ဗုဒၶဘာသာဆိုတာ ဘာသာတရား တစ္ခုမဟုတ္ပါဘူးလို႔…လက္ဘႏြန္ႏိုင္ငံ စာေရးဆရာမ ဘာေၾကာင့္ ေျပာရတာလဲ

ဗုဒၶဘာသာဆိုတာ ဘာသာတရား တစ္ခုမဟုတ္ပါဘူးလို႔ လက္ဘႏြန္ႏိုင္ငံ စာေရးဆရာမက ေျပာခဲ့ပါတယ္..

သူ ဘာေၾကာင့္ဒီလိုေျပာရတာလဲ?

(အရမ္းတန္ဖိုးရွိတဲ႔စာေလးမို႔ ဆံုးေအာင္ဖတ္ေစခ်င္ပါတယ္)

“ငါဘုရားရဲ႕ တရားေတြကို ေတြးၾကံႏိုင္စြမ္းရွိသူေတြပဲ သိႏိုင္မယ္” — ဗုဒၶ

 

က်မက ဘာသာတရား ကိုင္း႐ွိဳင္းလွတယ္မဟုတ္၊ ဗုဒၶတရားကိုပဲ က်င့္ၾကံတယ္လို႔ ေျပာမိတိုင္း ေမးခြန္းေပါင္းမ်ားစြာ ျပန္လာေလ့ရွိတယ္။

ကမ႓ာေပၚမွာ ဗုဒၶတရားကို ဘာသာ တရပ္လို႔ အမ်ားက သတ္မွတ္ထားေပမယ့္ က်မအတြက္ေတာ့ ဒီလို မဟုတ္ဘူး။ ပြင့္ပြင့္လင္းလင္း ဆိုရရင္၊ ဒီတရားအေၾကာင္းကို ဘာမွမသိခင္၊ ဒီ အေတြးအျမင္နဲ႔ ထံုးထမ္းေတြကို အတြင္းက်က် မေလ့လာမိခင္ေတာ့ က်မလည္း ဒီလိုပဲ ထင္ခဲ့တယ္။

ပထမဆံုးအေနနဲ႔ “ဘာသာ” ဆိုတာကို အဓိပၸါယ္ ဖြင့္ရရင္ “ယံုၾကည္၊ ကိုးကြယ္ရာ စနစ္ တခု” နဲ႔ “လူသာမာန္ မဟုတ္၊ တန္ခိုးရွင္ ဘုရားသခင္ကို ယံုၾကည္မွဳ” ဆိုရမယ္။ အိႏၵိယနဲ႔ နီေပါကို ခရီးထြက္ၿပီး အဲဒီက ဗုဒၶေက်ာင္းကန္ေတြကို ေလ့လာၾကည့္မိမွ ဗုဒၶဘာသာဆိုတာ ယံုၾကည္မွဳအေပၚအေျခခံတဲ့ စနစ္ မဟုတ္သလို တန္ခိုးရွင္အေပၚမွီတဲ့ အဖြဲ႕အစည္းလဲ မဟုတ္တာေတြ သတိျပဳမိလာတယ္။

ဗုဒၶဘာသာဝင္ေတြအေနနဲ႔ ဗုဒၶကို တန္ခိုးရွင္ အျဖစ္ မသတ္မွတ္ပါဘူး။ သူတို႔အတြက္ေတာ့ ဗုဒၶဟာ ကမ႓ာေပၚက တျခားသူေတြလိုပဲ လူသား တေယာက္ပါပဲ။ ဒါေပမယ့္… သူဟာ ဒုကၡေတြရဲ႕ အေၾကာင္းရင္း အရႈပ္အေထြးႀကီးကို ထုတ္ေဖၚ ရွင္းလင္းခဲ့ၿပီး၊ အဲဒီ အ႐ွဳပ္အေထြးက လြတ္ရာ လြတ္ေၾကာင္းအတြက္ တိက်ေသခ်ာတဲ့ လမ္းကို ျပခဲ့တယ္။

အခုလို သဘာဝ ဓမၼနဲ႔ သံသရာက လြတ္ေၾကာင္းေတြ ျပသခဲ့တာေတာင္၊ သူ႔ကို ကိုးကြယ္တာ၊ ဝတ္ျပဳဆုေတာင္းတာေတြ မလိုခ်င္ဘူးလို႔ အေလးအနက္ ဆိုခဲ့ေသးတယ္။ တခုပဲ သူေတာင္းဆိုတာက … သူ႔ရဲ႕ တရားေတြကို စူးစမ္းစိတ္ျဖာၾကည့္ပါ၊ ကိုယ္နဲ႔ ကိုက္ညီရင္ ယူၿပီး က်င့္သံုးပါ။ အဲဒီလို မဟုတ္ရင္ ဒီတရားကို လက္မခံဖို႔ အခြင့္အေရး အျပည့္အဝရွိတယ္။

ဘုရားေက်ာင္းကန္ေတြမွာ ႐ိုးရာနဲ႔ ဘာသာေရး အခမ္းအနားေတြ ေတြ႕ႏိုင္ေပမယ့္၊ ဒါေတြဟာ ဝတ္ျပဳတာေတြကို အေျခခံတာ မဟုတ္ဘူးလို႔ က်မကို ရွင္းျပတယ္။ “ဝတ္ျပဳပြဲ” ေတြအျဖစ္ က်မတို႔ ေတြ႕ရတဲ့ အစီအစဥ္ေတြဟာ အမွန္တရားကို ေဖၚထုတ္သြားတဲ့ လူ တေယာက္ကို ေလးစား ေက်းဇူးတင္ေၾကာင္း ျပတာေတြပါပဲ။ က်မတို႔ ၾကားေနၾက ဆုေတာင္း ရြတ္ဖတ္စာေတြေတာင္ တကယ္က သတၱဝါ အားလံုးကို ခၽြင္းခ်က္မရွိ အၾကင္နာ ေမတၱာ မွ်ေဝတာေတြပါပဲ။

ဗုဒၶတရားကို ထပ္ၿပီး အေသးစိတ္ ေလ့လာၾကည့္ရင္ ဘာသာေရး ေခါင္းေဆာင္ဆိုတာေတာင္ တကယ့္ေတာ့ မရွိဘူးဆိုတာ အေသအခ်ာ ေေေတြ႕ရမယ္။

Dzongsar Jamyang Khyentse Rinpoche (ဘူတန္လူမ်ိဳး ဘာသာေရးဆရာ၊ ဒါ႐ိုက္တာနဲ႔ စာေရးဆရာ) အၿမဲေျပာသလို ဒလိုင္းလာမားဟာ တိဘက္လူမ်ိဳးေတြအတြက္ ေလာကီေရးရာ ေခါင္းေဆာင္၊ ကမ႓ာေပၚက ဗုဒၶဘာသာဝင္ေတြအပါ အဝင္ လူအမ်ားရဲ႕ အယူဝါဒဆိုင္ရာ ဦးေဆာင္သူ ဆိုတာေတာင္ သူ႔အေနနဲ႔ ဗုဒၶဘာသာရဲ႕ အာဏာပိုင္ မဟုတ္သလို ဘယ္သူက ဗုဒၶဘာသာဝင္ အစစ္၊ ဘယ္သူက ဗုဒၶဘာသာဝင္ အတုဆိုတာေတြ၊ ဘယ္သူေတြက အျပစ္သားေတြ၊ ဘယ္သူေတြကေတာ့ အျပစ္သားမဟုတ္ဘူး ဆိုတာေတြပါ ဆံုးျဖတ္ႏိုင္တဲ့ အာဏာ မရွိပါဘူး။

ဒီေတာ့ ဗုဒၶဘာသာက ဘာသာ မဟုတ္ရင္ ဘာလဲ။

က်မ အျမင္အရ ဗုဒၶဘာသာဆိုတာ ဘဝေနနည္း၊ ေလာက အျမင္နဲ႔ ေလာက သဘာဝ ဓမၼ ေေေတြပါပဲ။

မရွက္တမ္း ဝန္ခံရရင္ ဗုဒၶဘာသာေၾကာင့္ က်မႀကီးျပင္းခဲ့တဲ့ ဘာသာအျပင္ ကမ႓ာ့ ဘာသာတရားေတြကို ပိုျမင္တတ္လာတယ္။ ဗုဒၶတရားနဲ႔ မေတြ႕ခင္ “က်မ္းစာအုပ္” ဆိုတာ က်မအတြက္ေတာ့ တ႐ုတ္စာ ဖတ္ေနရသလို ျဖစ္မိတယ္။

ဘာေၾကာင့္ ဝတ္ျပဳရတယ္၊ ဘာသာေရးထံုးတမ္းေတြ ဘာေၾကာင့္ လုပ္ရတယ္၊ ဘာသာေရး ဆရာေတြရဲ႕ သင္ၾကားခ်က္ေတြကို တကယ္နားမလည္ပဲ ဘာေၾကာင့္ လိုက္နာရတယ္ ဆိုတာေတြအတြက္ အေျဖရွာမရဘူး။ ဗုဒၶတရားနဲ႔ မေတြ႕ခင္အထိ က်မဟာ ဘုရားသခင္အေပၚ ကိုးစားမွီခိုရသူ ျဖစ္ခဲ့တယ္။ က်မ ခႏၵာရဲ႕ အျပင္မွာ ေတာက္ေရွာက္ ရွာလာခဲ့ေတာ့ က်မကို က်မ ရွာမေတြ႕ႏိုင္ခဲ့ဘူး။

ဗုဒၶတရားေၾကာင့္ အတြင္းကို ျပန္ၾကည့္တတ္လာတယ္။ ဗုဒၶတရားကပဲ က်မရဲ႕ လြတ္လပ္မွဳနဲ႔ သတိကို သင္ေပးတယ္။ ဗုဒၶတရားကပဲ က်မကို က်မ ဆင္ျခင္ႏိုင္ဖို႔၊ တန္ခိုးရွင္ကို အားမကိုးပဲ ကိုယ့္အျပဳအမူ၊ အေတြးအၾကံနဲ႔ ခံစားမွဳတိုင္းကို ကိုယ္တိုင္ တာဝန္ယူႏိုင္ဖို႔နည္းလမ္းေတြ ကူညီခဲ့တယ္။

ဗုဒၶတရားေၾကာင့္ ဘုရားသခင္ဆိုတာ ေကာင္းကင္ဘံုကေန က်မတို႔ကို ဆံုးျဖတ္ စီရင္မယ့္သူ မဟုတ္တာ သိျမင္လာတယ္။ ကိုယ္နဲ႔ ဘုရား ႏွစ္ခုကြဲ ဘဝကို အဆံုးသတ္ႏိုင္ခဲ့ၿပီး ဘုရားဆိုတာ လူတိုင္း၊ အရာဝတၳတိုင္း ေနရာတိုင္းမွာ ကိန္းဝပ္တယ္ ဆိုတာလည္း ဆင္ျခင္ ႏိုင္ခဲ့တယ္။ ဘုရားဆိုတာ အျပင္မွာ မဟုတ္၊ လက္လွမ္းမမီႏိုင္တဲ့ အရာလည္း မဟုတ္၊ ကိုယ္တြင္းမွာ ရွိတဲ့ တရားသာ ျဖစ္ပါတယ္။

ဒါျဖင့္ ဘာလို႔ ဗုဒၶတရားကို ေလ့လာၾကည့္ဖို႔၊ ဒါမွမဟုတ္ က်င့္ၾကံၾကည့္ဖို႔ လိုသလဲလို႔ ေတြးမိၾကမွာပါပဲ။ ဒါကေတာ့ တေယာက္စီရဲ႕ ခံယူခ်က္၊ ဆံုးျဖတ္ခ်က္ေတြ ေပၚမွာပဲ မူတည္တယ္လို႔ ယံုၾကည္တယ္။ ဒါေပမယ့္ ႀကီးျမတ္တဲ့ ႏွလံုးသားနဲ႔ ဖြင့္ထားတဲ့ စိတ္ေၾကာင့္ အသိ တိုးလာမယ္၊ ေတြးေတာ ၾကံဆ လာႏိုင္မယ္ဆိုတာ အရံွဳးမရွိတဲ့ ကိစၥလို႔လည္း ယံုၾကည္တယ္။

ဗုဒၶဘာသာရဲ႕ တျခားဘာသာေတြနဲ႔ မတူတဲ့ အခ်က္က ဘာသာဝင္ေတြအေနနဲ႔ သူ႔တရားကိုပဲ ဖက္တြယ္ထားရမယ္လို႔ မဆိုထားဘူး။ ဗုဒၶဘာသာဝင္ တေယာက္အတြက္ တပါးသူတေယာက္က ဘယ္က လာတယ္၊ ဘာကိုယံုၾကည္ၿပီး ဘာကို ကိုးကြယ္သလဲ ဆိုတာေတြက အေရးမပါဘူး။ သူတို႔ အေလးထားတာက သင့္အေနနဲ႔ “အရာတိုင္းဟာ မၿမဲဘူး” ဆိုတဲ့ ဓမၼကို ျမင္ႏိုင္ဖို႔ဆိုတာပဲ။ (စကားခ်ပ္၊ ဥပမာ ဦးဂိုအင္ကာရဲ႕ ကမ႓ာ အႏံွ႕က တရား စခန္းေတြမွာ ဗုဒၶဘာသာဝင္ပဲ လာရမယ္လို႔ မရွိဘူး၊ ဗုဒၶဘာသာဝင္ ျဖစ္လာဖို႔လည္း မတိုက္တြန္းဘူး။ တရားျပသူေတြကလည္း ဘုန္းႀကီးေတြ မဟုတ္ဘူး)။

ဗုဒၶတရားကို ေလ့လာၾကည့္တာ အက်ိဳးမ်ားပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူ႔ရဲ႕ပန္းတိုင္ကကို ဘာသာကို အက်ိဳးရွိေအာင္ မဟုတ္ပဲ က်င့္ၾကံသူကို အက်ိဳးရွိေစဖို႔ ျဖစ္လို႔ပါပဲ။ ဗုဒၶတရားရဲ႕ အက်ိဳးေတြကေတာ့ သဘာဝ ဓမၼ၊ ဘဝ ရလာပံုနဲ႔ မိမိကိုယ္ကို တကယ္ နားလည္လာမယ္။

Dzognsar Khyentse (ဘူတန္လူမ်ိဳး ဘာသာေရးဆရာ၊ ဒါ႐ိုက္တာနဲ႔ စာေရးဆရာ) ေျပာခဲ့တာတခုကိုပဲ ျပန္ေျပာရရင္ “ဗုဒၶတရားဟာ ေယာက်ၤား မိန္းမ ဘယ္ႏွစ္ေယာက္ ယူသင့္တယ္၊ (ဘာသာေရးခြန္) ဘယ္ကို ေပးသင့္တယ္၊ သူခိုးကို ဘယ္လို အျပစ္ေပးရတယ္ စတဲ့ ေလာကီေရးရာ ျပဌာန္းခ်က္ေတြမဟုတ္ဘူး။ ဗုဒၶတရားမွာ မဂၤလာ ဘယ္လိုေဆာင္ရမယ္ဆိုတဲ့ ထံုးတမ္း သတ္မွတ္ခ်က္ေတာင္ ရွိတာ မဟုတ္ဘူး”။

ဗုဒၶအေနနဲ႔ လူေတြ ၾကားခ်င္တာ ေျပာခဲ့တာ မဟုတ္ပါဘူး။ သဘာဝဓမၼကို ျမင္ႏိုင္ေအာင္ အလင္းဖြင့္ေပးခဲ့ရံုပါပဲ။

သင္လည္း ျမင္ႏိုင္ဖို႔ အဆင္သင့္ျဖစ္ၿပီလား။

CREDIT TO >>> Nyein Khant (ဘာသာျပန္သူ)

(Unicode Version)

ဗုဒ္ဓဘာသာဆိုတာ ဘာသာတရား တစ်ခုမဟုတ်ပါဘူးလို့…လက်ဘနွန်နိုင်ငံ စာရေးဆရာမ ဘာကြောင့် ပြောရတာလဲ

ဗုဒ္ဓဘာသာဆိုတာ ဘာသာတရား တစ်ခုမဟုတ်ပါဘူးလို့ လက်ဘနွန်နိုင်ငံ စာရေးဆရာမက ပြောခဲ့ပါတယ်..

သူ ဘာကြောင့်ဒီလိုပြောရတာလဲ?

(အရမ်းတန်ဖိုးရှိတဲ့စာလေးမို့ ဆုံးအောင်ဖတ်စေချင်ပါတယ်)

“ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်” — ဗုဒ္ဓ

 

ကျမက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ ကျင့်ကြံတယ်လို့ ပြောမိတိုင်း မေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။

ကမ႓ာပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အများက သတ်မှတ်ထားပေမယ့် ကျမအတွက်တော့ ဒီလို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။

ပထမဆုံးအနေနဲ့ “ဘာသာ” ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင် “ယုံကြည်၊ ကိုးကွယ်ရာ စနစ် တခု” နဲ့ “လူသာမာန် မဟုတ်၊ တန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှု” ဆိုရမယ်။ အိန္ဒိယနဲ့ နီပေါကို ခရီးထွက်ပြီး အဲဒီက ဗုဒ္ဓကျောင်းကန်တွေကို လေ့လာကြည့်မိမှ ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုအပေါ်အခြေခံတဲ့ စနစ် မဟုတ်သလို တန်ခိုးရှင်အပေါ်မှီတဲ့ အဖွဲ့အစည်းလဲ မဟုတ်တာတွေ သတိပြုမိလာတယ်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓကို တန်ခိုးရှင် အဖြစ် မသတ်မှတ်ပါဘူး။ သူတို့အတွက်တော့ ဗုဒ္ဓဟာ ကမ႓ာပေါ်က တခြားသူတွေလိုပဲ လူသား တယောက်ပါပဲ။ ဒါပေမယ့်… သူဟာ ဒုက္ခတွေရဲ့ အကြောင်းရင်း အရှုပ်အထွေးကြီးကို ထုတ်ဖေါ် ရှင်းလင်းခဲ့ပြီး၊ အဲဒီ အရှုပ်အထွေးက လွတ်ရာ လွတ်ကြောင်းအတွက် တိကျသေချာတဲ့ လမ်းကို ပြခဲ့တယ်။

အခုလို သဘာဝ ဓမ္မနဲ့ သံသရာက လွတ်ကြောင်းတွေ ပြသခဲ့တာတောင်၊ သူ့ကို ကိုးကွယ်တာ၊ ဝတ်ပြုဆုတောင်းတာတွေ မလိုချင်ဘူးလို့ အလေးအနက် ဆိုခဲ့သေးတယ်။ တခုပဲ သူတောင်းဆိုတာက … သူ့ရဲ့ တရားတွေကို စူးစမ်းစိတ်ဖြာကြည့်ပါ၊ ကိုယ်နဲ့ ကိုက်ညီရင် ယူပြီး ကျင့်သုံးပါ။ အဲဒီလို မဟုတ်ရင် ဒီတရားကို လက်မခံဖို့ အခွင့်အရေး အပြည့်အဝရှိတယ်။

ဘုရားကျောင်းကန်တွေမှာ ရိုးရာနဲ့ ဘာသာရေး အခမ်းအနားတွေ တွေ့နိုင်ပေမယ့်၊ ဒါတွေဟာ ဝတ်ပြုတာတွေကို အခြေခံတာ မဟုတ်ဘူးလို့ ကျမကို ရှင်းပြတယ်။ “ဝတ်ပြုပွဲ” တွေအဖြစ် ကျမတို့ တွေ့ရတဲ့ အစီအစဉ်တွေဟာ အမှန်တရားကို ဖေါ်ထုတ်သွားတဲ့ လူ တယောက်ကို လေးစား ကျေးဇူးတင်ကြောင်း ပြတာတွေပါပဲ။ ကျမတို့ ကြားနေကြ ဆုတောင်း ရွတ်ဖတ်စာတွေတောင် တကယ်က သတ္တဝါ အားလုံးကို ချွင်းချက်မရှိ အကြင်နာ မေတ္တာ မျှဝေတာတွေပါပဲ။

ဗုဒ္ဓတရားကို ထပ်ပြီး အသေးစိတ် လေ့လာကြည့်ရင် ဘာသာရေး ခေါင်းဆောင်ဆိုတာတောင် တကယ့်တော့ မရှိဘူးဆိုတာ အသေအချာ ေေတွေ့ရမယ်။

