လက္ျဖင့္ပြတ္သပ္ေပး႐ံုျဖင့္ ေရာဂါမ်ားေပ်ာက္ကင္းသည္ဟူသည့္ ကေလးငယ္ထံ လာေရာက္ေဆးကုသူမ်ားေနၿပီး တန္းစီေစာင့္ဆိုင္းရသည္အထိ ျဖစ္ေပၚ

လက္ျဖင့္ပြတ္သပ္ေပး႐ံုျဖင့္ ေရာဂါမ်ားေပ်ာက္ကင္းသည္ဟူသည့္ ကေလးငယ္ထံ လာေရာက္ေဆးကုသူမ်ားေနၿပီး တန္းစီေစာင့္ဆိုင္းရသည္အထိ ျဖစ္ေပၚ

ေအာက္တိုဘာ ၁

ပဲခူးတုိင္းေဒသႀကီး (အေနာက္ပိုင္း)၊ ျပည္ခ႐ိုင္၊ ေပါင္းတည္ၿမိဳ႕တြင္ လက္ျဖင့္ ပြတ္သပ္ယံုျဖင့္ ေရာဂါမ်ားေပ်ာက္ကင္းသည္ဟူသည့္ ကေလးငယ္ထံ လာေရာက္ေဆးကုသူမ်ားျပားေန၍ တန္းစီေစာင့္ဆိုင္းရသည္အထိ ျဖစ္ေနေၾကာင္း သတင္းရရွိသည္။

အဆုိပါ အသက္ငါးႏွစ္ေက်ာ္ခန္႔ ကေလးငယ္မွာ ေပါင္းတည္ၿမိဳ႕၊ ၾကာနီကန္အုပ္စု၊ ရွားေပါင္းေက်းရြာတြင္ ေနထိုင္ေနၿပီး လြန္ခဲ့သည့္ႏွစ္လေက်ာ္ခန္႔မွစကာ လူသိမ်ားလာခဲ့ၿပီး ေန႔စဥ္ဆိုသလို လာေရာက္ကုသူ မ်ားျပားလာ၍ တန္းစီေစာင့္ဆုိင္းေနသူမ်ား ေန႔စဥ္ ၂၀၀ နီးပါးခန္႔ရွိကာ ေက်ာင္းပိတ္႐ံုးပိတ္ရက္မ်ားတြင္ ၅၀၀ ေက်ာ္ခန္႔ လာေရာက္ကုသေလ့ရွိေၾကာင္း ေဒသခံမ်ားထံက သိရသည္။

“ရြာမွာလာကုတဲ့သူေတြ အရမ္းမ်ားလာလို႔ ကေလးကိုအနားရေအာင္ဆိုၿပီး ၿမိဳ႕ေပၚမွာ လာနားေနတာ။ မရဘူး။ ဒီကိုလည္း လိုက္လာၾကတာ။ ကေလးရဲ႕ အတိတ္ကံေၾကာင့္ ဒီလိုမ်ိဳးေပ်ာက္ကင္းတယ္လုိ႔ထင္တယ္။ ကုသစရိတ္လည္းမေတာင္းဘူး။ ဆိုင္းဘုတ္လည္း မတင္ဘူး။ အလွဴေငြ ႀကိဳက္သေလာက္ထည့္ပဲ။ ဘယ္ေလာက္ျဖစ္ျဖစ္ရတယ္။ ကေလးလက္ကေလးနဲ႔ ထိေပးသပ္ေပး႐ံုနဲ႔ ကုေပးတာ” ဟု ကေလးငယ္၏ ဘႀကီးျဖစ္သူ ဦး၀င္းထြဋ္က ေျပာၾကားသည္။

ကေလးငယ္အမည္မွာ ေမာင္ထြန္းေတဇေအာင္ျဖစ္ၿပီး ငါးႏွစ္သားအရြယ္က ၎တုိ႔ရြာရွိ ေစ်းသည္တစ္ဦး မ်က္စိအနားမွ ဘုကိုကုသေပးရာက ေပ်ာက္ကင္းခဲ့ၿပီး လြန္ခဲ့သည့္ သံုးလခန္႔က ေက်ာင္းအုပ္ဆရာမတစ္ဦး လက္မွအသားပိုကို ကုသေပးရာ ေပ်ာက္ကင္းခ်ိန္မွစ၍ လူသိမ်ားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အျခားေရာဂါမ်ိဳးစံုပဲ ဒီမွာလာကုၾကတယ္။ ဖ်ားနာကအစ နာတာရွည္ေတြအထိ လာကုၾကတယ္လုိ႔ သိရတယ္။ ကြၽန္မတို႔အမ်ိဳးေတြလည္း လာၾကတယ္။ အဆုတ္ပြတာေပါ့။ ႏွစ္ခါေလာက္လာလိုက္တယ္ ေပ်ာက္သြားတယ္။ ဘယ္လိုေၾကာင့္ဆိုတာေတာ့ ကြၽန္မတုိ႔လည္း မေျပာတတ္ဘူး။ သူမ်ားေတြ ေပ်ာက္တယ္ဆိုေတာ့ လာကုတာပါ။ ယံုၾကည္မႈကေတာ့ ရွိပါတယ္” ဟု ေဆးကုလာသူ အမ်ိဳးသမီးတစ္ဦးက ေျပာၾကားေၾကာင္း သတင္းရရိွသည္။

လက္ရွိတြင္ ေက်းရြာတြင္မကုသဘဲ ေပါင္းတည္ၿမိဳ႕ေပၚတြင္ လာေရာက္နားေနစဥ္မွာပင္ ကုသေပးေနရေၾကာင္း လာေရာက္သူမ်ားမွာလည္း ေန႔စဥ္ဆိုသလို ပိုမိုမ်ားျပားလာေနေၾကာင္း သိရသည္။

Writer : ေ၀လင္း (ျပည္)

Source : Eleven Media Group

(Unicode Version)

လက်ဖြင့်ပွတ်သပ်ပေးရုံဖြင့် ရောဂါများပျောက်ကင်းသည်ဟူသည့် ကလေးငယ်ထံ လာရောက်ဆေးကုသူများနေပြီး တန်းစီစောင့်ဆိုင်းရသည်အထိ ဖြစ်ပေါ်

အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် လက်ဖြင့် ပွတ်သပ်ယုံဖြင့် ရောဂါများပျောက်ကင်းသည်ဟူသည့် ကလေးငယ်ထံ လာရောက်ဆေးကုသူများပြားနေ၍ တန်းစီစောင့်ဆိုင်းရသည်အထိ ဖြစ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ အသက်ငါးနှစ်ကျော်ခန့် ကလေးငယ်မှာ ပေါင်းတည်မြို့၊ ကြာနီကန်အုပ်စု၊ ရှားပေါင်းကျေးရွာတွင် နေထိုင်နေပြီး လွန်ခဲ့သည့်နှစ်လကျော်ခန့်မှစကာ လူသိများလာခဲ့ပြီး နေ့စဉ်ဆိုသလို လာရောက်ကုသူ များပြားလာ၍ တန်းစီစောင့်ဆိုင်းနေသူများ နေ့စဉ် ၂၀၀ နီးပါးခန့်ရှိကာ ကျောင်းပိတ်ရုံးပိတ်ရက်များတွင် ၅၀၀ ကျော်ခန့် လာရောက်ကုသလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

“ရွာမှာလာကုတဲ့သူတွေ အရမ်းများလာလို့ ကလေးကိုအနားရအောင်ဆိုပြီး မြို့ပေါ်မှာ လာနားနေတာ။ မရဘူး။ ဒီကိုလည်း လိုက်လာကြတာ။ ကလေးရဲ့ အတိတ်ကံကြောင့် ဒီလိုမျိုးပျောက်ကင်းတယ်လို့ထင်တယ်။ ကုသစရိတ်လည်းမတောင်းဘူး။ ဆိုင်းဘုတ်လည်း မတင်ဘူး။ အလှူငွေ ကြိုက်သလောက်ထည့်ပဲ။ ဘယ်လောက်ဖြစ်ဖြစ်ရတယ်။ ကလေးလက်ကလေးနဲ့ ထိပေးသပ်ပေးရုံနဲ့ ကုပေးတာ” ဟု ကလေးငယ်၏ ဘကြီးဖြစ်သူ ဦးဝင်းထွဋ်က ပြောကြားသည်။

ကလေးငယ်အမည်မှာ မောင်ထွန်းတေဇအောင်ဖြစ်ပြီး ငါးနှစ်သားအရွယ်က ၎င်းတို့ရွာရှိ စျေးသည်တစ်ဦး မျက်စိအနားမှ ဘုကိုကုသပေးရာက ပျောက်ကင်းခဲ့ပြီး လွန်ခဲ့သည့် သုံးလခန့်က ကျောင်းအုပ်ဆရာမတစ်ဦး လက်မှအသားပိုကို ကုသပေးရာ ပျောက်ကင်းချိန်မှစ၍ လူသိများလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခြားရောဂါမျိုးစုံပဲ ဒီမှာလာကုကြတယ်။ ဖျားနာကအစ နာတာရှည်တွေအထိ လာကုကြတယ်လို့ သိရတယ်။ ကျွန်မတို့အမျိုးတွေလည်း လာကြတယ်။ အဆုတ်ပွတာပေါ့။ နှစ်ခါလောက်လာလိုက်တယ် ပျောက်သွားတယ်။ ဘယ်လိုကြောင့်ဆိုတာတော့ ကျွန်မတို့လည်း မပြောတတ်ဘူး။ သူများတွေ ပျောက်တယ်ဆိုတော့ လာကုတာပါ။ ယုံကြည်မှုကတော့ ရှိပါတယ်” ဟု ဆေးကုလာသူ အမျိုးသမီးတစ်ဦးက ပြောကြားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ကျေးရွာတွင်မကုသဘဲ ပေါင်းတည်မြို့ပေါ်တွင် လာရောက်နားနေစဉ်မှာပင် ကုသပေးနေရကြောင်း လာရောက်သူများမှာလည်း နေ့စဉ်ဆိုသလို ပိုမိုများပြားလာနေကြောင်း သိရသည်။

Writer : ဝေလင်း (ပြည်)

Source : Eleven Media Group