WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ေအာင္မဂၤလာ အေဝးေျပး ကားဝင္းထဲက အုပ္စုဖြဲ႔ လုယက္ ဓားျပတုိက္ေနတဲ့ လူအုပ္ႀကီးကုိ သတိထားၾကပါ

Posted on February 7, 2019 by whuk-46651

က်​ေနာ္​သည္ ​တပ္​မ​ေတာ္​(​ေလ)တြင္​ လက္​႐ွိတာဝန္​ထမ္​း​ေဆာင္​​ေနသည္​့ ျပန္​တမ္​းဝင္​ အရာ႐ွိတစ္​ဦး ျဖစ္​ပါသည္​။ ​အ​ေဝးတာဝန္​ခရီးသြားရန္ ​ေနျပည္​​ေတာ္​မွ ရန္​ကုန္​သုိ႔ 2-2-2019 ရက္​​ေန့ည ၁၁ နာရီတြင္​ ၾကယ္​စင္​ဟိန္​း အျမန္​ယာဥ္​ျဖင္​့ လုိက္​ပါလာသည္​။ ရန္​ကုန္​၊ ​ေအာင္​မဂၤလာကားဝင္​းသုိ႔ 3-2-2019 ရက္​​ေန႔ မနက္​၄ နာရီ ၄၅ မိနစ္ ခန္​႔၌ ​ေရာက္​႐ွိၿပီး​ေနာက္​ လမ္​းၾကဳံလာ​ေခၚမည္​့ တပ္​ပုိင္​ယာဥ္​အား ကားဝင္​းအဝင္​​ေပါက္​​ေ႐ွ႕တည္​့တည္​့႐ွိ ကြမ္​းယာႏွင္​့​ေကာ္​ဖီတြဲ​ေရာင္​းသည္​့ လမ္​း​ေဘးဆုိင္​​ေလးတြင္​ ​ေကာ္​ဖီ​ေသာက္​ရင္​း ​ေစာင္​့ဆုိင္​း​ေနခဲ့ပါသည္​။

ထုိ႔​ေနာက္​ ​ေကာ္​ဖီဘုိး ​ေငြ႐ွင္​းၿပီး ျပန္​လွည္​့ထြက္​လာစဥ္​ လက္​ထဲရိွ ပုိက္​ဆံအိတ္​အား အသက္​ ၄၅ ႏွစ္ခန္​႔ အမ်ိဳးသား သုံးဦးမွ ဝင္​​ေရာက္​လုယက္​ခဲ့ပါသည္​။ က်​ေနာ္​လည္​း ၎င္​းတုိ႔ထံမွ ခ်က္​ခ်င္​းျပန္​လုရာ ပုိက္​ဆံအိတ္​မွာ က်​ေနာ္​့လက္​ထဲ ျပန္​လည္​ရ႐ွိခဲ့​ေသာ္​လည္​း ထြက္​က်သြားသည္​့ ပုိက္​ဆံမ်ားအား ထုိသူတုိ႔မွလုယူသြားပါသည္​။ က်​ေနာ္​လဲ ပုိက္​ဆံအိတ္​ကုိ ျပန္​စစ္​ၾကည္​့ရာ အ​ေရးႀကီးသည္​့ ကဒ္​မ်ားႏွင္​့ ပုိက္​ဆံ ၆ ​ေသာင္​းသာ ျပန္​လည္​ရ႐ွိခဲ့ၿပီး ၎င္​းတုိ႔ထံ ၁ သိန္း၂ ေသာင္းခန္​႔ ပါသြားသည္​ကုိ သိလုိက္​ရပါသည္​။

ထုိအခ်ိန္​တြင္​ လုယက္​သူမ်ားမွာ အနီးနား၌ ႐ွိ​ေန​ေသး​ေသာ​ေၾကာင္​့ ၎င္​းတုိ႔ထံသြား၍ က်န္​ပုိက္​ဆံမ်ား ျပန္​​ေပးရန္​ ​ေျပာဆုိ​ေနစဥ္​ ၎င္​းတုိ႔၏ အဖြဲ႔မ်ား ထပ္​မံ​ေရာက္​႐ွိလာၿပီး ” မင္​းဘာျဖစ္​ခ်င္​​ေသးတာလဲ” ဟုဆုိကာ ရန္​ျဖစ္​​ေတာ့မည္​့အ​ေျခအ​ေနထိ ျဖစ္​လာပါသည္​။ က်​ေနာ္​လဲ ထုိလူအုပ္​ကုိ ၾကည္​့လုိက္​ရာ ၂၀ ဦးခန္​႔႐ွိၿပီး ဆက္​​ေျပာ​ေနပါက က်​ေနာ္​့အတြက္​ အႏၱရာယ္​ျဖစ္​​ေတာ့မည္​ကုိ ႀကိဳသိ​ေနသျဖင္​့ ထုိ​ေနရာမွ အျမန္​ဆုံးထြက္​လာပါသည္​။ ထုိ႔​ေနာက္​ က်​ေနာ္​လဲ ၾကံရာမရ Google map မွ ​ေတြ႔​ေသာ အနီးဆုံး ​ေျမာက္​ဥကၠလာပ ရဲစခန္​းဖုန္​းနံပါတ္​ (012323199) ကုိ ဖုန္​းဆက္​လုိက္​​ေသးသည္​။ ဖုန္​းမွာ ဝင္​​ေသာ္​လည္​း မကုိင္​ပါ။ ၆ ႀကိမ္​ ၇ ႀကိမ္​ ဆက္​တုိက္​​ေခၚ​ေသာ္​လည္​း မကုိင္​ပါ။

199 ​ေခၚရန္​လည္​း အ​ေတြးမ​ေပၚခဲ့ပါ။ ျခံစည္​း႐ုိးကပ္​လ်က္​႐ွိ စရဖ(​ေလ) ကုိလဲ သတိမရ။ ကြမ္​းယာႏွင္​့​ေကာ္​ဖီတြဲ​ေရာင္​း သည္​့ (က်​ေနာ္​ ​ေကာ္​ဖီ​ေသာက္​​ေသာ ဆုိင္​မွ) ဦး​ေလးအား ” ဦး​ေလး အဲ့လူ​ေတြကုိ သိတယ္​မလား လုတဲ့သူ​ေတြက ဘယ္​ကလူ​ေတြလဲ ” ဟု​ေမးၾကည္​့ရာ သူလဲ ”မသိဘူး၊ သူတုိ႔က လူအုပ္​​ေတာင္​့တယ္​ ၊ မၾကာခန​ေတာ့ လာၾကတယ္​ ”ဟုသာ ​ေျဖခဲ့ပါသည္​။ က်​ေနာ္​လဲ ခရီးဆက္​ရန္​ ႐ွိ​ေသးသည္​့အတြက္​ ဇနီးမွထည္​့​ေပးလုိက္​သည္​့(သူတစ္​ဝက္​ ကုိယ္​တစ္​ဝက္​) တစ္​လတာ အသုံးစရိတ္​ပါသြား​ေသာ္​လည္​း မ​ေက်မနပ္​နဲ႔ပင္​ လက္​​ေလ်ွာ့လုိက္​ရပါသည္​။

တာဝန္​ထမ္​း​ေဆာင္​ရမည္​့ ယခု​ေနရာ​ေရာက္​မွ ဒီ post ကုိ တင္​ျဖစ္​ပါသည္​။ ကုိယ္​့ပုိက္​ဆံပါသြားသည္​ကုိ စိတ္​မ​ေကာင္​းျဖစ္​လြန္​းလုိ႔ တင္​ရျခင္​းမဟုတ္​ပါ။ ရန္​ကုန္​ၿမိဳ႕၏ လုံျခံဳစိတ္​ခ်ရမႈ မ႐ွိ​ေတာ့သည္​့ လက္​႐ွိအ​ေျခအ​ေန၊ တရားဥပ​ေဒစုိးမႈ ဆုိးရြား စုတ္​ျပတ္​​ေနသည္​့ လက္​႐ွိအ​ေျခအ​ေနမ်ားႏွင္​့ စားဝတ္​​ေန​ေရးအတြက္​ စာနာမႈကင္​းမဲ့သူမ်ား႐ွိ​ေနသည္​ကုိ မသိ႐ွိ​ေသးသည္​့ အျခားနယ္​မွ ရန္​ကုန္​သုိ႔လာမည္​့ ခရီးသြားမ်ား သတိျပဳ သတိထားႏုိင္​​ေစရန္​ ၊ အ​ေရး​ေပၚအ​ေျခအ​ေနတြင္​ 199 သုိ႔ ​ေခၚဆုိ အကူအညီ​ေတာင္​းႏုိင္​ရန္​ တင္​ရျခင္​းျဖစ္​ပါသည္​။ 199 သုိ႔ ​ေခၚဆုိပါက မိမိ​ေရာက္​႐ွိ​ေနသည္​့​ေနရာႏွင္​့အနီးဆုံး႐ွိ ရဲစခန္​းသုိ႔​ေရာက္​႐ွိပါသည္​။

ယခုျဖစ္​စဥ္​အ​ေသးစိတ္​နွင္​့​ေနရာအား ၃ ရက္​​ေန႔ညတြင္​ မဥက ရဲစခန္​းသုိ႔လည္​း​ေကာင္​း၊ ယ​ေန႔ ၄ ရက္​​ေန႔ည​ေနတြင္​ မဂၤလာဒုံရဲစခန္​းသုိ႔လည္​း​ေကာင္​း အ​ေၾကာင္​းၾကားထားၿပီးျဖစ္​ပါသည္​။ ရန္​ကုန္​တုိင္​းရဲတပ္​ဖြဲ႔မ်ားအားလုံး လုံျခဳံ​ေရးတင္​း ၾကပ္​ျခင္​း၊ ညအခ်ိန္​ လွည္​့ကင္​း​ေဆာင္​ရြက္​ျခင္​းႏွင္​့ အ​ေရး​ေပၚအ​ေျခအ​ေနမ်ားတြင္​ (ကူညီပါရ​ေစ ဆုိသည္​႔ ​ေဆာင္​ပုဒ္​အတုိင္​း) အကူအညီ​ေပးႏုိင္​ရန္​ ၾကဳိတင္​ျပင္​ဆင္​ထားျခင္​း( ဖုန္​း​ေခၚလ်င္​ ဖုန္​းကုိင္​ျခင္​းအပါ) ​ေဆာင္​ရြက္​ႏုိင္​ၾကပါ​ေစ။

Credit : Sun Minn Htun

(Unicode Version)

အောင်မင်္ဂလာ အဝေးပြေး ကားဝင်းထဲက အုပ်စုဖွဲ့ လုယက် ဓားပြတိုက်နေတဲ့ လူအုပ်ကြီးကို သတိထားကြပါ

ကျနော်သည် တပ်မတော်(လေ)တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပြန်တမ်းဝင် အရာရှိတစ်ဦး ဖြစ်ပါသည်။ အဝေးတာဝန်ခရီးသွားရန် နေပြည်တော်မှ ရန်ကုန်သို့ 2-2-2019 ရက်နေ့ည ၁၁ နာရီတွင် ကြယ်စင်ဟိန်း အမြန်ယာဉ်ဖြင့် လိုက်ပါလာသည်။ ရန်ကုန်၊ အောင်မင်္ဂလာကားဝင်းသို့ 3-2-2019 ရက်နေ့ မနက်၄ နာရီ ၄၅ မိနစ် ခန့်၌ ရောက်ရှိပြီးနောက် လမ်းကြုံလာခေါ်မည့် တပ်ပိုင်ယာဉ်အား ကားဝင်းအဝင်ပေါက်ရှေ့တည့်တည့်ရှိ ကွမ်းယာနှင့်ကော်ဖီတွဲရောင်းသည့် လမ်းဘေးဆိုင်လေးတွင် ကော်ဖီသောက်ရင်း စောင့်ဆိုင်းနေခဲ့ပါသည်။

ထို့နောက် ကော်ဖီဘိုး ငွေရှင်းပြီး ပြန်လှည့်ထွက်လာစဉ် လက်ထဲရှိ ပိုက်ဆံအိတ်အား အသက် ၄၅ နှစ်ခန့် အမျိုးသား သုံးဦးမှ ဝင်ရောက်လုယက်ခဲ့ပါသည်။ ကျနော်လည်း ၎င်းင်းတို့ထံမှ ချက်ချင်းပြန်လုရာ ပိုက်ဆံအိတ်မှာ ကျနော့်လက်ထဲ ပြန်လည်ရရှိခဲ့သော်လည်း ထွက်ကျသွားသည့် ပိုက်ဆံများအား ထိုသူတို့မှလုယူသွားပါသည်။ ကျနော်လဲ ပိုက်ဆံအိတ်ကို ပြန်စစ်ကြည့်ရာ အရေးကြီးသည့် ကဒ်များနှင့် ပိုက်ဆံ ၆ သောင်းသာ ပြန်လည်ရရှိခဲ့ပြီး ၎င်းင်းတို့ထံ ၁ သိန်း၂ သောင်းခန့် ပါသွားသည်ကို သိလိုက်ရပါသည်။

