၁၉၈၂ ျမန္မာႏိူင္ငံသား ဥပေဒပါ။ ျမန္မာႏိူင္ငံသား တိုင္း ေလ့လာထားသင့္ပါတယ္

အခန္း(၄) ႏိုင္ငံသားျပဳခြင့္ရသူျဖစ္ျခင္း

(၄၂) ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔ မတိုင္မီကာလတြင္ ႏိုင္ငံေတာ္အတြင္း၌ ေရာက္႐ွိေနထိုင္သူႏွင့္ ထိုသူတို႔မွ ႏိုင္ငံေတာ္အတြင္း ေမြးဖြားသည့္ သားသမီးသည္ ၁၉၄၈ ခုႏွစ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံသားျဖစ္မႈ အက္ဥပေဒအရ ေလွ်ာက္ထားရန္ က်န္႐ွိေနေၾကာင္း ခိုင္လုံေသာ အေထာက္အထားမ်ားျဖင့္ ဗဟိုအဖြဲ႕သို႔ ႏိုင္ငံသားျပဳခြင့္ရရန္ ေလွ်ာက္ထားႏိုင္သည္။

(၄၃) ဤဥပေဒ အာဏာတည္သည့္ေန႔မွစ၍ ႏိုင္ငံေတာ္အတြင္း၌ျဖစ္ေစ၊ ႏိုင္ငံေတာ္ ျပင္ပ၌ျဖစ္ေစ၊ ေမြးဖြားသည့္ ေအာက္ပါသူတို႔သည္လည္း ႏိုင္ငံသားျပဳခြင့္ရရန္ ေလွ်ာက္ထားႏိုင္သည္-

(က) ႏိုင္ငံသားႏွင့္ ႏိုင္ငံျခားသား မိဘႏွစ္ပါးမွ ေမြးဖြားသူမ်ား၊

(ခ) ဧည့္ႏိုင္ငံသားႏွင့္ ႏိုင္ငံသားျပဳခြင့္ရသူ မိဘႏွစ္ပါးမွ ေမြးဖြားသူမ်ား၊

(ဂ) ဧည့္ႏိုင္ငံသားႏွင့္ ႏိုင္ငံျခားသား မိဘႏွစ္ပါးမွ ေမြးဖြားသူမ်ား၊

(ဃ) ႏုိင္ငံသားျပဳခြင့္ရသူ မိဘႏွစ္ပါးမွ ေမြးဖြားသူမ်ား၊

(င) ႏိုင္ငံသားျပဳခြင့္ရသူႏွင့္ ႏိုင္ငံျခားသား မိဘႏွစ္ပါးမွ ေမြးဖြားသူမ်ား၊

(၄၄)ႏိုင္ငံသားျပဳခြင့္ရရန္ ေလွ်ာက္ထားသူသည္ ေအာက္ပါအရည္အခ်င္းႏွင့္ ျပည္စုံရမည္-

(က)ပုဒ္မ ၄၂ သို႔မဟုတ္ ပုဒ္မ ၄၃ ပါ ျပ႒ာန္းခ်က္ႏွင့္ ကိုက္ညီသူျဖစ္ျခင္း၊

(ခ)အသက္တစ္ဆယ့္႐ွစ္ႏွစ္ ျပည့္ၿပီးသူျဖစ္ျခင္း၊

(ဂ)တိုင္းရင္းသား ဘာသာစကား တစ္မ်ိဳးမ်ိဳးကို ေကာင္းမြန္စြာ ေျပာတတ္ျခင္း၊။

(ဃ)အက်င့္စာရိတၱ ေကာင္းမြန္ျခင္း၊

(င)႐ူးသြပ္သူမဟုတ္ျခင္း၊

(၄၅) ႏိုင္ငံသား သို႔မဟုတ္ ဧည့္ႏိုင္ငံသား သို႔မဟုတ္ ႏိုင္ငံသားျပဳခြင့္ရသူႏွင့္ အိမ္ေထာင္က်ခဲ့ေသာ ဤဥပေဒအာဏာတည္သည့္ေန႔ မတိုင္မီက ႏိုင္ငံျခားသားမွတ္ပုံတင္လက္မွတ္ ကိုင္ေဆာင္သူသည္ ႏိုင္ငံသားျပဳခြင့္ရရန္ ေလွ်ာက္ထားလွ်င္ ေအာက္ပါအရည္အခ်င္းႏွင့္ ျပည့္စုံရမည္ –

(က) အသက္တစ္ဆယ့္႐ွစ္ႏွစ္ ျပည့္ၿပီးသူျဖစ္ျခင္း၊

(ခ) အက်င့္စာရိတၱေကာင္းမြန္ျခင္း၊

(ဂ).႐ူးသြပ္သူမဟုတ္ျခင္း၊

(ဃ) တစ္လင္တစ္မယားျဖစ္ျခင္း၊

(င) တရားဝင္ဇနီး သို႔မဟုတ္ တရားဝင္ခင္ပြန္းအျဖစ္ ႏိုင္ငံေတာ္အတြင္း အနည္းဆုံး သုံးႏွစ္အဆက္မျပတ္ ေနထိုင္ခဲ့ျခင္း၊

(၄၆)(က)ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္ ဗဟိုအဖြဲ႕က သတ္မွတ္သူသည္ ျပည္ထဲေရးဝန္ႀကီးဌာန၏ သတ္မွတ္သည့္ အဖြဲ႕အစည္းေ႐ွ႕သို႔ ကိုယ္တိုင္လာေရာက္ၿပီး ႏိုင္ငံေတာ္၏ သစၥာကို ခံယူေၾကာင္း၊ ႏိုင္ငံေတာ္၏ ဥပေဒမ်ားကို ႐ိုေသလိုက္နာမည္ျဖစ္ေၾကာင္း၊ သတ္မွတ္ထားေသာ တာဝန္ႏွင့္အခြင့္အေရးမ်ားကို သိ႐ွိေၾကာင္း စာျဖင့္ ေရးသား၍ ကတိသစၥာျပဳရမည္။

(ခ)ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္ ဗဟိုအဖြဲ႕က သတ္မွတ္ေသာ ႏိုင္ငံျခားသား မွတ္ပုံတင္လက္မွတ္ ကိုင္ေဆာင္သူသည္ ျပည္ထဲေရးဝန္ႀကီးဌာန၏ သတ္မွတ္သည့္အဖြဲ႕အစည္းေရွ႕သို႔ ကိုယ္တုိင္လာေရာက္ၿပီး ႏိုင္ငံျခားသားအျဖစ္ကို စြန္႔လႊတ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ သစၥာကိုခံယူေၾကာင္း၊ ႏိုင္ငံေတာ္၏ ဥပေဒမ်ားကို ႐ိုေသလိုက္နာမည္ျဖစ္ေၾကာင္း၊ သတ္မွတ္ထားေသာတာဝန္ႏွင့္ အခြင့္အေရးမ်ားကို သိ႐ွိေၾကာင္း စာျဖင့္ေရးသား၍ ကတိသစၥာၿပဳရမည္။

(၄၇)ႏိုင္ငံသားျပဳခြင့္လက္မွတ္တြင္ ေလွ်ာက္လႊာ၌ ေဖာ္ျပထားေသာ သားသမီး၏ အမည္ကို ဗဟိုအဖြဲ႕က ထည့္သြင္းႏိုင္သည္။ အမည္ ထည့္သြင္းေပးျခင္းခံရေသာ သားသမီးသည္ ႏိုင္ငံသားျပဳခြင့္ရသူ ျဖစ္သည္။

(၄၈)ပုဒ္မ ၄၇ အရ အမည္ထည့္သြင္းေပးျခင္း ခံရေသာ သားသမီးသည္ အသက္ တစ္ဆယ့္႐ွစ္ႏွစ္ ျပည့္ၿပီးသူျဖစ္ပါက မိဘႏွင့္အတူ ပုဒ္မ ၄၆၊ ပုဒ္မခြဲ (က) ပါအတိုင္း ကတိသစၥာျပဳရမည္။

(၄၉)(က)ပုဒ္မ ၄၇ အရ အမည္ ထည့္သြင္းေပးျခင္း ခံရေသာ သားသမီးသည္ အသက္တစ္ဆယ့္႐ွစ္ႏွစ္ မျပည့္ေသးပါက အသက္ျပည့္သည့္ေန႔မွစ၍ တစ္ႏွစ္အတြင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ သတ္မွတ္သည့္ အဖြဲ႕အစည္းေ႐ွ႕သို႔ ကိုယ္တုိင္လာေရာက္ၿပီး ပုဒ္မ ၄၆၊ ပုဒ္မခြဲ (က) ပါအတိုင္း ကတိသစၥာျပဳရမည္။

(ခ)ပုဒ္မခြဲ (က) ပါအတိုင္း လုိက္နာရန္ ပ်က္ကြက္သူသည္ ျပည္ထဲေရးဝန္ႀကီး ဌာန၏ သတ္မွတ္သည့္ အဖြဲ႕အစည္းသို႔ တစ္ႏွစ္လွ်င္ က်ပ္ငါးဆယ္က်စီ ဒဏ္ေငြကို ေပးေဆာင္ေစရမည္။

(၅၀)တစ္ႏွစ္အတြင္း ကတိသစၥာ မျပဳႏိုင္ပါက ခုိင္လုံေသာအေၾကာင္းျပ၍ ျပည္ထဲေရးဝန္ႀကီးဌာန၏ သတ္မွတ္သည့္ အဖြဲ႕အစည္းမ်ားမွတစ္ဆင့္ ဗဟိုအဖြဲ႕သို႔ေလွ်ာက္ထားရမည္။ ခုိင္လုံေသာအေၾကာင္းမ႐ွိပဲ အသက္ ႏွစ္ဆယ္ႏွစ္ႏွစ္ျပည့္သည့္ေန႔မွ ေက်ာ္လြန္လွ်င္ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္ ဆုံး႐ႈံးသည္။

(၅၁)(က)ႏိုင္ငံသားျပဳခြင့္ရသူ မိဘႏွစ္ပါးလုံးသည္ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္ကို ဆုံး႐ႈံးလွ်င္ ထိုသူတို႔၏ ႏိုင္ငံသားျပဳခြင္လက္မွတ္တြင္ ပါဝင္ေသာ အသက္ တစ္ဆယ့္႐ွစ္ႏွစ္မျပည့္ေသးသည့္ သားသမီးႏွင့္ အသက္တစ္ဆယ္႐ွစ္ႏွစ္ၿပည့္ၿပီး ကတိသစၥာ မျပဳရေသးေသာ သားသမီးသည္ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္မွ ရပ္စဲသည္။

(ခ)ႏိုင္ငံသားႏွင့္ ႏိုင္ငံျခားသား မိဘႏွစ္ပါးအနက္ ႏိုင္ငံသားအမိ သို႔မဟုတ္ အဘသည္ ႏိုင္ငံသားအျဖစ္ကို ဆုံး႐ႈံးလွ်င္ ထုိသူကိုင္ေဆာင္ေသာလက္မွတ္တြင္ ပါဝင္သည့္ အသက္ တစ္ဆယ့္႐ွစ္ႏွစ္ မျပည့္ေသးေသာ သားသမီးႏွင့္ အသက္ တစ္ဆယ္႐ွစ္ႏွစ္ျပည့္ၿပီး ကတိသစၥာ မျပဳရေသးေသာ သားသမီးသည္ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္မွ ရပ္စဲသည္။

(ဂ)ဧည့္ႏိုင္ငံသားႏွင့္ ႏိုင္ငံျခားသားမိဘႏွစ္ပါးအနက္ ဧည့္ႏိုင္ငံသားအမိ သို႔မဟုတ္ အဘသည္ ဧည့္ႏိုင္ငံသားအျဖစ္ကို ဆုံး႐ႈံးလွ်င္ ထိုသူ ကိုင္ေဆာင္ေသာ လက္မွတ္တြင္ ပါဝင္သည့္ အသက္တစ္ဆယ့္႐ွစ္ႏွစ္ မျပည့္ေသးေသာ သားသမီးႏွင့္ အသက္တစ္ဆယ့္႐ွစ္ႏွစ္ျပည့္ၿပီး ကတိသစၥာ မျပဳရေသးေသာ သားသမီးသည္ ႏိုင္ငံသားျပဳခြင့္ရသူ အျဖစ္မွ ရပ္စဲသည္။

