မြန်မာနိုင်ငံသို့ အလည်အပါတ် ရောက်ရှိနေသော ဂျာမန်လူမျိုးသည် ၄င်း၏ ဂိုက်လေးအား မေးမြန်းနေသည်
ဂိုက် ။ ။ ဇရပ်လို့ ခေါ်ပါတယ် ”
ဂျာမန် ။ ။ “ကပ်လျက်က ဘာလေးလဲ”
ဂိုက် ။ ။ “သောက်ရေအိုးစဉ်လေးပါ ”
😁😁😁
(Unicode Version)
မြန်မာနိုင်ငံသို့ အလည်အပါတ် ရောက်ရှိနေသော ဂျာမန်လူမျိုးသည် ၎င်း၏ ဂိုက်လေးအား မေးမြန်းနေသည်
ဂျာမန် ။ ။ ဒီအဆောက်အဦးလေးကို ဘယ်လို ခေါ်သလဲ?
ဂိုက် ။ ။ ဇရပ်လို့ ခေါ်ပါတယ် ”
ဂျာမန် ။ ။ ဘာရည်ရွယ်ချက်နဲ့လမ်းဘေးမှာ ဆောက်တာလဲ
ဂိုက် ။ ။ ခရီးသွားတွေ နားနား နေနေ နေရအောင်ပါ ”
ဂျာမန် ။ ။ “ကပ်လျက်က ဘာလေးလဲ”
ဂိုက် ။ ။ “သောက်ရေအိုးစဉ်လေးပါ ”
ဂျာမန် ။ ။ “ထားရတဲ့ ရည်ရွယ်ချက်လေး”
ဂိုက် ။ ။ “ခရီးသွားတွေ မောပန်းလာရင် ရေသောက်ရအောင်ပါ ”
ဂျာမန် ။ ။ “ကောင်းတယ်ဗျာ။ ရေသောက်ပြီး အဆင်သင့် နားဖို့ခင်ဗျားတို့ လူမျိုးတွေရဲ့ စေတနာ ကောင်းမှုရက်ရောမှု ဖော်ရွှေမှုတွေကို အတိုင်းသား မြင်တွေ့ ရတာပါဘဲ ”
ဂျာမန်နိုင်ငံသား ကို ရှင်းပြနေတဲ့မြန်မာ ဂိုက်လေး ရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေလို့
ဂျာမန် ။ ။ “ဒါနဲ့ ဒီသောက်ရေခွက်လေးကို ဘာလို့ ကြိုးချည် သော့ခတ် ထားတာလဲ”
ဂိုက်လေးကတော့ ချွေးပြန်အောင် စဉ်းစားပြီး ဖြေလိုက်တာက
ဂိုက် ။ ။ ” လေတိုက်ရင် လွင့်မပါအောင်လို့ ” ပါတဲ့
ဂျာမန် ။ ။ ” အိုးမိုင်ဂေါ့ မြန်မာပြည်လေ တယ်ကြမ်းတကိုး ”
😁😁😁
Credit : မူရင်းရေးသားသူ