ဒုသမၼတ၏ တူေတာ္စပ္သူ အသတ္ခံရၿပီး အေလာင္းေဖ်ာက္ဖ်က္ခံရ

သာေကတၿမိဳ႕နယ္၊ စက္မႈလက္မႈ ရပ္ကြက္ရွိ စုေပါင္းေရဆိုးထြက္ေပါက္ဝ ငမိုးရိပ္ေခ်ာင္းကမ္းစပ္တြင္ ေအာက္တိုဘာလ ၄ ရက္ နံနက္ပိုင္းက ေတြ႔ရွိခဲ့ေသာ လူသတ္ အေလာင္းေဖ်ာက္ စြန္႔ပစ္ခံရသည့္ အမ်ိဳးသားမွာ ဒုသမၼတ ဟင္နရီဗန္ထီးယူ၏ တူအရင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

သာေကတၿမိဳ႕နယ္၊ စက္မႈလက္မႈ ရပ္ကြက္ရွိ စုေပါင္းေရဆိုးထြက္ေပါက္ဝ ငမိုးရိပ္ေခ်ာင္းကမ္းစပ္တြင္ ေအာက္တိုဘာလ ၄ ရက္ နံနက္ပိုင္းက ေတြ႔ရွိခဲ့ေသာ လူသတ္ အေလာင္းေဖ်ာက္ စြန္႔ပစ္ခံရသည့္ အမ်ိဳးသားမွာ ဒုသမၼတ ဟင္နရီဗန္ထီးယူ၏ တူအရင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာမ်ားျဖင့္ ပုပ္ပြေသဆံုးေနသူ (အသက္ ၂၅ ႏွစ္) က်ဲအိုလ်န္မန္းမွာ ဒဂံုေျမာက္ၿမိဳ႕နယ္၊ ၄၆ ရပ္ကြက္ ေအးရိပ္သာလမ္းတြင္ ေနထိုင္သူျဖစ္ၿပီး စက္တင္ဘာလ ၂၆ ရက္ေန႔က ယင္းၿမိဳ႕နယ္ရွိ ၿမိဳ႕မရဲစခန္းတြင္ လူေပ်ာက္တိုင္ခ်က္ ဖြင့္ထားသူျဖစ္သည္။

ဒုသမၼတ ဟင္နရီဗန္ထီးယူႏွင့္ ညီအစ္ကို တစ္ဝမ္းကြဲေတာ္စပ္သူ ဦးဒုလ်န္းက ၎၏ သားျဖစ္သူ က်ဲအိုလ်န္မန္းမွာ စက္တင္ဘာလ ၂၂ ရက္ ည ၈ နာရီက ေနအိမ္မွ အျပင္ ထြက္သြားခဲ့ၿပီးေနာက္ ေပ်ာက္ဆံုးခဲ့ေၾကာင္း ေျပာသည္။

“မိသားစု ညစာအတူစားၿပီး သားက အိမ္ေနရင္း အဝတ္အစားနဲ႔ အိမ္အျပင္ထြက္သြားတာ။ ဖုန္းလည္း မယူသြားေတာ့ အဆက္အသြယ္ လုပ္လို႔ မရဘူး။ သူ႔ သူငယ္ခ်င္းေတြနဲ႔ ႐ံုးဆီ လွမ္းေမးေတာ့လည္း ေရာက္မလာဘူးေျပာတယ္။ မေန႔က ရဲလာေခၚမွ ေဆး႐ံုလိုက္ၾကည့္ေတာ့ ေသသူက သားျဖစ္ေနမွန္း အတည္ျပဳေပးႏိုင္ခဲ့တယ္”ဟု ဦးဒုလ်န္းက ေျပာသည္။

အသတ္ခံရသူမွာ ေမာင္ႏွမ ေလးဦးတြင္ အႀကီးဆံုးသားျဖစ္ၿပီး ဒဂံုၿမိဳ႕နယ္ရွိ Alpha Hotel Housing ကုမၸဏီမွ ဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္း၊ ၎တြင္ ရန္ၿငႇိုးရန္စ မရွိခဲ့ဖူးေၾကာင္း ေသဆံုးသူ၏ မိသားစုထံမွ သိရသည္။

“သားမွာ အြန္လိုင္းေပၚကေန သမီးရည္းစားျဖစ္ေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ေတာ့ ရွိတယ္။ သူတို႔ ႏွစ္ေယာက္က အျပင္မွာေတာ့ တစ္ခါမွ မဆံုဘူးၾကဘူး။ အခု ဒီအမ်ိဳးသမီးကို အဆက္အသြယ္ လုပ္လို႔မရဘူး။ သူ႔ကို ရဲတပ္ဖြဲ႔က မသကၤာလို႔ လိုက္စံုစမ္းေနတယ္”ဟု ဦးဒုလ်န္းက ဆိုသည္။

က်ဲအိုလ်န္မန္းမွာ စက္တင္ဘာလ ၂၁ ရက္က ၎၏ခ်စ္သူႏွင့္ ဖုန္းျဖင့္ အႀကီးအက်ယ္ စကားမ်ားခဲ့ၿပီးေနာက္ စက္တင္ဘာလ ၂၂ ရက္ ညပိုင္းတြင္ က်ဲအိုလ်န္မန္း ႐ုတ္တရက္ ေပ်ာက္ဆံုးခဲ့ေၾကာင္း ေသဆံုးသူ၏ ႏွမေတာ္စပ္သူထံမွ သိရသည္။

