ယေန႕ေဂၚရခါးစစ္သည္ေတြရဲ႕ မ်ိဳးရင္းႏုိင္ငံဟာနီေပါႏုိင္ငံျဖစ္ပီး အိႏၵိယႏုိ္င္ငံအတြင္းမွာလည္းေနထိုင္ၾကပါတယ္။ေဂၚရခါးဆိုတဲ့ အမည္ဟာ ၈ ရာစုႏွစ္မွာထင္၇ွားခဲ့တဲ့ နီေပါသူရဲေကာင္း ဂရု ေဂၚ၇ခါနက္ကိုအစဲြျပဳပီးေဂၚရခါးလို႕ေခၚတြင္ခဲ့ပါတယ္။ အမ်ားအားျဖင့္ ဗုဒၥဘာသာနဲ႕ ဟင္ဒီ စစ္နတ္ဘုရားျဖစ္တဲ့ ဒူဂါနတ္သမီးကိုကိုးကြယ္ၾကပါတယ္။ ေမြးရာပါစစ္စိတ္စစ္ေသြးထက္သန္ၾကသူေတြျဖစ္ပီး အရြယ္ေရာက္တာနဲ႕ စစ္သားလုပ္ၾကသျဖင့္လယ္လုပ္မည့္ ေယာကၤ်ားသားမ်ားနီေပါႏုိင္ငံမွာမရွိသည္အထိျဖစ္ဖူးပါတယ္။
ေဂၚရခါးေတြရဲ႕ အမွတ္အသားကေတာ့ ကြတ္ကရီး ဓားေကာက္ျဖစ္ပီး ေနာက္ထပ္ထူးျခားတဲ့၀ိေသသကေတာ့ အေၾကာက္ရြံကင္းမဲ့ျခင္းျဖစ္ပါတယ္။ယခင္ အိႏၵိယစစ္ဦးစီးခ်ဳပ္ေဟာင္းစစ္သူႀကီး ဆမ္မာနက္ေရွာက ဘယ္လိုေျပာဖူးသလဲဆိုရင္ တစ္ေယာက္ေယာက္ငါ့ကိုေသရမွာမေၾကာက္ဖူးလို႕ လာေျပာရင္ ဒီလူငါ့ကိုလိမ္ေနတာျဖစ္ရင္ျဖစ္မဟုတ္လို႕ကေတာ့ ဒီလူဟာေဂၚရခါးလူမ်ိဳးျဖစ္ရမယ္ဆိုပီးမွတ္ခ်က္ခ်ဖူးပါတယ္။
ေအဒီ ၈ရာစုကစပီးနီေပါအင္ပါယာအျဖစ္ရပ္တည္ခဲ့ရာမွ ၁၈၁၄-၁၆ အင္ဂလို-နီေပါစစ္ပဲြျဖစ္ပြားခဲ့ပီး အေရွ႕အိႏၵိယ ကုမၼဏီတပ္ေတြကနီေပါႏုိ္င္ငံကို အိႏၵိယအင္ပါယာအတြင္းသြတ္သြင္းခဲ့ပါတယ္။ဒီအခ်ိန္ကစပီး ေဂၚရခါးစစ္သည္ေတာ္အေျမာက္အျမားဟာသူတို႕ရဲ႕ ထူးျခားတဲ့စစ္သားပီသမႈ ၀ိေသသေၾကာင့္ အဂၤလိပ္တို႕ လက္ေအာက္ခံ INDIA CORPS အတြင္းမွာအေရးပါတဲ့ အခန္းက႑ကပါ၀င္ခဲ့ပီး ပထမကမာၻစစ္၊ဒုတိယကမာၻစစ္ေတြမွာ ကမာၻေဒသ အမ်ားအျပားမွာ ေျပာင္ေျမာက္စြာတာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ ေဂၚ၇ခါး တပ္ရင္းေပါင္း (၄၀)အထိ ၿဗိတိသွ် တပ္မေတာ္အတြင္း မွာထားရွိခဲ့ပီး ေတာ္၀င္ဘုရင့္တပ္မေတာ္ရဲ႕ ေက်ာရုိးျဖစ္ခဲ့ပါတယ္။
ဒုတိယကမာၻစစ္အတြင္း ျမန္မာျပည္စစ္ေျမျပင္နဲ႕ ၀င္းဂိတ္ရဲ႕ ခရီးရွည္ထိုးေဖာက္ခ်ီတပ္မႈအတြင္းမွာ ေဂၚရခါးစစ္သည္ေတြ ရြပ္ရြပ္ခ်ြံခ်ြံတိုက္ပဲြ၀င္ခဲ့ပါတယ္။ အဂၤလိပ္တပ္မေတာ္အတြင္းသာမက ျပင္သစ္တို႕ရဲ႕ French Foreign Legion တပ္ဖဲြအတြင္းမွာလည္းထင္ရွားခဲ့ပါတယ္။ ျမန္မာ့တပ္မေတာ္အတြင္းမွာလည္း ေဂၚရခါးတပ္ရင္း(၁)ရင္းရွိခဲ့ပီး အဲဒီတပ္ကေတာ့ မႏၱေလးတိုင္း ပုသိမ္ႀကီးမွာရွိတဲ့ 4 Gurkha Rifle ေခၚ အမွတ္(၄)ေျခလ်င္တပ္ရင္းျဖစ္ပါတယ္။ သည္တပ္ရင္းဟာ တပ္ရင္းမွဴးကစလို႕ စစ္သည္အားလံုးေဂၚရခါးအမ်ိဳးသားေတြသာ ပါ၀င္ခဲ့ပီး ျမန္မာ အရာရွိအခ်ိဳ႕သာပါ၀င္ခဲ့ပါတယ္။ ၁၉၄၈ အင္းစိန္တိုက္ပဲြ ၊ ေအာင္သာစည္တိုက္ပဲြ တရုတ္ျဖဴရန္ႀကီးေအာင္စစ္ဆင္ေရး ၊ ၁၉၈၂ စီစီ၀မ္တာပန္တိုက္ပြဲ ၊၂၀၀၂ ပန္မိုင္ဆြန္တိုက္ပဲြေတြမွာခလရ(၄) ေခၚ ေဂၚရခါး ၄ ဟာ တပ္မေတာ္အေပၚ သစၥာရွိရွိ ရြပ္ရြပ္ခြ်ံခြ်ံတိုက္ပဲြ၀င္ခဲ့တယ္။
ထင္းရွားတဲ့သာဓကကေတာ့ ႏုိင္ငံေတာ္ရဲ႕ အျမင့္ဆံုးစြမ္းရည္သတၱိ ဘဲြ႕ျဖစ္တဲ့ ေအာင္ဆန္းသူရိယဘဲြ႕ ရ ၆ ဦးအနက္ ေဂၚရခါးအမ်ိဳးသား စြက္ဗဟာဒူးရုိင္းပါ၀င္ခဲ့ျခင္းပါပဲ။အဲဒီေတာ့ ျမန္မာတိုင္းရင္းသားမဟုတ္ေသာ္ျငားလည္းတိုင္းရင္းသားနဲ႕ မျခားတိုင္းျပည္အေပၚသစၥာ၇ွိခဲ့တဲ့ ေဂၚရခါးစစ္သည္ေတာ္ေတြကို မေမ့အပ္ပါေၾကာင္းယခု စာစုျဖင့္ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။
မွတ္ခ်က္ ေဂၚရခါးသည္ကုလားမဟုတ္ပါ။ ရုပ္ရည္ၾကည့္ခ်င္းကိုးကြယ္ရာဘာသာကို ၾကည့္ခ်င္းႏိုင္ငံအတြက္ ေပးဆပ္မႈအျပင္ ဘာအခြင့္အေရးမွမေတာင္း သူတို႔ကို သူတို႔ေမြးစားသားအျဖစ္သာခံယူကာ ေမြးစားမိခင္အေပၚ သားအရင္းတမၽွခ်စ္ သူမ်ားပါ
ၾကယ္နီ
ျမန္မာျပည္ဖြား ေဂၚရခါးလူငယ္တစ္ဦးရဲ႕ ရင္ဖြင့္သံကဗ်ာကို ကူးယူတင္ျပလိုက္ပါတယ္။
အို အေမ ျမန္မာျပည္
ရင္ထဲ ႀကိတ္ ခံစားေနတယ္
ဖိုး ေဂၚရခါး မ်ိဳးဆက္ေတြ
တခ်ိန္က ေလ နဂါးႏိုင္ တိုက္ပြဲ
တရုတ္ျဖဴ ေတြနဲ႕ ကူမင္တန္
တိုက္လိုက္က်တာ ႏိုင္လိုက္ၾကတာ
အဲ့ဒါ အေမ့ကို ခ်စ္လို႔ပါ အေမ
ေဟာ သီဟ ဘြဲ႕
ၿပီးေတာ့ သူရ ဘြဲ႕ သီဟသူရ ဘြဲ႕
ၿပီးေတာ့တခါ ေအာင္ဆန္းသူရိယ ဘြဲ႕
သူရဲေကာင္းေတြ သူရဲေကာင္းေတြ
အမိေျမ ကို ကာကြယ္ရင္း ေပါ့
ဘြဲ႕ ေတြလဲ ရခဲ့ၾကတယ္
ေသြး ေျမ လဲ က် ခဲ့ၾကတယ္
အမွတ္မထင္ အေမွာင္ရိပ္ က်ခဲ့ခ်ိန္
အေမ့ က်န္းမာေရး ဆိုးဝါးခဲ့တယ္
မိသားစု ေတြ ကြဲခဲ့တယ္
အေမ့သား ေဂၚရခါး လဲ ကုလားျဖစ္ခံ ခဲ့ရတယ္ အေမ
အနိစၥ သေဘာ
ဆုတ္ကပ္ လဲ မျမဲပါဘူး
တိုင္းျပည္မွာ ေရာင္နီ သန္းၿပီ
အေမ့ မိသားစု အားလံုး စုေဝး ၾကၿပီ
ႀကိဳးစားၾကၿပီ ေပ်ာ္ေနၾကၿပီ
ဒါေပမဲ့ ေဂၚရခါး ေတြမွာ ေနၾကတ္ခဲ့တယ္ အေမ
၄၇ ပင္လံုမွာ အဖိတ္ခံရၿပီး
၂၁ ပင္လံုမွာ အေမ့ခံရသူေတြပါ
ေမြးစား သားေပမဲ့
သားရင္း ပမာ လိမၼာပါတယ္
သားရင္းပမာ သစၥာ ရွိပါတယ္
သားရင္းပမာ ေမတၱာ ရွိပါတယ္ အေမ
ေမးခြန္းေတြ ျပည့္ေနတဲ့ ႏွလံုးသား
ႏုတ္ဖ်ား က ထြက္မက် ပါဘူး
ညီေနာင္မ်ား ေသြးစည္းၾကေစ
ညီေနာင္မ်ား ညီညြတ္ၾကေစ
ညီေနာင္မ်ား ၿငိမ္းခ်မ္းၾကေစ
အေမ့ရင္ခြင္ တစ္ေနရာကေန
ေမၽွာ္မွန္း တမ္းတေနတာ
အေမသိပါေလစ
အေရးႀကီးရင္ ေသြးစည္းစတမ္း
ဗဟာဒူး သား
ေဂၚရခါး
ခြတ္ကရီး ဓား ႏွင့္ အေမ့အတြက္
အရင္အတိုင္း ေပးဆပ္ပါ့မယ္
အသက္ရင္းလို႔ ကာစည္းပါ့မယ္
သတိရလိုက္ပါ အေမ
အဲ့ဒါ အားလံုး အေမ့ကို ခ်စ္လို႔ပါ အေမ။ ။
Credit-Htet Swe Oo
စစ်နတ်ဘုရား၏ သားတော်များ (သို့) ဂေါ်ရခါးစစ်သည်များ
ယနေ့ဂေါ်ရခါးစစ်သည်တွေရဲ့ မျိုးရင်းနိုင်ငံဟာနီပေါနိုင်ငံဖြစ်ပီး အိန္ဒိယနို်င်ငံအတွင်းမှာလည်းနေထိုင်ကြပါတယ်။ဂေါ်ရခါးဆိုတဲ့ အမည်ဟာ ၈ ရာစုနှစ်မှာထင်ရှားခဲ့တဲ့ နီပေါသူရဲကောင်း ဂရု ဂေါ်ရခါနက်ကိုအစွဲပြုပီးဂေါ်ရခါးလို့ခေါ်တွင်ခဲ့ပါတယ်။ အများအားဖြင့် ဗုဒ္စဘာသာနဲ့ ဟင်ဒီ စစ်နတ်ဘုရားဖြစ်တဲ့ ဒူဂါနတ်သမီးကိုကိုးကွယ်ကြပါတယ်။ မွေးရာပါစစ်စိတ်စစ်သွေးထက်သန်ကြသူတွေဖြစ်ပီး အရွယ်ရောက်တာနဲ့ စစ်သားလုပ်ကြသဖြင့်လယ်လုပ်မည့် ယောင်္ကျားသားများနီပေါနိုင်ငံမှာမရှိသည်အထိဖြစ်ဖူးပါတယ်။
ဂေါ်ရခါးတွေရဲ့ အမှတ်အသားကတော့ ကွတ်ကရီး ဓားကောက်ဖြစ်ပီး နောက်ထပ်ထူးခြားတဲ့ဝိသေသကတော့ အကြောက်ရွံကင်းမဲ့ခြင်းဖြစ်ပါတယ်။ယခင် အိန္ဒိယစစ်ဦးစီးချုပ်ဟောင်းစစ်သူကြီး ဆမ်မာနက်ရှောက ဘယ်လိုပြောဖူးသလဲဆိုရင် တစ်ယောက်ယောက်ငါ့ကိုသေရမှာမကြောက်ဖူးလို့ လာပြောရင် ဒီလူငါ့ကိုလိမ်နေတာဖြစ်ရင်ဖြစ်မဟုတ်လို့ကတော့ ဒီလူဟာဂေါ်ရခါးလူမျိုးဖြစ်ရမယ်ဆိုပီးမှတ်ချက်ချဖူးပါတယ်။
အေဒီ ၈ရာစုကစပီးနီပေါအင်ပါယာအဖြစ်ရပ်တည်ခဲ့ရာမှ ၁၈၁၄-၁၆ အင်ဂလို-နီပေါစစ်ပွဲဖြစ်ပွားခဲ့ပီး အရှေ့အိန္ဒိယ ကုမ္မဏီတပ်တွေကနီပေါနို်င်ငံကို အိန္ဒိယအင်ပါယာအတွင်းသွတ်သွင်းခဲ့ပါတယ်။ဒီအချိန်ကစပီး ဂေါ်ရခါးစစ်သည်တော်အမြောက်အမြားဟာသူတို့ရဲ့ ထူးခြားတဲ့စစ်သားပီသမှု ၀ိသေသကြောင့် အင်္ဂလိပ်တို့ လက်အောက်ခံ INDIA CORPS အတွင်းမှာအရေးပါတဲ့ အခန်းကဏ္ဍကပါ၀င်ခဲ့ပီး ပထမကမ္ဘာစစ်၊ဒုတိယကမ္ဘာစစ်တွေမှာ ကမ္ဘာဒေသ အများအပြားမှာ ပြောင်မြောက်စွာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဂေါ်ရခါး တပ်ရင်းပေါင်း (၄၀)အထိ ဗြိတိသျှ တပ်မတော်အတွင်း မှာထားရှိခဲ့ပီး တော်ဝင်ဘုရင့်တပ်မတော်ရဲ့ ကျောရိုးဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်နဲ့ ၀င်းဂိတ်ရဲ့ ခရီးရှည်ထိုးဖောက်ချီတပ်မှုအတွင်းမှာ ဂေါ်ရခါးစစ်သည်တွေ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ပါတယ်။ အင်္ဂလိပ်တပ်မတော်အတွင်းသာမက ပြင်သစ်တို့ရဲ့ French Foreign Legion တပ်ဖွဲအတွင်းမှာလည်းထင်ရှားခဲ့ပါတယ်။ မြန်မာ့တပ်မတော်အတွင်းမှာလည်း ဂေါ်ရခါးတပ်ရင်း(၁)ရင်းရှိခဲ့ပီး အဲဒီတပ်ကတော့ မန္တလေးတိုင်း ပုသိမ်ကြီးမှာရှိတဲ့ 4 Gurkha Rifle ခေါ် အမှတ်(၄)ခြေလျင်တပ်ရင်းဖြစ်ပါတယ်။ သည်တပ်ရင်းဟာ တပ်ရင်းမှူးကစလို့ စစ်သည်အားလုံးဂေါ်ရခါးအမျိုးသားတွေသာ ပါ၀င်ခဲ့ပီး မြန်မာ အရာရှိအချို့သာပါ၀င်ခဲ့ပါတယ်။ ၁၉၄၈ အင်းစိန်တိုက်ပွဲ ၊ အောင်သာစည်တိုက်ပွဲ တရုတ်ဖြူရန်ကြီးအောင်စစ်ဆင်ရေး ၊ ၁၉၈၂ စီစီဝမ်တာပန်တိုက်ပွဲ ၊၂၀၀၂ ပန်မိုင်ဆွန်တိုက်ပွဲတွေမှာခလရ(၄) ခေါ် ဂေါ်ရခါး ၄ ဟာ တပ်မတော်အပေါ် သစ္စာရှိရှိ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့တယ်။
ထင်းရှားတဲ့သာဓကကတော့ နိုင်ငံတော်ရဲ့ အမြင့်ဆုံးစွမ်းရည်သတ္တိ ဘွဲ့ဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ ရ ၆ ဦးအနက် ဂေါ်ရခါးအမျိုးသား စွက်ဗဟာဒူးရိုင်းပါ၀င်ခဲ့ခြင်းပါပဲ။အဲဒီတော့ မြန်မာတိုင်းရင်းသားမဟုတ်သော်ငြားလည်းတိုင်းရင်းသားနဲ့ မခြားတိုင်းပြည်အပေါ်သစ္စာရှိခဲ့တဲ့ ဂေါ်ရခါးစစ်သည်တော်တွေကို မမေ့အပ်ပါကြောင်းယခု စာစုဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
မှတ်ချက် ဂေါ်ရခါးသည်ကုလားမဟုတ်ပါ။ ရုပ်ရည်ကြည့်ချင်းကိုးကွယ်ရာဘာသာကို ကြည့်ချင်းနိုင်ငံအတွက် ပေးဆပ်မှုအပြင် ဘာအခွင့်အရေးမှမတောင်း သူတို့ကို သူတို့မွေးစားသားအဖြစ်သာခံယူကာ မွေးစားမိခင်အပေါ် သားအရင်းတမျှချစ် သူများပါ
ကြယ်နီ
မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်တစ်ဦးရဲ့ ရင်ဖွင့်သံကဗျာကို ကူးယူတင်ပြလိုက်ပါတယ်။
အို အမေ မြန်မာပြည်
ရင်ထဲ ကြိတ် ခံစားနေတယ်
ဖိုး ဂေါ်ရခါး မျိုးဆက်တွေ
တချိန်က လေ နဂါးနိုင် တိုက်ပွဲ
တရုတ်ဖြူ တွေနဲ့ ကူမင်တန်
တိုက်လိုက်ကျတာ နိုင်လိုက်ကြတာ
အဲ့ဒါ အမေ့ကို ချစ်လို့ပါ အမေ
ဟော သီဟ ဘွဲ့
ပြီးတော့ သူရ ဘွဲ့ သီဟသူရ ဘွဲ့
ပြီးတော့တခါ အောင်ဆန်းသူရိယ ဘွဲ့
သူရဲကောင်းတွေ သူရဲကောင်းတွေ
အမိမြေ ကို ကာကွယ်ရင်း ပေါ့
ဘွဲ့ တွေလဲ ရခဲ့ကြတယ်
သွေး မြေ လဲ ကျ ခဲ့ကြတယ်
အမှတ်မထင် အမှောင်ရိပ် ကျခဲ့ချိန်
အမေ့ ကျန်းမာရေး ဆိုးဝါးခဲ့တယ်
မိသားစု တွေ ကွဲခဲ့တယ်
အမေ့သား ဂေါ်ရခါး လဲ ကုလားဖြစ်ခံ ခဲ့ရတယ် အမေ
အနိစ္စ သဘော
ဆုတ်ကပ် လဲ မမြဲပါဘူး
တိုင်းပြည်မှာ ရောင်နီ သန်းပြီ
အမေ့ မိသားစု အားလုံး စုဝေး ကြပြီ
ကြိုးစားကြပြီ ပျော်နေကြပြီ
ဒါပေမဲ့ ဂေါ်ရခါး တွေမှာ နေကြတ်ခဲ့တယ် အမေ
၄၇ ပင်လုံမှာ အဖိတ်ခံရပြီး
၂၁ ပင်လုံမှာ အမေ့ခံရသူတွေပါ
မွေးစား သားပေမဲ့
သားရင်း ပမာ လိမ္မာပါတယ်
သားရင်းပမာ သစ္စာ ရှိပါတယ်
သားရင်းပမာ မေတ္တာ ရှိပါတယ် အမေ
မေးခွန်းတွေ ပြည့်နေတဲ့ နှလုံးသား
နုတ်ဖျား က ထွက်မကျ ပါဘူး
ညီနောင်များ သွေးစည်းကြစေ
ညီနောင်များ ညီညွတ်ကြစေ
ညီနောင်များ ငြိမ်းချမ်းကြစေ
အမေ့ရင်ခွင် တစ်နေရာကနေ
မျှော်မှန်း တမ်းတနေတာ
အမေသိပါလေစ
အရေးကြီးရင် သွေးစည်းစတမ်း
ဗဟာဒူး သား
ဂေါ်ရခါး
ခွတ်ကရီး ဓား နှင့် အမေ့အတွက်
အရင်အတိုင်း ပေးဆပ်ပါ့မယ်
အသက်ရင်းလို့ ကာစည်းပါ့မယ်
သတိရလိုက်ပါ အမေ
အဲ့ဒါ အားလုံး အမေ့ကို ချစ်လို့ပါ အမေ။ ။
Credit-Htet Swe Oo