာအက်က္ျမန္ေစဖို႔၊ က်န္းမာတဲ့ဆဲလ္ေတြအတြက္ ထန္းရည္က အေရးႀကီးပါတယ္။

ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ်ေပး

ထန္းရည္မွာ ပိုတက္ဆီယမ္ဓာတ္ပါဝင္တာေၾကာင့္ ႏွလံုးေရာဂါကို ကာကြယ္ေပးၿပီး ေသြးတိုးကိုက်ေစပါတယ္။ ဒါေပမယ့္ အလြန္အကြ်ံေသာက္ရင္ေတာ့ အသည္းကို ပ်က္စီးေစပါတယ္။

သတိထားသင့္တဲ့ ထန္းရည္ရဲ႕ ဆိုးက်ိဳးမ်ား

ထန္းရည္ကို တစ္ခါေသာက္ရင္ တစ္ခြက္ေလာက္ပဲ ေသာက္သံုးသင့္ပါတယ္။ အလြန္အကြ်ံေသာက္ရင္ အသည္းမွာ အဆီဖံုးတာ၊ ေသြးက်ဲတာ၊ ႏွလံုးၾကြက္သားေတြ အားနည္းၿပီး ေသြးကို မပို႔ေဆာင္ႏိုင္တာ၊ အသည္းလုပ္ငန္းေဆာင္တာေတြကို အေႏွာင့္အယွက္ျဖစ္တာ၊ ၾကြက္သားေတြ အားနည္းတာတု႔ိ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေတာ့ မေသာက္သံုးသင့္ပါဘူး။

Credit : Myfoodmyanmar

(Unicode Version)

ထန်းရည်အချိုရဲ့ကျန်းမာရေး ကောင်းကျိုးများ

ထန်းရည်အချိုက ချိုပြီး အရသာလည်း ရှိတဲ့ သဘာဝထန်းပင်ကနေရတဲ့ ဝိုင်တစ်မျိုးပေါ့နော်။ ကမ္ဘာပေါ်မှာလည်း နာမည်ကြီးတဲ့ သောက်စရာ တစ်မျိုးပါ။ အနောက် အာဖရိက၊ အာဖရိက အလယ်ပိုင်း၊ အာရှ၊ တောင်အမေရိက စတဲ့နိုင်ငံတွေမှာ ထန်းရည်အချိုကို သောက်သုံးကြပါတယ်။

ကင်ဆာ ရောဂါကို တိုက်ဖျက်ပေး

ထန်းရည်အချိုမှာ ဗီတာမင် B2 လို့ လူသိများကြတဲ့ Riboflavin ဓာတ်ပါဝင်နေပါတယ်။ ဒီဓာတ်က Antioxidant တစ်မျိုးဖြစ်တာကြောင့် Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။ သာမန် ထန်းရည်အချိုကို အသင့်အတင့်သောက်သုံးပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် B2 ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

အမြင်အားကို ကောင်းစေ

ထန်းရည်မှာ Antioxidant၊ ဗီတာမင် စီဓာတ်ပါဝင်တာကြောင့် မျက်စိအမြင်အားကို ကောင်းစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် B1 (Thiamine) ဓာတ်လည်းပါဝင်တာကြောင့် မျက်စိအမြင်ကို မြှင့်တင်ပေးပါတယ်။

အသားအရေ၊ ဆံသားနဲ့လက်သည်း ကျန်းမာရေးကို မြင့်တင်ပေး

ထန်းရည်မှာ သံဓာတ်၊ ဗီတာမင် B Complex တွေပါဝင်တာကြောင့် အသားအရေ၊ ဆံသားနဲ့ လက်သည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သံဓာတ်က ခန္ဓာကိုယ်ထဲကဆဲလ်တွေ ကြီးထွားဖို့အတွက် အဓိက လိုအပ်ပါတယ်။ ဒါ့ကြောင့် အနာအကျက်မြန်စေဖို့၊ ကျန်းမာတဲ့ဆဲလ်တွေအတွက် ထန်းရည်က အရေးကြီးပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ချပေး

ထန်းရည်မှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပြီး သွေးတိုးကိုကျစေပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်ရင်တော့ အသည်းကို ပျက်စီးစေပါတယ်။

သတိထားသင့်တဲ့ ထန်းရည်ရဲ့ ဆိုးကျိုးများ

ထန်းရည်ကို တစ်ခါသောက်ရင် တစ်ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။ အလွန်အကျွံသောက်ရင် အသည်းမှာ အဆီဖုံးတာ၊ သွေးကျဲတာ၊ နှလုံးကြွက်သားတွေ အားနည်းပြီး သွေးကို မပို့ဆောင်နိုင်တာ၊ အသည်းလုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်တာ၊ ကြွက်သားတွေ အားနည်းတာတု့ိ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ မသောက်သုံးသင့်ပါဘူး။

Credit : Myfoodmyanmar

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes