ဝေဖန်ခံနေရတဲ့ ပုံကို Profile ပြောင်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်












Source : Duwun

(Unicode Version)

ေဝဖန်ခံနေရတဲ့ ပုံကို Profile ပြောင်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ယခုအချိန်ထိ အောင်မြင်မှု ရရှိထားသူ တစ်ဦးကတော့ စိုင်းစိုင်းပါပဲ။ စိုင်းစိုင်းဟာ မိန်းကလေး ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

လူမှု ဆက်ဆံရေးကောင်းသူ တစ်ယောက်အဖြစ် အားလုံးက လက်ခံထားသူ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဝေဖန်သူတိုင်းကိုလည်း ပညာသား ပါပါတုံ့ပြန်တတ်သူ တစ်ဦး ဖြစ်ပါတယ်။

သူရေးတဲ့ စာတွေ သူ့ရဲ့ပုံတွေကို အားပေးသူတွေရှိသလို ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ ဝေဖန်သူတွေကိုတော့ စိုင်းစိုင်းက ဘယ်တော့မှ စိတ်မဆိုးတတ်ပဲ ပညာသားပါပါသာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း သူ့ဟာပရိသတ်တွေရဲ့ အချစ်ကို ယနေ့ထက်တိုင် ပိုင်ဆိုင်ထားနိုင်တယ်လို့ ပြောရမှာပါ။

အခုလည်း ရုပ်ရှင်အစည်းအရုံးမှာ မဲသွားပေးခဲ့တဲ့ စိုင်းစိုင်းရဲ့ ပုံတချို့ အွန်လိုင်းမှာ ပြန့်ခဲ့ပါတယ်။ အဲ့ဒီပုံမှာလည်း စိုင်းစိုင်းက ဆံပင်တွေ အကုန်လုံးကို ကြစ်ဆံမြီး ကျစ်ထားတာ ဖြစ်ပါတယ်။ အဲ့ပုံစံနဲ့ ဓာတ်ပုံတွေ တက်ကတည်းက ပရိသတ်တွေက ဆံပင်ပုံစံကို မကြိုက်ဘူးဆိုတဲ့ ကောမန့်တွေ ပြောထားတာကိုလည်း တွေ့ရပါတယ်။

အခုအဲ့ဒီဆံပင်ပုံနဲ့သာမက အနီးကပ်ရိုက်ထားတဲ့ စိုင်းစိုင်းရဲ့ ပုံတစ်ပုံကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဆံပင်ကိုမကြိုက်ရတဲ့အထဲ Snap မိထားတဲ့ ဓာတ်ပုံကပါ ဝေဖန်သူတွေအတွက် စိတ်ကြိုက်ဖြစ်လို့ သွားခဲ့ပါတယ်။

ဒါပေမယ့် စိုင်းစိုင်းကတော့ ဝေဖန်မှုတွေကို စိတ်ထဲမထားပဲ ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာ တွေ့ရပါတယ်။ အဲ့ဒါကတော့ ပရိသတ်တွေ ဝေဖန်နေတဲ့ ပုံကိုမှ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Profile Picture ပြောင်းလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒါကတည်း စိုင်းစိုင်းရဲ့ အရည်အချင်းတစ်ခုလို့ ပြောရမှာပါ။ သူ့ကို ဘယ်လိုပဲ Torll သူကတော့ အဲ့ဒီ Troll တဲ့ ပုံတွေနဲ့ သူ့ရဲ့ အကောင့်မှာ အေးအေးဆေးဆေး တုံ့ပြန်တတ်သူ တစ်ဦး ဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ မကြာခင် ကျင်းပပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲတစ်ခုမှာ ပါဝင်မယ်လို့ သိရပါတယ်။အဲ့ဒီ ဖျော်ဖြေပွဲကတော့ သုဝဏ္ဏဘူမိကွင်းမှာ အောက်တိုဘာ(၉)ရက်နေ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ စိုင်းစိုင်းနဲ့အတူ အမျိုးသား အဆိုတော်(၇)ဦးတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

Source : Duwun