ဆီးခ်ိဳေၾကာင့္ျဖစ္ေသာ ေျခေထာက္အနာ ဆိုတာဘာလဲ

ဆီးခ်ိဳရွိသူေတြဟာ အမ်ိဳးမ်ိဳးေသာ ေျခေထာက္အနာနဲ႔ ပတ္သက္တဲ့ ျပသနာေပါင္းစံု ျဖစ္လာႏိုင္ပါတယ္။ ရိုးရိုးထိခိုက္ဒဏ္ရာ ေသးေသးကေန ပိုဆိုးလာကာ ဆိုးရြားတဲ့ ေနာက္ဆက္တြဲ ျပသနာေတြဆီကို ဦးတည္ႏိုင္ပါတယ္။ ေျခေထာက္အနာေတြဟာ ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့ neuropathy လို႔ေခၚတဲ့ အာရံုေၾကာထိခိုက္မွဳခံစားရတဲ့အခါ အမ်ားဆံုး ျဖစ္တတ္ပါတယ္။

အမွန္မွာေတာ့ ဒီအနာေတြဟာ နာက်င္ေပမယ့္ အာရံုေၾကာေတြ ထိခိုက္ထားတဲ့အတြက္ေၾကာင့္ သင့္ရဲ႕နာမွဳ၊ေအးမွဳ၊ ပူမွဳစတာေတြကို ခံစားႏိုင္စြမ္းေလ်ာ့နည္းလာတာ ျဖစ္ပါတယ္။ ခံစားမွဳမသိေတာ့ျခင္းဆိုတာ သင့္ေျခေထာက္မွာ ဒဏ္ရာရေနတာကို မသိတာျဖစ္ပါတယ္။ သင္ဟာ သင့္ဖိနပ္မွာဝင္ေနတဲ့ ခဲလံုး၊ သံမွိဳစတာေတြကို မခံစားမိပဲ ဒီဖိနပ္နဲ႔ပဲ တစ္ေန႔လံုး ေလၽွာက္သြားေနမိႏိုင္ပါတယ္။ သင့္ေျခေထာက္မွာ အရည္ၾကည္ဖုျဖစ္လာရင္ေတာင္ သင္ခံစားမိမွာမဟုတ္ပါဘူး။ သင့္ေျခေထာက္အေရျပား ေပါက္ျပဲၿပီး ပိုးဝင္သည္ထိ သင္သတိမထားမိတာ ျဖစ္ႏိုင္ပါတယ္။

အာရံုေၾကာပ်က္စီးျခင္းဟာ သင့္ရဲ႕ ေျခဖဝါးေတြ ေျခေခ်ာင္းေတြ ပံုစံေျပာင္းသြားတဲ့ထိလည္း ျဖစ္ႏိုင္ပါတယ္။

ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့ ေျခေထာက္အနာ ရဲ႕ ေရာဂါလကၡဏာေတြက ဘာေတြလဲ။

ဆီးခ်ိဳေၾကာင့္ ျဖစ္တဲ့ ေျခေထာက္အနာေတြဟာ အားနည္း ထံုက်င္ၿပီး ပူတဲ့ စူးတဲ့ နာက်င္မွဳကို ခံစားရပါတယ္။ ဒါေၾကာင့္ ေျခေထာက္မွာ ခံစားမွဳေပ်ာက္ဆံုး ေနတတ္ၿပီး ဒဏ္ရာရလြယ္ကာ ရလၽွင္လည္း မသိျဖစ္ေနတတ္ပါတယ္။ ေသြးလွည့္ပတ္မွဳ မေကာင္းျခင္းနဲ႔ ေျခေထာက္၊ေျခေခ်ာင္းေတြရဲ႕ ပံုစံေျပာင္းလဲလာျခင္းကလည္း ျပသနာေတြမ်ားစြာ ျဖစ္လာႏိုင္ပါတယ္။

ဒါဆိုသင္ဟာ ဘာလုပ္သင့္သလဲ?

ကုသမွဳအပိုင္းဟာ သင္ျဖစ္တဲ့ ေျခေထာက္ျပသနာ အမ်ိဳးအစားေပၚ မူတည္ပါတယ္။ ဥပမာ- အသားမာတက္ေနတယ္ဆိုရင္ ေပါ့ပါးအဆင္ေျပတဲ့ ရွဴးဖိနပ္ကို ေျပာင္းလဲဝတ္ေပးဖို႔လိုအပ္ၿပီး အနည္းငယ္ပိုးဝင္ေနတယ္ဆိုရင္ေတာ့ ပဋိဇီဝပိုးသတ္ေဆး၊ မွိဳသတ္ေဆးေတြနဲ႔ ကုသရမွာ ျဖစ္ပါတယ္။ တျခားျပသနာေတြမွာဆိုရင္ ခြဲစိတ္ဖယ္ရွားျခင္းနဲ႔ ပိုးသတ္ေဆးေသာက္ျခင္းေတြ ေတာင္ လိုအပ္လာႏိုင္ပါတယ္။ အသားပုပ္ျခင္း (သို႔) အသားမၽွင္မ်ားေသျခင္း ဟာဆိုရင္ ျပန္ေကာင္းလာေအာင္ လုပ္ေပးလို႔ မရေတာ့ပါဘူး။

သို႔ေသာ္ ေျခာက္ေသြ႕တဲ့ အနာအမ်ိဳးအစားေၾကာင့္ ပုပ္သြားတဲ့ အသားေတြကို ပိုးဝင္ၿပီး ဆက္ မျပန္႔ဖို႔ရာ ကာကြယ္ကုသရမွာ ျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ ပိုးဆက္ဝင္လာပါက အနာဟာ စိုတဲ့ အမ်ိဳးအစားကို ေျပာင္းၿပီး ပုပ္တာ ပိုဆိုးလာမွာျဖစ္ပါတယ္။ ပုပ္သြားတဲ့အပိုင္းေတြကို ခြဲစိတ္ဖယ္ရွားပစ္လိုက္ျခင္းဟာ အမွန္တကယ္ကို လိုအပ္ပါတယ္။ ဒါ့အျပင္ ဒီပုပ္ေနတဲ့အပိုင္းေတြကေန အႏၲရာယ္ရွိတဲ့ပိုးဝင္ျခင္း ေတြ ဆက္မျဖစ္ေအာင္ ပိုးသတ္ေဆးေတြသံုးၿပီး ကာကြယ္ရမွာ ျဖစ္ပါတယ္။ အရမ္းဆိုးဝါးတဲ့ ေျခေထာက္ပုပ္ျခင္းေတြမွာဆိုရင္ ျဖစ္ေနတဲ့အပိုင္းကို ျဖတ္ေတာက္လိုက္ျခင္းထိေတာင္ လိုအပ္လာႏိုင္ပါတယ္။

ဆီးခ်ိဳေၾကာင့္ အာရံုေၾကာထိခိုက္ထားတဲ့ လူနာေတြဟာ သူတို႔ေျခေထာက္ကို အရမ္းဂရုစိုက္ဖို႔ လိုပါတယ္။ ေျခေထာက္ကိုသြားတဲ့ အာရံုေၾကာဟာ ခႏၶာကုိယ္မွာ အရွည္ဆံုးျဖစ္ၿပီး ထိခိုက္ မွဳအမ်ားဆံုးခံရတဲ့ အာရံုေၾကာျဖစ္ပါတယ္။ ေျခေထာက္မွာရွိတဲ့ အာရံုခံႏိုင္စြမ္း ဆံုးရွံဳးသြားတယ္ဆိုတာ ဒဏ္ရာရရင္ မသိပဲ အနာျဖစ္ၿပီး ပိုးဝင္လာျခင္းကို ဆိုလိုပါတယ္။

ေျခေထာက္ေသြးလွည့္ပတ္မွဳ မေကာင္းရင္လည္း ေျခေထာက္အနာျဖစ္ဖို႔ အခြင့္အလမ္းမ်ားေစပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ ေျခေထာက္အနာ ျပသနာေတြနဲ႔ ေျခေထာက္ျဖတ္ရျခင္းကို အခြင့္အလမ္း ပိုမ်ားေစပါတယ္။ က်န္းမာေရးဝန္ေဆာင္ ေစာင့္ေရွာက္ေပးသူက သင္ေဆးလိပ္ျဖတ္ေအာင္ လုပ္ရာမွာ ကူညီေပးႏိုင္ပါတယ္။

ေျခေထာက္က်န္းမာေရးတြက္ ဂရုစိုက္ေပးရမယ့္ အရာေတြကေတာ့-

• မပူလြန္းတဲ့ ေရေႏြးေႏြးနဲ႔ ဆပ္ျပာအေပ်ာ့စားကို သံုးၿပီး ေန႔စဥ္ ေျခေထာက္ကို ေဆးေၾကာပါ။ ေျခေထာက္ေရစိမ္ျခင္းကို ေရွာင္ၾကဥ္ပါ။ တဘက္ႏုႏုတစ္ထည္ကိုသံုးၿပီး ေျခေထာက္နဲ႔ ေျခေခ်ာင္းၾကားေတြကို ေျခာက္ေအာင္သုတ္ပါ။

• ေန႔တိုင္း ေျခေထာက္ နဲ႔ ေျခေခ်ာင္းေတြမွာ ျပတ္ရွရာ၊ အရည္ၾကည္ဖု၊ နီျမန္းရာ၊ အဖုအေဖာင္းမ်ား၊ အရိုးက်ိဳးျခင္းနဲ႔ အျခားျပသနာေတြ ရွိမရွိ ကိုအျမဲၾကည့္ရွဳ စစ္ေဆးပါ။ မွန္ကို လက္မွာကိုင္ၿပီး (သို႔) ေအာက္ခ်ၿပီး ေျခဖဝါး ေတြကို စစ္ေဆးပါ။ အျခားသူတစ္ေယာက္အကူအညီနဲ႔လည္း စစ္ေဆးႏိုင္ပါတယ္။ ျပသနာတစ္စံုတစ္ရာရွိလာရင္ သင့္အုပ္ထိန္းသူက အေၾကာင္းၾကားသင့္ပါတယ္။

• ေျခေထာက္ကို အျမဲဂရုစိုက္ေနရတဲ့ လူနာေတြဟာ podiatrist လို႔ေခၚတဲ့ ေျခေထာက္ပိုင္းဆိုင္ရာ ကုသေပးတဲ့ ဆရာဝန္နဲ႔ ခ်ိန္းဆို ေဆြးေႏြးျခင္း ျပဳလုပ္သင့္ပါတယ္။

ဘယ္အခ်ိန္မွာ ဆရာ၀န္နဲ႔ သြားေရာက္ျပသသင့္ပါသလဲ။

အကယ္၍ သင္ဟာ ေအာက္ပါတို႔ကို ခံစားလာရမယ္ဆိုရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသသင့္ပါတယ္။

• သင့္ေျခေထာက္အေရျပားဟာ ေပါက္ျပဲတယ္ (သို႔) အရည္ထြက္လာတယ္ဆိုတာ သတိထားမိမယ္

• ေျခေထာက္အေရျပားရဲ႕ တစ္စိတ္တစ္ပိုင္း (သို႔) အားလံုးဟာ အေရာင္ေျပာင္းလာၿပီး ပို၍နီလာ၊ ျပာလာ၊ ေဖ်ာ့လာ၊ ရင့္လာ စသျဖင့္ ျဖစ္လာမယ္

• သင့္ေျခေထာက္မွာရွိတဲ့ အရည္ၾကည္ဖု ေနရာ၊ ဒဏ္ရာေနရာေတြမွာ အလံုးေတြ ပိုထြက္လာမယ္ ဆိုရင္ေတာ့ ခ်က္ခ်င္းျပသရမွာ ျဖစ္ပါတယ္။
ကာကြယ္ျခင္း

ေျခေထာက္မွာ ဆီးခ်ိဳအနာမျဖစ္ေအာင္ ဘယ္လိုေရွာင္ၾကဥ္ရမလဲ?

ဆီးခ်ိဳေရာဂါကို ထိန္းထားရမယ့္အျပင္ ေအာက္ပါတို႔ကို လိုက္နာေဆာင္ရြက္ၿပီး သင့္ေျခေထာက္ေတြကို ဂရုစိုက္ေပးရပါမယ္။

• သက္ေတာင့္သက္တာ ရွိၿပီး ေျခေထာက္အုပ္ထားတဲ့ ဖိနပ္ကို အခ်ိန္တိုင္းဝတ္ပါ။ တကယ္လို႔ လိုအပ္မယ္ဆိုရင္ ေျခေထာက္ေရာင္သူေတြ၊ ေျခေထာက္အေနအထား မူမမွန္သူေတြအတြက္ ထုတ္ထားတဲ့ အထူးဖိနပ္ေတြလည္း ရႏိုင္ပါတယ္။ သင့္ေျခေထာက္ကို ဒဏ္ရာရေစမယ့္ ပစၥည္းေတြ ဖိနပ္ထဲဝင္ေနလားဆိုတာ ေသခ်ာစစ္ေဆးပါ။

• အိမ္ထဲတြင္ေတာင္ ဖိနပ္မပါပဲ လမ္းမေလၽွာက္ပါနဲ႔။ ေႏြရာသီေရာက္တဲ့အခါ အရမ္းပူလြန္းတဲ့ ပလက္ေဖာင္းေတြေပၚကေန လမ္းမေလၽွာက္ပါနဲ႔။

• သင့္ေျခေထာက္ကို ေရေႏြးျဖင့္သာ အျမဲေဆးေၾကာၿပီး ေျခာက္ေအာင္ သုတ္ပါ။

• သင့္ေျခေထာက္မွာ အနာရွိလား၊ ဘာျပသနာရွိလဲဆိုတာ ေန႔စဥ္စစ္ေဆးပါ။

• အထူးသျဖင့္ ေျခဖေနာင့္ေတြလိုမ်ိဳး ေျခာက္တဲ့ေနရာေတြကို လိုးရွင္း လိမ္းေပးပါ။ ေျခေခ်ာင္းေတြၾကားကိုေတာ့ မလိမ္းပါနဲ႔။ အသားမာေတြကို ေရျမဳပ္ေက်ာက္ေလးနဲ႔ ျဖည္းျဖည္းခ်င္း ေခ်ာေမြ႕ေအာင္ ပြတ္ပါ။ ကတ္ေၾကး၊ ဓား စတာေတြမသံုးပါနဲ႔။

• ေျခသည္းညႇပ္တဲ့အခါ တည့္တည့္သာညႇပ္ၿပီး ေထာင့္ေတြကို တိုေအာင္ မညႇပ္ပစ္ပါနဲ႔။

• သင့္ဆရာဝန္က ေျခေထာက္က်န္းမာေရးကို ေန႔စဥ္စစ္ေဆးပါေစ။

• ေဆးလိပ္ေသာက္ပါက ျဖတ္ပါ။ ေဆးလိပ္ေသာက္ျခင္းက ေသြးေၾကာက်ဥ္းျခင္းနဲ႔ ေျခေထာက္ေသြးလွည့္ပတ္မွဳ မေကာင္းမြန္ျခင္းကို ျဖစ္ႏိုင္ေျခ ထပ္မ်ားေစပါတယ္။

Source : Hellosayarwon

Unicode Version

ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ ဆိုတာဘာလဲ

ဆီးချိုရှိသူတွေဟာ အမျိုးမျိုးသော ခြေထောက်အနာနဲ့ ပတ်သက်တဲ့ ပြသနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။ ရိုးရိုးထိခိုက်ဒဏ်ရာ သေးသေးကနေ ပိုဆိုးလာကာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေဆီကို ဦးတည်နိုင်ပါတယ်။ ခြေထောက်အနာတွေဟာ ဆီးချိုကြောင့်ဖြစ်တဲ့ neuropathy လို့ခေါ်တဲ့ အာရုံကြောထိခိုက်မှုခံစားရတဲ့အခါ အများဆုံး ဖြစ်တတ်ပါတယ်။