(ဃ)ႏိုင္ငံသားျပဳခြင့္ရသူႏွင့္ ႏိုင္ငံျခားသား မိဘႏွစ္ပါးအနက္ ႏိုင္ငံသားျပဳခြင့္ရသူ အမိ သို႔မဟုတ္ အဘသည္ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္ကို ဆုံး႐ႈံးလွ်င္ ထုိသူ ကိုင္ေဆာင္ေသာလက္မွတ္တြင္ ပါဝင္သည့္ အသက္ တစ္ဆယ့္႐ွစ္ႏွစ္ မျပည့္ေသးေသာ သားသမီးႏွင့္ အသက္တစ္ဆယ့္႐ွစ္ႏွစ္ၿပည့္ၿပီး ကတိသစၥာ မျပဳရေသးေသာ သားသမီးသည္ ႏိုင္ငံသားျပဳခြင့္ရသူ အျဖစ္မွ ရပ္စဲသည္။

(၅၂)ႏိုင္ငံသား သို႔မဟုတ္ ဧည့္ႏိုင္ငံသား သို႔မဟုတ္ ႏိုင္ငံသားျပဳခြင့္ရသူႏွင့္ အိမ္ေထာင္က်ခဲ့ေသာ ဤဥပေဒ အာဏာတည္သည့္ေန႔မတိုင္မီက ႏိုင္ငံျခားသားမွတ္ပုံတင္လက္မွတ္ ကိုင္ေဆာင္သူသည္ ႏိုင္ငံသားျပဳခြင့္ရရန္ ေလွ်ာက္ထားၿပီး ႏိုင္ငံသားျပဳခြင့္ မရမီ ယင္း၏ဇနီး သို႔မဟုတ္ ခင္ပြန္း ေသဆုံးလွ်င္ျဖစ္ေစ၊ ကြာ႐ွင္းလွ်င္ျဖစ္ေစ၊ ထိုသူ၏ ႏိုင္ငံသားျပဳခြင့္ ေလွ်ာက္ထားျခင္းသည္ ပ်က္ျပယ္သည္။

(၅၃)ႏိုင္ငံသားျပဳခြင့္ ရသူတစ္ဦးသည္-

(က)ႏိုင္ငံေတာ္၏ ဥပေဒမ်ားကို ႐ိုေသလိုက္နာရမည္။

(ခ)ႏိုင္ငံေတာ္၏ ဥပေဒပါ တာဝန္မ်ားကို ထမ္းေဆာင္ရမည္။

(ဂ)ႏိုင္ငံေတာ္ေကာင္စီက အခါအားေလွ်ာ္စြာ သတ္မွတ္ေသာ အခြင့္အေရးမ်ားမွအပ ႏိုင္ငံေတာ္၏ ဥပေဒပါ ႏိုင္ငံသားအခြင့္အေရးမ်ားကို ခံစားခြင့္႐ွိသည္။

(၅၄)ႏိုင္ငံသားျပဳခြင့္ရသူ တစ္ဦးသည္ အျခားႏိုင္ငံ၏ ႏိုင္ငံသားအျဖစ္ကိုပါ ခံယူခြင့္ မ႐ွိေစရ။

(၅၅)ႏိုင္ငံသားျပဳခြင့္ရသူ တစ္ဦးသည္ ႏိုင္ငံေတာ္ပါဝင္ေနေသာ စက္မက္ ကာလအတြင္း ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္ကို စြန္႔လႊတ္ခြင့္ မ႐ွိေစရ။

(၅၆)ႏိုင္ငံသားျပဳခြင့္ရသူတစ္ဦးသည္ ႏိုင္ငံသား သို႔မဟုတ္ ဧည့္ႏိုင္ငံသားႏွင့္ အိ္မ္ေထာင္ျပဳကာမွ်ျဖင့္ ႏိုင္ငံသား သို႔မဟုတ္ ဧည့္ႏိုင္ငံသားအျဖစ္ အလိုအေလ်ာက္ မရ႐ွိေစရ။

(၅၇)ႏိုင္ငံသားျပဳခြင့္ရသူတစ္ဦးသည္ ႏိုင္ငံေတာ္မွ အၿပီးအပိုင္ ထြက္ခြာလွ်င္ၿဖစ္ေစ၊ အျခားႏုိင္ငံ၏ ႏိုင္ငံသားအျဖစ္ကိုခံယူလွ်င္ သို႔မဟုတ္ မွတ္ပုံတင္လွ်င္ၿဖစ္ေစ၊ အျခားႏိုင္ငံ၏ ႏိုင္ငံကူးလက္မွတ္ သို႔မဟုတ္ အလားတူလက္မွတ္ကို ထုတ္ယူလွ်င္ျဖစ္ေစ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္မွ ရပ္စဲသည္။

