ကၽြန္ေတာ္ ေသဒဏ္က်ခံခဲ့ရေသာ ၁၇ လ ၁၇ ရက္ – ၁၆ (သီတဂူဆရာေတာ္ စြန္႔ႀကဲခဲ့ေသာ ေထာင္ထဲက ထမင္းတစ္နပ္)

အိမ္ႏွင့္မေတြ႕ရဘဲ ႏွစ္လခန္႔ ၾကာသည့္အခါ လူေတြလည္း ခ်ဳံးခ်ဳံးက်ကုန္ၿပီ။ ကၽြန္ေတာ္ဆုိလွ်င္ အစာေကာင္းစြာ မစားႏုိင္သည့္ အတြက္ ေပါင္ ၂၀ခန္႔ က်သြားသည္။ ေဆးမွဴး ကုိသားႀကီးကေတာ့ ေန႔စဥ္ ေပါင္ခ်ိန္ေပးေလ့ရွိသည္။ သုိ႔ေသာ္ ေထာက္လွမ္းေရးက ကၽြန္ေတာ္တုိ႔ အမႈတဲြေတြကို တင္းတင္းၾကပ္ၾကပ္ ကုိင္တြယ္ ထားဟန္တူသည္။ မည္သူႏွင့္မွ် အဆက္အသြယ္ မရသလို ႐ုံးထုတ္ရန္ ေန႔ရက္ကလည္း ဘယ္ဆီ ဘယ္၀ယ္ ေရာက္ေနသည္ မသိေပ။

လူဆုိသည္မွာ “ႀကိဳက္မရွက္ ငတ္မရွက္”ဟူေသာ စကားပံုကုိ ၾကားခဲ့ဖူးေသာ္လည္း နင့္နင့္နဲနဲ နားလည္သေဘာ ေပါက္ခဲ့ျခင္း မရွိေပ။ သို႔ေသာ္ ကုိယ္ေတြ႕ႀကံဳမွ နားလည္သြားရသည္။ ျဖစ္ပံုမွာ ကၽြန္ေတာ္၏ အခ်ဳပ္ခန္း ေရွ႕တည့္တည့္တြင္ ဘုရားစင္ရွိၿပီး မနက္တုိင္း ဘုရားကုိ မုန္႔ႏွင့္ဆြမ္းအား ကပ္လွဴပူေဇာ္ေလ့ရွိသည္။ အဓိက ကပ္လွဴ ပူေဇာ္ၾကသူမွာ သီးသန္႔ေထာင္ အေဆာင္(၁)တြင္ရွိေသာ ေငြေၾကးခ်မ္းသာသည့္ အက်ဥ္းသားမ်ား ျဖစ္ၾကသည္။ တာ၀န္က် တပ္ၾကပ္ႀကီး ေဇာ္နီက ေန႔လယ္ ၁၀ နာရီေလာက္ဆုိရင္ ဘုရား ေသာက္ေတာ္ေရႏွင့္ ဆြမ္းမ်ားကုိ စြန္႔ေလ့ရွိသည္။ သူကေတာ့ အေဆာင္(၁) ေရွ႕ကြမ္းျပင္တြင္ စြန္႔ႀကဲၿပီး က်ီးကန္းမ်ား၊ ခုိမ်ားကုိ ေကၽြးေလ့ရွိသည္။ သူစြန္႔ကာနီးတုိင္း ဆြမ္းေတာ္ခြက္ေပၚရွိ ကိတ္မုန္႔မ်ား၊ ဘီစကြတ္မ်ား၊ သစ္သီးယုိမ်ားကုိ ငတ္မြတ္ေသာ မ်က္လံုးမ်ားျဖင့္ ကၽြန္ေတာ္ ေငးၾကည့္ေနေလ့ ရွိသည္။ ဆြမ္းေတာ္ခြက္ထဲရွိ မုန္႔မ်ားမွာ မ်ားေသာအားျဖင့္ ပုရြက္ဆိတ္မ်ား တက္ေနေလ့ရွိေသာ္လည္း ႏွစ္လခန္႔ ငတ္ျပတ္ေနေသာသူ အတြက္ စားခ်င္စရာ ျဖစ္ေနသည္။ ကၽြန္ေတာ္၏ ငတ္မြတ္ ေတာင့္တမႈမ်ားကုိ ဆရာေဇာ္နီက ေတြ႕ေနေသာ္လည္း မသိဟန္ ေဆာင္ၿပီး ငွက္မ်ားကုိ အစာေကၽြးေလ့ရွိသည္။ တစ္မနက္တြင္ေတာ့ ကၽြန္ေတာ္ အရဲစြန္႔ၿပီး ေမးလုိက္သည္။

“ဆရာေဇာ္နီ အခုစြန္႔မယ့္ ကိတ္မုန္႔ ကၽြန္ေတာ့္ကုိ ေကၽြးလို႔မရဘူးလား”

ဆရာေဇာ္နီ ေခတၱ ေတြေ၀သြားသည္။ ကၽြန္ေတာ္က သူ႔လက္ထဲမွ ပုရြက္ဆိတ္ တက္ေနေသာ ကိတ္မုန္႔ကုိ ေမွ်ာ္လင့္ခ်က္ အျပည့္ျဖင့္ စုိက္ၾကည့္ေနသည္။ သူက ကၽြန္ေတာ့္ အေျခအေနကုိ အကဲခတ္ရင္း သနားသြားပံုရသည္။ ကြင္းျပင္ထဲသုိ႔ ဆြမ္းမ်ားကုိသာ ႀကဲပက္လုိက္ၿပီး ပုရြက္ဆိတ္ တက္ေနေသာ ကိတ္မုန္႔ကုိ ကၽြန္ေတာ့္ထံသို႔ ျမန္ျမန္ဆန္ဆန္ လာေပးလုိက္သည္။ ၿပီးေတာ့ ခပ္တုိးတုိး ေျပာသည္။