Dzongsar Jamyang Khyentse Rinpoche (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) အမြဲပြောသလို ဒလိုင်းလာမားဟာ တိဘက်လူမျိုးတွေအတွက် လောကီရေးရာ ခေါင်းဆောင်၊ ကမ႓ာပေါ်က ဗုဒ္ဓဘာသာဝင်တွေအပါ အဝင် လူအများရဲ့ အယူဝါဒဆိုင်ရာ ဦးဆောင်သူ ဆိုတာတောင် သူ့အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အာဏာပိုင် မဟုတ်သလို ဘယ်သူက ဗုဒ္ဓဘာသာဝင် အစစ်၊ ဘယ်သူက ဗုဒ္ဓဘာသာဝင် အတုဆိုတာတွေ၊ ဘယ်သူတွေက အပြစ်သားတွေ၊ ဘယ်သူတွေကတော့ အပြစ်သားမဟုတ်ဘူး ဆိုတာတွေပါ ဆုံးဖြတ်နိုင်တဲ့ အာဏာ မရှိပါဘူး။

ဒီတော့ ဗုဒ္ဓဘာသာက ဘာသာ မဟုတ်ရင် ဘာလဲ။

ကျမ အမြင်အရ ဗုဒ္ဓဘာသာဆိုတာ ဘဝနေနည်း၊ လောက အမြင်နဲ့ လောက သဘာဝ ဓမ္မ ေေတွေပါပဲ။

မရှက်တမ်း ဝန်ခံရရင် ဗုဒ္ဓဘာသာကြောင့် ကျမကြီးပြင်းခဲ့တဲ့ ဘာသာအပြင် ကမ႓ာ့ ဘာသာတရားတွေကို ပိုမြင်တတ်လာတယ်။ ဗုဒ္ဓတရားနဲ့ မတွေ့ခင် “ကျမ်းစာအုပ်” ဆိုတာ ကျမအတွက်တော့ တရုတ်စာ ဖတ်နေရသလို ဖြစ်မိတယ်။

ဘာကြောင့် ဝတ်ပြုရတယ်၊ ဘာသာရေးထုံးတမ်းတွေ ဘာကြောင့် လုပ်ရတယ်၊ ဘာသာရေး ဆရာတွေရဲ့ သင်ကြားချက်တွေကို တကယ်နားမလည်ပဲ ဘာကြောင့် လိုက်နာရတယ် ဆိုတာတွေအတွက် အဖြေရှာမရဘူး။ ဗုဒ္ဓတရားနဲ့ မတွေ့ခင်အထိ ကျမဟာ ဘုရားသခင်အပေါ် ကိုးစားမှီခိုရသူ ဖြစ်ခဲ့တယ်။ ကျမ ခန္ဒာရဲ့ အပြင်မှာ တောက်ရှောက် ရှာလာခဲ့တော့ ကျမကို ကျမ ရှာမတွေ့နိုင်ခဲ့ဘူး။

ဗုဒ္ဓတရားကြောင့် အတွင်းကို ပြန်ကြည့်တတ်လာတယ်။ ဗုဒ္ဓတရားကပဲ ကျမရဲ့ လွတ်လပ်မှုနဲ့ သတိကို သင်ပေးတယ်။ ဗုဒ္ဓတရားကပဲ ကျမကို ကျမ ဆင်ခြင်နိုင်ဖို့၊ တန်ခိုးရှင်ကို အားမကိုးပဲ ကိုယ့်အပြုအမူ၊ အတွေးအကြံနဲ့ ခံစားမှုတိုင်းကို ကိုယ်တိုင် တာဝန်ယူနိုင်ဖို့နည်းလမ်းတွေ ကူညီခဲ့တယ်။

ဗုဒ္ဓတရားကြောင့် ဘုရားသခင်ဆိုတာ ကောင်းကင်ဘုံကနေ ကျမတို့ကို ဆုံးဖြတ် စီရင်မယ့်သူ မဟုတ်တာ သိမြင်လာတယ်။ ကိုယ်နဲ့ ဘုရား နှစ်ခုကွဲ ဘဝကို အဆုံးသတ်နိုင်ခဲ့ပြီး ဘုရားဆိုတာ လူတိုင်း၊ အရာဝတ္ထတိုင်း နေရာတိုင်းမှာ ကိန်းဝပ်တယ် ဆိုတာလည်း ဆင်ခြင် နိုင်ခဲ့တယ်။ ဘုရားဆိုတာ အပြင်မှာ မဟုတ်၊ လက်လှမ်းမမီနိုင်တဲ့ အရာလည်း မဟုတ်၊ ကိုယ်တွင်းမှာ ရှိတဲ့ တရားသာ ဖြစ်ပါတယ်။