အမှန်မှာတော့ ဒီအနာတွေဟာ နာကျင်ပေမယ့် အာရုံကြောတွေ ထိခိုက်ထားတဲ့အတွက်ကြောင့် သင့်ရဲ့နာမှု၊အေးမှု၊ ပူမှုစတာတွေကို ခံစားနိုင်စွမ်းလျော့နည်းလာတာ ဖြစ်ပါတယ်။ ခံစားမှုမသိတော့ခြင်းဆိုတာ သင့်ခြေထောက်မှာ ဒဏ်ရာရနေတာကို မသိတာဖြစ်ပါတယ်။ သင်ဟာ သင့်ဖိနပ်မှာဝင်နေတဲ့ ခဲလုံး၊ သံမှိုစတာတွေကို မခံစားမိပဲ ဒီဖိနပ်နဲ့ပဲ တစ်နေ့လုံး လျှောက်သွားနေမိနိုင်ပါတယ်။ သင့်ခြေထောက်မှာ အရည်ကြည်ဖုဖြစ်လာရင်တောင် သင်ခံစားမိမှာမဟုတ်ပါဘူး။ သင့်ခြေထောက်အရေပြား ပေါက်ပြဲပြီး ပိုးဝင်သည်ထိ သင်သတိမထားမိတာ ဖြစ်နိုင်ပါတယ်။

အာရုံကြောပျက်စီးခြင်းဟာ သင့်ရဲ့ ခြေဖဝါးတွေ ခြေချောင်းတွေ ပုံစံပြောင်းသွားတဲ့ထိလည်း ဖြစ်နိုင်ပါတယ်။

ဆီးချိုကြောင့်ဖြစ်တဲ့ ခြေထောက်အနာ ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဆီးချိုကြောင့် ဖြစ်တဲ့ ခြေထောက်အနာတွေဟာ အားနည်း ထုံကျင်ပြီး ပူတဲ့ စူးတဲ့ နာကျင်မှုကို ခံစားရပါတယ်။ ဒါကြောင့် ခြေထောက်မှာ ခံစားမှုပျောက်ဆုံး နေတတ်ပြီး ဒဏ်ရာရလွယ်ကာ ရလျှင်လည်း မသိဖြစ်နေတတ်ပါတယ်။ သွေးလှည့်ပတ်မှု မကောင်းခြင်းနဲ့ ခြေထောက်၊ခြေချောင်းတွေရဲ့ ပုံစံပြောင်းလဲလာခြင်းကလည်း ပြသနာတွေများစွာ ဖြစ်လာနိုင်ပါတယ်။

ဒါဆိုသင်ဟာ ဘာလုပ်သင့်သလဲ?

ကုသမှုအပိုင်းဟာ သင်ဖြစ်တဲ့ ခြေထောက်ပြသနာ အမျိုးအစားပေါ် မူတည်ပါတယ်။ ဥပမာ- အသားမာတက်နေတယ်ဆိုရင် ပေါ့ပါးအဆင်ပြေတဲ့ ရှူးဖိနပ်ကို ပြောင်းလဲဝတ်ပေးဖို့လိုအပ်ပြီး အနည်းငယ်ပိုးဝင်နေတယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေနဲ့ ကုသရမှာ ဖြစ်ပါတယ်။ တခြားပြသနာတွေမှာဆိုရင် ခွဲစိတ်ဖယ်ရှားခြင်းနဲ့ ပိုးသတ်ဆေးသောက်ခြင်းတွေ တောင် လိုအပ်လာနိုင်ပါတယ်။ အသားပုပ်ခြင်း (သို့) အသားမျှင်များသေခြင်း ဟာဆိုရင် ပြန်ကောင်းလာအောင် လုပ်ပေးလို့ မရတော့ပါဘူး။