ထိုအချိန်တွင် လုယက်သူများမှာ အနီးနား၌ ရှိနေသေးသောကြောင့် ၎င်းင်းတို့ထံသွား၍ ကျန်ပိုက်ဆံများ ပြန်ပေးရန် ပြောဆိုနေစဉ် ၎င်းင်းတို့၏ အဖွဲ့များ ထပ်မံရောက်ရှိလာပြီး ” မင်းဘာဖြစ်ချင်သေးတာလဲ” ဟုဆိုကာ ရန်ဖြစ်တော့မည့်အခြေအနေထိ ဖြစ်လာပါသည်။ ကျနော်လဲ ထိုလူအုပ်ကို ကြည့်လိုက်ရာ ၂၀ ဦးခန့်ရှိပြီး ဆက်ပြောနေပါက ကျနော့်အတွက် အန္တရာယ်ဖြစ်တော့မည်ကို ကြိုသိနေသဖြင့် ထိုနေရာမှ အမြန်ဆုံးထွက်လာပါသည်။ ထို့နောက် ကျနော်လဲ ကြံရာမရ Google map မှ တွေ့သော အနီးဆုံး မြောက်ဥက္ကလာပ ရဲစခန်းဖုန်းနံပါတ် (012323199) ကို ဖုန်းဆက်လိုက်သေးသည်။ ဖုန်းမှာ ဝင်သော်လည်း မကိုင်ပါ။ ၆ ကြိမ် ၇ ကြိမ် ဆက်တိုက်ခေါ်သော်လည်း မကိုင်ပါ။

199 ခေါ်ရန်လည်း အတွေးမပေါ်ခဲ့ပါ။ ခြံစည်းရိုးကပ်လျက်ရှိ စရဖ(လေ) ကိုလဲ သတိမရ။ ကွမ်းယာနှင့်ကော်ဖီတွဲရောင်း သည့် (ကျနော် ကော်ဖီသောက်သော ဆိုင်မှ) ဦးလေးအား ” ဦးလေး အဲ့လူတွေကို သိတယ်မလား လုတဲ့သူတွေက ဘယ်ကလူတွေလဲ ” ဟုမေးကြည့်ရာ သူလဲ ”မသိဘူး၊ သူတို့က လူအုပ်တောင့်တယ် ၊ မကြာခနတော့ လာကြတယ် ”ဟုသာ ဖြေခဲ့ပါသည်။ ကျနော်လဲ ခရီးဆက်ရန် ရှိသေးသည့်အတွက် ဇနီးမှထည့်ပေးလိုက်သည့်(သူတစ်ဝက် ကိုယ်တစ်ဝက်) တစ်လတာ အသုံးစရိတ်ပါသွားသော်လည်း မကျေမနပ်နဲ့ပင် လက်လျှော့လိုက်ရပါသည်။

တာဝန်ထမ်းဆောင်ရမည့် ယခုနေရာရောက်မှ ဒီ post ကို တင်ဖြစ်ပါသည်။ ကိုယ့်ပိုက်ဆံပါသွားသည်ကို စိတ်မကောင်းဖြစ်လွန်းလို့ တင်ရခြင်းမဟုတ်ပါ။ ရန်ကုန်မြို့၏ လုံခြုံစိတ်ချရမှု မရှိတော့သည့် လက်ရှိအခြေအနေ၊ တရားဥပဒေစိုးမှု ဆိုးရွား စုတ်ပြတ်နေသည့် လက်ရှိအခြေအနေများနှင့် စားဝတ်နေရေးအတွက် စာနာမှုကင်းမဲ့သူများရှိနေသည်ကို မသိရှိသေးသည့် အခြားနယ်မှ ရန်ကုန်သို့လာမည့် ခရီးသွားများ သတိပြု သတိထားနိုင်စေရန် ၊ အရေးပေါ်အခြေအနေတွင် 199 သို့ ခေါ်ဆို အကူအညီတောင်းနိုင်ရန် တင်ရခြင်းဖြစ်ပါသည်။ 199 သို့ ခေါ်ဆိုပါက မိမိရောက်ရှိနေသည့်နေရာနှင့်အနီးဆုံးရှိ ရဲစခန်းသို့ရောက်ရှိပါသည်။

ယခုဖြစ်စဉ်အသေးစိတ်နှင့်နေရာအား ၃ ရက်နေ့ညတွင် မဥက ရဲစခန်းသို့လည်းကောင်း၊ ယနေ့ ၄ ရက်နေ့ညနေတွင် မင်္ဂလာဒုံရဲစခန်းသို့လည်းကောင်း အကြောင်းကြားထားပြီးဖြစ်ပါသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့များအားလုံး လုံခြုံရေးတင်း ကြပ်ခြင်း၊ ညအချိန် လှည့်ကင်းဆောင်ရွက်ခြင်းနှင့် အရေးပေါ်အခြေအနေများတွင် (ကူညီပါရစေ ဆိုသည့် ဆောင်ပုဒ်အတိုင်း) အကူအညီပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း( ဖုန်းခေါ်လျင် ဖုန်းကိုင်ခြင်းအပါ) ဆောင်ရွက်နိုင်ကြပါစေ။

Credit : Sun Minn Htun

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes