ခြဲစိပ္ပါရဂူသိရင္ ငိုေလာက္တဲ့ ဇာမဏီရြက္

ကိုယ္ေတြ႕ျဖစ္ရပ္ပါ။ ကၽြန္ေတာ္ဖခင္ရွိစဥ္က အေဖ့လက္ကို ဓားျပတ္ရာ အိမ္ေဘးမွာေပါက္ေနတဲ့အပင္က အရြက္ကိုခူးၿပီး ေခ်မြ၍ဒဏ္ရာကို အံုလိုက္ၿပီး ပတ္တီးစီးထားပါသည္။

ကၽြန္ေတာ္က အထင္ေသးေသာအၾကည့္ျဖင့္ အေဖကလည္း ၿမိဳ႕ေပၚေနၿပီး ေဆးဆိုင္ေတြရွိသားနဲ႔ဗ်ာလို႔ ေျပာမိခဲ့ပါသည္။

ႏွစ္ရက္ၾကာေလာက္မွာ အေဖက သူ႔ဒါဏ္ရာျပည္မတည္ပဲ ေျခာက္ေသြ႕ေနသည့္ အေနအထားကို ျပပါသည္။ ထိုစဥ္က တိုက္ဆိုင္မႈလို႔ယူဆၿပီး အထင္မႀကီးခဲ့ပါ။

တစ္ႏွစ္ခန္႔အၾကာ ကၽြန္ေတာ္ဗီဒီရံုမွာ မီးျပတ္သြား၍ မီးစက္ေမာင္းရန္ အေရးတႀကီးသြားရာ ခလုတ္တိုက္၍ ေျခမကဲြၿပီး ေသြမ်ားထြက္ရာ ညႀကီးအခိ်န္မဲ့ျဖစ္၍ ေဆးဆိုင္သြားရန္ အေျခအေနမေပး ၾကံရာမရျဖစ္ကာ မရွိသံုးသံုးသည့္သေဘာႏွင့္ အေဖသံုးခဲ့သည့္အပင္က အရြက္ကိုေခ်မြကာ ဒါဏ္ရာေပၚအံုခဲ့ပါသည္။ အံ့ၾသေလာက္ေအာင္ အနာေပ်ာက္သြားပါသည္။

အခုပို၍အံ့ၾသစရာေကာင္းတာက က်ေနာ္တူဗိုက္ခဲြရာ ေဆးရံုကဆင္းလာၿပီး အိမ္ေရာက္လို႔ႏွစ္ရက္ခန္႔တြင္ ခ်ဳပ္႐ိုးတြင္ျပည္လိုက္ေသာေၾကာင့္ ေဆးရံုသို႔ျပန္ပို႔ရာ ေဆးရံုေရာက္လွ်င္ေရာက္ျခင္း ခ်ဳပ္႐ိုးမ်ားဖြင့္ျပစ္ရပါသည္။

ေဆးရံုတြင္(၁၆) ရက္ျပန္တက္ရာ အနာမက်က္ႏိုင္ပဲ ရက္ၾကာမည္ျဖစ္ေၾကာင္း အိမ္ျပန္ၿပီးဒီေဆးမ်ားဆက္ထည့္ရန္ျဖစ္ေၾကာင္း ေျပာဆိုၫြန္ၾကားကာ ေဆးရံုမွ ဆင္းခိုင္းပါသည္။

အိမ္ေရာက္၍ ႏွစ္ရက္ခန္႔အၾကာ အနာမွာ စိုၿမဲစိုေနသျဖင့္ ဇာမဏီ႐ြက္ (ဗိစပ္ရြက္) ကိုပံုပါအတိုင္း အရက္ပ်ံႏွင့္ေဆး ေနာက္မွေရသန္႔ႏွင့္ထပ္ေဆးၿပီး ေခ်မြကာ အရည္ၫွစ္ထည့္ အရြက္အဖတ္မ်ားကို ဒဏ္ရာေပၚအံုကာ ပတ္တီးအုပ္ျပဳလုပ္ရာ သိသိသာသာအနာေျခာက္၍ ေပ်ာက္ကင္းသြားပါသည္။

ခဲြ စိပ္ဒါဏ္ရာကို ကုေနစဥ္ ခဲတံခၽြန္ဓါးကိုယူေဆာ့သျဖင့္ ေသြးမ်ားျမင္မေကာင္းအာင္ထြက္ၿပီး လက္ခလယ္တြင္ အေတာ္ခပ္နက္နက္ဒဏ္ရာရသျဖင့္ကၽြန္ေတာ့္ကိုလာေခၚရာ ကၽြန္ေတာ္လည္း အဲဒီအခိ်န္မွာ ယံုယံုၾကည္ၾကည္နဲ႔ ဗိစပ္ရြက္သာ သြားခူးအဲဒီအရြက္ပဲ စည္းမယ္ဆိုၿပီး ေခ်မြ၍အံုေပးလိုက္ပါသည္။

ဘာေဆးမွမကူပဲ ျပည္လည္းမတည္ အနာလည္းျမန္ျမန္ေျခာက္ ရက္တိုအတြင္း ေပ်ာက္ကင္းသြားပါသည္။ အမွန္အစြမ္းထက္ေသာ အပင္ျဖစ္၍ အေၾကာင္းတိုက္ဆိုင္လွ်င္ ယံုၾကည္စြာ အသံုးျပဳႏိုင္ၾကေစရန္ဆႏၵျဖင့္

(မွတ္ခ်က္။ ။ ဇာမဏီရြက္အား ေဒသကိုလိုက္၍ ဗိစပ္ရြက္ ဂ်ာမဏီရြက္ စသည္ျဖင့္ အေခၚအေဝၚကဲြ ျပားပါသည္ အျခားအမည္ကဲြမ်ားလည္း ရွိေကာင္းရွိပါမည္။ အပင္အေနအထား တင္ျပထားပါသည္။)

Credit : ပန္းသီႀကိဳး

(Unicode Version)

ခွဲစိပ်ပါရဂူသိရင် ငိုလောက်တဲ့ ဇာမဏီရွက်

ကိုယ်တွေ့ဖြစ်ရပ်ပါ။ ကျွန်တော်ဖခင်ရှိစဉ်က အဖေ့လက်ကို ဓားပြတ်ရာ အိမ်ဘေးမှာပေါက်နေတဲ့အပင်က အရွက်ကိုခူးပြီး ချေမွ၍ဒဏ်ရာကို အုံလိုက်ပြီး ပတ်တီးစီးထားပါသည်။

ကျွန်တော်က အထင်သေးသောအကြည့်ဖြင့် အဖေကလည်း မြို့ပေါ်နေပြီး ဆေးဆိုင်တွေရှိသားနဲ့ဗျာလို့ ပြောမိခဲ့ပါသည်။

နှစ်ရက်ကြာလောက်မှာ အဖေက သူ့ဒါဏ်ရာပြည်မတည်ပဲ ခြောက်သွေ့နေသည့် အနေအထားကို ပြပါသည်။ ထိုစဉ်က တိုက်ဆိုင်မှုလို့ယူဆပြီး အထင်မကြီးခဲ့ပါ။

တစ်နှစ်ခန့်အကြာ ကျွန်တော်ဗီဒီရုံမှာ မီးပြတ်သွား၍ မီးစက်မောင်းရန် အရေးတကြီးသွားရာ ခလုတ်တိုက်၍ ခြေမကွဲပြီး သွေများထွက်ရာ ညကြီးအချိန်မဲ့ဖြစ်၍ ဆေးဆိုင်သွားရန် အခြေအနေမပေး ကြံရာမရဖြစ်ကာ မရှိသုံးသုံးသည့်သဘောနှင့် အဖေသုံးခဲ့သည့်အပင်က အရွက်ကိုချေမွကာ ဒါဏ်ရာပေါ်အုံခဲ့ပါသည်။ အံ့သြလောက်အောင် အနာပျောက်သွားပါသည်။

အခုပို၍အံ့သြစရာကောင်းတာက ကျနော်တူဗိုက်ခွဲရာ ဆေးရုံကဆင်းလာပြီး အိမ်ရောက်လို့နှစ်ရက်ခန့်တွင် ချုပ်ရိုးတွင်ပြည်လိုက်သောကြောင့် ဆေးရုံသို့ပြန်ပို့ရာ ဆေးရုံရောက်လျှင်ရောက်ခြင်း ချုပ်ရိုးများဖွင့်ပြစ်ရပါသည်။

ဆေးရုံတွင်(၁၆) ရက်ပြန်တက်ရာ အနာမကျက်နိုင်ပဲ ရက်ကြာမည်ဖြစ်ကြောင်း အိမ်ပြန်ပြီးဒီဆေးများဆက်ထည့်ရန်ဖြစ်ကြောင်း ပြောဆိုညွန်ကြားကာ ဆေးရုံမှ ဆင်းခိုင်းပါသည်။

အိမ်ရောက်၍ နှစ်ရက်ခန့်အကြာ အနာမှာ စိုမြဲစိုနေသဖြင့် ဇာမဏီရွက် (ဗိစပ်ရွက်) ကိုပုံပါအတိုင်း အရက်ပျံနှင့်ဆေး နောက်မှရေသန့်နှင့်ထပ်ဆေးပြီး ချေမွကာ အရည်ညှစ်ထည့် အရွက်အဖတ်များကို ဒဏ်ရာပေါ်အုံကာ ပတ်တီးအုပ်ပြုလုပ်ရာ သိသိသာသာအနာခြောက်၍ ပျောက်ကင်းသွားပါသည်။

ခွဲ စိပ်ဒါဏ်ရာကို ကုနေစဉ် ခဲတံချွန်ဓါးကိုယူဆော့သဖြင့် သွေးများမြင်မကောင်းအာင်ထွက်ပြီး လက်ခလယ်တွင် အတော်ခပ်နက်နက်ဒဏ်ရာရသဖြင့်ကျွန်တော့်ကိုလာခေါ်ရာ ကျွန်တော်လည်း အဲဒီအချိန်မှာ ယုံယုံကြည်ကြည်နဲ့ ဗိစပ်ရွက်သာ သွားခူးအဲဒီအရွက်ပဲ စည်းမယ်ဆိုပြီး ချေမွ၍အုံပေးလိုက်ပါသည်။

ဘာဆေးမှမကူပဲ ပြည်လည်းမတည် အနာလည်းမြန်မြန်ခြောက် ရက်တိုအတွင်း ပျောက်ကင်းသွားပါသည်။ အမှန်အစွမ်းထက်သော အပင်ဖြစ်၍ အကြောင်းတိုက်ဆိုင်လျှင် ယုံကြည်စွာ အသုံးပြုနိုင်ကြစေရန်ဆန္ဒဖြင့်

 

(မှတ်ချက်။ ။ ဇာမဏီရွက်အား ဒေသကိုလိုက်၍ ဗိစပ်ရွက် ဂျာမဏီရွက် စသည်ဖြင့် အခေါ်အဝေါ်ကွဲ ပြားပါသည် အခြားအမည်ကွဲများလည်း ရှိကောင်းရှိပါမည်။ အပင်အနေအထား တင်ပြထားပါသည်။)

Credit : ပန်းသီကြိုး