သို့သော် ခြောက်သွေ့တဲ့ အနာအမျိုးအစားကြောင့် ပုပ်သွားတဲ့ အသားတွေကို ပိုးဝင်ပြီး ဆက် မပြန့်ဖို့ရာ ကာကွယ်ကုသရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပိုးဆက်ဝင်လာပါက အနာဟာ စိုတဲ့ အမျိုးအစားကို ပြောင်းပြီး ပုပ်တာ ပိုဆိုးလာမှာဖြစ်ပါတယ်။ ပုပ်သွားတဲ့အပိုင်းတွေကို ခွဲစိတ်ဖယ်ရှားပစ်လိုက်ခြင်းဟာ အမှန်တကယ်ကို လိုအပ်ပါတယ်။ ဒါ့အပြင် ဒီပုပ်နေတဲ့အပိုင်းတွေကနေ အန္တရာယ်ရှိတဲ့ပိုးဝင်ခြင်း တွေ ဆက်မဖြစ်အောင် ပိုးသတ်ဆေးတွေသုံးပြီး ကာကွယ်ရမှာ ဖြစ်ပါတယ်။ အရမ်းဆိုးဝါးတဲ့ ခြေထောက်ပုပ်ခြင်းတွေမှာဆိုရင် ဖြစ်နေတဲ့အပိုင်းကို ဖြတ်တောက်လိုက်ခြင်းထိတောင် လိုအပ်လာနိုင်ပါတယ်။

ဆီးချိုကြောင့် အာရုံကြောထိခိုက်ထားတဲ့ လူနာတွေဟာ သူတို့ခြေထောက်ကို အရမ်းဂရုစိုက်ဖို့ လိုပါတယ်။ ခြေထောက်ကိုသွားတဲ့ အာရုံကြောဟာ ခန္ဓာကိုယ်မှာ အရှည်ဆုံးဖြစ်ပြီး ထိခိုက် မှုအများဆုံးခံရတဲ့ အာရုံကြောဖြစ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံခံနိုင်စွမ်း ဆုံးရှုံးသွားတယ်ဆိုတာ ဒဏ်ရာရရင် မသိပဲ အနာဖြစ်ပြီး ပိုးဝင်လာခြင်းကို ဆိုလိုပါတယ်။

ခြေထောက်သွေးလှည့်ပတ်မှု မကောင်းရင်လည်း ခြေထောက်အနာဖြစ်ဖို့ အခွင့်အလမ်းများစေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခြေထောက်အနာ ပြသနာတွေနဲ့ ခြေထောက်ဖြတ်ရခြင်းကို အခွင့်အလမ်း ပိုများစေပါတယ်။ ကျန်းမာရေးဝန်ဆောင် စောင့်ရှောက်ပေးသူက သင်ဆေးလိပ်ဖြတ်အောင် လုပ်ရာမှာ ကူညီပေးနိုင်ပါတယ်။

ခြေထောက်ကျန်းမာရေးတွက် ဂရုစိုက်ပေးရမယ့် အရာတွေကတော့-

• မပူလွန်းတဲ့ ရေနွေးနွေးနဲ့ ဆပ်ပြာအပျော့စားကို သုံးပြီး နေ့စဉ် ခြေထောက်ကို ဆေးကြောပါ။ ခြေထောက်ရေစိမ်ခြင်းကို ရှောင်ကြဉ်ပါ။ တဘက်နုနုတစ်ထည်ကိုသုံးပြီး ခြေထောက်နဲ့ ခြေချောင်းကြားတွေကို ခြောက်အောင်သုတ်ပါ။

• နေ့တိုင်း ခြေထောက် နဲ့ ခြေချောင်းတွေမှာ ပြတ်ရှရာ၊ အရည်ကြည်ဖု၊ နီမြန်းရာ၊ အဖုအဖောင်းများ၊ အရိုးကျိုးခြင်းနဲ့ အခြားပြသနာတွေ ရှိမရှိ ကိုအမြဲကြည့်ရှု စစ်ဆေးပါ။ မှန်ကို လက်မှာကိုင်ပြီး (သို့) အောက်ချပြီး ခြေဖဝါး တွေကို စစ်ဆေးပါ။ အခြားသူတစ်ယောက်အကူအညီနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ ပြသနာတစ်စုံတစ်ရာရှိလာရင် သင့်အုပ်ထိန်းသူက အကြောင်းကြားသင့်ပါတယ်။

• ခြေထောက်ကို အမြဲဂရုစိုက်နေရတဲ့ လူနာတွေဟာ podiatrist လို့ခေါ်တဲ့ ခြေထောက်ပိုင်းဆိုင်ရာ ကုသပေးတဲ့ ဆရာဝန်နဲ့ ချိန်းဆို ဆွေးနွေးခြင်း ပြုလုပ်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အကယ်၍ သင်ဟာ အောက်ပါတို့ကို ခံစားလာရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

