Credit : Pannpwint
(Unicode Version)
တင်အတု ကောလာဟလနောက်ပိုင်း ပိုပြီးတောက်ပြောင်လာခဲ့သည့် သင်ဇာဝင့်ကျော်
သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ခုရက်ပိုင်း ဓာတ်ပုံအလန်းစားများတင်ပြီး ပရိတ်သတ် စိတ်ဝင်စားမှု ပိုရလာတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။
သြဂုတ်လတွင်းက  သူမရဲ့ တင်အတု သတင်းပလင်းတွေ ဖေ့စ်ဘွက်မှာ ပြန့်ကျဲနေခဲ့ပေမယ့် ပြတ်ပြတ်သားသား အမှန်တရားကို တစ်ချက်တည်းနဲ့ ချပြနိုင်ခဲ့ပါတယ်။
တင်အတု တပ်ထားသလား ဆိုတဲ့ ကောလာဟလတွေ နဲ့ သူမကို အမျိုးမျိုး လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမကတော့ နောက်ရက်မှာ “စကားတွေ အများကြီးမပြောချင်ဘူး’’ လို့ရေးသားပြီး ဗွီဒီယိိုဖိုင်အတိုလေးတစ်ခု တင်ပေးလိုက်ပါတယ်။
ဝေဖန်မှုတွေက အဲ့ဒိမှာတင် ရပ်တန့်သွားခဲ့ပါတယ်။ အတုပြဿက တခြားမင်းသမီးတော်တော်များများလည်း ဝေဖန်ခံခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း ဖြေရှင်းပုံကတော့ သင်ဇာဝင့်ကျော်ကို မမှီခဲ့ပါဘူး။
အဲ့ဒိနောက်ပိုင်းမှာတော့ သင်ဇာဝင့်ကျော်က ခန္ဓာကိုယ်အလှပုံတွေ တင်လိုက်တိုင်း လူစိတ်ဝင်စားမှု ပိုများလာတာ၊ ထောက်ခံမှု ပိုများလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) မှာလည်း သင်ဇာဝင့်ကျော်က လှပကျော့ရှင်းတဲ့ ဓာတ်ပုံအချို့တင်လိုက်ပြန်တာ ဖြစ်ပါတယ်။
Photos©Thin Zar Wint Kyaw
Credit : Pannpwint