









(Unicode Version)

အပြာလောကထဲ ဝင်ရောက်ဖို့အတွက် ဥပဒေကျောင်းသူဘဝကို စွန့်ပစ်ခဲ့သူ

Game of Thrones ဇာတ်လမ်းတွဲကို အဆက်မပြတ် ကြည့်ခဲ့ဖူးသူတွေဆိုရင် မင်းသမီး Ella Hughes ကို ကောင်းကောင်းကြီး မှတ်မိနေမယ်ထင်ပါတယ်။

သူမှာ GOT ဇာတ်လမ်းတွဲထဲမှာ ပြည့်တန်ဆာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး သူမအနေနဲ့ ဘာကြောင့် အပြာဇာတ်ရုပ်ကို ရွေးချယ်ခဲ့သလဲဆိုတာကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွှယ်ရှိ အင်္ဂလန်နိုင်ငံသူ Ella ဟာ သာမာန်ဥပဒေကျောင်းသူလေးတစ်ယောက် ဖြစ်နေပေမယ့် ရုတ်တရက်ကြီး အပြာလောကထဲကို ဝင်ရောက်သွားခဲ့တာဖြစ်လို့ အတော်လေးကို အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ Ella ဟာ အရမ်းကို အရှက်အကြောက်ကြီးလွန်းသူ ဖြစ်ခဲ့ပြီး ကိုယ်အလေးချိန် မြင့်မားခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူမအနေနဲ့ သူမရဲ့ပုံစံတွေကို လုံးဝဘဝင်မကျမိရာကနေ လူအများ စိတ်ဝင်စားတဲ့ သူတစ်ယောက်အဖြစ်ကို ပြောင်းလဲဖို့အတွက် အခုလို အပြာလောကကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့လိုက်တာပဲဖြစ်ပါတယ်။

Ella ဟာ အခုဆိုရင် အင်တာနက်ပေါ်ကနေ အဖော်အချွတ် Live Chat ပေးတဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်နေပြီး သူမရဲ့ပရိသတ်များကိုလည်း သူမအသုံးပြုပြီးသား အတွင်းခံတွေကို ရောင်းချပေးနေလျက်ရှိပါတယ်။

လူတွေက Ella ရဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုအပေါ် တအားကို ဝေဖန်နေကြပေမယ့် Ella ကတော့ ဒီအလုပ်ကို ချစ်မြတ်နိုးပြီး ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်ကိုလုပ်ရတာက လူတွေရဲ့ စိတ်အာရုံကို ပိုမိုဖမ်းစားနိုင်တယ်လို့ပါ တုန့်ပြန်ပြောဆိုထားခဲ့ပါတယ်။

Source : Thithtoolwin (Knowledge)