ဒါဖြင့် ဘာလို့ ဗုဒ္ဓတရားကို လေ့လာကြည့်ဖို့၊ ဒါမှမဟုတ် ကျင့်ကြံကြည့်ဖို့ လိုသလဲလို့ တွေးမိကြမှာပါပဲ။ ဒါကတော့ တယောက်စီရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ နှလုံးသားနဲ့ ဖွင့်ထားတဲ့ စိတ်ကြောင့် အသိ တိုးလာမယ်၊ တွေးတော ကြံဆ လာနိုင်မယ်ဆိုတာ အရှုံးမရှိတဲ့ ကိစ္စလို့လည်း ယုံကြည်တယ်။

ဗုဒ္ဓဘာသာရဲ့ တခြားဘာသာတွေနဲ့ မတူတဲ့ အချက်က ဘာသာဝင်တွေအနေနဲ့ သူ့တရားကိုပဲ ဖက်တွယ်ထားရမယ်လို့ မဆိုထားဘူး။ ဗုဒ္ဓဘာသာဝင် တယောက်အတွက် တပါးသူတယောက်က ဘယ်က လာတယ်၊ ဘာကိုယုံကြည်ပြီး ဘာကို ကိုးကွယ်သလဲ ဆိုတာတွေက အရေးမပါဘူး။ သူတို့ အလေးထားတာက သင့်အနေနဲ့ “အရာတိုင်းဟာ မမြဲဘူး” ဆိုတဲ့ ဓမ္မကို မြင်နိုင်ဖို့ဆိုတာပဲ။ (စကားချပ်၊ ဥပမာ ဦးဂိုအင်ကာရဲ့ ကမ႓ာ အနှံ့က တရား စခန်းတွေမှာ ဗုဒ္ဓဘာသာဝင်ပဲ လာရမယ်လို့ မရှိဘူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်လာဖို့လည်း မတိုက်တွန်းဘူး။ တရားပြသူတွေကလည်း ဘုန်းကြီးတွေ မဟုတ်ဘူး)။

ဗုဒ္ဓတရားကို လေ့လာကြည့်တာ အကျိုးများပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ပန်းတိုင်ကကို ဘာသာကို အကျိုးရှိအောင် မဟုတ်ပဲ ကျင့်ကြံသူကို အကျိုးရှိစေဖို့ ဖြစ်လို့ပါပဲ။ ဗုဒ္ဓတရားရဲ့ အကျိုးတွေကတော့ သဘာဝ ဓမ္မ၊ ဘဝ ရလာပုံနဲ့ မိမိကိုယ်ကို တကယ် နားလည်လာမယ်။

Dzognsar Khyentse (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) ပြောခဲ့တာတခုကိုပဲ ပြန်ပြောရရင် “ဗုဒ္ဓတရားဟာ ယောကျင်္ား မိန်းမ ဘယ်နှစ်ယောက် ယူသင့်တယ်၊ (ဘာသာရေးခွန်) ဘယ်ကို ပေးသင့်တယ်၊ သူခိုးကို ဘယ်လို အပြစ်ပေးရတယ် စတဲ့ လောကီရေးရာ ပြဌာန်းချက်တွေမဟုတ်ဘူး။ ဗုဒ္ဓတရားမှာ မင်္ဂလာ ဘယ်လိုဆောင်ရမယ်ဆိုတဲ့ ထုံးတမ်း သတ်မှတ်ချက်တောင် ရှိတာ မဟုတ်ဘူး”။

ဗုဒ္ဓအနေနဲ့ လူတွေ ကြားချင်တာ ပြောခဲ့တာ မဟုတ်ပါဘူး။ သဘာဝဓမ္မကို မြင်နိုင်အောင် အလင်းဖွင့်ပေးခဲ့ရုံပါပဲ။

သင်လည်း မြင်နိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား။

CREDIT TO >>> Nyein Khant (ဘာသာပြန်သူ)