သီလရွင္ ရာသက္ပန္၀တ္မည္ဆုိသည့္ နာမည္ေက်ာ္ အႏုပညာရွင္ တင့္တင့္ထြန္း လူမႈေရးကိစၥေၾကာင့္ လူထြက္ထားျပီးျပီဟု သတင္းရ

၂၀၁၂ ခုႏွစ္ခန္ ့က သီလရွင္၀တ္သြားခဲ့ေသာ သရုပ္ေဆာင္အဆုိေတာ္ တင့္တင့္ထြန္းအေနျဖင့္ သီလရွင္ဘ၀မွ ထြက္ခဲ့ျခင္းကုိ အမ်ားသိေစလုိသည့္ဆႏၵမရွိသည့္သေဘာမ်ဳိးျဖင့္ အႏုပညာေလာကတြင္ လွ်ဳိ ့၀ွက္ေနထုိင္ေၾကာင္း သိရျပီး အကုန္သိသတင္းဌာနက ကုိယ္တုိင္သြားေရာက္စုံစမ္းခဲ့ေသာသတင္းအရ သီလရွင္ဘ၀က ေနထုိင္သီတင္းသုံးခဲ့ေသာ ေျမာက္ဥကၠလာပရွိ သီလရွင္ေက်ာင္း၌ လြန္ခဲ့သည့္ႏွစ္အနည္းငယ္ကတည္းက ေနထုိင္ျခင္းမရွိေတာ့ေၾကာင္း သိရသည္။

အထူးသျဖင့္ သီလရွင္ဘ၀မွ ထြက္သြားျပီျဖစ္ျပီး လူမႈေရးကိစၥေၾကာင့္ဟု အတည္ျပဳရန္ ခက္ခဲလွေသာသတင္းမ်ားအရ သိရျပီး လတ္တေလာတြင္ တင့္တင့္ထြန္းအေနျဖင့္ သန္လွ်င္ ၾကယ္စင္အိမ္ရာ၌လည္းေကာင္း၊ ရန္ကင္းရွိ ၄င္း၏ေနအိမ္တစ္ခု၌လည္း အလွည့္က်ေနထုိင္သည္ဟု ၄င္းႏွင့္ နီးစပ္ေသာအႏုပညာရွင္အခ်ဳိ ့က အကုန္သိသတင္းဌာနကုိ ေျပာသည္။

စက္တင္ဘာ ၁ ရက္မွစ၍ အကုန္သိသတင္းဌာနက စတင္စုံစမ္းခ်က္အရ သန္လွ်င္ၾကယ္စင္အိမ္ရာရွိ ၄င္း၏ေနအိမ္ကုိ သီလရွင္အျဖစ္မဟုတ္ေတာ့ဘဲ တစ္ခါတစ္ရံလာတတ္ေၾကာင္း ၾကယ္စင္အိမ္ရာအနီးရွိ ဆုိင္ကယ္ကယ္ရီသမားအခ်ဳိ ့က ေျပာၾကားသကဲ့သုိ ့ကြန္ဒုိရွိ လုံျခဳံေရးမ်ား၏ အတည္ျပဳခ်က္အရ ႏွစ္လတစ္ၾကိမ္ခန္ ့လာတတ္ေၾကာင္း၊ ညအိပ္လာျခင္း ဟုတ္မဟုတ္ကုိမူ အတည္မျပဳႏုိင္ေၾကာင္း ဆုိသည္။

တင့္တင့္ထြန္းေခၚ ေဒၚနႏၵမာလာသည္ ၂၀၁၂ ခုႏွစ္ခန္ ့က သီလရွင္ျဖစ္ခဲ့ျပီး ၂၀၁၃ ခုႏွစ္တြင္ ေျမာက္ဒဂုံရွိ နာေရးကူညီမႈအသင္းသုိ ့ေငြက်ပ္သိန္း ၃၀ သြားေရာက္လႈဴဒါန္းခဲ့သူျဖစ္ေၾကာင္း ဦးေက်ာ္သူက ၄င္း၏လူမႈကြန္ရက္တြင္ အတိအလင္းေဖာ္ျပထားဖူးသည္။ ” သီလ႐ွင္အေနနဲ႔ အခုလုိ သတင္းတင္တာ ၾကြားဝါသလိုျဖစ္မွာစိုးလို႔ မတင္ေစခ်င္ဘူး။ မသင့္ေတာ္ပါဘူး၊ ဒါေပမယ့္ အမ်ားသူငါ မုဒိတာပြားႏိုင္ေအာင္ တင္ခ်င္တယ္ဆိုေတာ့ မတားေတာ့ပါဘူး။