“ျမန္ျမန္စားလုိက္ ေထာက္လွမ္းေရးေတြ မျမင္ေစနဲ႔”

သူေပးလုိက္ေသာ ကိတ္မုန္႔ကုိ ကုိင္ထားေသာ ကၽြန္ေတာ့္ လက္မွာ ၀မ္းသာမႈမ်ားေၾကာင့္ တုန္ရင္ေနသည္။ ကိတ္မုန္႔၏ အေပါက္ကေလးေတြ ၾကားထဲမွ ပုရြက္ဆိတ္မ်ားမွာ ၀င္လုိက္ ထြက္လိုက္ လုပ္ေနၾကသည္။ ဒီပုရြက္ဆိတ္ေတြ ကုန္ေအာင္ ေစာင့္ရမည္ ဆုိလွ်င္ အတန္ၾကာဦးမည္။ ထုိအခ်ိန္တြင္ တပ္ၾကပ္ေဇာ္နီ ျပဴးျပဴးျပာျပာျဖင့္ ေရာက္ရွိလာသည္။

“ေထာင္မွဴးလာေနတယ္ ျမန္ျမန္စားလုိက္ ျမန္ျမန္စားလုိက္”

စကားဆံုးဆံုးခ်င္း ဘာမွ စဥ္းစားမေနေတာ့ဘဲ ကိတ္မုန္႔ကုိ ပါးစပ္ထဲသို႔ ထုိးသြင္းလိုက္သည္။ ပုရြက္ဆိတ္ တခ်ဳိ႕ ကၽြန္ေတာ့္ အာေခါင္ထဲတြင္ ရြစိရြစိသြားေနတာကုိ ခံစားမိသည္။ အာေခါင္ကုိ ပုရြက္ဆိတ္ မကုိက္ရန္ ေရတစ္ခြက္ကုိ အလ်င္အျမန္ ေသာက္ခ်လုိက္သည္။ ကိတ္မုန္႔မွာလည္ ေခ်ာင္းထဲတြင္ တစ္ေနသည္။ သုိ႔ေသာ္ ထူးကဲေသာ အရသာကုိ လွ်ာဖ်ားတြင္ ရလုိက္၍ အေတာ္အတန္ ေက်နပ္သြားသည္။ ကၽြန္ေတာ္ ေရေသာက္ၿပီးသည့္ေနာက္ စကၠန္႔ အနည္းငယ္ အၾကာတြင္ ေထာင္မွဴး ေရာက္လာသည္။ တစ္ခန္းခ်င္း ၾကည့္႐ႈစစ္ေဆးသည္။ ကၽြန္ေတာ့္ အခန္းေရွ႕ ေရာက္ေသာ အခါ ပုရြက္ဆိတ္ေတြပါေသာ ကိတ္မုန္႔ တစ္ခုလံုး ဗုိက္ထဲ လံုၿခံဳစြာ ေရာက္သြားခ့ဲေလၿပီ။ သို႔ေသာ္ တပ္ၾကပ္ ေဇာ္နီ တစ္ေယာက္ကေတာ့ မ်က္ႏွာအႀကီးအက်ယ္ ပ်က္ေနသည္။ တစ္ခါေလး မုန္႔ခုိး စားမိပါတယ္ လူမိေတာ့မည့္ အျဖစ္ႏွင့္ တုိးေနသည္။ ကၽြန္ေတာ္ ကံဆုိးသည္မွာ ထုိေန႔က ျဖစ္ရပ္ေၾကာင့္ တပ္ၾကပ္ေဇာ္နီ ဘုရားစင္ေပၚက စြန္႔ပစ္သည့္မုန္႔မ်ား ဘယ္ေတာ့မွ မရႏုိင္ေတာ့ေခ်။ ဤသုိ႔ျဖင့္ ခါးသီးျပင္းထန္ေသာ ေန႔ရက္မ်ားကုိ ျဖတ္သန္းရျပန္သည္။

