ပါဝင်ပစ္စည်းများ
Source : Shweinnlay
Unicode Version
သွားတွေမှာစွန်းကပ်နေတဲ့ ဝါကျင့်ကျင့်အရာင်အစွန်းတွေကို အလွယ်ဆုံး တိုက်ချွတ်နည်း
တစ်နေ့နှစ်ကြိမ် သွားတိုက်ပေမယ့်လည်း သွားတွေက ဖြူဖြူဖွေးဖွေးမရှိဘဲ ဝါကျင်ကျင်ဖြစ်နေလား ။ ကော်ဖီသောက်ခြင်း ၊ အချိုရည်များသောက်သုံးခြင်း နှင့် အခြား ကာဗွန်နိတ်အအေးတွေကြောင့် သွားတွေဟာ မဖြူဘဲ ဝါကျင်ကျင် ဖြစ်တတ်ပါတယ်။
သွားတွေဝါတာဟာ ရှက်ဖို့ကောင်းပြီး အများအမြင်မှာလည်း မသန့်ရှင်းဘူး ၊ ညစ်ပတ်တယ်လို့ ထင်မြင်စေပါတယ်။ဒီလိုသွားဝါခြင်းဟာ သွားတိုက်ပေမယ့်လည်း မသက်သာတတ်ပါဘူး ။ ဒါ့ကြောင့် သွားမှာကပ်နေတဲ့ အစွန်းအထင်းတွေကို လုံးဝကင်းရှင်းသွားစေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးပါမယ် ။
ပါဝင်ပစ္စည်းများ
Baking Soda – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သံပုယိုရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဒီလိုလွယ်လွယ်ကူကူရနိုင်တဲ့ မီးဖိုချောင်ပစ္စည်း ၂မျိုးနဲ့ သွားတွေကို ဖြူစင်စေနိုင်ပါတယ် ။ ခွက်သေးသေးတစ်ခုထဲသို့ Baking Soda နှင့် သံပုယိုရည်ကို ပြထားသော ပမာဏအတိုင်း ရောထည့်ပြီး နှံ့အောင် မွှေပေးပါ ။ ထို့နောက် ဂွမ်းဖြင့်စွတ်ပြီး သွားတွေကို မိနစ်အနည်းငယ်ကြာ ပွတ်တိုက်ပေးပါ ။ ၅မိနစ်ခန့် ထားပြီးလျှင်တော့ ရေအေးဖြင့် ပလုပ်ကျင်းဆေးကြောပါ။ သံပုယိုရည်က သဘာဝ သန့်စင်စေတဲ့ အစွမ်းသတ္တိတွေရှိပြီး baking soda မှာတော့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ် ။ ဒီနည်းလမး်ကို တစ်ပါတ်လျှင် ၃ကြိမ်ခန့် အနည်းဆုံး ပြုလုပ်ပေးပါ ။
Source : Shweinnlay
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်