သီလရွင္အေနနဲ႔ လွဴခ်င္ေနတာၾကာၿပီ။ ဒါေပမယ့္ အေၾကာင္းမတိုက္ဆိုင္ေတာ့ မလွဴျဖစ္ခဲ့ဘူး။ ဒီကေန႔ေတာ့ အေၾကာင္းတိုက္ဆိုင္လို႔ လွဴျဖစ္ခဲ့တယ္။ သီလရွင္က တစ္ပါးတည္း မိဘေတြကလည္း မရွိေတာ့ဘူးဆိုေတာ့ ဟိုးတုန္းက ေတြးမိဖူးတယ္။ ငါေသရင္ ဘယ္သူကမ်ား အသုဘခ်ေပးမလဲလို႔ ေတြးပူခဲ့မိတယ္။ ဒါေပမယ့္ ေနာက္ေတာ့ ကိုေမာင္ (ကိုေက်ာ္သူ)တို႔ နာေရးအသင္းရွိေနတာပဲ ဘာပူစရာရွိလဲလို႔ေတြးမိၿပီး ဒီအသင္းႀကီးက အမ်ားျပည္သူကို ကူညီေပးေနတာဆိုေတာ့ ဒီအသင္းႀကီး ေရရွည္တည္တံ့ဖို႔အတြက္ သီလရွင္အေနနဲ႔ လွဴဖို႔လို မယ္ဆိုတာကို ေတြးမိတဲ့အတြက္ အခုလိုအေၾကာင္းတိုက္ဆိုင္စြာနဲ႔ လာလွဴျဖစ္ခဲ့တာပါ ” ဟု တင့္တင့္ထြန္းေခၚ ေဒၚနႏၵမာလာက အဆုိပါအလႈဴပြဲတြင္ မိန္ ့ၾကားဖူးသည္။

ယင္းတြင္ ေျပာၾကားခ်က္အရ သီလရွင္တစ္၀ါရျပီဟုေသာ စကားႏွင့္ ပထမငယ္ေျဖထားေၾကာင္း သိရသည့္အတြက္ ၄င္းသီလရွင္စတင္၀တ္ခဲ့သည့္ကာလမွာ ၂၀၁၂ က ျဖစ္ႏုိင္ေျခရွိေၾကာင္း၊ သီလရွင္အျဖစ္ ျမင္ေတြ ့ရေသာ တင့္တင့္ထြန္းႏွင့္ပတ္သက္၍လည္း ဦးေက်ာ္သူက ” ကၽြန္ေတာ္တို႔သည္ ႐ုပ္႐ွင္သ႐ုပ္ေဆာင္မ်ား ဇာတ္လမ္း၊ ဇာတ္ကားမ်ားထဲတြင္ ထိုကဲ့သို႔ေသာ သီလရွင္ဝတ္သည့္ ဇာတ္ဝင္ခန္းမ်ားကို ၾကည့္ခဲ့ၾကဖူးေသာ္လည္း ေဒၚတင့္တင့္ထြန္းအား ျမတ္ဗုဒၵ၏သမီးေတာ္ ေဒၚနႏၵမာလာအျဖစ္ ျမင္ေတြ႔ရသည္ကား မ်ားစြာကြာျခားလွပါသည္။

