ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ျမန္မာႏုိင္ငံအတြင္း အၾကမ္းဖက္တုိက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္စီစဥ္ေနမႈႏွင့္ပတ္သက္၍ အသိေပးႏႈိးေဆာ္ျခင္း

ရခိုင္ျပည္နယ္ေျမာက္ျခမ္း၌ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္ သမားမ်ားက အၾကမ္းဖက္ တုိက္ခိုက္မႈမ်ား ျပဳလုပ္ေနခ်ိန္ႏွင့္ ကုလသမဂၢအေထြေထြ ညီလာခံက်င္းပရန္ရွိသည့္ စက္တင္ဘာလအတြင္း အခ်ိန္ကိုက္လ်က္ ျမန္မာႏိုင္ငံအတြင္းပုိင္းေဒသမ်ားတြင္ အၾကမ္းဖက္ေဖာက္ခြဲတုိက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ အၾကမ္းဖက္မႈမ်ားကို အားေပးေထာက္ခံသည့္ ျပည္ပႏုိင္ငံတစ္ခု၌စီစဥ္ေနေၾကာင္း သိရွိရသည္။

အဆိုပါႏိုင္ငံ၌ ျမန္မာႏုိင္ငံမွ သြားေရာက္အလုပ္လုပ္ေနၾကသည့္ အလုပ္သမားအခ်ိဳ႕အား လြန္ခဲ့သည့္ ၄ လခန္႔ကပင္ အျခားႏုိင္ငံ တစ္ႏုိင္ငံတြင္ အၾကမ္းဖက္သင္တန္းမ်ား ေစလႊတ္သင္ၾကားေစခဲ့ၿပီး အဆုိပါအဖြဲ႕ မ်ားသည္ ေဒသႏၲရပစၥည္းမ်ားႏွင့္ မုိင္းလုပ္နည္းမ်ားကို ကြၽမ္းက်င္ၾကသူမ်ားျဖစ္ေၾကာင္း သိရွိရသည္။

ထုိ႔ျပင္ ၎တုိ႔၏ရည္ရြယ္ခ်က္မွာ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္-ေမာင္ေတာေဒသကုိ ဘဂၤါလီအေရးႏွင့္ ပတ္သက္၍ ကမၻာက ပိုမုိအာ႐ုံစုိက္လာေစရန္ႏွင့္ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္မႈကို ေထာက္ခံမႈ ရရွိေစရန္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၏ အဓိကၿမိဳ႕ႀကီးမ်ားျဖစ္သည့္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္အပါအ၀င္ အျခားၿမိဳ႕ႀကီးမ်ား၌ အၾကမ္းဖက္ေဖာက္ခြဲတုိက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း သိရွိရသည္။

သို႔ျဖစ္ပါ၍ ျမန္မာႏုိင္ငံတ၀ွမ္းရွိ ၿမိဳ႕နယ္၊ ေက်းရြာမ်ားအလိုက္ ျပည္သူလူထု တစ္ရပ္လုံးမွ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္ သမားမ်ား၏ မသကၤာဖြယ္ရာ လႈပ္ရွားမႈသတင္းမ်ား၊ ေဖာက္ခြဲေရးသုံး ပစၥည္းမ်ား အထူးသျဖင့္ အမုိနီယမ္ႏိုက္ထရိတ္(ပုလဲဓာတ္ေျမၾသဇာ) တရားမ၀င္စုေဆာင္းေနမႈမ်ားကို သိရွိရပါက နီးစပ္ရာ တပ္စခန္း၊ ရဲစခန္းမ်ားႏွင့္ တပ္ဌာနခ်ဳပ္မ်ားသို႔ အေၾကာင္းၾကားသြားၾကပါရန္ အသိေပး ႏႈိးေဆာ္အပ္ပါသည္။

Source : တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး

(Unicode Version)

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်စီစဉ်နေမှုနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း

နေပြည်တော်၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေချိန်နှင့် ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပရန်ရှိသည့် စက်တင်ဘာလအတွင်း အချိန်ကိုက်လျက် မြန်မာနိုင်ငံအတွင်းပိုင်းဒေသများတွင် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်မှုများကို အားပေးထောက်ခံသည့် ပြည်ပနိုင်ငံတစ်ခု၌စီစဉ်နေကြောင်း သိရှိရသည်။

အဆိုပါနိုင်ငံ၌ မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်နေကြသည့် အလုပ်သမားအချို့အား လွန်ခဲ့သည့် ၄ လခန့်ကပင် အခြားနိုင်ငံ တစ်နိုင်ငံတွင် အကြမ်းဖက်သင်တန်းများ စေလွှတ်သင်ကြားစေခဲ့ပြီး အဆိုပါအဖွဲ့ များသည် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်းများကို ကျွမ်းကျင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ၎င်းတို့၏ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအဝင် အခြားမြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်၊ ကျေးရွာများအလိုက် ပြည်သူလူထု တစ်ရပ်လုံးမှ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြေသြဇာ) တရားမဝင်စုဆောင်းနေမှုများကို သိရှိရပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်းကြားသွားကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး