Wun Yan

Menu
  • Home
  • Health
  • Knowledge
  • Social
  • Baydin
  • Sports
Menu




ခုနှစ်ရက် သားသမီးများ ငွေကြေးကံ တစ်သက်တာလုံး မြင့်မားစေရန် စီရင်ထားလို့ရတဲ့ ဓါတ်ယတြာ

Posted on October 1, 2019 by admin

ခုနှစ်ရက် သားသမီးများ ငွေကြေးကံ တစ်သက်တာလုံး မြင့်မားစေရန် စီရင်ထားလို့ရတဲ့ ဓါတ်ယတြာ

ဒီတစ်ခါတော့ မိမိအတွက်ငွေနံမြင့်နေစေရန် တစ်သက်တာပတ်လုံးအတွက် စီရင်ထားလို့ရတဲ့ ဓါတ်ယတြာအနေနဲ့ တင်ပြပေးလိုက်ပါတယ်… ဝင်ငွေတိုးတက်လိုသူများ၊ ငွေကြေးစီးပွားဖြစ်ထွန်းလိုသူများ၊ ငွေကြေးနဲ့ပတ်သက်ပြီး ကံကောင်းလိုသူများအတွက် အဓိက ရည်ရွယ်ပါတယ်…

တနင်္ဂနွေသားသမီးများ – တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေရန် အင်ကြင်းသားကို အပြားငယ် ပြုလုပ်၍ နေအိမ် ဘုရားစင်မှာ တနင်္ဂနွေနေ့ မနက် ၉:၃၀ မှာ ဆင်းတုတော် အောက်ခံအဖြစ်ထား၍ ပူဇော်ပါ။ အင်ကြင်းသားကို ပလ္လင်အဖြစ် ပူဇော်နိုင်ပါက ပိုကောင်းပါသည်။

တနင်္လာသားသမီးများ – တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် ကံကော်သားကို အပြားငယ် ပြုလုပ်၍ နေအိမ်ဘုရားစင်၌ ပင် တနင်္လာနေ့မနက် ၉:၃၀ တွင် ဆင်းတုတော် အောက်ခံအဖြစ်ပူဇော်ပါ။ ကံကော်သားကို ပလ္လင်အဖြစ်ပူဇော်နိုင်ပါက ပို၍ ကောင်းပါသည်။

အင်္ဂါသားသမီးများ – တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် ဇလပ်သားကို စနေနေ့ မနက် ၈:၃၀ နာရီတွင် နေအိမ် ဘုရားဆင်းတုတော် အောက်ခံအဖြစ် ပူဇော်ပါ။ ဇလပ်သား ပလ္လင်ပြုလုပ်နိုင်ပါက ပို၍ ကောင်းပါသည်။

ဗုဒ္ဓဟူးသားသမီးများ – တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် လိန်သား/လွန်းသားအား အပြားငယ်ပြုလုပ်၍ စနေနေ့ ၈:၃၀ တွင် နေအိမ် ဘုရားဆင်းတု အောက်ခံအဖြစ် ကပ်လှူပူဇော်ပါ။ လိန်/လင်းလွန်း ပလ္လင်ပြုလုပ်နိုင်ပါက ပို၍ ကောင်းပါသည်။

ကြာသပတေးသားသမီးများ – တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေရန် ပေါက်သား/ပျဉ်းမာသားကို အပြားငယ် ပြုလုပ်၍ ကြာသပတေးနေ့ မနက် ၉:၁၅ တွင် နေအိမ်ဘုရား ဆင်းတုတော် အောက်ခံအဖြစ်ကပ်လှူပူဇော်ပါ။ ပေါက်သားပလ္လင် လှူတန်းပူဇော်ပါက ပို၍ ကောင်းပါသည်။