စကားေျပာျခင္း၊ လမ္းေလွ်ာက္ျခင္းမွစ၍ အရာရာအား သတိကပ္ကာ ဗုဒၶအလိုေတာ္က် က်င့္ႀကံေနထိုင္သြားႏိုင္ၿပီကို သတိထားမိပါေတာ့သည္ “ ဟု မွတ္ခ်က္ျပဳခဲ့ေၾကာင္းလည္း သိရသည္။ တင့္တင့္ထြန္းသည္ နားသံသီး၊ အခ်စ္ရြက္ႏု စသည့္ ရုပ္ရွင္ဇာတ္ကားမ်ားအပါအ၀င္ ဇာတ္ကားအခ်ဳိ ့၌ ပါ၀င္သရုပ္ေဆာင္ခဲ့ဖူးျပီး အဆုိေတာ္တစ္ဦးအျဖစ္ ၁၉၈၀ ေနာက္ပုိင္းမွစတင္၍ နမ္းမွာလား၊ ဒါေလးမ်ား၊ လုိတရ ၊ ဖက္ရွင္၊ ေရႊအိပ္မက္၊ ပုံလာလာေျပာတုိင္းယုံ ၊ ၀ရလိႈင္း၊ ၾကင္နာခ်င္လြန္းလုိ ့၊ နမ္းမွာလား ၂၄ နာရီ၊ တင့္တင့္ထြန္း Live စသည့္ သီခ်င္းေခြမ်ားစြာကုိ သီဆုိျဖန္ ့ခ်ိခဲ့ေသာ တစ္ေခတ္တစ္ခါက ထင္ရွားေအာင္ျမင္သည့္ အႏုပညာရွင္တစ္ဦးလည္း ျဖစ္သည္။

သုိ ့ေသာ္လည္း သီလရွင္ တစ္သက္တာ၀တ္မည္ဟု ရည္ရြယ္ခဲ့ေသာ တင့္တင့္ထြန္းအေနျဖင့္ လူမႈေရးကိစၥေၾကာင့္ သီလရွင္ဘ၀မွ ထြက္ခဲ့သည္ဆုိေသာ သတင္းႏွင့္အတူ မည္သည့္လူမႈေရးဆုိသည့္ကိစၥကုိ အတည္ျပဳစုံစမ္းေနရဆဲပင္ျဖစ္သည္။

ေအ၀ုိင္အီး၊ ႏြယ္ဏီ

ဓါတ္ပုံ – ေက်ာ္သူေဖ့ဘြတ္

သတင္းအရင္းအျမစ္အကုန္သိ(မီဒီယာ)

(Unicode Version)

သီလရှင် ရာသက်ပန်ဝတ်မည်ဆိုသည့် နာမည်ကျော် အနုပညာရှင် တင့်တင့်ထွန်း လူမှုရေးကိစ္စကြောင့် လူထွက်ထားပြီးပြီဟု သတင်းရ

၂၀၁၂ ခုနှစ်ခန် ့က သီလရှင်ဝတ်သွားခဲ့သော သရုပ်ဆောင်အဆိုတော် တင့်တင့်ထွန်းအနေဖြင့် သီလရှင်ဘဝမှ ထွက်ခဲ့ခြင်းကို အများသိစေလိုသည့်ဆန္ဒမရှိသည့်သဘောမျိုးဖြင့် အနုပညာလောကတွင် လျှို ့ဝှက်နေထိုင်ကြောင်း သိရပြီး အကုန်သိသတင်းဌာနက ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့သောသတင်းအရ သီလရှင်ဘဝက နေထိုင်သီတင်းသုံးခဲ့သော မြောက်ဥက္ကလာပရှိ သီလရှင်ကျောင်း၌ လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

အထူးသဖြင့် သီလရှင်ဘဝမှ ထွက်သွားပြီဖြစ်ပြီး လူမှုရေးကိစ္စကြောင့်ဟု အတည်ပြုရန် ခက်ခဲလှသောသတင်းများအရ သိရပြီး လတ်တလောတွင် တင့်တင့်ထွန်းအနေဖြင့် သန်လျှင် ကြယ်စင်အိမ်ရာ၌လည်းကောင်း၊ ရန်ကင်းရှိ ၄င်း၏နေအိမ်တစ်ခု၌လည်း အလှည့်ကျနေထိုင်သည်ဟု ၄င်းနှင့် နီးစပ်သောအနုပညာရှင်အချို ့က အကုန်သိသတင်းဌာနကို ပြောသည်။