“အရင္ကဆို အဲအမ်ိဳးသမီးက ေန႔တိုင္း အစ္ကို႔ဆီ ဖုန္း အႀကိမ္ႀကိမ္ ဆက္တယ္။ အစ္ကို ေပ်ာက္သြားၿပီး ေနာက္ပိုင္း အိမ္မွာက်န္ခဲ့တဲ့ အစ္ကို႔ ဖုန္းဆီ သူ တစ္ခါမွ မဆက္ေတာ့ဘူး။ သူ႔ဖုန္းကိုလည္း ေခၚမရေတာ့ဘူး”ဟု ၎က ဆိုသည္။

အဆိုပါ လူသတ္မႈကို အေလာင္း ေတြ႔ရွိခဲ့ေသာ နယ္ေျမအပိုင္ သဃၤန္းကၽြန္း နယ္ေျမ ရဲစခန္းတြင္ (ပ) ၁၁၀၄/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားၿပီး အမႈႏွင့္ပတ္သက္၍ ဆက္ႏႊယ္ေနသူမ်ားကို ဒဂံုေျမာက္ၿမိဳ႕မ ရဲစခန္း၌ ေခၚစစ္ေဆးလ်က္ ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

Source : The Voice

(Unicode Version)

ဒုသမ္မတ၏ တူတော်စပ်သူ အသတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရ

သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်ရှိ စုပေါင်းရေဆိုးထွက်ပေါက်ဝ ငမိုးရိပ်ချောင်းကမ်းစပ်တွင် အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သော လူသတ် အလောင်းဖျောက် စွန့်ပစ်ခံရသည့် အမျိုးသားမှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၏ တူအရင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်ရှိ စုပေါင်းရေဆိုးထွက်ပေါက်ဝ ငမိုးရိပ်ချောင်းကမ်းစပ်တွင် အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သော လူသတ် အလောင်းဖျောက် စွန့်ပစ်ခံရသည့် အမျိုးသားမှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၏ တူအရင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသူ (အသက် ၂၅ နှစ်) ကျဲအိုလျန်မန်းမှာ ဒဂုံမြောက်မြို့နယ်၊ ၄၆ ရပ်ကွက် အေးရိပ်သာလမ်းတွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ယင်းမြို့နယ်ရှိ မြို့မရဲစခန်းတွင် လူပျောက်တိုင်ချက် ဖွင့်ထားသူဖြစ်သည်။

ဒုသမ္မတ ဟင်နရီဗန်ထီးယူနှင့် ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်သူ ဦးဒုလျန်းက ၎င်း၏ သားဖြစ်သူ ကျဲအိုလျန်မန်းမှာ စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီက နေအိမ်မှ အပြင် ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း ပြောသည်။

“မိသားစု ညစာအတူစားပြီး သားက အိမ်နေရင်း အဝတ်အစားနဲ့ အိမ်အပြင်ထွက်သွားတာ။ ဖုန်းလည်း မယူသွားတော့ အဆက်အသွယ် လုပ်လို့ မရဘူး။ သူ့ သူငယ်ချင်းတွေနဲ့ ရုံးဆီ လှမ်းမေးတော့လည်း ရောက်မလာဘူးပြောတယ်။ မနေ့က ရဲလာခေါ်မှ ဆေးရုံလိုက်ကြည့်တော့ သေသူက သားဖြစ်နေမှန်း အတည်ပြုပေးနိုင်ခဲ့တယ်”ဟု ဦးဒုလျန်းက ပြောသည်။

အသတ်ခံရသူမှာ မောင်နှမ လေးဦးတွင် အကြီးဆုံးသားဖြစ်ပြီး ဒဂုံမြို့နယ်ရှိ Alpha Hotel Housing ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ ၎င်းတွင် ရန်ငြှိုးရန်စ မရှိခဲ့ဖူးကြောင်း သေဆုံးသူ၏ မိသားစုထံမှ သိရသည်။

“သားမှာ အွန်လိုင်းပေါ်ကနေ သမီးရည်းစားဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်တော့ ရှိတယ်။ သူတို့ နှစ်ယောက်က အပြင်မှာတော့ တစ်ခါမှ မဆုံဘူးကြဘူး။ အခု ဒီအမျိုးသမီးကို အဆက်အသွယ် လုပ်လို့မရဘူး။ သူ့ကို ရဲတပ်ဖွဲ့က မသင်္ကာလို့ လိုက်စုံစမ်းနေတယ်”ဟု ဦးဒုလျန်းက ဆိုသည်။

ကျဲအိုလျန်မန်းမှာ စက်တင်ဘာလ ၂၁ ရက်က ၎င်း၏ချစ်သူနှင့် ဖုန်းဖြင့် အကြီးအကျယ် စကားများခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက် ညပိုင်းတွင် ကျဲအိုလျန်မန်း ရုတ်တရက် ပျောက်ဆုံးခဲ့ကြောင်း သေဆုံးသူ၏ နှမတော်စပ်သူထံမှ သိရသည်။

“အရင်ကဆို အဲအမျိုးသမီးက နေ့တိုင်း အစ်ကို့ဆီ ဖုန်း အကြိမ်ကြိမ် ဆက်တယ်။ အစ်ကို ပျောက်သွားပြီး နောက်ပိုင်း အိမ်မှာကျန်ခဲ့တဲ့ အစ်ကို့ ဖုန်းဆီ သူ တစ်ခါမှ မဆက်တော့ဘူး။ သူ့ဖုန်းကိုလည်း ခေါ်မရတော့ဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ လူသတ်မှုကို အလောင်း တွေ့ရှိခဲ့သော နယ်မြေအပိုင် သင်္ဃန်းကျွန်း နယ်မြေ ရဲစခန်းတွင် (ပ) ၁၁၀၄/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး အမှုနှင့်ပတ်သက်၍ ဆက်နွှယ်နေသူများကို ဒဂုံမြောက်မြို့မ ရဲစခန်း၌ ခေါ်စစ်ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Source : The Voice