ျမန္မာႏိုင္ငံအား ျပစ္ဒဏ္ခတ္မည္ဟု အယ္လ္ေကးဒါးအဖြဲ႔ ၿခိမ္းေျခာက္

အစြန္းေရာက္ အစၥလာမၼစ္ အၾကမ္းဖက္အဖြဲ႕တစ္ဖြဲ႕ျဖစ္ေသာ အယ္လ္ေကးဒါးအဖြဲ႕သည္ ရခုိင္ ျပည္နယ္အေရးႏွင့္ဆုိင္ေသာ ေဆာင္ရြက္ခ်က္မ်ားေၾကာင့္ ျမန္မာ ႏုိင္ငံအား ျပစ္ဒဏ္ခတ္မည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း ႐ိုက္တာ သတင္းဌာနက ေဖာ္ျပသည္။

အယ္လ္ေကးဒါးအဖြဲ႕ကထုတ္ ျပန္ေသာ သတင္းထုတ္ျပန္ခ်က္ အတြင္း၌ ျမန္မာႏိုင္ငံရွိမြတ္စလင္ ညီအစ္ကိုမ်ား ရင္ဆုိင္ေနရေသာ ျဖစ္စဥ္မ်ားအတြက္ ျပစ္ဒဏ္ေပး ရမည့္အေနအထားသို႔ ေရာက္ရွိလာ ၿပီျဖစ္ေၾကာင္း၊ တစ္ကမၻာလံုးရွိ မြတ္စလင္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံ ရွိ မြတ္စလင္မ်ားအား လက္နက္ ႏွင့္အျခားအေထာက္အပံ့မ်ား ေပး အပ္သင့္သည့္အျပင္ စစ္ေရးအရ ကူညီေထာက္ပံ့မႈမ်ားလည္း ျပဳလုပ္ ေပးသင့္ေၾကာင္း၊ ျမန္မာအစိုးရ အေနျဖင့္ ရခုိင္ျပည္နယ္ရွိ မြတ္ စလင္မ်ား ခံစားခဲ့ရသည့္အရသာ ႏွင့္ တူညီေသာျဖစ္စဥ္မ်ားခံစား ရေစရန္ ေဆာင္ရြက္သြားမည္ျဖစ္ ေၾကာင္း ေဖာ္ျပသည္။

ထုိ႔အျပင္ ဘဂၤလားေဒ့ရွ္၊အိႏိၵယ၊ပါကစၥတန္ ႏွင့္ ဖိလစ္ပိုင္ႏုိင္ငံမ်ားရွိ မြတ္စလင္ လက္နက္ကိုင္အဖြဲ႕မ်ားအား ျမန္မာႏုိင္ငံရွိ မြတ္စလင္မ်ားကို လိုအပ္သည့္ကူညီေထာက္ပံ့မႈမ်ား ျပဳလုပ္ရန္ ျပင္ဆင္ထားသင့္ေၾကာင္းလည္း သတင္းထုတ္ျပန္ခ်က္အတြင္း ၌ ေဖာ္ျပသည္။

Source : The Union Daily

(Unicode Version)

မြန်မာနိုင်ငံအား ပြစ်ဒဏ်ခတ်မည်ဟု အယ်လ်ကေးဒါးအဖွဲ့ ခြိမ်းခြောက်

အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်သော အယ်လ်ကေးဒါးအဖွဲ့သည် ရခိုင် ပြည်နယ်အရေးနှင့်ဆိုင်သော ဆောင်ရွက်ချက်များကြောင့် မြန်မာ နိုင်ငံအား ပြစ်ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

အယ်လ်ကေးဒါးအဖွဲ့ကထုတ် ပြန်သော သတင်းထုတ်ပြန်ချက် အတွင်း၌ မြန်မာနိုင်ငံရှိမွတ်စလင် ညီအစ်ကိုများ ရင်ဆိုင်နေရသော ဖြစ်စဉ်များအတွက် ပြစ်ဒဏ်ပေး ရမည့်အနေအထားသို့ ရောက်ရှိလာ ပြီဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးရှိ မွတ်စလင်များအနေဖြင့် မြန်မာနိုင်ငံ ရှိ မွတ်စလင်များအား လက်နက် နှင့်အခြားအထောက်အပံ့များ ပေး အပ်သင့်သည့်အပြင် စစ်ရေးအရ ကူညီထောက်ပံ့မှုများလည်း ပြုလုပ် ပေးသင့်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်ရှိ မွတ် စလင်များ ခံစားခဲ့ရသည့်အရသာ နှင့် တူညီသောဖြစ်စဉ်များခံစား ရစေရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖော်ပြသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊ပါကစ္စတန် နှင့် ဖိလစ်ပိုင်နိုင်ငံများရှိ မွတ်စလင် လက်နက်ကိုင်အဖွဲ့များအား မြန်မာနိုင်ငံရှိ မွတ်စလင်များကို လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ပြင်ဆင်ထားသင့်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အတွင်း ၌ ဖော်ပြသည်။

Source : The Union Daily