ဟိုတယ္အခန္းတြင္ထားေသာ ေရေႏြးအိုးမ်ားကို လံုးဝအသုံးမျပဳသင့္သည့္ အေၾကာင္းအရင္း

ခရီးတစ္ခု ထြက္ၿပီဆိုရင္ မတည္းမျဖစ္ ဟိုတယ္ေတြမွာ တည္းခိုရေလ့ရွိပါတယ္။ ဟိုတယ္အမ်ားစုက ဧည့္သည္ရဲ့ အခန္းထဲမွာ ေကာ္ဖီေသာက္ဖို႔၊ ေရေႏြးေသာက္ဖို႔၊ ေခါက္ဆြဲျပဳတ္ဖို႔ စသည့္ရည္ရြယ္ခ်က္မ်ားနဲ႔ အရံသင့္ထားေပးတတ္ၾကပါတယ္။

ဒါေပမယ့္ ဒီေရေႏြးအိုးေတြကို အလြဲသုံးစားလုပ္တတ္တဲ့ ဧည္သည္အခ်ိဳ႕ေၾကာင့္ ဟိုတယ္အခန္းထဲက ေရေႏြးအိုးဟာ အသက္ အႏၲရာယ္ျဖစ္ေလာက္တဲ့ထိ စိုးရိမ္စရာျဖစ္ခဲ့ပါတယ္။

လတ္တေလာ လူမွုကြန္ရက္ တြစ္တာမွာ Guy ‘Yug’ Blomberg ဆိုတဲ့ အေကာင့္ပိုင္ရွင္ရဲ့ ထူးထူးဆန္းဆန္း ေမးခြန႔္ေၾကာင့္ အင္တာနက္ တစ္ခုလုံးပ်ံ႕ႏွံ့သြားၿပီး ပညာရွင္ေတြကိုယ္တိုင္ ဟိုတယ္အခန္းတြင္းက ေရေႏြးအိုးနဲ႔ ပက္သက္ၿပီး သတိေပးရတဲ့ထိ ျဖစ္ခဲ့ပါတယ္။

Guy ‘Yug’ Blomberg ရဲ့ ေမးခြန္းကေတာ့ ခရီးထြက္တဲ့အခ်ိန္မွာ အတြင္းခံေဘာင္းဘီကို ေရေႏြးအိုးထဲထည့္ျပဳတ္တတ္တဲ့ ငါ့အသိထဲက ဘယ္သူရွိလဲ..? လို႔ တင္ခဲ့တာျဖစ္ပါတယ္။

အဲဒီစေတးတပ္စ္ရဲ့ ကြန္မန႔္ကို ၾကည့္ၿပီး မထင္မွတ္ရေလာက္ေအာင္ အဲဒီလို ျပဳမူသူေတြ အမ်ားႀကီးရွိေနတာကို ေတြ႕ခဲ့ရပါတယ္။ အခ်ိဳ႕ကြန္မန႔္ေတြထဲမွာ တစ္ညအိပ္ေလာက္ ေလယာဥ္ေပၚအမွုထမ္းရသူေတြက သူတို႔ရဲ့ အတြင္းခံေဘာင္းဘီေတြကို ေရေႏြးအိုးထဲ ထည့္ျပဳတ္ေၾကာင္း ေရးသားထားၿပီး အဲလိုျပဳမူတဲ့ ေလယာဥ္မယ္တစ္ေယာက္ မိသြားတာေၾကာင့္ အလုပ္ျပဳတ္ခဲ့ေၾကာင္း ေရးသားထားပါတယ္။

ပညာရွင္ေတြကေတာ့ အတြင္းခံေတြကို ဟိုတယ္အခန္းထဲက အမ်ားသုံးေနတဲ့ ေရေႏြးအိုးထဲ ထည့္မျပဳတ္ၾကဖို႔ သတိေပးလိုက္ပါတယ္။ အဲဒီလို ထည့္ျပဳတ္ျခင္းအားျဖင့္ အညစ္အေၾကးေၾကာင့္ ထြက္လာတဲ့ အဆိပ္အေတာက္ေတြဟာ ေရေႏြးအိုးမွာ ကပ္ၿငိက်န္ခဲ့ၿပီး ေနာက္တစ္ႀကိမ္ ေသာက္သုံးရန္ ႀကိဳခ်က္တဲ့သူေတြကို အသက္အႏၲရာယ္ ရွိေစနိုင္တယ္လို႔ တားျမစ္ထားပါတယ္။

လူအေတာ္မ်ားမ်ားကေတာ့ ဟိုတယ္မွာထားတဲ့ ေရေႏြးအိုကို ဒီလိုလုပ္စရာလားလို႔ ေဒါသထြက္ေနၾကသလို၊ အခ်ိဳ႕ကလည္း ဟိုတယ္က ေရေႏြးအိုးကို ဘယ္ေတာ့မွ မသုံးေတာ့ဘူးလို႔ ဝင္မန႔္သြားၾကတာေတြလည္း ရွိပါတယ္။

မိတ္ေဆြေရာ ေနာက္တစ္ခါ ဟိုတယ္တည္းျဖစ္တဲ့အခါ ေရေႏြးအိုးနဲ႔ ပက္သက္ၿပီး ဘယ္လိုသေဘာရပါသလဲ..? သေဘာထားနဲ႔ အႀကံဉာဏ္ရွိရင္လဲ အားလုံးသိေအာင္ မန႔္ခဲ့ပါဦး..။

Source : Popolay

Unicode Version

ဟိုတယ်အခန်းတွင်ထားသော ရေနွေးအိုးများကို လုံးဝအသုံးမပြုသင့်သည့် အကြောင်းအရင်း

ခရီးတစ်ခု ထွက်ပြီဆိုရင် မတည်းမဖြစ် ဟိုတယ်တွေမှာ တည်းခိုရလေ့ရှိပါတယ်။ ဟိုတယ်အများစုက ဧည့်သည်ရဲ့ အခန်းထဲမှာ ကော်ဖီသောက်ဖို့၊ ရေနွေးသောက်ဖို့၊ ခေါက်ဆွဲပြုတ်ဖို့ စသည့်ရည်ရွယ်ချက်များနဲ့ အရံသင့်ထားပေးတတ်ကြပါတယ်။

ဒါပေမယ့် ဒီရေနွေးအိုးတွေကို အလွဲသုံးစားလုပ်တတ်တဲ့ ဧည်သည်အချို့ကြောင့် ဟိုတယ်အခန်းထဲက ရေနွေးအိုးဟာ အသက် အန္တရာယ်ဖြစ်လောက်တဲ့ထိ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

လတ်တလော လူမှုကွန်ရက် တွစ်တာမှာ Guy ‘Yug’ Blomberg ဆိုတဲ့ အကောင့်ပိုင်ရှင်ရဲ့ ထူးထူးဆန်းဆန်း မေးခွန့်ကြောင့် အင်တာနက် တစ်ခုလုံးပျံ့နှံ့သွားပြီး ပညာရှင်တွေကိုယ်တိုင် ဟိုတယ်အခန်းတွင်းက ရေနွေးအိုးနဲ့ ပက်သက်ပြီး သတိပေးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။

Guy ‘Yug’ Blomberg ရဲ့ မေးခွန်းကတော့ ခရီးထွက်တဲ့အချိန်မှာ အတွင်းခံဘောင်းဘီကို ရေနွေးအိုးထဲထည့်ပြုတ်တတ်တဲ့ ငါ့အသိထဲက ဘယ်သူရှိလဲ..? လို့ တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီစတေးတပ်စ်ရဲ့ ကွန်မန့်ကို ကြည့်ပြီး မထင်မှတ်ရလောက်အောင် အဲဒီလို ပြုမူသူတွေ အများကြီးရှိနေတာကို တွေ့ခဲ့ရပါတယ်။ အချို့ကွန်မန့်တွေထဲမှာ တစ်ညအိပ်လောက် လေယာဉ်ပေါ်အမှုထမ်းရသူတွေက သူတို့ရဲ့ အတွင်းခံဘောင်းဘီတွေကို ရေနွေးအိုးထဲ ထည့်ပြုတ်ကြောင်း ရေးသားထားပြီး အဲလိုပြုမူတဲ့ လေယာဉ်မယ်တစ်ယောက် မိသွားတာကြောင့် အလုပ်ပြုတ်ခဲ့ကြောင်း ရေးသားထားပါတယ်။

ပညာရှင်တွေကတော့ အတွင်းခံတွေကို ဟိုတယ်အခန်းထဲက အများသုံးနေတဲ့ ရေနွေးအိုးထဲ ထည့်မပြုတ်ကြဖို့ သတိပေးလိုက်ပါတယ်။ အဲဒီလို ထည့်ပြုတ်ခြင်းအားဖြင့် အညစ်အကြေးကြောင့် ထွက်လာတဲ့ အဆိပ်အတောက်တွေဟာ ရေနွေးအိုးမှာ ကပ်ငြိကျန်ခဲ့ပြီး နောက်တစ်ကြိမ် သောက်သုံးရန် ကြိုချက်တဲ့သူတွေကို အသက်အန္တရာယ် ရှိစေနိုင်တယ်လို့ တားမြစ်ထားပါတယ်။

လူအတော်များများကတော့ ဟိုတယ်မှာထားတဲ့ ရေနွေးအိုကို ဒီလိုလုပ်စရာလားလို့ ဒေါသထွက်နေကြသလို၊ အချို့ကလည်း ဟိုတယ်က ရေနွေးအိုးကို ဘယ်တော့မှ မသုံးတော့ဘူးလို့ ဝင်မန့်သွားကြတာတွေလည်း ရှိပါတယ်။

မိတ်ဆွေရော နောက်တစ်ခါ ဟိုတယ်တည်းဖြစ်တဲ့အခါ ရေနွေးအိုးနဲ့ ပက်သက်ပြီး ဘယ်လိုသဘောရပါသလဲ..? သဘောထားနဲ့ အကြံဉာဏ်ရှိရင်လဲ အားလုံးသိအောင် မန့်ခဲ့ပါဦး..။

Source : Popolay