အေမွာင္ေန႔ရက္ထဲတြင္ ဘ၀ တစ္သက္လံုး အမွတ္ရစရာ ေန႔ရက္တစ္ရက္ ေရာက္ရွိလာခဲ့ ျပန္သည္။ ထုိေန႔သည္ သီတင္းကၽြတ္ လျပည့္ေန႔ျဖစ္သည္။ ကၽြန္ေတာ္တုိ႔ တုိက္တြင္ ျပကၡဒိန္မထားရ၍ သီတင္းကၽြတ္ လျပည့္ေန႔ကုိ သိမထားေသာ္လည္း ထုိေန႔မနက္က တစ္ေထာင္လံုး လႈပ္လႈပ္ရွားရွား ျဖစ္ေနသည္။ ေထာင္အျပင္သုိ႔ ေန႔စဥ္ထုတ္သည့္ အလုပ္ဘုတ္မ်ားမွာလည္း မရွိမျဖစ္ လူတခ်ဳိ႕မွ လြဲ၍ အက်ဥ္းသားအားလံုး၊ ေထာင္သားအားလံုး အနားယူခြင့္ ေပးထားသည္။ နံနက္ခင္း ကတည္းက ဥပုသ္ေစာင့္လိုသည့္ အက်ဥ္းသားမ်ားကုိ စာရင္း လုိက္ေကာက္သည္။ အေဆာင္တုိင္းတြင္ရွိေသာ စပီကာမ်ားကုိ ေသခ်ာစစ္ေဆးၿပီး ျပဳျပင္ေပးသည္။ ထုိစပီကာမ်ားမွာ မနက္တုိင္း တရားေတာ္ ဖြင့္ရာတြင္ အသံုးျပဳသည့္ စပီကာမ်ားျဖစ္သည္။ ကၽြန္ေတာ့္စိတ္ထဲတြင္ သီတင္းကၽြတ္ လျပည့္ေန႔ အထိမ္းအမွတ္ အျဖစ္ ေဆာင္းေဘာက္စ္မ်ားမွတစ္ဆင့္ တရားေခြ ဖြင့္ေပးမည္ဟုသာ ထင္မွတ္ထားခဲ့သည္။ သုိ႔ေသာ္ ေန႔လယ္ ၁၁ နာရီခန္႔တြင္ ေထာင္တြင္းသုိ႔ တစ္ခါမွ မျမင္ဖူးေသာ ကားမ်ား ၀င္လာသည္။ ထုိကားမ်ားေပၚတြင္ ေယာဂီပုဆုိးႏွင့္ အက်ႌအျဖဴ ၀တ္ထားေသာသူမ်ား ပါလာသည္။ မိန္းေဂ်းလ္တြင္ သူတုိ႔က ကားေပၚရွိ ထမင္းအုိးႀကီးမ်ားကုိ အက်ဥ္းသား တခ်ဳိ႕၏ အကူအညီျဖင့္ ေအာက္သုိ႔ခ်ေနသည္။ ကၽြန္ေတာ္တုိ႔ အားလံုး စိတ္၀င္တစားျဖင့္ မိန္းေဂ်းလ္ကုိ ၾကည့္ေနၾကသည္။ ကားေပၚမွ စားစရာ အထုပ္မ်ား အေတာ္မ်ားမ်ားပါ လာပံုရသည္။ အားလံုး စနစ္တက် ရွိေနသည္။ သီးသန္႔ေထာင္ တာ၀န္ခံကုိလည္း ထုိသူမ်ားအၾကားတြင္ ေတြ႕လုိက္ရသည္။ သူတုိ႔က စာရြက္ထဲရွိ လူစာရင္းမ်ားကုိၾကည့္ၿပီး စားစရာ အထုပ္မ်ားကုိ ခဲြျခမ္းေနသည္။ မိန္းေဂ်းလ္မွ အေဆာင္အသီးသီးမွ တာ၀န္ခံမ်ားကုိ လွမ္းေခၚလုိက္သည္။

အေဆာင္(၁)မွ ဆရာေဇာ္နီႏွင့္ အက်ဥ္းသား ၄ ေယာက္ခန္႔ လုိက္သြားၾကသည္။ အေဆာင္(၁) သည္ ႏွစ္ထပ္ျဖစ္ၿပီး အေပၚထပ္မွာ ေဟာလ္ခန္းပံုစံျဖစ္သည္။ ေအာက္ထပ္ အေရွ႕ျခမ္း ၁၀ ခန္းတြင္ ကၽြန္ေတာ္တုိ႔ ႏုိင္ငံေရးသမားမ်ားကုိ ခ်ဳပ္ေလ့ရွိၿပီး အေနာက္ျခမ္းတြင္ အမႈ အမ်ဳိးမ်ဳိးျဖင့္ ေထာင္က်ေနေသာ မိန္းမလ်ာမ်ားကုိ ထားသည္။ အေပၚထပ္တြင္ လူ ၁၀၀ခန္႔ရွိၿပီး ေအာက္ထပ္တြင္ ၄၀ ခန္႔ရွိသည္။ အတန္ၾကာေသာအခါ ဆရာေဇာ္နီတုိ႔ အေဆာင္(၁) အတြက္ အထုပ္ႀကီး အထုပ္ငယ္မ်ား သယ္ေဆာင္လာၾကသည္။ ကၽြန္ေတာ္တုိ႔အား တစ္ေယာက္ တစ္ထုပ္စီ လုိက္ေ၀သည္။ ဆရာေဇာ္နီက သီတဂူ ဆရာေတာ္ႀကီးရဲ႕ အလွဴဟု ေျပာသည္။ ဆရာေတာ္ႀကီးက လျပည့္ေန႔ အင္းစိန္ေထာင္ထဲသုိ႔ လာေရာက္ တရားေဟာၿပီး ေထာင္ထဲရွိ အက်ဥ္းသား အားလံုးကုိ ဒံေပါက္ လွဴဒါန္းျခင္း ျဖစ္သည္။ ကၽြန္ေတာ္တုိ႔ကုိ ေပးသည့္ အထုပ္ကုိ ဖြင့္ၾကည့္လိုက္သည့္အခါ ေဖာ့ဘူးႏွင့္ ထည့္ထားေသာ ဒံေပါက္ တစ္ထုပ္တည္း မဟုတ္။ တျခား စားစရာမ်ား ပါေသးသည္။ ေရႊၾကက္ ပဲႀကီးေလွာ္ အထုပ္တစ္ထုပ္ ပါသည္။ ခ်ဳိခ်ဥ္ ၁၀လံုးခန္႔ကုိ ပလတ္စတစ္ အေသးျဖင့္ ေသခ်ာ ထည့္ထားသည္။ ထုိ႔အျပင္ ဗမာေဆးမ်ားလည္း ပါေသးသည္။ အက်ဥ္းသား တစ္ဦး အတြက္ အမယ္စံု ၇မ်ဳိးခန္႔ ပါသည့္အတြက္ အေတာ္ႀကီးသည့္ ေထာင္၀င္စာ အထုပ္ဟု ဆုိႏုိင္သည္။ ကၽြန္ေတာ့္မွာ ၀မ္းသာလြန္းသည့္ အတြက္ အထုပ္ကုိၾကည့္ရင္း ဘာလုပ္လို႔ ဘာကုိင္ရမွန္းမသိ ျဖစ္ေနသည္။ ေနာက္မွ စိတ္ကုိ တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ရင္း ဒံေပါက္ဘူးကုိ ဖြင့္လုိက္သည္။ ေန႔စဥ္ ပဲဟင္းႏွင့္သာ စားေနရသည့္ အတြက္ ဒံေပါက္ထုပ္မွာ ကၽြန္ေတာ့္အတြက္ သိန္းဆုေပါက္သလို ခံစား ေနရသည္။ တစ္ဖက္မွာလည္း ဒံေပါက္ထုပ္အား မနက္စာတြင္ အကုန္စားလိုက္ပါက ညစာဘာမွ မရွိျဖစ္မည္ကုိ စုိးရိမ္သြားမိသည္။

ထုိ႔ေၾကာင့္ ဒံေပါက္ထုပ္ထဲမွ အေတာ္အတန္ ႀကီးမားသည့္ ၾကက္ရင္အုပ္သား တစ္ျခမ္းကုိ ခဲြၿပီး ပန္းကန္ထဲတြင္ ခ်န္ထားလုိက္သည္။ ထုိ႔ျပင္ ဒံေပါက္ထုပ္ ထဲပါေသာ သရက္သီး သနပ္ကုိလည္း အနည္းငယ္မွ်ယူၿပီး ၾကက္သားေဘးတြင္ ခ်န္ထားလုိက္သည္။ ထုိေန႔မနက္က သီတဂူ ဆရာေတာ္ စြန္႔ႀကဲေသာ ဒံေပါက္ ထမင္းတစ္နပ္ကုိ စားလုိက္ရသည္မွာ ဘ၀ တစ္သက္တာတြင္ (ယခု အခ်ိန္ထိ) အရသာ အရွိဆံုး ထမင္း တစ္နပ္အျဖစ္ အျမဲတမ္း အမွတ္တရ ရွိေနပါသည္။ ထုိ႔ေၾကာင့္ ေသခ်ာ မဖူးေျမာ္ဖူးေသာ သီတဂူ ဆရာေတာ္ ဘုရားႀကီးအား အက်ဥ္းတုိက္ထဲမွ ေန၍ ၾကည္ညိဳစြာ ဖူးေျမာ္ကန္ေတာ့လုိက္သည္။ ေန႔လယ္တြင္ ဆရာေတာ္ ဘုရားႀကီးမွ ဗဟုိအင္းစိန္ ေထာင္ထဲ၌ တရားေဟာသည္။ ဆရာေတာ္ႀကီး ေဟာၾကားသည့္ တရားေတာ္အား စပီကာျဖင့္ ခ်ိတ္ဆက္ထားၿပီး ကၽြန္ေတာ္တုိ႔ သီးသန္႔ေထာင္ပါ နာၾကားရသည္။ ၾကည္လင္ ၿငိမ္းခ်မ္းၿပီး အသံ ၾသဇာရွိေသာ ဆရာေတာ္ႀကီး၏ တရားထဲတြင္ ေမတၱာဓာတ္မ်ား၊ က႐ုဏာဓာတ္မ်ား ပါ၀င္ေနသည္ဟု ခံစားရသည္။ တရားကုိ ဘ၀ တစ္သက္တာတြင္ ပထမဦးဆံုး အႀကိမ္ ေလးေလးနက္နက္ နာၾကား လုိက္သည္။ တရားနာၿပီးသည့္ေနာက္ ကၽြန္ေတာ့္ စိတ္ထဲတြင္ ရွိေနသည့္ တုန္လႈပ္ ေျခာက္ျခားမႈမ်ား၊ နာၾကည္းေၾကကဲြမႈမ်ား အေတာ္အတန္ ေလ်ာ့ပါး သက္သာသြားသည္။

ညေနဘက္တြင္ အသက္ႀကီးေသာ အက်ဥ္းသား အေတာ္မ်ားမ်ား ဥပုသ္၀င္ၾက၍ ညေနစာ မယူသူမ်ားသည္။ ေထာင္ကလည္း သီတင္းကၽြတ္ လျပည့္ေန႔ အထိမ္းအမွတ္အျဖစ္ ညေနစာကုိ ပဲကုလားဟင္း ခ်က္၍ အက်ဥ္းသားမ်ားကုိ ေကၽြးသည္။ ထုိ႔ေၾကာင့္ ညစာကုိ ပဲကုလားဟင္းႏွင့္ စားၿပီး ဆရာေတာ္ႀကီး လွဴဒါန္းသည့္ ဒံေပါက္ထုပ္ထဲမွ ၾကက္သားဟင္းႏွင့္ သရက္သီးသနပ္ကုိ မစားရက္ဘဲ ေနာက္တစ္ေန႔ အတြက္ ခ်န္ထားလုိက္သည္။ လူဆုိသည္မွာ အေတာ္ရယ္စရာ ေကာင္းသည္။ ဘာမွစားစရာ မရွိသည့္ အတြက္ ငတ္ျပတ္ၿပီး ဒုကၡေရာက္ခဲ့စဥ္က တစ္မ်ဳိး၊ ယခုလို လွဴဒါန္း ေကၽြးေမြးသူ ေပၚလာေတာ့လည္း စားစရာမ်ား အေပၚ ေလာဘတက္ၿပီး ေနာက္ေန႔စာေတြ အတြက္ပါ စီမံခန္႔ခဲြရ၍ ပူေလာင္ေနသည္က တဖံု လူ႔ဘ၀ဟူသည္ မၿငိမ္းခ်မ္းပါတကား။

ေနာက္တစ္ေန႔ နံနက္တြင္ သဘာ၀ ေလာကႀကီးက ကၽြန္ေတာ့္ကုိ သင္ခန္းစာ ထပ္ေပး လုိက္ျပန္သည္။ အစား ေလာဘျဖင့္ ကၽြန္ေတာ္ ခ်န္ထားခဲ့ေသာ ၾကက္သားရင္ပံု တစ္ျခမ္းမွာ စား၍ မရေလာက္ေအာင္ သုိးေနခဲ့ၿပီ ျဖစ္သည္။ အနည္းငယ္ ကၽြန္ေတာ္ စားၾကည့္ေသာအခါ အသားက ခ်ဥ္ေနၿပီ။ လူကုိ အႏၲရာယ္ျဖစ္မွာစုိး၍ ကၽြန္ေတာ္ မစားရဲေတာ့။ လႊင့္ပစ္ရေတာ့မည့္ ၾကက္သား ရင္ပံုသား တစ္ျခမ္းကုိ ႏွေျမာတသစြာ ေငးေမာ ၾကည့္ေနမိေတာ့သည္။

ဆက္လက္ေဖာ္ျပပါမည္

ေဇာ္သက္ေထြး

(Unicode Version)

ကျွန်တော် သေဒဏ်ကျခံခဲ့ရသော ၁၇ လ ၁၇ ရက် – ၁၆ (သီတဂူဆရာတော် စွန့်ကြဲခဲ့သော ထောင်ထဲက ထမင်းတစ်နပ်)

အိမ်နှင့်မတွေ့ရဘဲ နှစ်လခန့် ကြာသည့်အခါ လူတွေလည်း ချုံးချုံးကျကုန်ပြီ။ ကျွန်တော်ဆိုလျှင် အစာကောင်းစွာ မစားနိုင်သည့် အတွက် ပေါင် ၂၀ခန့် ကျသွားသည်။ ဆေးမှူး ကိုသားကြီးကတော့ နေ့စဉ် ပေါင်ချိန်ပေးလေ့ရှိသည်။ သို့သော် ထောက်လှမ်းရေးက ကျွန်တော်တို့ အမှုတွဲတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ် ထားဟန်တူသည်။ မည်သူနှင့်မျှ အဆက်အသွယ် မရသလို ရုံးထုတ်ရန် နေ့ရက်ကလည်း ဘယ်ဆီ ဘယ်ဝယ် ရောက်နေသည် မသိပေ။

လူဆိုသည်မှာ “ကြိုက်မရှက် ငတ်မရှက်”ဟူသော စကားပုံကို ကြားခဲ့ဖူးသော်လည်း နင့်နင့်နဲနဲ နားလည်သဘော ပေါက်ခဲ့ခြင်း မရှိပေ။ သို့သော် ကိုယ်တွေ့ကြုံမှ နားလည်သွားရသည်။ ဖြစ်ပုံမှာ ကျွန်တော်၏ အချုပ်ခန်း ရှေ့တည့်တည့်တွင် ဘုရားစင်ရှိပြီး မနက်တိုင်း ဘုရားကို မုန့်နှင့်ဆွမ်းအား ကပ်လှူပူဇော်လေ့ရှိသည်။ အဓိက ကပ်လှူ ပူဇော်ကြသူမှာ သီးသန့်ထောင် အဆောင်(၁)တွင်ရှိသော ငွေကြေးချမ်းသာသည့် အကျဉ်းသားများ ဖြစ်ကြသည်။ တာဝန်ကျ တပ်ကြပ်ကြီး ဇော်နီက နေ့လယ် ၁၀ နာရီလောက်ဆိုရင် ဘုရား သောက်တော်ရေနှင့် ဆွမ်းများကို စွန့်လေ့ရှိသည်။ သူကတော့ အဆောင်(၁) ရှေ့ကွမ်းပြင်တွင် စွန့်ကြဲပြီး ကျီးကန်းများ၊ ခိုများကို ကျွေးလေ့ရှိသည်။ သူစွန့်ကာနီးတိုင်း ဆွမ်းတော်ခွက်ပေါ်ရှိ ကိတ်မုန့်များ၊ ဘီစကွတ်များ၊ သစ်သီးယိုများကို ငတ်မွတ်သော မျက်လုံးများဖြင့် ကျွန်တော် ငေးကြည့်နေလေ့ ရှိသည်။ ဆွမ်းတော်ခွက်ထဲရှိ မုန့်များမှာ များသောအားဖြင့် ပုရွက်ဆိတ်များ တက်နေလေ့ရှိသော်လည်း နှစ်လခန့် ငတ်ပြတ်နေသောသူ အတွက် စားချင်စရာ ဖြစ်နေသည်။ ကျွန်တော်၏ ငတ်မွတ် တောင့်တမှုများကို ဆရာဇော်နီက တွေ့နေသော်လည်း မသိဟန် ဆောင်ပြီး ငှက်များကို အစာကျွေးလေ့ရှိသည်။ တစ်မနက်တွင်တော့ ကျွန်တော် အရဲစွန့်ပြီး မေးလိုက်သည်။

“ဆရာဇော်နီ အခုစွန့်မယ့် ကိတ်မုန့် ကျွန်တော့်ကို ကျွေးလို့မရဘူးလား”

ဆရာဇော်နီ ခေတ္တ တွေဝေသွားသည်။ ကျွန်တော်က သူ့လက်ထဲမှ ပုရွက်ဆိတ် တက်နေသော ကိတ်မုန့်ကို မျှော်လင့်ချက် အပြည့်ဖြင့် စိုက်ကြည့်နေသည်။ သူက ကျွန်တော့် အခြေအနေကို အကဲခတ်ရင်း သနားသွားပုံရသည်။ ကွင်းပြင်ထဲသို့ ဆွမ်းများကိုသာ ကြဲပက်လိုက်ပြီး ပုရွက်ဆိတ် တက်နေသော ကိတ်မုန့်ကို ကျွန်တော့်ထံသို့ မြန်မြန်ဆန်ဆန် လာပေးလိုက်သည်။ ပြီးတော့ ခပ်တိုးတိုး ပြောသည်။

“မြန်မြန်စားလိုက် ထောက်လှမ်းရေးတွေ မမြင်စေနဲ့”

သူပေးလိုက်သော ကိတ်မုန့်ကို ကိုင်ထားသော ကျွန်တော့် လက်မှာ ၀မ်းသာမှုများကြောင့် တုန်ရင်နေသည်။ ကိတ်မုန့်၏ အပေါက်ကလေးတွေ ကြားထဲမှ ပုရွက်ဆိတ်များမှာ ၀င်လိုက် ထွက်လိုက် လုပ်နေကြသည်။ ဒီပုရွက်ဆိတ်တွေ ကုန်အောင် စောင့်ရမည် ဆိုလျှင် အတန်ကြာဦးမည်။ ထိုအချိန်တွင် တပ်ကြပ်ဇော်နီ ပြူးပြူးပြာပြာဖြင့် ရောက်ရှိလာသည်။

“ထောင်မှူးလာနေတယ် မြန်မြန်စားလိုက် မြန်မြန်စားလိုက်”

စကားဆုံးဆုံးချင်း ဘာမှ စဉ်းစားမနေတော့ဘဲ ကိတ်မုန့်ကို ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။ ပုရွက်ဆိတ် တချို့ ကျွန်တော့် အာခေါင်ထဲတွင် ရွစိရွစိသွားနေတာကို ခံစားမိသည်။ အာခေါင်ကို ပုရွက်ဆိတ် မကိုက်ရန် ရေတစ်ခွက်ကို အလျင်အမြန် သောက်ချလိုက်သည်။ ကိတ်မုန့်မှာလည် ချောင်းထဲတွင် တစ်နေသည်။ သို့သော် ထူးကဲသော အရသာကို လျှာဖျားတွင် ရလိုက်၍ အတော်အတန် ကျေနပ်သွားသည်။ ကျွန်တော် ရေသောက်ပြီးသည့်နောက် စက္ကန့် အနည်းငယ် အကြာတွင် ထောင်မှူး ရောက်လာသည်။ တစ်ခန်းချင်း ကြည့်ရှုစစ်ဆေးသည်။ ကျွန်တော့် အခန်းရှေ့ ရောက်သော အခါ ပုရွက်ဆိတ်တွေပါသော ကိတ်မုန့် တစ်ခုလုံး ဗိုက်ထဲ လုံခြံုစွာ ရောက်သွားခဲ့လေပြီ။ သို့သော် တပ်ကြပ် ဇော်နီ တစ်ယောက်ကတော့ မျက်နှာအကြီးအကျယ် ပျက်နေသည်။ တစ်ခါလေး မုန့်ခိုး စားမိပါတယ် လူမိတော့မည့် အဖြစ်နှင့် တိုးနေသည်။ ကျွန်တော် ကံဆိုးသည်မှာ ထိုနေ့က ဖြစ်ရပ်ကြောင့် တပ်ကြပ်ဇော်နီ ဘုရားစင်ပေါ်က စွန့်ပစ်သည့်မုန့်များ ဘယ်တော့မှ မရနိုင်တော့ချေ။ ဤသို့ဖြင့် ခါးသီးပြင်းထန်သော နေ့ရက်များကို ဖြတ်သန်းရပြန်သည်။

