သီခ်င္းေခြေရာင္းလို႔ ရတဲ့ေငြ အားလံုးကို အလွဴလုပ္လုိက္တဲ့ ပိုင္တံခြန္

သီခ်င္းေခြေရာင္းလို႔ ရတဲ့ေငြ အားလံုးကို အလွဴလုပ္လုိက္တဲ့ ပိုင္တံခြန္

ေမာ္ဒယ္ႏွင့္ သရုပ္ေဆာင္ မင္းသား ပိုင္တံခြန္တစ္ေယာက္ကေတာ့အႏုပညာေၾကးရတဲ့ သိန္း ၅ဝ ကို ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတစ္ခုမွာ လွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။

သူ႔ရဲ့ ၂၁ ႏွစ္ျပည့္ ေမြးေန႔ကုသိုလ္အျဖစ္ အနႏၲေမတၱာ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွာ လွဴဒါန္ခဲ့တာလို႔ ဆိုပါတယ္။ ခ်စ္သူ သီခ်င္းေခြ ေရာင္းခ်လို႔ ရတဲ့ ေငြမ်ား အားလံုးနဲ႔ အလွဴရွင္ေတြ လွဴဒါန္းတဲ့ ေငြးအားလံုးေပါင္းကာ ရရွိလာတဲ့ သိန္း ၅ဝ ကို ယခုလို ကုသိုလ္ျပဳလုိက္တာလို႔ သိရပါတယ္။

“မနက္ပိုင္းမွာ မိုးရြာတဲ့ၾကားက ကေလးေတြနဲ႔ ဘုရားေတြတူတူဖူး ၿပီးေတာ့ သူတို႔ေလးေတြကို ေပ်ာ္ရႊင္ေအာင္တိရိစၦာန္ ဥယ်ာဥ္ကို ပို႔ေပးၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အလႉပစၥည္းေတြလႉရင္း ေမြးေန႔ကိတ္ခြဲျဖစ္ခဲ့တယ္ က်ေနာ္တကယ္အရမ္းေပ်ာ္ခဲ့ရတယ္ဗ်ာ ေနာက္ဆံုးေတာ့ ပရိတ္သတ္ကေပးတဲ့ အႏုပညာေၾကးနဲ႔ ကေလးေတြအတြက္ ေပ်ာ္စရာအလႉေလးဖန္တီးေပးႏိုင္ခဲ့ၿပီဗ်ာ။” ဟု ပိုင္တံခြန္က သူ႔ရဲ့ ေဖ့စ္ဘြက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။

ဒါကလည္း သူ႔ဘဝရဲ့ ပထမဆံုးလုပ္ဖူးတဲ့ အေကာင္းဆံုး ေမြးေန႔အလွဴေလးပါ လို႔ ဆိုပါတယ္။ ယခုလို အလွဴေလးေၾကာင့္ ကေလးေတြ တစ္မိနစ္ေလာက္ေလး ေပ်ာ္ေနခဲ့မယ္ ဆိုရင္ေတာင္ ေပ်ာ္ေနပါၿပီ လို႔ ေရးသားထားသည္။

ပိုင္တံခြန္တံေယာက္ကေတာ့ ရုပ္ရည္ေက်ာ့ရွင္းသေလာက္ စိတ္ထားကလည္း အင္မတန္ အဖိုးတန္ေနတာကို ေတြ႕ရမွာပါ။ မၾကာခဏလည္း ပရဟိတအလွဴမ်ား ႀကံဳရင္ႀကံဳသလို ရက္ရက္ေရာေရာ လုပ္ေနတာကို ေတြ႕ရသည္။

Photos©Paing Takhon

Credit : PannPwint

(Unicode Version)

သီချင်းခွေရောင်းလို့ ရတဲ့ငွေ အားလုံးကို အလှူလုပ်လိုက်တဲ့ ပိုင်တံခွန်

မော်ဒယ်နှင့် သရုပ်ဆောင် မင်းသား ပိုင်တံခွန်တစ်ယောက်ကတော့အနုပညာကြေးရတဲ့ သိန်း ၅ဝ ကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ ၂၁ နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ် အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ လှူဒါန်ခဲ့တာလို့ ဆိုပါတယ်။ ချစ်သူ သီချင်းခွေ ရောင်းချလို့ ရတဲ့ ငွေများ အားလုံးနဲ့ အလှူရှင်တွေ လှူဒါန်းတဲ့ ငွေးအားလုံးပေါင်းကာ ရရှိလာတဲ့ သိန်း ၅ဝ ကို ယခုလို ကုသိုလ်ပြုလိုက်တာလို့ သိရပါတယ်။

“မနက်ပိုင်းမှာ မိုးရွာတဲ့ကြားက ကလေးတွေနဲ့ ဘုရားတွေတူတူဖူး ပြီးတော့ သူတို့လေးတွေကို ပျော်ရွှင်အောင်တိရိစ္ဆာန် ဥယျာဉ်ကို ပို့ပေးပြီး ပျော်ပျော်ရွှင်ရွှင် အလှူပစ္စည်းတွေလှူရင်း မွေးနေ့ကိတ်ခွဲဖြစ်ခဲ့တယ် ကျနော်တကယ်အရမ်းပျော်ခဲ့ရတယ်ဗျာ နောက်ဆုံးတော့ ပရိတ်သတ်ကပေးတဲ့ အနုပညာကြေးနဲ့ ကလေးတွေအတွက် ပျော်စရာအလှူလေးဖန်တီးပေးနိုင်ခဲ့ပြီဗျာ။” ဟု ပိုင်တံခွန်က သူ့ရဲ့ ဖေ့စ်ဘွက် စာမျက်နှာတွင် ရေးသားထားသည်။

ဒါကလည်း သူ့ဘဝရဲ့ ပထမဆုံးလုပ်ဖူးတဲ့ အကောင်းဆုံး မွေးနေ့အလှူလေးပါ လို့ ဆိုပါတယ်။ ယခုလို အလှူလေးကြောင့် ကလေးတွေ တစ်မိနစ်လောက်လေး ပျော်နေခဲ့မယ် ဆိုရင်တောင် ပျော်နေပါပြီ လို့ ရေးသားထားသည်။

ပိုင်တံခွန်တံယောက်ကတော့ ရုပ်ရည်ကျော့ရှင်းသလောက် စိတ်ထားကလည်း အင်မတန် အဖိုးတန်နေတာကို တွေ့ရမှာပါ။ မကြာခဏလည်း ပရဟိတအလှူများ ကြုံရင်ကြံုသလို ရက်ရက်ရောရော လုပ်နေတာကို တွေ့ရသည်။

Photos©Paing Takhon

Credit : PannPwint