တာခ်ီလိတ္ျမိဳ႕ ၊ ပါဆတ္ရပ္ကြက္ ကား၀ပ္ေလွ်ာ့ တြင္ စပါးအုံုးေျမြၾကီး တစ္ေကာင္ ေတြ ့ရိွ

တာခ်ီလိတ္ျမိဳ႕ ၊ ပါဆတ္ရပ္ကြက္ ကား၀ပ္ေလွ်ာ့ တြင္ စပါးအုံုးေျမြၾကီး တစ္ေကာင္ ေတြ ့ရိွ

တာခ်ီလိတ္ျမိဳ႕၊ ပါဆတ္ရပ္ကြက္ ရတနာျဖိဳးဆီပန္႕ႏွင့္ ေဟာင္လိတ္ အ.ထ.က ႀကား ကားဝပ္ေရွာ့တြင္ စပါးအံုးေျမြႀကီးတစ္ေကာင္အရွည္ (၉)ေပခန္႕ လံုးပတ္ ဓါတ္ဘူး အလတ္ခန္႕အရြယ္ ရွိ စပါးအံုး ေျမြႀကီး တစ္ေကာင္ကုိ ယေန႕စက္တင္ဘာ(၂၃)ရက္ နံနက္ပုိင္း က ေတြ ့ရွိ ခဲ့ရေၾကာင္း သတင္းရရွိသည္။

အဆုိပါ ေျမြၾကီး အား ျမိဳ႕နယ္ သစ္ေတာ ဦးစီးဌာန ၊တာခ်ီလိတ္လူမွဳကူညီေရး အသင္း ႏွင့္ ဦးအားဖါ (တပင္ေရႊထီးဆီပန္႕) တုိ႕မွ သြားေရာက္ စစ္ေဆးၾကည့္ရွဳခဲ့ၾကျပီး၊ ဖမ္းဆီးလ်က္ တာခ်ီလိတ္ျမိဳ႕နယ္ ၊ က်ိဳင္းလပ္ျမိဳ႕၊ နမ့္ခင္းေက်းရြာအုပ္စု ၊ က်ကေက်းရြာ အနီးရွိရွိ ေဘးမဲ့ေတာတြင္သြားေရာက္၍ ေဘးမဲ့လႊတ္ေပးႏုိင္ေရး အတြက္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

တာခ်ီလိတ္ျမိဳ႕ တြင္ ၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၂၄)ရက္ေန႕မွ (၂၅) ရက္ ေန႕ အထိ သားငွက္ တိရိ စၦာန္ တရားမ၀င္ကုန္သြယ္မွဳ တုိက္ဖ်က္ေရးႏွင့္ သားငွက္တိရိ စၦာန္ ဥပေဒစုိးမုိးေရး သင္တန္းကုိတာခ်ီလိတ္ျမိဳ႕ ၊ ေရႊဘူးသီး ဟုိတယ္ တြင္ သဘာ၀ ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ သစ္ေတာေရးရာ ၀န္ၾကီးဌာန ၏ အစီအစဥ္ ျဖင့္ဌာနဆုိင္ရာမ်ား ၊လူမွဳေရးအသင္းအဖြဲ႕မ်ား ၊ေဒသခံမ်ားပါ၀င္လ်က္ဖြင့္လွစ္ပုိ႕ခ်ခဲ့ျပီးျဖစ္ရာ ၊ တာခ်ီလိတ္ခရုိင္အတြင္း ရွားပါးတိရိ စၦာန္ထိန္းသိမ္းေရး ႏွင့္ တရားမ၀င္ကုန္သြယ္မွဳ တုိက္ဖ်က္ေရး လုပ္ငန္းမ်ားတြင္ ေဒသခံျပည္သူမ်ား ၊ လူမွဳေရးအသင္းအဖြဲ႕မ်ား အေနျဖင့္တက္ၾကြစြာ ပါ၀င္ပူးေပါင္းလွ်က္ရွိေၾကာင္း သိရွိရသည္။

ဓါတ္ပံု ကုိလွမုိး (တာခ်ီလိတ္လူမွဳကူညီမွဳေရးအသင္း) + Aung Soe Moe

တာခ်ီလိတ္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန

(Unicode Version)

တာချီလိတ်မြို့ ၊ ပါဆတ်ရပ်ကွက် ကားဝပ်လျှော့ တွင် စပါးအုုံးမြွေကြီး တစ်ကောင် တွေ ့ရှိ

တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက် ရတနာဖြိုးဆီပန့်နှင့် ဟောင်လိတ် အ.ထ.က ကြား ကားဝပ်ရှော့တွင် စပါးအုံးမြွေကြီးတစ်ကောင်အရှည် (၉)ပေခန့် လုံးပတ် ဓါတ်ဘူး အလတ်ခန့်အရွယ် ရှိ စပါးအုံး မြွေကြီး တစ်ကောင်ကို ယနေ့စက်တင်ဘာ(၂၃)ရက် နံနက်ပိုင်း က တွေ ့ရှိ ခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ မြွေကြီး အား မြို့နယ် သစ်တော ဦးစီးဌာန ၊တာချီလိတ်လူမှုကူညီရေး အသင်း နှင့် ဦးအားဖါ (တပင်ရွှေထီးဆီပန့်) တို့မှ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြပြီး၊ ဖမ်းဆီးလျက် တာချီလိတ်မြို့နယ် ၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု ၊ ကျကကျေးရွာ အနီးရှိရှိ ဘေးမဲ့တောတွင်သွားရောက်၍ ဘေးမဲ့လွှတ်ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တာချီလိတ်မြို့ တွင် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့မှ (၂၅) ရက် နေ့ အထိ သားငှက် တိရိ စ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် သားငှက်တိရိ စ္ဆာန် ဥပဒေစိုးမိုးရေး သင်တန်းကိုတာချီလိတ်မြို့ ၊ ရွှေဘူးသီး ဟိုတယ် တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၏ အစီအစဉ် ဖြင့်ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များ ၊ဒေသခံများပါ၀င်လျက်ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ရာ ၊ တာချီလိတ်ခရိုင်အတွင်း ရှားပါးတိရိ စ္ဆာန်ထိန်းသိမ်းရေး နှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူများ ၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့်တက်ကြွစွာ ပါ၀င်ပူးပေါင်းလျှက်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ ကိုလှမိုး (တာချီလိတ်လူမှုကူညီမှုရေးအသင်း) + Aung Soe Moe

တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန