








AAC မဟာမိတ်အဖွဲ့

Source – Ye Min

ဗီဒီယို

အသတ်ခံရလို့ သေတဲ့သူ ဝင်ပူးပြီး အလောင်းရှိတဲ့နေရာကို ညွှန်ပြပေး

မြန်မာအချင်းချင်းသတ်ဖြတ်ပြီး ရေကန်ထဲပစ်ချထားသော အလောင်းပြန်ဆယ်ရလာပါပြီ …. 4-9-2017 ည ၁၀ နာရီခွဲ တွင် အလောင်းဆယ်ယူခဲ့သည်။

ထိုင်းနိင်ငံ ပြည်ပတိုင်းတပါးတွင် မြန်မာအချင်ချင်း မာဖီးယားဆန်ဆန် အခန်းမှန်အား ရိုတ်ခွဲ၍ လက်ပြန် ကြိုးတုတ်ခေါ် သွားပြီး လူများစုဖြင့် လင်မယားနှစ်ဦး အား ဓါးဖြင့်ဝိုင်းထိုးပြီး သတ်ဖြတ်ခဲ့ကြသည့် မှု့ခင်း ဖြစ်ရပ်တစ်ခု မနေ့ညပိုင်းက ထိုင်းနိင်ငံ စာမွတ်ပါကန် မြို့နယ် တွင် ဖြစ်ပွားခဲ့ပါသည်။

စမာဖော်န်၊ စွယ်ထန (10)၊ ရတနချွတ် (12)၊ ၅ ထပ်တိုက်၊ ဘန်ဖီ၊ စမွတ်ပရာကန်တွင် နေထိုင်သူ ကိုသက်ကိုကို (အ သက်) 22 နှစ် နှင့်ဇနီး မမြမြစန်း ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်၊ ကသည်းကုန်းရွာ ဇာတိတို့ကို တစ်ရွာထဲသား မောင်ဘိုဘို (ခ) မောင်ကိုကို နှင့် အပေါင်းအပါ (၅) ဦးတို့သည် (1.9.2017) ည ၁၂ နာရီခန့်အချိန်တွင် ၄င်းတို့ နေထိုင်ရာ ၅ ထ ပ်တိုက် အခန်း တံခါးမှန်များကို ဒုတ် ဓားများဖြင့် အတင်းရိုက်ဖျက် ဖွင့်ပြီး အခန်းထဲသို့ ၀င်ရောက်ကာ လင်မယား နှစ်ေ ယာက်စလုံးကို ကြိုးတုတ်ဖမ်းဆီးပြီး အနီးရှိ ဘောလုံးကွင်းသို့ ခေါ်ဆောင်၍ အလုပ်ရုံ အုတ်တံတို င်းကျော်ကာ တံတို င်းဘေး ရေကန်နားတွင် ဒုတ်များ ဓားများဖြင့် ထိုးခုတ် သတ်ဖြတ်ပြီး ရေကန်ထဲသို့ ပစ်ချခဲ့ကြပါသည်။

ဇနီးဖြစ်သူ မမြမြစန်းကိုလည်း သတ်ဖြတ်ရန် အားထုတ်စဉ်တွင် ကံကောင်းထောက်မစွာ ရေကန်ထဲ ခုန်ဆင်းလွတ်မြော က်သွားခဲ့ပါသည်။

သက်ကိုကိုအား သယ်ယူသွားသည်ကို ဇနီးဖြစ်သူမှ မြင်နေရသော်လည်း အားမသန် မာန်လျှော့ကာ ရေကန်စပ် ကျူ ပင် များကြားမှသာ ပုန်းအောင်းရင်း တွေ့မြင်ရသည်မို့ သေသည် ရှင်သည် မသိရသေးပါ။ သေသွားသည်ရှိသော် အလောင်း ဘယ်နား ပစ်ချထားသည်ကိုလည်း မသိရသေးပါ။

လူသတ်မှု ကျူးလွန်သူများသည် သေဆုံးသူ၏ ဘက်အိတ်များ ပတ်စပို့စာအုပ်များကိုလည်း ယူဆောင်သွားကြသည်ဟု သိရသည်။

ယခုအခါတွင် အမှုမှန် ပေါ်ပေါက်ပြီး တရားခံများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရန် AAC အဖွဲ့မှ အကြောင်းကြားပြီး သက်ဆို င်ရာ ရဲစခန်းတွင် အမှုဖွင့်နိုင်ရန် ကြိုးစားခဲ့ပါသော်လည်း အသိစောပေမယ့် လှုပ်ရှားမှု နောက်ကျသွားခဲ့လို့ ပြစ်မှု ကျူးလွန် သူများမှ ထဲမှ အဓိကစေခိုင်းသူတစ်ဦးကိုသာ ဖမ်းမိပြီး ကျန်သူ များမှာ မနက်ခင်းပိုင်း အလုပ်ဆင်းကာ နေ့ခင်းပိုင်းတွင် ထွက်ပြေးသွားကြပါသည်။ ဖမ်းဆီးမိထားသူ မြန်မာတစ်ဦးကလည်း အလောင်း အား ဘယ်မှာ ပစ်ထားသလဲ ဆိုတာ ထု တ်ဖော်ပြော ဆိုခြင်း မရှိပါ။

သက်ကိုကို၏ အလောင်းကိုလည်း ဘန်ဖီ ပလိပ်များ နှင့်အတူ AAC မဟာမိတ်အဖွဲ့မှ ရှာဖွေနေကြသော်လည်း ယခုချိန်ထိ ရှာမတွေ့သေးပေ။

AAC မဟာမိတ်အဖွဲ့

Source – Ye Min