(၅၈)ႏိုင္ငံသားျပဳခြင့္ရသူ တစ္ဦးသည္ ေအာက္ပါ ျပ႒ာန္းခ်က္ တစ္ရပ္ရပ္ႏွင့္ ၿငိစြန္းလွ်င္ ႏိုင္ငံသားျပဳခြင့္ ရသူအျဖစ္မွ ဗဟုိအဖြဲ႕က ႐ုပ္သိမ္းႏိုင္သည္ –

(က)ႏိုင္ငံေတာ္ပါဝင္ေနေသာ စစ္မက္ကာလအတြင္း ရန္သူႏိုင္ငံမ်ားႏွင့္ျဖစ္ေစ၊ ရန္သူႏိုင္ငံကို အေထာက္အကူျပဳသည့္ ႏုိင္ငံမ်ားႏွင့္ျဖစ္ေစ၊ ထိုႏိုင္ငံမ်ား၏ ႏိုင္ငံသားမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ျဖစ္ေစ၊ ကုန္သြယ္ျခင္း သို႔မဟုတ္ ဆက္သြယ္ျခင္း သို႔မဟုတ္ ထိုသို႔ျပဳလုပ္ျခင္း တစ္ရပ္ရပ္ကို အားေပးကူညီျခင္း၊

(ခ)ႏိုင္ငံေတာ္ကို ဆန္႔က်င္ေနသည့္ အဖြဲ႕အစည္းႏွင့္ျဖစ္ေစ၊ ထိုအဖြဲ႕အစည္း၏ အဖြဲ႕ဝင္ႏွင့္ျဖစ္ေစ၊ ကုန္သြယ္ျခင္း သို႔မဟုတ္ ဆက္သြယ္ျခင္း သို႔မဟုတ္ ထိုသိုိ႔ျပဳလုပ္ျခင္း တစ္ရပ္ရပ္ကို အားေပးကူညီျခင္း၊

(ဂ)ႏိုင္ငံေတာ္၏ အခ်ဳပ္အခ်ာအာဏာႏွင့္ ႏိုင္ငံေတာ္၏ လုံၿခဳံေရးကိုျဖစ္ေစ၊ အမ်ားျပည္သူတို႔၏ ေအးခ်မ္းသာယာေရးကိုျဖစ္ေစ၊ ထိပါးေစသည့္ အႏၲရာယ္ တစ္ခုခုကို ျပဳလုပ္ေနသည္၊ ျပဳလုပ္ေတာ့မည္ဟု ယုံၾကည္ေလာက္ေသာအေၾကာင္း႐ွိျခင္း၊

(ဃ)ႏိုင္ငံေတာ္ကို အၾကည္ညိဳမဲ့ေၾကာင္း သို႔မဟုတ္ သစၥာမဲ့ေၾကာင္းကို ကိုယ္အမူအရာျဖင့္ျဖစ္ေစ၊ ႏႈတ္အမူအရာျဖင့္ျဖစ္ေစ၊ အျခားနည္းျဖင့္ျဖစ္ေစၿပသျခင္း၊

(င)ႏိုင္ငံေတာ္၏ လွ်ဳိ႕ဝွက္ကိစၥ တစ္ရပ္ရပ္ကို သူတစ္ဦးကိုျဖစ္ေစ၊ အဖြဲ႕အစည္းတစ္ခုခုကိုျဖစ္ေစ၊ အျခားႏိုင္ငံတစ္ႏိုင္ငံကိုျဖစ္ေစ၊ အျခားႏိုင္ငံမ်ားကိုျဖစ္ေစ၊ သတင္းေပးျခင္း၊ ထိုသို႔ျပဳလုပ္ျခင္းကို အားေပးကူညီျခင္း၊

(စ)အက်င့္စာရိတၱ ပ်က္ျပားျခင္းႏွင့္စပ္လ်ဥ္းသည့္ ျပစ္မႈတစ္ခုခုကို က်ဴးလြန္ေသာေၾကာင့္ အနည္းဆုံး ေထာင္ဒဏ္တစ္ႏွစ္ သို႔မဟုတ္ အနည္းဆုံး ေငြဒဏ္ က်ပ္တစ္ေထာင္ အျပစ္ေပးခံရျခင္း၊