• သင့်ခြေထောက်အရေပြားဟာ ပေါက်ပြဲတယ် (သို့) အရည်ထွက်လာတယ်ဆိုတာ သတိထားမိမယ်

• ခြေထောက်အရေပြားရဲ့ တစ်စိတ်တစ်ပိုင်း (သို့) အားလုံးဟာ အရောင်ပြောင်းလာပြီး ပို၍နီလာ၊ ပြာလာ၊ ဖျော့လာ၊ ရင့်လာ စသဖြင့် ဖြစ်လာမယ်

• သင့်ခြေထောက်မှာရှိတဲ့ အရည်ကြည်ဖု နေရာ၊ ဒဏ်ရာနေရာတွေမှာ အလုံးတွေ ပိုထွက်လာမယ် ဆိုရင်တော့ ချက်ချင်းပြသရမှာ ဖြစ်ပါတယ်။
ကာကွယ်ခြင်း

ခြေထောက်မှာ ဆီးချိုအနာမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲ?

ဆီးချိုရောဂါကို ထိန်းထားရမယ့်အပြင် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ပြီး သင့်ခြေထောက်တွေကို ဂရုစိုက်ပေးရပါမယ်။

• သက်တောင့်သက်တာ ရှိပြီး ခြေထောက်အုပ်ထားတဲ့ ဖိနပ်ကို အချိန်တိုင်းဝတ်ပါ။ တကယ်လို့ လိုအပ်မယ်ဆိုရင် ခြေထောက်ရောင်သူတွေ၊ ခြေထောက်အနေအထား မူမမှန်သူတွေအတွက် ထုတ်ထားတဲ့ အထူးဖိနပ်တွေလည်း ရနိုင်ပါတယ်။ သင့်ခြေထောက်ကို ဒဏ်ရာရစေမယ့် ပစ္စည်းတွေ ဖိနပ်ထဲဝင်နေလားဆိုတာ သေချာစစ်ဆေးပါ။

• အိမ်ထဲတွင်တောင် ဖိနပ်မပါပဲ လမ်းမလျှောက်ပါနဲ့။ နွေရာသီရောက်တဲ့အခါ အရမ်းပူလွန်းတဲ့ ပလက်ဖောင်းတွေပေါ်ကနေ လမ်းမလျှောက်ပါနဲ့။

• သင့်ခြေထောက်ကို ရေနွေးဖြင့်သာ အမြဲဆေးကြောပြီး ခြောက်အောင် သုတ်ပါ။

• သင့်ခြေထောက်မှာ အနာရှိလား၊ ဘာပြသနာရှိလဲဆိုတာ နေ့စဉ်စစ်ဆေးပါ။

• အထူးသဖြင့် ခြေဖနောင့်တွေလိုမျိုး ခြောက်တဲ့နေရာတွေကို လိုးရှင်း လိမ်းပေးပါ။ ခြေချောင်းတွေကြားကိုတော့ မလိမ်းပါနဲ့။ အသားမာတွေကို ရေမြုပ်ကျောက်လေးနဲ့ ဖြည်းဖြည်းချင်း ချောမွေ့အောင် ပွတ်ပါ။ ကတ်ကြေး၊ ဓား စတာတွေမသုံးပါနဲ့။

• ခြေသည်းညှပ်တဲ့အခါ တည့်တည့်သာညှပ်ပြီး ထောင့်တွေကို တိုအောင် မညှပ်ပစ်ပါနဲ့။

• သင့်ဆရာဝန်က ခြေထောက်ကျန်းမာရေးကို နေ့စဉ်စစ်ဆေးပါစေ။

• ဆေးလိပ်သောက်ပါက ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းက သွေးကြောကျဉ်းခြင်းနဲ့ ခြေထောက်သွေးလှည့်ပတ်မှု မကောင်းမွန်ခြင်းကို ဖြစ်နိုင်ခြေ ထပ်များစေပါတယ်။

Source : Hellosayarwon