သောကြာသားသမီးများ – တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် လင်းလွန်းသား/လိန်သား အား အပြားငယ်ပြုလုပ်၍ ဗုဒ္ဓဟူးနေ့မနက် ၉:၁၅ တွင် နေအိမ်ဘုရား အောက်ခံအဖြစ်ကပ်လှူပူဇော်ပါ။ လင်းလွန်းသား ပလ္လင်ပူဇော်နိုင်ပါက ပို၍ ကောင်းပါသည်။

စနေသားသမီးများ – တစ်သက်တာပတ်လုံး ငွေကြေးကံမြင့်မားစေလိုသော် ကတတ်သားအား အပြားငယ်ပြုလုပ်၍ စနေနေ့ မနက် ၉:၁၅ တွင် နေအိမ်ဘုရား အောက်ခံအဖြစ် ကပ်လှူပူဇော်ပါ ။ ကတတ်သား ပလ္လင် ပူဇော်ပါက ပို၍ ကောင်းပါသည်။

ဟိန်းထက်ဇေယျာ (အယူတော်မင်္ဂလာ)
မော်လမြိုင် (မနောမယဂျာနယ်)

Related posts:

ပိုက်ဆံ အကြွေး ရစရာရှိသူများ ပြန်တောင်းစရာ မလိုပဲ အမြန်ဆုံး ပြန်‌လာပေးစေမည့် ယတြာ
ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့အထိ ဟောစာတမ်း
အလုပ်အကိုင် အကြံအစည်တွေ အလွဲလွဲ အချော်ချော် ဖြစ်နေသူများတွက် လွယ်တဲ့ယတြာ
ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် နို၀င်ဘာလအတွက် တစ်လစာ ဟောစာတမ်း




Recent Posts

  • အဖွားဟာ ကျောင်းဆရာမဟောင်း တစ်ဦးပါ အသက်ကြီး သူငယ်ပြန်တော့ မိသားစုက အခုလို စလင်းနဲ့ ကံပြားကြား ကားလမ်းဘေးမှာ ပစ်သွားကြတယ်
  • မန္တလေး-ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၂၉၆-၄-၂၉၆/၅) အကြား ယာဉ်မတော်တဆမှုဖြစ်
  • စာလေးတစ်စောင်နဲ့ ကလေးကို လာပစ်သွားတဲ့ မေမေရေ၊ ကလေးကို နို့မှုန့် တိုက်ကျွေးထားပါတယ်နော်၊ လောလောဆယ်မွေးစားမယ့်သူ မရှိသေးပါဘူးနော်
  • (၁၀) တန်း ကျောင်းသား တစ်ဦး ကြိုးဆွဲချ သေဆုံး
  • သက်တော် ၈၁ ဝါတော် ၃၅ အရွယ်ရှိတဲ့ ရဟန်းတစ်ပါး တောင်မွှေးတစ်ချောင်းနဲ့ လမ်းလျှောက် အလှူခံ နေလို့ ဘယ်ကလဲ အရှင်ဘုရားလို့ မေးတော့
  • ဆီးပူ၊ ဆီးအောင့်နဲ့ ဆီးတစ်စက် တစ်စက် ကျသည့် ဆီးရောဂါ ခံစားရသူများ မိနစ် အနည်းငယ်အတွင်း သက်သာ ပျောက်ကင်းစေမည့် ဆေးနည်း
  • မိမိကြောင့် အလှတရားများ မပျက်စီးပါ စေနှင့်
  • မော်တင်စွန်း စေတီတော် မြတ်ကြီး၏ အံ့သြ ထူးဆန်းဖွယ် ( ၁၈ ) ပါး
  • ၀မ်းချုပ် စမြင်းခံသူများအတွက် လွယ်ကူသည့်နည်း
  • အတင့်ရဲရဲနဲ့ ကယ်ဆယ်ရေး အဖွဲ့ရုံးထဲ ဖုန်းတွေဝင်ခိုးတဲ့ သူခိုးကို ကလေးတွေနဲ့ ရပ်ကွက်က ဝိုင်းဖမ်းပြီး ရဲလက်အပ်
©2019 Wun Yan | Design: Newspaperly WordPress Theme