(၅၉)ႏိုင္ငံသားျပဳခြင့္ရသူ တစ္ဦးသည္ မဟုတ္မမွန္ေဖာ္ျပျခင္း သို႔မဟုတ္ ဖုံးကြယ္ျခင္းျဖင့္ ႏိုင္ငံသားျပဳခြင့္ရသူ အျဖစ္ကို ရ႐ွိပါက ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္မွ ႐ုပ္သိမ္းျခင္း ခံရမည့္အျပင္ ေထာင္ဒဏ္တစ္ဆယ္ႏွစ္ႏွင့္ ေငြဒဏ္က်ပ္ ငါးေသာင္းကိုလည္း က်ခံေစရမည္။

(၆၀)ႏိုင္ငံသားျပဳခြင့္ရသူတစ္ဦးသည္ မသမာေသာနည္းလမ္းျဖင့္ ႏိုင္ငံသားလက္မွတ္ သို႔မဟုတ္ ဧည့္ႏိုင္ငံသားလက္မွတ္ သို႔မဟုတ္ ႏိုင္ငံသားျပဳခြင့္ရသူလက္မွတ္ကို သူတစ္ဦးရ႐ွိရန္ အားေပးကူညီလွ်င္ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္မွ ႐ုပ္သိမ္းျခင္းခံရမည့္အျပင္ ေထာင္ဒဏ္ ခုနစ္ႏွစ္ႏွင့္ ေငြဒဏ္ က်ပ္တစ္ေသာင္းကိုလည္း က်ခံရေစရမည္။

(၆၁)ႏိုင္ငံသားျပဳခြင့္ရသူတစ္ဦးသည္ ပုဒ္မ ၅၉၊ ပုဒ္မ ၆၀ အရ သူတစ္ဦး က်ဴးလြန္ေသာ အမႈကိစၥကို ကိုယ္တိုင္သိ႐ွိလွ်င္ျဖစ္ေစ၊ ကိုယ္တိုင္ပါဝင္ ကူညီေဆာင္ရြက္ခဲ့လွ်င္ျဖစ္ေစ၊ ဤဥပေဒ အာဏာတည္သည့္ေန႔မွစ၍ တစ္ႏွစ္အတြင္း သို႔မဟုတ္ က်ဴးလြန္ခဲ့သည့္ ေန႔မွစ၍ တစ္ႏွစ္အတြင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ သတ္မွတ္ထားေသာ အဖြဲ႕အစည္းမ်ား၌ ေဖာ္ထုတ္ဝန္ခံပါက ဤအမႈကိစၥႏွင့္ စပ္လ်ဥ္းေသာ ျပစ္မႈျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ ရ႐ွိေစရမည္။

(၆၂)(က)ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္မွ ရပ္စဲခံရသူ သို႔မဟုတ္ ႐ုပ္သိမ္းခံရသူ၏ ႏိုင္ငံသားျပဳခြင့္ လက္မွတ္ကို ပယ္ဖ်က္ရမည္။ ထိုသို႔ ပယ္ဖ်က္ထားေသာ လက္မွတ္ကို ကိုင္ေဆာင္သူသည္ ျပည္ထဲေရးဝန္ႀကီးဌာန၏ သတ္မွတ္သည့္ နည္းလမ္းႏွင့္အညီ ျပန္လည္အပ္ႏွံရမည္။

(ခ)ပယ္ဖ်က္ထားေသာ ႏိုင္ငံသားျပဳခြင့္ လက္မွတ္ကို ျပန္လည္အပ္ႏွံရန္ ပ်က္ကြက္လွ်င္ျဖစ္ေစ၊ ဆက္လက္အသုံးျပဳလွ်င္ျဖစ္ေစ၊ သူတစ္ဦးအား မသမာေသာနည္းလမ္းျဖင့္ လႊဲေျပာင္းေပးအပ္လွ်င္ျဖစ္ေစ၊ ေထာင္ဒဏ္ တစ္ဆယ္ႏွစ္ႏွင့္ ေငြဒဏ္က်ပ္ႏွစ္ေသာင္းကို က်ခံေစရမည္။

(ဂ)မည္သူမဆို ပယ္ဖ်က္ထားေသာ ႏိုင္ငံသားျပဳခြင့္လက္မွတ္ကိုျဖစ္ေစ၊ ေသဆုံးသူ ႏိုင္ငံသားျပဳခြင့္ရသူ၏ လက္မွတ္ကိုျဖစ္ေစ ကိုင္ေဆာင္အသုံးျပဳလွ်င္ ေထာင္ဒဏ္ တစ္ဆယ္ႏွစ္ႏွင့္ ေငြဒဏ္က်ပ္ ႏွစ္ေသာင္းကို က်ခံေစရမည္။

(၆၃)မည္သူမဆို ႏိုင္ငံသားျပဳခြင့္ လက္မွတ္အတု ျပဳလုပ္လွ်င္ျဖစ္ေစ၊ ထုိသို႔ၿပဳလုပ္ရန္ အားေပးကူညီလွ်င္ျဖစ္ေစ၊ ေထာင္ဒဏ္တစ္ဆယ့္ ငါးႏွစ္ႏွင့္ ေငြဒဏ္ က်ပ္ငါးေသာင္းကို က်ခံေစရမည္။

(၆၄) ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္မွ ရပ္စဲခံရသူ သို႔မဟုတ္ ႐ုပ္သိမ္းခံရသူသည္ ႏိုင္ငံသားျပဳခြင့္ရသူအျဖစ္ကို ျပန္လည္ေလွ်ာက္ထားခြင့္ မ႐ွိေစရ။

Source : Kyaw Swar Myint

(Unicode Version)

၁၉၈၂ မြန်မာနိူင်ငံသား ဥပဒေပါ။ မြန်မာနိူင်ငံသား တိုင်း လေ့လာထားသင့်ပါတယ်

အခန်း(၄) နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း

(၄၂) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်။

(၄၃) ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော် ပြင်ပ၌ဖြစ်စေ၊ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်-

(က) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊

(၄၄)နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည်စုံရမည်-

(က)ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီသူဖြစ်ခြင်း၊

(ခ)အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊

(ဂ)တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို ကောင်းမွန်စွာ ပြောတတ်ခြင်း၊။

(ဃ)အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊

(င)ရူးသွပ်သူမဟုတ်ခြင်း၊

(၄၅) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားလျှင် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည် –

(က) အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊

(ခ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊

(ဂ).ရူးသွပ်သူမဟုတ်ခြင်း၊

(ဃ) တစ်လင်တစ်မယားဖြစ်ခြင်း၊

(င) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံး သုံးနှစ်အဆက်မပြတ် နေထိုင်ခဲ့ခြင်း၊

(၄၆)(က)နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏ သစ္စာကို ခံယူကြောင်း၊ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့်အခွင့်အရေးများကို သိရှိကြောင်း စာဖြင့် ရေးသား၍ ကတိသစ္စာပြုရမည်။

(ခ)နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သော နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်း၊ နိုင်ငံတော်၏ သစ္စာကိုခံယူကြောင်း၊ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောတာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်။

(၄၇)နိုင်ငံသားပြုခွင့်လက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏ အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။ အမည် ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူ ဖြစ်သည်။

(၄၈)ပုဒ်မ ၄၇ အရ အမည်ထည့်သွင်းပေးခြင်း ခံရသော သားသမီးသည် အသက် တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ ၄၆၊ ပုဒ်မခွဲ (က) ပါအတိုင်း ကတိသစ္စာပြုရမည်။

(၄၉)(က)ပုဒ်မ ၄၇ အရ အမည် ထည့်သွင်းပေးခြင်း ခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ ၄၆၊ ပုဒ်မခွဲ (က) ပါအတိုင်း ကတိသစ္စာပြုရမည်။

(ခ)ပုဒ်မခွဲ (က) ပါအတိုင်း လိုက်နာရန် ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီး ဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ ဒဏ်ငွေကို ပေးဆောင်စေရမည်။

(၅၀)တစ်နှစ်အတွင်း ကတိသစ္စာ မပြုနိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းများမှတစ်ဆင့် ဗဟိုအဖွဲ့သို့လျှောက်ထားရမည်။ ခိုင်လုံသောအကြောင်းမရှိပဲ အသက် နှစ်ဆယ်နှစ်နှစ်ပြည့်သည့်နေ့မှ ကျော်လွန်လျှင် နိုင်ငံသားပြုခွင့်ရသူအဖြစ် ဆုံးရှုံးသည်။

(၅၁)(က)နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးလုံးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူတို့၏ နိုင်ငံသားပြုခွင်လက်မှတ်တွင် ပါဝင်သော အသက် တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသည့် သားသမီးနှင့် အသက်တစ်ဆယ်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။

(ခ)နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် နိုင်ငံသားအမိ သို့မဟုတ် အဘသည် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သောလက်မှတ်တွင် ပါဝင်သည့် အသက် တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက် တစ်ဆယ်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။

(ဂ)ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးအနက် ဧည့်နိုင်ငံသားအမိ သို့မဟုတ် အဘသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူ ကိုင်ဆောင်သော လက်မှတ်တွင် ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရပ်စဲသည်။

(ဃ)နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် နိုင်ငံသားပြုခွင့်ရသူ အမိ သို့မဟုတ် အဘသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူ ကိုင်ဆောင်သောလက်မှတ်တွင် ပါဝင်သည့် အသက် တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ မပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရပ်စဲသည်။

(၅၂)နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီက နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားပြီး နိုင်ငံသားပြုခွင့် မရမီ ယင်း၏ဇနီး သို့မဟုတ် ခင်ပွန်း သေဆုံးလျှင်ဖြစ်စေ၊ ကွာရှင်းလျှင်ဖြစ်စေ၊ ထိုသူ၏ နိုင်ငံသားပြုခွင့် လျှောက်ထားခြင်းသည် ပျက်ပြယ်သည်။

(၅၃)နိုင်ငံသားပြုခွင့် ရသူတစ်ဦးသည်-

(က)နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။

(ခ)နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။

(ဂ)နိုင်ငံတော်ကောင်စီက အခါအားလျှော်စွာ သတ်မှတ်သော အခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။

(၅၄)နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့် မရှိစေရ။

(၅၅)နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စက်မက် ကာလအတွင်း နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို စွန့်လွှတ်ခွင့် မရှိစေရ။

(၅၆)နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားနှင့် အိ်မ်ထောင်ပြုကာမျှဖြင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရ။

(၅၇)နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။

(၅၈)နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် အောက်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံသားပြုခွင့် ရသူအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည် –

(က)နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ ရန်သူနိုင်ငံကို အထောက်အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ၊ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း၊

(ခ)နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ၊ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသိို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း၊

(ဂ)နိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ၊ ထိပါးစေသည့် အန္တရာယ် တစ်ခုခုကို ပြုလုပ်နေသည်၊ ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သောအကြောင်းရှိခြင်း၊

(ဃ)နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေပြသခြင်း၊

(င)နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စ တစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကိုဖြစ်စေ၊ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီခြင်း၊

(စ)အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်သောကြောင့် အနည်းဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် အနည်းဆုံး ငွေဒဏ် ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း၊

(၅၉)နိုင်ငံသားပြုခွင့်ရသူ တစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားပြုခွင့်ရသူ အဖြစ်ကို ရရှိပါက နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်း ခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် ငါးသောင်းကိုလည်း ကျခံစေရမည်။

(၆၀)နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူလက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ် ကျပ်တစ်သောင်းကိုလည်း ကျခံရစေရမည်။

(၆၁)နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် ပုဒ်မ ၅၉၊ ပုဒ်မ ၆၀ အရ သူတစ်ဦး ကျူးလွန်သော အမှုကိစ္စကို ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင် ကူညီဆောင်ရွက်ခဲ့လျှင်ဖြစ်စေ၊ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည့် နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤအမှုကိစ္စနှင့် စပ်လျဉ်းသော ပြစ်မှုပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ရရှိစေရမည်။

(၆၂)(က)နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ နိုင်ငံသားပြုခွင့် လက်မှတ်ကို ပယ်ဖျက်ရမည်။ ထိုသို့ ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။

(ခ)ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့် လက်မှတ်ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ဆက်လက်အသုံးပြုလျှင်ဖြစ်စေ၊ သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ၊ ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။

(ဂ)မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူ နိုင်ငံသားပြုခွင့်ရသူ၏ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် နှစ်သောင်းကို ကျခံစေရမည်။

(၆၃)မည်သူမဆို နိုင်ငံသားပြုခွင့် လက်မှတ်အတု ပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ၊ ထောင်ဒဏ်တစ်ဆယ့် ငါးနှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းကို ကျခံစေရမည်။

(၆၄) နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ပြန်လည်လျှောက်ထားခွင့် မရှိစေရ။

Source : Kyaw Swar Myint