







Picture©Phyu Phyu Htwe

Credit : Apannpyay

(Unicode Version)

ဦးကျော်သူရဲ့ ဂုဏ်ပြုခြင်းကို ခံရပြီး အနုပညာရှင်များစွာနဲ့ သရုပ်ဆောင်ခွင့်ရနေတဲ့ ဖြူဖြူထွေး

ဖေ့စ်ဘွက်လူမှု ကွန်ယက်တွင်သာမက အပြင်မှာပါ နာမည်ကြီးလာပြီး ကမ်းလှမ်းမှုတွေ လက်ခံလာရတဲ့ ကျောင်းသူလေး ဖြူဖြူထွေးတစ်ယောက်ကတော့ ခုဆိုရင် မင်းသားကြီး ဦးကျော်သူပေးတဲ့ ဂုဏ်ပြုလက်မှတ်တောင် ရသွားပါပြီ။

သူမ နှစ်သက်တဲ့ အနုပညာနယ်ပယ်မှာ ဒီလို အကယ်ဒမီ မင်းသားကြီးတစ်ယောက်က ပေးအပ်တဲ့ လက်မှတ် တစ်ခုကို ရလိုက်တာဟာ ဘဝအတွက် မှတ်တိုင်လေးတစ်ခုလည်း ဖြစ်သွားမှာပါ။

အများကို ပျော်ရွှင်အောင်လုပ်ရင်းနဲ့ နိုင်ငံကျော်တစ်ယောက် ဖြစ်လာတဲ့ ဖြူဖြူထွေးက ဦးကျော်သူရဲ့ ကမ်းလှမ်းမှုကြောင့် နာမှုကူညီရေးအသင်းရဲ့ မှတ်မ်းဗွီဒီယိုဖိုင်လေးတစ်ခုမှာ ပါဝင်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ဦးကျော်သူက ဖြူဖြူထွေးရဲ့ အနုပညာကို အသိမှတ်ပြု တန်ဖိုးထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာ ဗီဒီယိုဖိုင်လေးကို ရိုက်ကူးခဲ့ပြီး ဦးကျော်ကသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အခြားသရုပ်ဆောင်များလည်း ပါဝင်သည်။

ဖြူဖြူထွေးကတော့ အောင်မြင်မှုနဲ့အတူ ဝေဖန်မှုများစွာလည်း သူမအတွက် ပါလာခဲ့ပါတယ်။

မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ ဟာသအပျော်အပျက် ကုန်းကွတာတွေ မလုပ်သင့်ဘူးလို့လည်း ဝေဖန်မှုများ ရှိနေပါတယ်။ သို့သော်လည်း ရုပ်ရည်ပြေပြစ်ပြီး ပွင့်ပွင့်လင်းလင်းအမြဲတမ်း ပြုံးနေတာကြောင်း အများစုကတော့ သူမကို အားပေးချစ်ခင်နေကြသည်။

Picture©Phyu Phyu Htwe

Credit : Apannpyay