စက်တင်ဘာ ၁ ရက်မှစ၍ အကုန်သိသတင်းဌာနက စတင်စုံစမ်းချက်အရ သန်လျှင်ကြယ်စင်အိမ်ရာရှိ ၄င်း၏နေအိမ်ကို သီလရှင်အဖြစ်မဟုတ်တော့ဘဲ တစ်ခါတစ်ရံလာတတ်ကြောင်း ကြယ်စင်အိမ်ရာအနီးရှိ ဆိုင်ကယ်ကယ်ရီသမားအချို ့က ပြောကြားသကဲ့သို ့ကွန်ဒိုရှိ လုံခြုံရေးများ၏ အတည်ပြုချက်အရ နှစ်လတစ်ကြိမ်ခန် ့လာတတ်ကြောင်း၊ ညအိပ်လာခြင်း ဟုတ်မဟုတ်ကိုမူ အတည်မပြုနိုင်ကြောင်း ဆိုသည်။

တင့်တင့်ထွန်းခေါ် ဒေါ်နန္ဒမာလာသည် ၂၀၁၂ ခုနှစ်ခန် ့က သီလရှင်ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်းသို ့ငွေကျပ်သိန်း ၃၀ သွားရောက်လှုူဒါန်းခဲ့သူဖြစ်ကြောင်း ဦးကျော်သူက ၄င်း၏လူမှုကွန်ရက်တွင် အတိအလင်းဖော်ပြထားဖူးသည်။ ” သီလရှင်အနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး။ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိတာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး။

သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ။ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး။ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့တယ်။ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်။ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ ” ဟု တင့်တင့်ထွန်းခေါ် ဒေါ်နန္ဒမာလာက အဆိုပါအလှုူပွဲတွင် မိန် ့ကြားဖူးသည်။

ယင်းတွင် ပြောကြားချက်အရ သီလရှင်တစ်ဝါရပြီဟုသော စကားနှင့် ပထမငယ်ဖြေထားကြောင်း သိရသည့်အတွက် ၄င်းသီလရှင်စတင်ဝတ်ခဲ့သည့်ကာလမှာ ၂၀၁၂ က ဖြစ်နိုင်ခြေရှိကြောင်း၊ သီလရှင်အဖြစ် မြင်တွေ ့ရသော တင့်တင့်ထွန်းနှင့်ပတ်သက်၍လည်း ဦးကျော်သူက ” ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။

စကားပြောခြင်း၊ လမ်းလျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို သတိထားမိပါတော့သည် “ ဟု မှတ်ချက်ပြုခဲ့ကြောင်းလည်း သိရသည်။ တင့်တင့်ထွန်းသည် နားသံသီး၊ အချစ်ရွက်နု စသည့် ရုပ်ရှင်ဇာတ်ကားများအပါအဝင် ဇာတ်ကားအချို ့၌ ပါ၀င်သရုပ်ဆောင်ခဲ့ဖူးပြီး အဆိုတော်တစ်ဦးအဖြစ် ၁၉၈၀ နောက်ပိုင်းမှစတင်၍ နမ်းမှာလား၊ ဒါလေးများ၊ လိုတရ ၊ ဖက်ရှင်၊ ရွှေအိပ်မက်၊ ပုံလာလာပြောတိုင်းယုံ ၊ ၀ရလှိုင်း၊ ကြင်နာချင်လွန်းလို ့၊ နမ်းမှာလား ၂၄ နာရီ၊ တင့်တင့်ထွန်း Live စသည့် သီချင်းခွေများစွာကို သီဆိုဖြန် ့ချိခဲ့သော တစ်ခေတ်တစ်ခါက ထင်ရှားအောင်မြင်သည့် အနုပညာရှင်တစ်ဦးလည်း ဖြစ်သည်။

သို ့သော်လည်း သီလရှင် တစ်သက်တာဝတ်မည်ဟု ရည်ရွယ်ခဲ့သော တင့်တင့်ထွန်းအနေဖြင့် လူမှုရေးကိစ္စကြောင့် သီလရှင်ဘဝမှ ထွက်ခဲ့သည်ဆိုသော သတင်းနှင့်အတူ မည်သည့်လူမှုရေးဆိုသည့်ကိစ္စကို အတည်ပြုစုံစမ်းနေရဆဲပင်ဖြစ်သည်။

အေဝိုင်အီး၊ နွယ်ဏီ

ဓါတ်ပုံ – ကျော်သူဖေ့ဘွတ်

သတင်းအရင်းအမြစ်အကုန်သိ(မီဒီယာ)