အမှောင်နေ့ရက်ထဲတွင် ဘဝ တစ်သက်လုံး အမှတ်ရစရာ နေ့ရက်တစ်ရက် ရောက်ရှိလာခဲ့ ပြန်သည်။ ထိုနေ့သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်သည်။ ကျွန်တော်တို့ တိုက်တွင် ပြက္ခဒိန်မထားရ၍ သီတင်းကျွတ် လပြည့်နေ့ကို သိမထားသော်လည်း ထိုနေ့မနက်က တစ်ထောင်လုံး လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ ထောင်အပြင်သို့ နေ့စဉ်ထုတ်သည့် အလုပ်ဘုတ်များမှာလည်း မရှိမဖြစ် လူတချို့မှ လွဲ၍ အကျဉ်းသားအားလုံး၊ ထောင်သားအားလုံး အနားယူခွင့် ပေးထားသည်။ နံနက်ခင်း ကတည်းက ဥပုသ်စောင့်လိုသည့် အကျဉ်းသားများကို စာရင်း လိုက်ကောက်သည်။ အဆောင်တိုင်းတွင်ရှိသော စပီကာများကို သေချာစစ်ဆေးပြီး ပြုပြင်ပေးသည်။ ထိုစပီကာများမှာ မနက်တိုင်း တရားတော် ဖွင့်ရာတွင် အသုံးပြုသည့် စပီကာများဖြစ်သည်။ ကျွန်တော့်စိတ်ထဲတွင် သီတင်းကျွတ် လပြည့်နေ့ အထိမ်းအမှတ် အဖြစ် ဆောင်းဘောက်စ်များမှတစ်ဆင့် တရားခွေ ဖွင့်ပေးမည်ဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော် နေ့လယ် ၁၁ နာရီခန့်တွင် ထောင်တွင်းသို့ တစ်ခါမှ မမြင်ဖူးသော ကားများ ၀င်လာသည်။ ထိုကားများပေါ်တွင် ယောဂီပုဆိုးနှင့် အကျႌအဖြူ ၀တ်ထားသောသူများ ပါလာသည်။ မိန်းဂျေးလ်တွင် သူတို့က ကားပေါ်ရှိ ထမင်းအိုးကြီးများကို အကျဉ်းသား တချို့၏ အကူအညီဖြင့် အောက်သို့ချနေသည်။ ကျွန်တော်တို့ အားလုံး စိတ်ဝင်တစားဖြင့် မိန်းဂျေးလ်ကို ကြည့်နေကြသည်။ ကားပေါ်မှ စားစရာ အထုပ်များ အတော်များများပါ လာပုံရသည်။ အားလုံး စနစ်တကျ ရှိနေသည်။ သီးသန့်ထောင် တာဝန်ခံကိုလည်း ထိုသူများအကြားတွင် တွေ့လိုက်ရသည်။ သူတို့က စာရွက်ထဲရှိ လူစာရင်းများကိုကြည့်ပြီး စားစရာ အထုပ်များကို ခွဲခြမ်းနေသည်။ မိန်းဂျေးလ်မှ အဆောင်အသီးသီးမှ တာဝန်ခံများကို လှမ်းခေါ်လိုက်သည်။

အဆောင်(၁)မှ ဆရာဇော်နီနှင့် အကျဉ်းသား ၄ ယောက်ခန့် လိုက်သွားကြသည်။ အဆောင်(၁) သည် နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်မှာ ဟောလ်ခန်းပုံစံဖြစ်သည်။ အောက်ထပ် အရှေ့ခြမ်း ၁၀ ခန်းတွင် ကျွန်တော်တို့ နိုင်ငံရေးသမားများကို ချုပ်လေ့ရှိပြီး အနောက်ခြမ်းတွင် အမှု အမျိုးမျိုးဖြင့် ထောင်ကျနေသော မိန်းမလျာများကို ထားသည်။ အပေါ်ထပ်တွင် လူ ၁၀၀ခန့်ရှိပြီး အောက်ထပ်တွင် ၄၀ ခန့်ရှိသည်။ အတန်ကြာသောအခါ ဆရာဇော်နီတို့ အဆောင်(၁) အတွက် အထုပ်ကြီး အထုပ်ငယ်များ သယ်ဆောင်လာကြသည်။ ကျွန်တော်တို့အား တစ်ယောက် တစ်ထုပ်စီ လိုက်ဝေသည်။ ဆရာဇော်နီက သီတဂူ ဆရာတော်ကြီးရဲ့ အလှူဟု ပြောသည်။ ဆရာတော်ကြီးက လပြည့်နေ့ အင်းစိန်ထောင်ထဲသို့ လာရောက် တရားဟောပြီး ထောင်ထဲရှိ အကျဉ်းသား အားလုံးကို ဒံပေါက် လှူဒါန်းခြင်း ဖြစ်သည်။ ကျွန်တော်တို့ကို ပေးသည့် အထုပ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ဖော့ဘူးနှင့် ထည့်ထားသော ဒံပေါက် တစ်ထုပ်တည်း မဟုတ်။ တခြား စားစရာများ ပါသေးသည်။ ရွှေကြက် ပဲကြီးလှော် အထုပ်တစ်ထုပ် ပါသည်။ ချိုချဉ် ၁၀လုံးခန့်ကို ပလတ်စတစ် အသေးဖြင့် သေချာ ထည့်ထားသည်။ ထို့အပြင် ဗမာဆေးများလည်း ပါသေးသည်။ အကျဉ်းသား တစ်ဦး အတွက် အမယ်စုံ ရမျိုးခန့် ပါသည့်အတွက် အတော်ကြီးသည့် ထောင်ဝင်စာ အထုပ်ဟု ဆိုနိုင်သည်။ ကျွန်တော့်မှာ ၀မ်းသာလွန်းသည့် အတွက် အထုပ်ကိုကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ နောက်မှ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း ဒံပေါက်ဘူးကို ဖွင့်လိုက်သည်။ နေ့စဉ် ပဲဟင်းနှင့်သာ စားနေရသည့် အတွက် ဒံပေါက်ထုပ်မှာ ကျွန်တော့်အတွက် သိန်းဆုပေါက်သလို ခံစား နေရသည်။ တစ်ဖက်မှာလည်း ဒံပေါက်ထုပ်အား မနက်စာတွင် အကုန်စားလိုက်ပါက ညစာဘာမှ မရှိဖြစ်မည်ကို စိုးရိမ်သွားမိသည်။

ထို့ကြောင့် ဒံပေါက်ထုပ်ထဲမှ အတော်အတန် ကြီးမားသည့် ကြက်ရင်အုပ်သား တစ်ခြမ်းကို ခွဲပြီး ပန်းကန်ထဲတွင် ချန်ထားလိုက်သည်။ ထို့ပြင် ဒံပေါက်ထုပ် ထဲပါသော သရက်သီး သနပ်ကိုလည်း အနည်းငယ်မျှယူပြီး ကြက်သားဘေးတွင် ချန်ထားလိုက်သည်။ ထိုနေ့မနက်က သီတဂူ ဆရာတော် စွန့်ကြဲသော ဒံပေါက် ထမင်းတစ်နပ်ကို စားလိုက်ရသည်မှာ ဘဝ တစ်သက်တာတွင် (ယခု အချိန်ထိ) အရသာ အရှိဆုံး ထမင်း တစ်နပ်အဖြစ် အမြဲတမ်း အမှတ်တရ ရှိနေပါသည်။ ထို့ကြောင့် သေချာ မဖူးမြော်ဖူးသော သီတဂူ ဆရာတော် ဘုရားကြီးအား အကျဉ်းတိုက်ထဲမှ နေ၍ ကြည်ညိုစွာ ဖူးမြော်ကန်တော့လိုက်သည်။ နေ့လယ်တွင် ဆရာတော် ဘုရားကြီးမှ ဗဟိုအင်းစိန် ထောင်ထဲ၌ တရားဟောသည်။ ဆရာတော်ကြီး ဟောကြားသည့် တရားတော်အား စပီကာဖြင့် ချိတ်ဆက်ထားပြီး ကျွန်တော်တို့ သီးသန့်ထောင်ပါ နာကြားရသည်။ ကြည်လင် ငြိမ်းချမ်းပြီး အသံ သြဇာရှိသော ဆရာတော်ကြီး၏ တရားထဲတွင် မေတ္တာဓာတ်များ၊ ကရုဏာဓာတ်များ ပါ၀င်နေသည်ဟု ခံစားရသည်။ တရားကို ဘဝ တစ်သက်တာတွင် ပထမဦးဆုံး အကြိမ် လေးလေးနက်နက် နာကြား လိုက်သည်။ တရားနာပြီးသည့်နောက် ကျွန်တော့် စိတ်ထဲတွင် ရှိနေသည့် တုန်လှုပ် ခြောက်ခြားမှုများ၊ နာကြည်းကြေကွဲမှုများ အတော်အတန် လျော့ပါး သက်သာသွားသည်။

ညနေဘက်တွင် အသက်ကြီးသော အကျဉ်းသား အတော်များများ ဥပုသ်ဝင်ကြ၍ ညနေစာ မယူသူများသည်။ ထောင်ကလည်း သီတင်းကျွတ် လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ညနေစာကို ပဲကုလားဟင်း ချက်၍ အကျဉ်းသားများကို ကျွေးသည်။ ထို့ကြောင့် ညစာကို ပဲကုလားဟင်းနှင့် စားပြီး ဆရာတော်ကြီး လှူဒါန်းသည့် ဒံပေါက်ထုပ်ထဲမှ ကြက်သားဟင်းနှင့် သရက်သီးသနပ်ကို မစားရက်ဘဲ နောက်တစ်နေ့ အတွက် ချန်ထားလိုက်သည်။ လူဆိုသည်မှာ အတော်ရယ်စရာ ကောင်းသည်။ ဘာမှစားစရာ မရှိသည့် အတွက် ငတ်ပြတ်ပြီး ဒုက္ခရောက်ခဲ့စဉ်က တစ်မျိုး၊ ယခုလို လှူဒါန်း ကျွေးမွေးသူ ပေါ်လာတော့လည်း စားစရာများ အပေါ် လောဘတက်ပြီး နောက်နေ့စာတွေ အတွက်ပါ စီမံခန့်ခွဲရ၍ ပူလောင်နေသည်က တဖုံ လူ့ဘဝဟူသည် မငြိမ်းချမ်းပါတကား။

နောက်တစ်နေ့ နံနက်တွင် သဘာဝ လောကကြီးက ကျွန်တော့်ကို သင်ခန်းစာ ထပ်ပေး လိုက်ပြန်သည်။ အစား လောဘဖြင့် ကျွန်တော် ချန်ထားခဲ့သော ကြက်သားရင်ပုံ တစ်ခြမ်းမှာ စား၍ မရလောက်အောင် သိုးနေခဲ့ပြီ ဖြစ်သည်။ အနည်းငယ် ကျွန်တော် စားကြည့်သောအခါ အသားက ချဉ်နေပြီ။ လူကို အန္တရာယ်ဖြစ်မှာစိုး၍ ကျွန်တော် မစားရဲတော့။ လွှင့်ပစ်ရတော့မည့် ကြက်သား ရင်ပုံသား တစ်ခြမ်းကို နှမြောတသစွာ ငေးမော ကြည့်နေမိတော့သည်။

ဆက်လက်ဖော်ပြပါမည်

ဇော်သက်ထွေး