WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ထူးဆန်းပြီး အလွန်အန္တရာယ်များတဲ့ ကျွန်းတစ်ကျွန်း အမေရိကန်မှာ ပေါ်ပေါက်

Posted on July 9, 2017 by whuk-46651

အမေရိကန်နိုင်ငံ၊ အရှေ့တောင်ဘက်မှာရှိတဲ့ မြောက်ကာရိုလီနာပြည်နယ်မှာ အလွန်ထူးဆန်းပြီး အန္တရာယ်များတဲ့ ကျွန်းတစ်ကျွန်း ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကျွန်းဟာ Bermuda Triangle လို့နာမည်ကြီးတဲ့ သုံးမြှောင့်သဏ္ဍန် ကျွန်း(၃)ခုရဲ့ အကြားနဲ့ Hatteras ကျွန်းရဲ့အငူထိပ်မှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါကျွန်းသစ်နဲ့ Hatteras ကျွန်းရဲ့အငူထိပ်နဲ့ တစ်မိုင်သာကွာဝေးပေမယ့် အလွန်အန္တရာယ်ရှိပြီး ပြည်သူတွေအနေနဲ့ အဲဒီကျွန်းပေါ် သွားမလည်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဒေသခံပြည်သူတွေက အဲဒီကျွန်းသစ်ကို အခွံကျွန်းလို့ခေါ်ကြပြီး ဘာဖြစ်လို့လည်းဆိုတော့ ကျွန်းပေါ်မှာ ကြီးမားတဲ့အခွံတွေကို ရှိလို့ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အတ္တလန်တစ်သမုဒ္ဒရာရဲ့ ဒီရေအတက်အကျကြောင့် အဆိုပါကျွန်းသစ်မှာ သဲသောင်ခုံတွေပေါ်နေထွက်နေပါတယ်။ နောက်ပြီး ကျွန်းသစ်နဲ့ Hatteras ကျွန်းအငူကြားမှာ ကိုက်(၅၀)သာ ကွာဝေးပေမယ့် ဒီရေတွေက အလွန်ပြင်းထန်းပြီး ငမန်းတွေလည်းပေါများတယ်လို့ သိရပါတယ်။

မြောက်ကာရိုလီနာကမ်းခြေအဖွဲ့အစည်းဥက္ကဋ္ဌ ဘေလ်စမစ်က ”ကျွန်တော်တို့ဟာ ငမန်းတွေ အကိုက်ခံရမှာ စိုးရိမ်နေကြပါတယ်။ နောက်ပြီး ကမ်းခြေအလည်လာတဲ့သူတွေအနေနဲ့ ရေနစ်မှာကိုလည်း စိုးရိမ်လျက်ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

Source : Shwemom

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes