ေဝဒနာကို ေပ်ာက္ေအာင္ ရႈမွတ္ပံု ရႈမွတ္နည္း

” ေဝဒနာ ” အေၾကာင္းကို (၂ဝ၁၇ ဇန္နဝါရီလ ၊ ၂-ရက္ ) တုန္းကေတာ့.. ” ေဝဒနာကို မနာေအာင္ ရႈနည္း “ဆိုတဲ့ ေခါင္းစဥ္ နဲ ့ေရးသားေဖၚျပခဲ့တဲ့အျပင္၊ ” ဝိပႆနာနဲ႔ ဆိုင္ရာစာစုမ်ား ” ဆိုၿပီး စာအုပ္ ထုတ္ေဝတုန္းကလည္း ထည့္သြင္းေရးသားေဖာ္ျပခဲ့ဖူးပါတယ္။

ရန္ကုန္ၿမိဳ႕အျပင္ အျခားျပည္နယ္ေတြက ၿမိဳ ့ေတြကို ျဖန္ ့ျဖဴးထားေပမယ့္လည္း၊ တစ္ခ်ိဳ ့ေဝးလံတဲ့ အရပ္ေတြမွာ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စာအုပ္လက္ဝယ္ မရရွိသူေတြ ရွိၾကပါတယ္။ ဒါ့အျပင္ အင္တာနက္ ေဖ့စဘုတ္က ဘာ အခက္အခဲ ျဖစ္လဲဆိုရင္ ဖတ္ခ်င္တဲ့ စာမ်က္ႏွာ ကို ရွာေဖြတဲ့အခါ ေရးထားတဲ့ စာစုေတြဟာ အေဟာင္းစာမ်က္ႏွာ ျဖစ္ေလေလ၊ ရွာေဖြရတာ အခ်ိန္ၾကာေလေလ၊ ၿပီးေတာ့..ေလာေလာဆယ္မွာ ျမန္မာႏိုင္ငံရဲ ့အင္တာနက္ ဆက္သြယ္မႈေတြဟာ တစ္ျခားႏိုင္ငံက အင္တာနက္လို ့ ျမန္ဆန္မႈ မရွိေလာက္ေသးတဲ့အတြက္ အခုလို ေဖ့စဘုတ္က စာမ်က္ႏွာအေဟာင္းကို ဖတ္ရႈတဲ့ အခါ မွာ ရွာေဖြရ ခက္ခဲမႈ ကို ပိုၿပီးႀကံဳေတြ ့ၾကရပါတယ္။

ဒါ့ေၾကာင့္ စာအုပ္လက္ဝယ္မရရွိဘဲ ျပန္ဖတ္ခ်င္တဲ့ ဓမၼမိတ္ေဆြ တခ်ိဳ ့ကလည္း အသစ္ျပန္တင္ေပးဖို ့ေမးလာတဲ့အျပင္၊ အခုမွ စၿပီး တရားအားထုတ္မယ့္ ဓမၼမိတ္ေဆြတို႔အတြက္လည္း မျဖစ္မေန သိသင့္သိထိုက္တာမို ့အရင္က ေရးသားေဖၚျပဖို ့က်န္ခဲ့တာေလးေတြကိုပါ နည္းနည္းျဖည့္စြက္ၿပီး တရားစတင္အားထုတ္ၾကတဲ့အခါ ျဖစ္လာမယ့္၊ ၾကံဳေတြ ့လာမယ့္ ” ေဝဒနာ “ကို ေပ်ာက္ေအာင္ ဘယ္လို ရႈသင့္တယ္ဆိုတဲ့အေၾကာင္းကို ” ေဝဒနာ.. ေပ်ာက္ေအာင္ ရႈမွတ္ပံု ရႈမွတ္နည္း ” ဆိုတဲ့ ေခါင္းစဥ္ နဲ ့အသစ္ ထပ္မံေရးသားေဖာ္ျပလိုက္ပါတယ္။

ခုမွစၿပီး တရားထိုင္ေတာ့မယ္ဆိုရင္၊ တရားအားထုတ္ေတာ့မယ္ဆိုရင္၊ ေလာေလာဆယ္မွာေတာ့..စိတ္ေတြကေတာ့ မၿငိမ္ဘူး၊ တရားေတြ မတက္ဘူး ဆိုတာေတြထက္၊ အက်င့္မရွိဘဲ နဲ ့ခုမွစၿပီး တရားအားထုတ္တဲ့သူကေတာ့ အရင္ဆံုး မျဖစ္မေန ၾကံဳေတြ ့ရမွာက ” ေဝဒနာ “ပါ။

” ေဝဒနာ ” ဆိုတာ အလြယ္ဆံုးမွတ္သားခ်င္ရင္ေတာ့ ” ခံစားမႈ ” လို ့ေခၚပါတယ္။ ဘာေတြ ကို ခံစားၾကတာလဲ ဆိုရင္ ေကာင္းတာကို ခံစားခ်င္တယ္။ မေကာင္းတာကို မခံစားခ်င္ေပမယ့္ ခံစားရတယ္။ ” ေကာင္းတာ နဲ ့မေကာင္းတာ” ေပါ့။ တစ္ခ်ိဳ႕လည္း နားလည္သေဘာေပါက္ၿပီးသား ျဖစ္ၾကမွာပါ။ ပုထုဇဥ္တို ့အေနနဲ႔ အမ်ားစု က “နာက်င္ ကိုက္ခဲ” မွ “ေဝဒနာ” ဆိုၿပီး မွတ္ယူေနၾကသူေတြ မ်ားပါတယ္။ အဲဒီအတြက္ေၾကာင့္ ” ေဝဒနာ “အေၾကာင္းကို အရင္ဆံုး အၾကမ္းဖ်င္းရွင္းျပပါရေစ။

ေဝဒနာက (၃) မ်ဳိးရွိပါတယ္။

၁။ ခံစားလို ့ ေကာင္းတယ္၊ ႀကိဳက္တယ္ေပါ့ ၊ အဲဒီလို ခံသာတဲ့ “ေဝဒနာ”ကုိ “သုခေဝဒနာ”လုိ႔ ေခၚပါတယ္။

၂။ ခံစားလို ့မေကာင္းဘူး၊ မႀကိဳက္ဘူး ဆိုတဲ့ အဲဒီလို မခံသာတဲ့ “ေဝဒနာ” ကုိ “ဒုကၡေဝဒနာ”လုိ႔ ေခၚပါတယ္။

၃။ ခံသာတာလဲမဟုတ္ဘူး၊ မခံသာတာလဲမဟုတ္ဘူး ဆိုတဲ့ ေဝဒနာ ကုိ “ဥေပကၡာေဝဒနာ” လုိ႔ ေခၚပါတယ္။

နာတဲ့ ေဝဒနာ ကို ေပ်ာက္ေနေအာင္ ဘယ္လိုရႈမွာလဲဆိုၿပီး ေဖၚျပမွာ ျဖစ္လို႔ အဲဒီ ” ေဝဒနာ” သံုးမ်ိဳးထဲက ” ဒုကၡေဝဒနာ ” အေၾကာင္းဘဲ ေလာေလာဆယ္ ေျပာပါရေစ။ ဘာလို ့လဲဆိုေတာ့ အထက္မွာ ေရးျပသလို၊ တရားအားထုတ္ၾကသူတိုင္း ၾကံဳေတြ ့ၾကရတာ၊နာက်င္ ကိုက္ခဲ တဲ့” ေဝဒနာ” ပါ။ နာက်င္ ကိုက္ခဲတာ ကို အမ်ားစုက ႀကိဳက္မွ မႀကိဳက္ၾကတာကိုး။ ဒီေဝဒနာ က ပိုၿပီး သိသားလြန္းတဲ့အတြက္ ဓမၼမိတ္ေဆြ တို ့ဟာ “ေဝဒနာ” လို ့ေျပာလိုက္တာနဲ ့အဲဒီ “ဒုကၡေဝဒနာ” ႀကီး ကို ေျပးေျပးျမင္ေနၾကပါတယ္၊ တရားအားထုတ္တဲ့ အခါ အဲဒီေဝဒနာ ေပၚလာမွာ ကို စိုးရိမ္ၾကပါတယ္၊ ခႏၶာ ရွိသ၍ “ေဝဒနာ” က ေပၚတာ ဓမၼတာတရားပါ။

မိမိတို ့ကိုးကြယ္ေနတဲ့ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္တိုင္ေတာင္ ေပ်ာက္ေအာင္ မလုပ္ေပးႏိုင္ပါဘူး။ ကုသေပး၊လုပ္ေပးႏိုင္တာ ျမတ္စြာဘုရားရွင္ကိုယ္တိုင္ ရွာေတြ ့ထားတဲ့ မွန္ကန္တဲ့ “ဗုဒၶတရားေတာ္” ေတြကသာ အဲဒီ ” ေဝဒနာ ” ကို ကုစား ေပးႏိုင္တာပါ။

“ေဝဒနာ လာေသးလား ” ” ေဝဒနာခ်ဳပ္သြားၿပီလား”၊ “ေဝဒနာ” ၊”ေဝဒနာ”ဆိုတဲ့ ဒီစကား ကို တရားအား ထုတ္ဖူးသူတိုင္း တရားစခန္းတိုင္းမွာ ပဲ ျဖစ္ျဖစ္၊ အခ်င္းခ်င္း တရားေဆြးေႏြးၾကတဲ့ အခါ မွာပဲ ျဖစ္ျဖစ္၊ တရားနာၾကားတဲ့ အခါေတြမွာပဲ ျဖစ္ျဖစ္ အၿမဲၾကားရတဲ့ စကားလံုးျဖစ္ေနပါတယ္။ နာက်င္တာကို ပဲ “ေဝဒနာ” လို သတ္မွတ္ၾကတာကိုလည္း အျပစ္လို ့မေျပာလိုပါဘူး၊ ခုနေျပာသလို နာက်င္တာက ထင္ရွားေနတာကိုး။

တစ္ခ်ိဳ ့က ” က်ေနာ္ဗ်ာ.. ေန ့တိုင္း ( ၁ )နာရီ အခ်ိန္မွန္မွန္ မကြက္မပ်က္တရားအားထုတ္ျဖစ္ပါတယ္။အခုဆို က်ေနာ့္မွာ ေဝဒနာ ဆိုတာ မရွိေတာ့ဘူး” တဲ့။ တစ္ခ်ိဳ ့က်ျပန္ေတာ့လည္း “ကြ်န္မ ေဝဒနာ ခ်ဳပ္သြားၿပီ။ အရင္က တရားထိုင္ခါစမွာ အရမ္းကိုေသခ်င္ေလာက္ေအာင္ နာပါတယ္။ ေဝဒနာ ေပၚလာလို ့မွတ္ရင္းမွတ္ရင္း နဲ႔ အခု ဆို တရားထိုင္တိုင္း အဲဒီေဝဒနာ မလာေတာ့ဘူး”..တဲ့..၊ “ေဝဒနာခ်ဳပ္” သြားၿပီတဲ့။

ဒီလိုရွိပါတယ္ ဥပမာအေနနဲ ့ေျပာရရင္ လူတစ္ေယာက္ဟာ အေျပးေလ့က်င့္တယ္ ဆိုၾကပါစို႔။ ေလ့က်င့္ခါစမွာေတာ့ အေလ့က်င့္မရွိယင္ ( ၁ဝ )မိနစ္ေလာက္ ေျပးရင္ လည္း ေမာပါတယ္၊ အေမာမခံႏိုင္ပါဘူး။ ဒီလိုနဲ ့ေန ့တိုင္း ပံုမွန္ ေလ့က်င့္လာတဲ့ အခါ ၾကာလာေတာ့ ( ၁ )နာရီ၊( ၂ )နာရီၾကာ ေျပးရင္ေတာင္ မွ အေမာခံႏိုင္လာတာကို ေတြ ့ရမွာပါ။ ဒါက ဘာလို ့လဲ ဆိုေတာ့ “အေလ့အက်င့္”ပါ။ ဒီလိုပါဘဲ တရားထိုင္ခါစ မွာ အေလ့က်င့္ မရွိေတာ့ နာလာ၊ကိုက္ခဲလာတယ္ ဆိုတာ မဆန္းပါဘူး။ ဆန္းတယ္ ဆိုတာက အဲဒီ နာတာကိုက္ခဲတာ ကို ရႈႏိုင္တယ္ ဆိုတဲ့ “ဝိပႆနာဉာဏ္”ဘဲ။ ေယာဂီ အေနနဲ ့ခုလို ေန႔စဥ္ ( ၁ )နာရီ၊ (၂ )နာရီ ပံုမွန္ တရားထိုင္လို ့” ေဝဒနာ ” မလာေတာ့ဘူးဆိုတာ မဆန္းပါဘူး။ဒါ အက်င့္ျဖစ္သြားၿပီကိုး။ မနာေတာ့ဘူး ဆိုရင္..ထိုင္ေနက် အခ်ိန္ထက္ နည္းနည္း ေလာက္ အခ်ိန္ပိုၿပီးထိုင္ၾကည့္တဲ့အခါ..ျပင္းထန္တဲ့ နာက်င္တဲ့ ေဝဒနာေတြဟာ ထပ္ၿပီးေပၚလာပါမယ္ ဆိုတာ ေတြ ့ရပါလိမ့္မယ္။

ခႏၶာ ရွိရင္ “ေဝဒနာ”ဆိုတာ ရွိပါတယ္။ ဝိပႆနာဉာဏ္ အားမျပည့္ေသးဘဲနဲ ့ ဟိုေတြးဒီေတြး နဲ ့အေတြးေခ်ာ္ေနမွာ စိုးလို ့သတိေပးရတာ ျဖစ္ပါတယ္။ ” ေဝဒနာ” ရွိတာကို သိေနရပါမယ္။ အဲဒီေပၚလာတဲ့ ေဝဒနာ ကို ကိုယ့္အေနနဲ ့ခံႏိုင္ေအာင္ ရႈႏိုင္တာကမွ ” ေဝဒနာကို ႏိုင္တယ္ ေခၚတာ ေဝဒနာခ်ဳပ္တယ္” လို ့ေခၚတာပါ။ တစ္ေန ့လံုး မထဘဲ ထိုင္ၾကည့္လိုက္ပါ၊ အဲဒီ နာက်င္တဲ့ ေဝဒနာ ဟာ ေပၚလာလိုက္၊ သူဟာသူေပ်ာက္သြားလိုက္ အႀကိမ္ေပါင္းမ်ားစြာျဖစ္ပ်က္ေနမယ္ဆိုတာ သိလာပါလိမ့္မယ္။ ဒါ သဘာဝတရားပါ ကိုယ္လုပ္ယူေနတာ မဟုတ္ပါဘူး။

ေဝဒနာကို ႐ႈတဲ့အခါမွာ-

၁။ ေဝဒနာကို ေပ်ာက္သြားေအာင္ ဆိုတဲ့ ရည္ရြယ္ခ်က္ နဲ႔ ႐ႈတာရယ္၊

၂။ ေဝဒနာကို အျပဳတ္တိုက္မယ္ ဆိုတဲ့ စိတ္ၾကမ္းႀကီး နဲ႔ ႐ႈတာရယ္၊

၃။ ေဝဒနာကို သိေအာင္ ႐ႈတာရယ္ ဆိုၿပီးရွိပါတယ္။

ပထမနည္း နဲ႔ ဒုတိယနည္းက ….. ပယ္ရမယ့္နည္းပါ။

ေဝဒနာကို ေပ်ာက္ခ်င္တဲ့ စိတ္နဲ႔ မ႐ႈပါနဲ႔။ သူမ်ားေတြ ေဝဒနာ ေက်ာ္သြားတယ္၊ ေပ်ာက္သြားတယ္ဆိုရင္ ကိုယ္လည္း ေပ်ာက္ခ်င္၊ ခ်ဳပ္ခ်င္တယ္။ အဲဒီစိတ္နဲ႔႐ႈရင္ မွတ္ခ်က္တိုင္းမွာ ေဝဒနာေပ်ာက္ခ်င္တဲ့ “ေလာဘ” ပါေနတယ္။ ဒီ ေဝဒနာ ေပ်ာက္ခ်င္စိတ္ႀကီး နဲ႔ ႐ႈေနေတာ့ ေလာဘ ျဖစ္ေနမွာပါပဲ။ တခ်ိဳ႕က်ေတာ့လည္း ေဒါသ သမားက ရွိပါေသးတယ္။ ဒီေလာက္ေတာင္ နာတဲ့ဟာ ကို အျပဳတ္တိုက္မယ္ ဆိုတဲ့ေဒါသႀကီး နဲ ့ေပါ့ဗ်ာ။ အဲဒီေဒါသႀကီး နဲ႔ လည္း ႐ႈမွတ္လို ့မျဖစ္ပါဘူး။ ဝိပႆနာ ႐ႈတယ္ ဆိုတာ ေလာဘ၊ ေဒါသ၊ ေမာဟ ကုန္ေအာင္၊ ပါးေအာင္ လုပ္တာ ျဖစ္ပါတယ္။အဲဒါေၾကာင့္ ေလာဘ၊ ေဒါသႀကီး နဲ႔ ႐ႈရင္ေတာ့ ႐ႈနည္းမွားပါတယ္ လို ့ပဲ ဆိုရမွာပါ။

အဲဒါေၾကာင့္ “ေပ်ာက္ခ်င္တဲ့..စိတ္ႀကီးနဲ႔ မ႐ႈပါနဲ႔” တဲ့။ “အျပဳတ္တုိက္မယ္ ဆိုတဲ့ စိတ္ႀကီးနဲ႔ မ႐ႈပါနဲ”တဲ့။ ဘယ္လိုနည္းနဲ႔ “႐ႈမွတ္”ရမလဲဆိုရင္ ေဝဒနာကို ” သိေအာင္ “႐ႈရပါမယ္။ ” ဝိပႆနာ ” ဆိုတာ “ ရုပ္ေတြ နာမ္ေတြရဲ႕သေဘာ ” ကိုသိေအာင္လုပ္တာပါ။ လႈပ္ရွားေနတာေတြ၊ မာတာ ေပ်ာ့တာေတြ၊ ပူတာေအးတာေတြက “ရုပ္တရား “။ အခုခံစားေနရတဲ့ ေဝဒနာေတြကနာမ္တရားေတြ။ အဲဒီ နာမ္တရားျဖစ္တဲ့ ေဝဒနာ တို႔ ၊စိတ္တို႕ရဲ႕သေဘာကို ဝိပႆနာဥာဏ္ နဲ႔ ရႈမွတ္ေနရတာပါ။

” ခ်မ္းေျမ ့ဆရာေတာ္ဘုရားႀကီး ” ေဟာၾကားတဲ့ ေဝဒနာရႈတာကို ( ၃ ) မ်ိဳးခြဲၿပီး

၁။ ရန္သူကို ရင္ဆိုင္တိုက္ခိုက္နည္း၊

၂။ ရန္သူကို ခ်ဳံခို တိုက္ခိုက္နည္း။

၃။ ရန္သူကို အေခ်ာ့သတ္နည္း..ဆိုၿပီး ေဟာထားတာရွိပါတယ္။

*လူငယ္ ၊ လူရြယ္ ေတြ အသက္ငယ္ၿပီး က်န္းမာေရးေကာင္းတဲ့ လူေတြ အတြက္ ကေတာ့” ရင္ဆိုင္တိုက္ခိုက္နည္း “က ေကာင္းပါတယ္။

*ေရာဂါရွိတဲ့သူ၊ ဥပမာ-ႏွလံုးေရာဂါရွိတဲ့သူ ဆိုရင္ ခ်ံဳခိုတိုက္ခိုက္နည္းကေကာင္းပါတယ္။ “ ခ်ံဳခိုတိုက္ခိုက္နည္း” က ကိုယ့္ရဲ့ ကမၼ႒ာန္း ကို မ်ားမ်ားမွတ္ၿပီး၊ ေနာက္မွ…ေဝဒနာ ကို ျပန္ရႈတာ။ ဒါက “ ခ်ံဳခိုတိုက္ခိုက္နည္း”ပါ။

*အင္မတန္အသက္ႀကီးတဲ့ ပုဂၢဳိလ္ ကေတာ့ မွတ္ေနက် ပင္တိုင္ကမၼ႒ာန္း ကို အၾကာႀကီး မွတ္၊ မခံမရပ္ႏိုင္ နာက်င္လာရင္ ၊ထိုင္တဲ့ ပံုစံေလး ကို အသာေလးျပင္ ေနာက္မွ ေဝဒနာကိုရႈ။ အဲ့ဒါ…”အေခ်ာ့သတ္နည္း”ေပါ့။

“ရင္ဆိုင္တိုက္ခိုက္နည္း” ဆိုတာ ေဝဒနာ အေပၚစိတ္ကိုတည့္တည့္မွတ္မွတ္ထားၿပီး၊ နာတဲ့အေပၚ စိတ္ကိုတည့္တည့္ထားၿပီး “ထိုင္တယ္၊ ထိတယ္၊ နာတယ္”…. “ထိုင္တယ္၊ ထိတယ္၊ နာတယ္”-လို႕ စူးစူးစိုက္စိုက္မွတ္။နာတာ က်ဥ္တာေတြကို စိတ္ရွည္ရွည္နဲ႔သည္းညည္းခံၿပီး မွတ္တာပါ။ ေပၚလာတဲ့ ေဝဒနာေတြက ဒုကၡသစၥာ။ ျဖစ္တဲ့အတိုင္းမွတ္ေနတာက မဂၢသစၥာ။ အပါယ္ေလးပါးမက်ေအာင္လို႕ဒုကၡသစၥာ ကိုသိဖို႔ အတြက္ ေဝဒနာ ကို ရႈမွတ္တာ က ပိုၿပီးထိေရာက္ႏိုင္တာ ျဖစ္ပါတယ္။

“ေဝဒနာ၊သတိ” ဆိုတာ နာရင္ နာတယ္လို႕မွတ္တာ။အဲဒီလို နာတာကို မွတ္ေနရင္း ” သတိ “က အားေကာင္းလာၿပီး ” ေဝဒနာ၊ သမာဓိ “ျဖစ္လာပါတယ္။ အဲဒီ ေဝဒနာနဲ႕သမာဓိ ေဘာင္ခ်ိန္လိုက္ရင္ “ပညာ”ေပၚလာပါတယ္။ ” ဒုကၡေဝဒနာ “ကို ေက်ာ္လြန္ေအာင္ မမွတ္ႏိုင္လို႕ရွိရင္ေတာ့ ၊ တရားထူးရဖို႕ေတာ္ေတာ္ေလး က်င့္ယူရမွာျဖစ္ပါတယ္။ ရင္ဆိုင္တိုက္ခိုက္နည္းေတာ့…. ျမန္ျမန္ဆန္ဆန္ တရားသေဘာေတြ ျမန္ျမန္ ပိုသိႏိုင္တာေပါ့..ေနာ္။ အဓိက က .. နာလာတဲ့ ေဝဒနာ ကို သေဘာေပါက္ဖို ့အေရးႀကီးပါတယ္။

ပထမဆံုးအေနနဲ ့ “ေရာဂါ ေၾကာင့္ နာတာလား ၊ ေဝဒနာ” ေၾကာင့္ နာတာလား ဆိုတာကို ကြဲျပားေအာင္ ၾကည့္ရပါမယ္။ ကိုယ္ထဲမွာ “နာတာ၊ က်င္တာ၊ ကိုက္တာ၊ ခဲတာ” အဲဒါက ” ေရာဂါ ” ပါ။ အဲဒီ ကိုယ့္ အနာေရာဂါ ကို အေၾကာင္းျပဳၿပီးေတာ့ စိတ္ထဲမွာ မခံသာတာ ကေတာ့ “ေဝဒနာ(ခံစားခ်က္)” ျဖစ္ပါတယ္။အဲဒီေဖာက္ျပန္တဲ့ ေရာဂါကိုဘဲ”နာလွေခ်” ရဲ ့ဆိုၿပီး ၾကည့္ေနရင္ သိပ္အခံရ ခက္ပါတယ္။ “စိတ္ “ထဲ မွာ ရွိေနတဲ့ အဲဒီ “မခံသာတဲ့” ေဝဒနာ( ခံစားခ်က္ )ကို ၾကည့္ေပးပါ။ “မခံသာတဲ့ ေဝဒနာ”က သပ္သပ္။ “ေရာဂါ”က သပ္သပ္…ဆိုတာ ျမင္လာပါလိမ့္မယ္။ အဲဒီ မခံသာတဲ့စိတ္ ကို ရႈၾကည့္ေနလိုက္ ရင္ ေတာ့ “ကိုယ္မွာနာေနတာ”  ဟာ မဆုိင္ေတာ့ဘူး.. ဆိုတာ ျမင္လာပါလိမ့္မယ္။

ဥပမာ သူမ်ားျဖစ္တာေလး ကို ၾကည့္ေနရသလုိ၊ ဆရာဝန္က လူမမာ ကို ၾကည့္ေနရသလုိပါပဲ ကုိယ္ပါေရာၿပီး မနာေတာ့ပါဘူး။ ကုိယ္နာတာခ်ည္း သြားၾကည့္ေနရင္ ကိုယ္ေရာစိတ္ပါ ေရာၿပီးနာသြားပါလိမ့္မယ္။  “မခံႏုိင္ဘူး။ ျပင္ခ်င္တယ္။ ေျပာင္းခ်င္တယ္” အဲဒီ စိတ္ကေလးျဖစ္လာရင္လည္း..အဲဒီျဖစ္တဲ့ စိတ္ ကို “သိ” ေနေပးပါ။ ေပ်ာက္ခ်င္စိတ္ ျဖစ္ေနရင္လည္း အဲဒီ”စိတ္ကေလး”ကို ဘဲ သတိထားၿပီး ၾကည့္ေပးပါ။ မေက်နပ္စိတ္ျဖစ္ရင္လည္း ၾကည့္ေပး၊ သိေပးပါ။

ဥပမာ တစ္ခုထပ္ေပးရရင္ေတာ့ မီးဖိုေပၚမွာ တည္ထားတဲ့ ဟင္းခ်ိဳအိုး က ဟင္းခ်ိဳ ကို “အေပါ့ အငန္” ကို ျမည္းသလိုပါဘဲ။ အဲဒီလို “အေပါ့ အငန္” ကို ျမည္းတဲ့ အခါမွာ မီးဖိုေပၚမွာ ရွိတဲ့ ဟင္းခ်ိဳအိုး ပြက္ပြက္ဆူေနတာကို ပူမွန္း သိလ်က္….ဇြန္း နဲ ့ခပ္ၿပီး ျမည္းၾကတယ္…မဟုတ္လား။ ဘာလို ့ပူမွန္း သိသလဲ ဆိုေတာ့ မႈတ္ၿပီး ေသာက္ကတည္း က “ပူမွန္း” သိလို ့ပါ။ အဲဒီလို ဟင္းရည္အပူႀကီး ပါးစပ္ထဲကို ေရာက္တဲ့အခါ “ပူတာကို အာရံုျပဳၾက တာလား” “အေပါ့..အငန္ ကို အာရံုျပဳၾက တာလား” ဓမၼမိတ္ေဆြတို ့ အေနနဲ ့..”ပူတာကို သတိမထားၾကပါဘူး ဂရုမစိုက္ပါၾကဘူးေနာ္။ “အေပါ့အငန္”ကိုပဲ သတိထား ၾကပါတယ္။ “အေပါ့အငန္”ကိုပဲ အကဲခတ္ ၾကပါတယ္။

အဲဒီဥပမာ ေတြလို ပုထုဇဥ္ေတြဟာ အမ်ားအားျဖင့္ နာတာ၊က်င္တာၾကီး ကို ဂရုစိုက္၊ ကိုက္တာ၊ခဲတာၾကီး ဂရုစိုက္ေနၾကတာဘဲ မ်ားၾကပါတယ္။ အဲဒါေတြကို ဂရုမစိုက္ပါ နဲ႔။ “အေပါ့အငန္”နဲ႔ တူတဲ႔ ” မခံခ်င္တာကို ခံစားေနရတဲ႔ စိတ္ ” ကေလးကို သာ ဂရုစိုက္ရပါမယ္။ နာက်င္တဲ့..အေပၚမွာ ခံစားတယ္၊ ကိုက္ခဲေနတဲ့ အေပၚမွာ ခံစားတယ္။ ခံစားတာ “ေဝဒနာ” ကိုး။ အဲဒီ” ေဝဒနာ” အေပါ့အငန္ ကိုသာ ကိုယ္က အကဲခတ္ ဖမ္းရမွာ ျဖစ္ပါတယ္။

အဲဒီလို မဖမ္းဘဲ နဲ႔ အေပါ့ အငန္ နဲ႔၊ ငါ နဲ ့ေပါင္းျပီးေတာ့ ပူတာၾကီး အာရုံျပဳျပီး၊ ဒီပူတာႀကီးကို ေၾကာက္ေနတယ္ဆိုရင္ေတာ့ ဟင္းခ်ိဳ ” အရသာ ” ကို မသိေတာ့ဘဲ ျဖစ္သြားပါလိမ့္မယ္။ ဟင္းခ်ိဳ ကို အရသာ ျမည္း သလို…ပူတာ ကို ဂရုမစိုက္ရပါဘူး။ အေပါ့အငန္ ကို ဂရုစိုက္ရပါတယ္။ နာက်င္၊ ကိုက္ခဲတာႀကီး ေပၚလာတယ္။ ေပၚလာတဲ႔ နာက်င္၊ ကိုက္ခဲတာ ကို “ပဓာန” မထားပါနဲ႔။ “ သာမည ” ထားပါ။

အဓိက က ဘယ္သူလဲ၊ နာက်င္၊ ကိုက္ခဲတာ အေပၚမွာ မခံခ်င္တာ ခံစားေနရတာ။ အဲဒီ ခံစား ေနရတဲ႔ “သေဘာ” ကသာ… “အဓိက” ျဖစ္ပါတယ္။ နာက်င္၊ ကိုက္ခဲတာဟာ “သာမည ” ပါ။ ဓမၼမိတ္ေဆြတို႔ ” ေဝဒနာ” ခံစားတဲ႔ သေဘာကို ရႈခ်င္ ရင္ “ ဟင္းရည္ ျမည္းသလိုပဲ ” ရႈတာဟာ အဆင္ေျပဆံုးလို ့ယူဆမိပါတယ္။ ဒီလိုနဲ ့နာက်င္ေနတဲ့ ဒုကၡေဝဒနာ ဟာ ဘယ္ေရာက္ေနမွန္းမသိ ေပ်ာက္ခ်က္သား ေကာင္းေနေတာ့မွာပါပဲ။

အက်ဥ္းခ်ဳပ္ရရင္ ေအာက္ဆံုးအဆင့္” ေသာတာပန္ ” တည္ၿပီးသား အရိယာပုဂၢိဳလ္ကေတာ့ အဲဒီ “နာက်င္ကိုက္ခဲတဲ့.. ဒုကၡေဝဒနာ ” ေက်ာ္လႊားတတ္ၾကတဲ့ သူေတြခ်ည္းပါပဲ။ နာက်င္တဲ့ေဝဒနာကို အထိုက္ေလ်ာက္ ေပ်ာက္ေနေအာင္ရႈတတ္ တဲ့ ပုဂၢိဳလ္ေတြခ်ည္းပါဘဲ။ ဒါ့ေၾကာင့္ ဓမၼမိတ္ေဆြ တို ့လည္း နာတဲ့ေဝဒနာ ကို ေပ်ာက္ေနေအာင္ရႈတတ္ တဲ့ သူေတြ ျဖစ္ဖို ့”ေဝဒနာ ကို ေပ်ာက္ေအာင္ ရႈမွတ္ပံု ရႈမွတ္နည္း ” ဆိုတဲ့ ဤစာစု နဲ ့ ဓမၼဒါန မ်ွေဝလိုက္ပါတယ္။

ေရႊဥမင္ဆရာေတာ္ ဘုရားႀကီး ေဟာၾကားေသာၾသဝါဒမ်ား ၊ ျပည္ ဝိေဇၨာဒယ (သဲအင္း) ဆရာေတာ္ၾကီး ဦးသီရိဓမၼ ေဟာၾကားေတာ္မူေသာ တရားေတာ္မ်ား ႏွင့္ ျမစိမ္းေတာင္ဆရာေတာ္ႀကီး ရဲ ့-ေဝဒနာရႈနည္းတရားေတာ္ မ်ားမွ ေကာက္ႏႈတ္၍ ဓမၼဒါန ျပဳပါသည္။

Credit :  ခႏၶာ-၅ပါးတစ္ဦး

(Unicode Version)

ဝေဒနာကို ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း

” ဝေဒနာ ” အကြောင်းကို (၂ဝ၁၇ ဇန်နဝါရီလ ၊ ၂-ရက် ) တုန်းကတော့.. ” ဝေဒနာကို မနာအောင် ရှုနည်း “ဆိုတဲ့ ခေါင်းစဉ် နဲ ့ရေးသားဖေါ်ပြခဲ့တဲ့အပြင်၊ ” ဝိပဿနာနဲ့ ဆိုင်ရာစာစုများ ” ဆိုပြီး စာအုပ် ထုတ်ဝေတုန်းကလည်း ထည့်သွင်းရေးသားဖော်ပြခဲ့ဖူးပါတယ်။

ရန်ကုန်မြို့အပြင် အခြားပြည်နယ်တွေက မြို ့တွေကို ဖြန် ့ဖြူးထားပေမယ့်လည်း၊ တစ်ချို ့ဝေးလံတဲ့ အရပ်တွေမှာ၊ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်လက်ဝယ် မရရှိသူတွေ ရှိကြပါတယ်။ ဒါ့အပြင် အင်တာနက် ဖေ့စဘုတ်က ဘာ အခက်အခဲ ဖြစ်လဲဆိုရင် ဖတ်ချင်တဲ့ စာမျက်နှာ ကို ရှာဖွေတဲ့အခါ ရေးထားတဲ့ စာစုတွေဟာ အဟောင်းစာမျက်နှာ ဖြစ်လေလေ၊ ရှာဖွေရတာ အချိန်ကြာလေလေ၊ ပြီးတော့..လောလောဆယ်မှာ မြန်မာနိုင်ငံရဲ ့အင်တာနက် ဆက်သွယ်မှုတွေဟာ တစ်ခြားနိုင်ငံက အင်တာနက်လို ့ မြန်ဆန်မှု မရှိလောက်သေးတဲ့အတွက် အခုလို ဖေ့စဘုတ်က စာမျက်နှာအဟောင်းကို ဖတ်ရှုတဲ့ အခါ မှာ ရှာဖွေရ ခက်ခဲမှု ကို ပိုပြီးကြုံတွေ ့ကြရပါတယ်။

ဒါ့ကြောင့် စာအုပ်လက်ဝယ်မရရှိဘဲ ပြန်ဖတ်ချင်တဲ့ ဓမ္မမိတ်ဆွေ တချို ့ကလည်း အသစ်ပြန်တင်ပေးဖို ့မေးလာတဲ့အပြင်၊ အခုမှ စပြီး တရားအားထုတ်မယ့် ဓမ္မမိတ်ဆွေတို့အတွက်လည်း မဖြစ်မနေ သိသင့်သိထိုက်တာမို ့အရင်က ရေးသားဖေါ်ပြဖို ့ကျန်ခဲ့တာလေးတွေကိုပါ နည်းနည်းဖြည့်စွက်ပြီး တရားစတင်အားထုတ်ကြတဲ့အခါ ဖြစ်လာမယ့်၊ ကြံုတွေ ့လာမယ့် ” ဝေဒနာ “ကို ပျောက်အောင် ဘယ်လို ရှုသင့်တယ်ဆိုတဲ့အကြောင်းကို ” ဝေဒနာ.. ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း ” ဆိုတဲ့ ခေါင်းစဉ် နဲ ့အသစ် ထပ်မံရေးသားဖော်ပြလိုက်ပါတယ်။

ခုမှစပြီး တရားထိုင်တော့မယ်ဆိုရင်၊ တရားအားထုတ်တော့မယ်ဆိုရင်၊ လောလောဆယ်မှာတော့..စိတ်တွေကတော့ မငြိမ်ဘူး၊ တရားတွေ မတက်ဘူး ဆိုတာတွေထက်၊ အကျင့်မရှိဘဲ နဲ ့ခုမှစပြီး တရားအားထုတ်တဲ့သူကတော့ အရင်ဆုံး မဖြစ်မနေ ကြံုတွေ ့ရမှာက ” ဝေဒနာ “ပါ။

” ဝေဒနာ ” ဆိုတာ အလွယ်ဆုံးမှတ်သားချင်ရင်တော့ ” ခံစားမှု ” လို ့ခေါ်ပါတယ်။ ဘာတွေ ကို ခံစားကြတာလဲ ဆိုရင် ကောင်းတာကို ခံစားချင်တယ်။ မကောင်းတာကို မခံစားချင်ပေမယ့် ခံစားရတယ်။ ” ကောင်းတာ နဲ ့မကောင်းတာ” ပေါ့။ တစ်ချို့လည်း နားလည်သဘောပေါက်ပြီးသား ဖြစ်ကြမှာပါ။ ပုထုဇဉ်တို ့အနေနဲ့ အများစု က “နာကျင် ကိုက်ခဲ” မှ “ဝေဒနာ” ဆိုပြီး မှတ်ယူနေကြသူတွေ များပါတယ်။ အဲဒီအတွက်ကြောင့် ” ဝေဒနာ “အကြောင်းကို အရင်ဆုံး အကြမ်းဖျင်းရှင်းပြပါရစေ။

ဝေဒနာက (၃) မျိုးရှိပါတယ်။

၁။ ခံစားလို ့ ကောင်းတယ်၊ ကြိုက်တယ်ပေါ့ ၊ အဲဒီလို ခံသာတဲ့ “ဝေဒနာ”ကို “သုခဝေဒနာ”လို့ ခေါ်ပါတယ်။

၂။ ခံစားလို ့မကောင်းဘူး၊ မကြိုက်ဘူး ဆိုတဲ့ အဲဒီလို မခံသာတဲ့ “ဝေဒနာ” ကို “ဒုက္ခဝေဒနာ”လို့ ခေါ်ပါတယ်။

၃။ ခံသာတာလဲမဟုတ်ဘူး၊ မခံသာတာလဲမဟုတ်ဘူး ဆိုတဲ့ ဝေဒနာ ကို “ဥပေက္ခာဝေဒနာ” လို့ ခေါ်ပါတယ်။

နာတဲ့ ဝေဒနာ ကို ပျောက်နေအောင် ဘယ်လိုရှုမှာလဲဆိုပြီး ဖေါ်ပြမှာ ဖြစ်လို့ အဲဒီ ” ဝေဒနာ” သုံးမျိုးထဲက ” ဒုက္ခဝေဒနာ ” အကြောင်းဘဲ လောလောဆယ် ပြောပါရစေ။ ဘာလို ့လဲဆိုတော့ အထက်မှာ ရေးပြသလို၊ တရားအားထုတ်ကြသူတိုင်း ကြံုတွေ ့ကြရတာ၊နာကျင် ကိုက်ခဲ တဲ့” ဝေဒနာ” ပါ။ နာကျင် ကိုက်ခဲတာ ကို အများစုက ကြိုက်မှ မကြိုက်ကြတာကိုး။ ဒီဝေဒနာ က ပိုပြီး သိသားလွန်းတဲ့အတွက် ဓမ္မမိတ်ဆွေ တို ့ဟာ “ဝေဒနာ” လို ့ပြောလိုက်တာနဲ ့အဲဒီ “ဒုက္ခဝေဒနာ” ကြီး ကို ပြေးပြေးမြင်နေကြပါတယ်၊ တရားအားထုတ်တဲ့ အခါ အဲဒီဝေဒနာ ပေါ်လာမှာ ကို စိုးရိမ်ကြပါတယ်၊ ခန္ဓာ ရှိသ၍ “ဝေဒနာ” က ပေါ်တာ ဓမ္မတာတရားပါ။

မိမိတို ့ကိုးကွယ်နေတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင် ပျောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ကုသပေး၊လုပ်ပေးနိုင်တာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ရှာတွေ ့ထားတဲ့ မှန်ကန်တဲ့ “ဗုဒ္ဓတရားတော်” တွေကသာ အဲဒီ ” ဝေဒနာ ” ကို ကုစား ပေးနိုင်တာပါ။

“ဝေဒနာ လာသေးလား ” ” ဝေဒနာချုပ်သွားပြီလား”၊ “ဝေဒနာ” ၊”ဝေဒနာ”ဆိုတဲ့ ဒီစကား ကို တရားအား ထုတ်ဖူးသူတိုင်း တရားစခန်းတိုင်းမှာ ပဲ ဖြစ်ဖြစ်၊ အချင်းချင်း တရားဆွေးနွေးကြတဲ့ အခါ မှာပဲ ဖြစ်ဖြစ်၊ တရားနာကြားတဲ့ အခါတွေမှာပဲ ဖြစ်ဖြစ် အမြဲကြားရတဲ့ စကားလုံးဖြစ်နေပါတယ်။ နာကျင်တာကို ပဲ “ဝေဒနာ” လို သတ်မှတ်ကြတာကိုလည်း အပြစ်လို ့မပြောလိုပါဘူး၊ ခုနပြောသလို နာကျင်တာက ထင်ရှားနေတာကိုး။

တစ်ချို ့က ” ကျနော်ဗျာ.. နေ ့တိုင်း ( ၁ )နာရီ အချိန်မှန်မှန် မကွက်မပျက်တရားအားထုတ်ဖြစ်ပါတယ်။အခုဆို ကျနော့်မှာ ဝေဒနာ ဆိုတာ မရှိတော့ဘူး” တဲ့။ တစ်ချို ့ကျပြန်တော့လည်း “ကျွန်မ ဝေဒနာ ချုပ်သွားပြီ။ အရင်က တရားထိုင်ခါစမှာ အရမ်းကိုသေချင်လောက်အောင် နာပါတယ်။ ဝေဒနာ ပေါ်လာလို ့မှတ်ရင်းမှတ်ရင်း နဲ့ အခု ဆို တရားထိုင်တိုင်း အဲဒီဝေဒနာ မလာတော့ဘူး”..တဲ့..၊ “ဝေဒနာချုပ်” သွားပြီတဲ့။

ဒီလိုရှိပါတယ် ဥပမာအနေနဲ ့ပြောရရင် လူတစ်ယောက်ဟာ အပြေးလေ့ကျင့်တယ် ဆိုကြပါစို့။ လေ့ကျင့်ခါစမှာတော့ အလေ့ကျင့်မရှိယင် ( ၁ဝ )မိနစ်လောက် ပြေးရင် လည်း မောပါတယ်၊ အမောမခံနိုင်ပါဘူး။ ဒီလိုနဲ ့နေ ့တိုင်း ပုံမှန် လေ့ကျင့်လာတဲ့ အခါ ကြာလာတော့ ( ၁ )နာရီ၊( ၂ )နာရီကြာ ပြေးရင်တောင် မှ အမောခံနိုင်လာတာကို တွေ ့ရမှာပါ။ ဒါက ဘာလို ့လဲ ဆိုတော့ “အလေ့အကျင့်”ပါ။ ဒီလိုပါဘဲ တရားထိုင်ခါစ မှာ အလေ့ကျင့် မရှိတော့ နာလာ၊ကိုက်ခဲလာတယ် ဆိုတာ မဆန်းပါဘူး။ ဆန်းတယ် ဆိုတာက အဲဒီ နာတာကိုက်ခဲတာ ကို ရှုနိုင်တယ် ဆိုတဲ့ “ဝိပဿနာဉာဏ်”ဘဲ။ ယောဂီ အနေနဲ ့ခုလို နေ့စဉ် ( ၁ )နာရီ၊ (၂ )နာရီ ပုံမှန် တရားထိုင်လို ့” ဝေဒနာ ” မလာတော့ဘူးဆိုတာ မဆန်းပါဘူး။ဒါ အကျင့်ဖြစ်သွားပြီကိုး။ မနာတော့ဘူး ဆိုရင်..ထိုင်နေကျ အချိန်ထက် နည်းနည်း လောက် အချိန်ပိုပြီးထိုင်ကြည့်တဲ့အခါ..ပြင်းထန်တဲ့ နာကျင်တဲ့ ဝေဒနာတွေဟာ ထပ်ပြီးပေါ်လာပါမယ် ဆိုတာ တွေ ့ရပါလိမ့်မယ်။

ခန္ဓာ ရှိရင် “ဝေဒနာ”ဆိုတာ ရှိပါတယ်။ ဝိပဿနာဉာဏ် အားမပြည့်သေးဘဲနဲ ့ ဟိုတွေးဒီတွေး နဲ ့အတွေးချော်နေမှာ စိုးလို ့သတိပေးရတာ ဖြစ်ပါတယ်။ ” ဝေဒနာ” ရှိတာကို သိနေရပါမယ်။ အဲဒီပေါ်လာတဲ့ ဝေဒနာ ကို ကိုယ့်အနေနဲ ့ခံနိုင်အောင် ရှုနိုင်တာကမှ ” ဝေဒနာကို နိုင်တယ် ခေါ်တာ ဝေဒနာချုပ်တယ်” လို ့ခေါ်တာပါ။ တစ်နေ ့လုံး မထဘဲ ထိုင်ကြည့်လိုက်ပါ၊ အဲဒီ နာကျင်တဲ့ ဝေဒနာ ဟာ ပေါ်လာလိုက်၊ သူဟာသူပျောက်သွားလိုက် အကြိမ်ပေါင်းများစွာဖြစ်ပျက်နေမယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါ သဘာဝတရားပါ ကိုယ်လုပ်ယူနေတာ မဟုတ်ပါဘူး။

ဝေဒနာကို ရှုတဲ့အခါမှာ-

၁။ ဝေဒနာကို ပျောက်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရှုတာရယ်၊

၂။ ဝေဒနာကို အပြုတ်တိုက်မယ် ဆိုတဲ့ စိတ်ကြမ်းကြီး နဲ့ ရှုတာရယ်၊

၃။ ဝေဒနာကို သိအောင် ရှုတာရယ် ဆိုပြီးရှိပါတယ်။

ပထမနည်း နဲ့ ဒုတိယနည်းက ….. ပယ်ရမယ့်နည်းပါ။

ဝေဒနာကို ပျောက်ချင်တဲ့ စိတ်နဲ့ မရှုပါနဲ့။ သူများတွေ ဝေဒနာ ကျော်သွားတယ်၊ ပျောက်သွားတယ်ဆိုရင် ကိုယ်လည်း ပျောက်ချင်၊ ချုပ်ချင်တယ်။ အဲဒီစိတ်နဲ့ရှုရင် မှတ်ချက်တိုင်းမှာ ဝေဒနာပျောက်ချင်တဲ့ “လောဘ” ပါနေတယ်။ ဒီ ဝေဒနာ ပျောက်ချင်စိတ်ကြီး နဲ့ ရှုနေတော့ လောဘ ဖြစ်နေမှာပါပဲ။ တချို့ကျတော့လည်း ဒေါသ သမားက ရှိပါသေးတယ်။ ဒီလောက်တောင် နာတဲ့ဟာ ကို အပြုတ်တိုက်မယ် ဆိုတဲ့ဒေါသကြီး နဲ ့ပေါ့ဗျာ။ အဲဒီဒေါသကြီး နဲ့ လည်း ရှုမှတ်လို ့မဖြစ်ပါဘူး။ ဝိပဿနာ ရှုတယ် ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ကုန်အောင်၊ ပါးအောင် လုပ်တာ ဖြစ်ပါတယ်။အဲဒါကြောင့် လောဘ၊ ဒေါသကြီး နဲ့ ရှုရင်တော့ ရှုနည်းမှားပါတယ် လို ့ပဲ ဆိုရမှာပါ။

အဲဒါကြောင့် “ပျောက်ချင်တဲ့..စိတ်ကြီးနဲ့ မရှုပါနဲ့” တဲ့။ “အပြုတ်တိုက်မယ် ဆိုတဲ့ စိတ်ကြီးနဲ့ မရှုပါနဲ”တဲ့။ ဘယ်လိုနည်းနဲ့ “ရှုမှတ်”ရမလဲဆိုရင် ဝေဒနာကို ” သိအောင် “ရှုရပါမယ်။ ” ဝိပဿနာ ” ဆိုတာ “ ရုပ်တွေ နာမ်တွေရဲ့သဘော ” ကိုသိအောင်လုပ်တာပါ။ လှုပ်ရှားနေတာတွေ၊ မာတာ ပျော့တာတွေ၊ ပူတာအေးတာတွေက “ရုပ်တရား “။ အခုခံစားနေရတဲ့ ဝေဒနာတွေကနာမ်တရားတွေ။ အဲဒီ နာမ်တရားဖြစ်တဲ့ ဝေဒနာ တို့ ၊စိတ်တို့ရဲ့သဘောကို ဝိပဿနာဉာဏ် နဲ့ ရှုမှတ်နေရတာပါ။

” ချမ်းမြေ ့ဆရာတော်ဘုရားကြီး ” ဟောကြားတဲ့ ဝေဒနာရှုတာကို ( ၃ ) မျိုးခွဲပြီး

၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း၊

၂။ ရန်သူကို ချုံခို တိုက်ခိုက်နည်း။

၃။ ရန်သူကို အချော့သတ်နည်း..ဆိုပြီး ဟောထားတာရှိပါတယ်။

*လူငယ် ၊ လူရွယ် တွေ အသက်ငယ်ပြီး ကျန်းမာရေးကောင်းတဲ့ လူတွေ အတွက် ကတော့” ရင်ဆိုင်တိုက်ခိုက်နည်း “က ကောင်းပါတယ်။

*ရောဂါရှိတဲ့သူ၊ ဥပမာ-နှလုံးရောဂါရှိတဲ့သူ ဆိုရင် ချံုခိုတိုက်ခိုက်နည်းကကောင်းပါတယ်။ “ ချံုခိုတိုက်ခိုက်နည်း” က ကိုယ့်ရဲ့ ကမ္မဋ္ဌာန်း ကို များများမှတ်ပြီး၊ နောက်မှ…ဝေဒနာ ကို ပြန်ရှုတာ။ ဒါက “ ချံုခိုတိုက်ခိုက်နည်း”ပါ။

*အင်မတန်အသက်ကြီးတဲ့ ပုဂ္ဂိုလ် ကတော့ မှတ်နေကျ ပင်တိုင်ကမ္မဋ္ဌာန်း ကို အကြာကြီး မှတ်၊ မခံမရပ်နိုင် နာကျင်လာရင် ၊ထိုင်တဲ့ ပုံစံလေး ကို အသာလေးပြင် နောက်မှ ဝေဒနာကိုရှု။ အဲ့ဒါ…”အချော့သတ်နည်း”ပေါ့။

“ရင်ဆိုင်တိုက်ခိုက်နည်း” ဆိုတာ ဝေဒနာ အပေါ်စိတ်ကိုတည့်တည့်မှတ်မှတ်ထားပြီး၊ နာတဲ့အပေါ် စိတ်ကိုတည့်တည့်ထားပြီး “ထိုင်တယ်၊ ထိတယ်၊ နာတယ်”…. “ထိုင်တယ်၊ ထိတယ်၊ နာတယ်”-လို့ စူးစူးစိုက်စိုက်မှတ်။နာတာ ကျဉ်တာတွေကို စိတ်ရှည်ရှည်နဲ့သည်းညည်းခံပြီး မှတ်တာပါ။ ပေါ်လာတဲ့ ဝေဒနာတွေက ဒုက္ခသစ္စာ။ ဖြစ်တဲ့အတိုင်းမှတ်နေတာက မဂ္ဂသစ္စာ။ အပါယ်လေးပါးမကျအောင်လို့ဒုက္ခသစ္စာ ကိုသိဖို့ အတွက် ဝေဒနာ ကို ရှုမှတ်တာ က ပိုပြီးထိရောက်နိုင်တာ ဖြစ်ပါတယ်။

“ဝေဒနာ၊သတိ” ဆိုတာ နာရင် နာတယ်လို့မှတ်တာ။အဲဒီလို နာတာကို မှတ်နေရင်း ” သတိ “က အားကောင်းလာပြီး ” ဝေဒနာ၊ သမာဓိ “ဖြစ်လာပါတယ်။ အဲဒီ ဝေဒနာနဲ့သမာဓိ ဘောင်ချိန်လိုက်ရင် “ပညာ”ပေါ်လာပါတယ်။ ” ဒုက္ခဝေဒနာ “ကို ကျော်လွန်အောင် မမှတ်နိုင်လို့ရှိရင်တော့ ၊ တရားထူးရဖို့တော်တော်လေး ကျင့်ယူရမှာဖြစ်ပါတယ်။ ရင်ဆိုင်တိုက်ခိုက်နည်းတော့…. မြန်မြန်ဆန်ဆန် တရားသဘောတွေ မြန်မြန် ပိုသိနိုင်တာပေါ့..နော်။ အဓိက က .. နာလာတဲ့ ဝေဒနာ ကို သဘောပေါက်ဖို ့အရေးကြီးပါတယ်။

ပထမဆုံးအနေနဲ ့ “ရောဂါ ကြောင့် နာတာလား ၊ ဝေဒနာ” ကြောင့် နာတာလား ဆိုတာကို ကွဲပြားအောင် ကြည့်ရပါမယ်။ ကိုယ်ထဲမှာ “နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ” အဲဒါက ” ရောဂါ ” ပါ။ အဲဒီ ကိုယ့် အနာရောဂါ ကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာ ကတော့ “ဝေဒနာ(ခံစားချက်)” ဖြစ်ပါတယ်။အဲဒီဖောက်ပြန်တဲ့ ရောဂါကိုဘဲ”နာလှချေ” ရဲ ့ဆိုပြီး ကြည့်နေရင် သိပ်အခံရ ခက်ပါတယ်။ “စိတ် “ထဲ မှာ ရှိနေတဲ့ အဲဒီ “မခံသာတဲ့” ဝေဒနာ( ခံစားချက် )ကို ကြည့်ပေးပါ။ “မခံသာတဲ့ ဝေဒနာ”က သပ်သပ်။ “ရောဂါ”က သပ်သပ်…ဆိုတာ မြင်လာပါလိမ့်မယ်။ အဲဒီ မခံသာတဲ့စိတ် ကို ရှုကြည့်နေလိုက် ရင် တော့ “ကိုယ်မှာနာနေတာ”  ဟာ မဆိုင်တော့ဘူး.. ဆိုတာ မြင်လာပါလိမ့်မယ်။

ဥပမာ သူများဖြစ်တာလေး ကို ကြည့်နေရသလို၊ ဆရာဝန်က လူမမာ ကို ကြည့်နေရသလိုပါပဲ ကိုယ်ပါရောပြီး မနာတော့ပါဘူး။ ကိုယ်နာတာချည်း သွားကြည့်နေရင် ကိုယ်ရောစိတ်ပါ ရောပြီးနာသွားပါလိမ့်မယ်။  “မခံနိုင်ဘူး။ ပြင်ချင်တယ်။ ပြောင်းချင်တယ်” အဲဒီ စိတ်ကလေးဖြစ်လာရင်လည်း..အဲဒီဖြစ်တဲ့ စိတ် ကို “သိ” နေပေးပါ။ ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲဒီ”စိတ်ကလေး”ကို ဘဲ သတိထားပြီး ကြည့်ပေးပါ။ မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး၊ သိပေးပါ။

ဥပမာ တစ်ခုထပ်ပေးရရင်တော့ မီးဖိုပေါ်မှာ တည်ထားတဲ့ ဟင်းချိုအိုး က ဟင်းချို ကို “အပေါ့ အငန်” ကို မြည်းသလိုပါဘဲ။ အဲဒီလို “အပေါ့ အငန်” ကို မြည်းတဲ့ အခါမှာ မီးဖိုပေါ်မှာ ရှိတဲ့ ဟင်းချိုအိုး ပွက်ပွက်ဆူနေတာကို ပူမှန်း သိလျက်….ဇွန်း နဲ ့ခပ်ပြီး မြည်းကြတယ်…မဟုတ်လား။ ဘာလို ့ပူမှန်း သိသလဲ ဆိုတော့ မှုတ်ပြီး သောက်ကတည်း က “ပူမှန်း” သိလို ့ပါ။ အဲဒီလို ဟင်းရည်အပူကြီး ပါးစပ်ထဲကို ရောက်တဲ့အခါ “ပူတာကို အာရုံပြုကြ တာလား” “အပေါ့..အငန် ကို အာရုံပြုကြ တာလား” ဓမ္မမိတ်ဆွေတို ့ အနေနဲ ့..”ပူတာကို သတိမထားကြပါဘူး ဂရုမစိုက်ပါကြဘူးနော်။ “အပေါ့အငန်”ကိုပဲ သတိထား ကြပါတယ်။ “အပေါ့အငန်”ကိုပဲ အကဲခတ် ကြပါတယ်။

အဲဒီဥပမာ တွေလို ပုထုဇဉ်တွေဟာ အများအားဖြင့် နာတာ၊ကျင်တာကြီး ကို ဂရုစိုက်၊ ကိုက်တာ၊ခဲတာကြီး ဂရုစိုက်နေကြတာဘဲ များကြပါတယ်။ အဲဒါတွေကို ဂရုမစိုက်ပါ နဲ့။ “အပေါ့အငန်”နဲ့ တူတဲ့ ” မခံချင်တာကို ခံစားနေရတဲ့ စိတ် ” ကလေးကို သာ ဂရုစိုက်ရပါမယ်။ နာကျင်တဲ့..အပေါ်မှာ ခံစားတယ်၊ ကိုက်ခဲနေတဲ့ အပေါ်မှာ ခံစားတယ်။ ခံစားတာ “ဝေဒနာ” ကိုး။ အဲဒီ” ဝေဒနာ” အပေါ့အငန် ကိုသာ ကိုယ်က အကဲခတ် ဖမ်းရမှာ ဖြစ်ပါတယ်။

အဲဒီလို မဖမ်းဘဲ နဲ့ အပေါ့ အငန် နဲ့၊ ငါ နဲ ့ပေါင်းပြီးတော့ ပူတာကြီး အာရုံပြုပြီး၊ ဒီပူတာကြီးကို ကြောက်နေတယ်ဆိုရင်တော့ ဟင်းချို ” အရသာ ” ကို မသိတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဟင်းချို ကို အရသာ မြည်း သလို…ပူတာ ကို ဂရုမစိုက်ရပါဘူး။ အပေါ့အငန် ကို ဂရုစိုက်ရပါတယ်။ နာကျင်၊ ကိုက်ခဲတာကြီး ပေါ်လာတယ်။ ပေါ်လာတဲ့ နာကျင်၊ ကိုက်ခဲတာ ကို “ပဓာန” မထားပါနဲ့။ “ သာမည ” ထားပါ။

အဓိက က ဘယ်သူလဲ၊ နာကျင်၊ ကိုက်ခဲတာ အပေါ်မှာ မခံချင်တာ ခံစားနေရတာ။ အဲဒီ ခံစား နေရတဲ့ “သဘော” ကသာ… “အဓိက” ဖြစ်ပါတယ်။ နာကျင်၊ ကိုက်ခဲတာဟာ “သာမည ” ပါ။ ဓမ္မမိတ်ဆွေတို့ ” ဝေဒနာ” ခံစားတဲ့ သဘောကို ရှုချင် ရင် “ ဟင်းရည် မြည်းသလိုပဲ ” ရှုတာဟာ အဆင်ပြေဆုံးလို ့ယူဆမိပါတယ်။ ဒီလိုနဲ ့နာကျင်နေတဲ့ ဒုက္ခဝေဒနာ ဟာ ဘယ်ရောက်နေမှန်းမသိ ပျောက်ချက်သား ကောင်းနေတော့မှာပါပဲ။

အကျဉ်းချုပ်ရရင် အောက်ဆုံးအဆင့်” သောတာပန် ” တည်ပြီးသား အရိယာပုဂ္ဂိုလ်ကတော့ အဲဒီ “နာကျင်ကိုက်ခဲတဲ့.. ဒုက္ခဝေဒနာ ” ကျော်လွှားတတ်ကြတဲ့ သူတွေချည်းပါပဲ။ နာကျင်တဲ့ဝေဒနာကို အထိုက်လျောက် ပျောက်နေအောင်ရှုတတ် တဲ့ ပုဂ္ဂိုလ်တွေချည်းပါဘဲ။ ဒါ့ကြောင့် ဓမ္မမိတ်ဆွေ တို ့လည်း နာတဲ့ဝေဒနာ ကို ပျောက်နေအောင်ရှုတတ် တဲ့ သူတွေ ဖြစ်ဖို ့”ဝေဒနာ ကို ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း ” ဆိုတဲ့ ဤစာစု နဲ ့ ဓမ္မဒါန မျှဝေလိုက်ပါတယ်။

ရွှေဥမင်ဆရာတော် ဘုရားကြီး ဟောကြားသောသြဝါဒများ ၊ ပြည် ဝိဇ္ဇောဒယ (သဲအင်း) ဆရာတော်ကြီး ဦးသီရိဓမ္မ ဟောကြားတော်မူသော တရားတော်များ နှင့် မြစိမ်းတောင်ဆရာတော်ကြီး ရဲ ့-ဝေဒနာရှုနည်းတရားတော် များမှ ကောက်နှုတ်၍ ဓမ္မဒါန ပြုပါသည်။

Credit :  ခန္ဓာ-၅ပါးတစ်ဦး